Global Delivery Service

Global Delivery Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Delivery Service, Food Delivery Service, Mandalay.

08/02/2026

ဘာဘဲလိုလို Global Delivery Service ရှိတယ်နော်



08/02/2026

Global Delivery Service ရှိတယ်နော်

Global Delivery Service တွင်တာဝန်ထမ်းဆောင်ရန် Rider(2) ဦးအမြန်အလိုရှိသည်  ဲ့80%ရမှာဖြစ်တဲ့အတွက်1လ 5သိန်းလောက်ရချင်မှ အလု...
02/07/2025

Global Delivery Service တွင်တာဝန်ထမ်းဆောင်ရန် Rider(2) ဦးအမြန်အလိုရှိသည်

ဲ့80%ရမှာဖြစ်တဲ့အတွက်1လ 5သိန်းလောက်ရချင်မှ အလုပ်လျှောက်ပါနော် 🫢

⚡အသက် ၁၈နှစ်မှ 30နှစ်အတွင်း ဖြစ်ရမည်

⚡စကားပြောပြေပြစ်ပြီး မန်းလေးမြို့တွင်း ကျွမ်းကျင်စွာ သိရှိနားလည်သူဖြစ်ရမည်။

⚡အသင်းအဖွဲ့ ဖြင့် လုပ်ကိုင်နိုင်ပြီး အကျင့်စာရိတ္တရမည်။

⚡တစ်လ(၂)ရက်နား

⚡ကျောင်းက်ိစ္စရှင်းသူ ဦးစားပေးမည်

⚡မှတ်ပုံတင် မူရင်း မရှိသူများ လျှောက်ထားရန်မလိုပါ❌

အလုပ်ချိန်- မနက် 7:30 မှ ညနေ 6:30ထိ

စိတ်ဝင်စားသူများ Phone 09893560837 (Viber) သို့မဟုတ် ဖုန်းဆက်မေးနိူင်ပါတယ်


#ဘာဘဲလိုလိုGlobalရှိတယ်နော်

#အလုပ်ခေါ်

မင်မင်လည်း အပြင်ထွက်စားဖြစ်တယ် :⁠-⁠):⁠-⁠) #ဘာဘဲလိုလိုGlobalDeliveryရှိတယ်
23/06/2025

မင်မင်လည်း အပြင်ထွက်စားဖြစ်တယ် :⁠-⁠):⁠-⁠)

#ဘာဘဲလိုလိုGlobalDeliveryရှိတယ်


Rider🛵Wayလေး2ကြောင်းလောက်သွားရသေးတယ် #ဟာသ     #ဘာဘဲလိုလိုGlobalရှိတယ်နော်
20/06/2025

Rider🛵
Wayလေး2ကြောင်းလောက်သွားရသေးတယ်

#ဟာသ


#ဘာဘဲလိုလိုGlobalရှိတယ်နော်


သားသားမပျော်တော့ပါ    #ဘာဘဲလိုလိုGlobalရှိတယ်နော်
10/06/2025

သားသားမပျော်တော့ပါ



#ဘာဘဲလိုလိုGlobalရှိတယ်နော်

 #လောကမှာ အမြတ်မထုတ်သင့်ဘူးဆိုတဲ့လူသပ်သပ်ရှိတယ်...ဒီလူ့ကိုငါကူညီပေးရမယ်မဖြစ်မနေလုပ်ပေးရမယ်(လုပ်ကိုလုပ်ပေးရမယ်)ဒါမျိုးလူဆ...
07/06/2025

#လောကမှာ အမြတ်မထုတ်သင့်ဘူး
ဆိုတဲ့လူသပ်သပ်ရှိတယ်...

ဒီလူ့ကိုငါကူညီပေးရမယ်
မဖြစ်မနေလုပ်ပေးရမယ်
(လုပ်ကိုလုပ်ပေးရမယ်)
ဒါမျိုးလူဆိုတာသပ်သပ်ရှိတယ်။

လူအပေါ်မှာလည်းမူတည်တယ်
ခင်မင်ခဲ့တဲ့သက်တမ်း
အပေါ်မှာလည်းမူတည်သလို
သူကိုယ့်အပေါ်ပြုခဲ့ဖူးတဲ့ကျေးဇူး
အပေါ်မှာလည်းမူတည်တယ်။

တခြားသောပတ်သက်ဆက်နွယ်
မှုတွေနဲ့လည်းသက်ဆိုင်သေးတယ်

အဲဒါတွေအပေါ်မူတည်ပြီး
အလကားကူညီသင့်ရင်ကူညီရတယ်

အချိန်ပေးသင့်ပေးရတယ်
အကြံပေးသင့်ရင်ပေးရတယ်
လူအင်အားစိုက်သင့်ရင် စိုက်ရတယ်

အဲလိုမှမဟုတ်ဘဲ
ဘယ်လိုလူမျိုးကိုမဆို
ပိုက်ဆံမရရင် မလုပ်ပေးနိုင်ဘူး
ကိုယ့်အိတ်ထဲကမစိုက်နိုင်ဘူး
အချိန်မပေးနိုင်ဘူး
ဘာအကျိုးအမြတ်မှမရဘဲ
မလုပ်ပေးနိုင်ဘူးဆိုတဲ့
လူတန်းစားတစ်မျိုးလည်း ရှိသေးတယ်။

ချိန်ခွင်ကိုင်ထားသလိုပေါ့
ငါ့ဘက်ကိုသာမှ ငါလုပ်ပေးနိုင်မယ်
ဆိုတဲ့အတွေးနဲ့ အသက်ရှင်နေတဲ့
သူတွေလည်း ရှိတယ်

ဒီလိုလူမျိုးအတွက်
အပေါင်းအသင်းမိတ်ဆွေကောင်း
ပတ်ဝန်းကျင်ကောင်း နဲ့ ရင်းနှီးရတဲ့
လူရင်းဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး

ဘာဖြစ်လို့လဲဆိုတော့
တစ်ခုခုရမှလုပ်တတ်တဲ့ "ကြေးစား" မို့လို့ပဲ ။

လေးစားစွာဖြင့် credit #

ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါအားနေရင်စျေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါခြင်းတောင်းအပြည့်စ...
03/06/2025

ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

အားနေရင်စျေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါ

ခြင်းတောင်းအပြည့်စျေးဝယ်လာပြီး
လိုအပ်တာတွေရလာလို့စိတ်ပျော်ရွှင်ရပေမယ့်
တခါတလေ ငွေတွေအရမ်းကုန်သွားလို့
ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့အခါတွေလည်း
လူအားလုံးမှာရှိတတ်ကြပါတယ်
ခြင်းထဲကပစ္စည်းတွေကိုပြန်ကြည့်ပါ
တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ
ပါလာတတ်ပါတယ်
တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း
ဖြစ်နေတတ်ပါတယ်
လိုရမယ်ရဝယ်ထားလိုက်ပြီး
ဝယ်ပြီး၆လတစ်နှစ်အထိ
မသုံးရတဲ့ပစ္စည်းတွေလည်းဖြစ်နေတတ်ပါတယ်
ဒါ့ကြောင့် market placeတွေ
ပေါများလွန်းတဲ့ခေတ်မှာ
လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ
ခြင်းတောင်းတလုံးနဲ့ပတ်ကြည့်နေပြီး
ဝယ်ချင်တာကို ကောက်ထည့်ပြီး
မိမိစိတ်နောက်
ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ
သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို
သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့်
နောင်တချိန်မှာ ငွေမစုမိခဲ့လို့
ဆင်းရဲဒုက္ခရောက်နေချိန်မှာ
သင့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး

#ချက်ပြီးသားတွေရှိလျက်နဲ့အပြင်ထွက်စားခြင်းကိုတတ်နိုင်သမျှလျှော့ပါ

တခါတလေ အိမ်မှာဟင်းတွေအများအပြားချက်ထားပေမယ့်
မစားချင်တော့လို့အပြင်ထွက်စားကြတာမျိုး
ရှိတတ်ကြပါတယ်
အပြင်အစားအစာတွေဟာစားကောင်းတယ်
အနံ့အရသာအိမ်မှာနဲ့မတူဘူး
ဇိမ်ရှိရှိစားနိုင်တယ်
စားရတာပျော်စရာကောင်းတယ်
ဟုတ်ကဲ့
ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့
ဒါဟာ ပိုက်ဆံဖြုန်းတီးတာသက်သက်ဖြစ်သွားပါတယ်
အပြင်မှာစားမယ်အစီအစဉ်ရှိရင်
အိမ်မှာမချက်ပါနဲ့
နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ
ရေခဲသေတ္တာထဲကနေ date ကုန်လို့
အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ
ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ
ဒါ့ကြောင့်' ဥစ္စာပြို စားဖိုက'တဲ့
ရှေးစကားပုံတောင်ရှိပါတယ်

#အားမနာပါနဲ့

လူတချို့ကိုအားမနာပါနဲ့
မိမိကုန်သွားမယ့်ပိုက်ဆံတွေဟာ
တကယ့်မိတ်ဆွေတွေအတွက်
ကုန်သင့်လို့ကုန်တာလား
မကုန်သင့်တဲ့လူတွေကို
အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ
သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက်
တွေ့သမျှလူတွေ ကြုံသမျှကိစ္စ
မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာမလိုအပ်ပါဘူး
မိတ်ဆွေကောင်းတွေအတွက်
သာရေးနာရေးဟာ မသွားမဖြစ်ကူညီရပါမယ်
ဒါပေမယ့်
အားနေလို့ အလကားထထလုပ်နေတဲ့
မွေးနေ့ပွဲတွေ
တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ
ဘာမှန်းမသိတဲ့အလှူခံတွေ အတွက်
သင်ကူညီနေရမယ်ဆိုတော့
သင်ငွေစုမိမှာမဟုတ်ပါဘူး
နောက်.....ကတိမတည်တဲ့လူတွေရဲ့
အကြောင်းအမျိုးမျိုးတွေကြောင့်
အလွယ်တကူငွေချေးမိတာမျိုးကိုလည်း
မလုပ်သင့်ပါဘူး
ဒါကြောင့် အရာရာကိုသိပ်အားမနာပါနဲ့

#အရည်မရအဖက်မရအရာတွေအတွက်ငွေသိပ်မဖြုန်းပါနဲ့

နေ့စဉ် ၂ထောင် ၃ထောင်ဖိုးကွမ်းစားတာတွေ
နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ
အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်
နေ့တိုင်းကုန်နေတာတွေ
နေ့တိုင်း spa သွားနေတာတွေ စတဲ့
အသေးသုံးငွေတွေဟာ
သင်သာ ဘရိတ်မအုပ်တက်ရင်
အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ်
နေ့စဉ် ငွေအနည်းငယ်တွေဟာသိပ်မသိသာပေမယ့်
လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ
သိန်းဂဏန်းဖြစ်နေတာကိုတွေ့ရမှာပါ
ဒါ့ကြောင့် အသေးစားသုံးတာတွေကို
လျှော့ချကြည့်ပါ
ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ်
ငွေမသုံးရ မဖြုန်းရရင်
မနေနိုင်တဲ့လူတွေအများကြီးရှိပါတယ်
သင်သတိထားကြည့်ပါ
အထည်ကြီးပျက်တော်တော်များများဟာ
သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင်
ဖျက်ဆီးခဲ့တာများပါတယ်
သူတို့ကို သင်နမူနာယူပါ

#တိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

ဟုတ်ကဲ့
အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ
လကုန်ရင်ဒီလစာသာရမှာဖြစ်လို့
ဝင်ငွေတိုးမလာနိုင်တဲ့အခါ
ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှလျှော့ချကြည့်ပါ
လူတော်တော်များများဟာ
မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း
အသက်တွေကြီးလာတဲ့အခါ
စီးပွားရေးလည်းမလုပ်တက်
ရင်းနှီးမြှ ုပ်နှံမှုလည်းမရှိနဲ့
ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို
မြင်ဖူးကြမှာပါ
အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး
ငွေမဖြုန်းပါနဲ့တော့

တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး
တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ်
ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့
ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့
ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့မတွေးပါနဲ့
အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့
သင့်ထက်အများကြီးပင်ပန်းခံပြီး
ရှာဖွေနေရသူတွေအများကြီးရှိနေတယ်ဆိုတာ
သတိပြုပါ
ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက်
ငွေ တစ်သောင်း ငွေတစ်သိန်းဟာ
အလွန်တန်ဖိုးရှိတယ်ဆိုတာ သင်မမေ့ပါနဲ့

မိတ်ဆွေ
ငွေသုံးပါ
ငွေမဖြုန်းပါနဲ့...

Crd Original Uploader

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာပိုသိသာလာတယ်။အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီး အဆင်မပြေ...
29/05/2025

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က
အမြဲပြောနေရင်
တနေ့တခြား ကြပ်တည်းလာတာ
ပိုသိသာလာတယ်။

အဆင်မပြေဘူးလို့
ခနခနတွေးနေရင်
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။

ဒါအယူအဆမဟုတ်ဘူး
ဘာသာရေး အတွေးမဟုတ်ဖူး
Psycho သေဘာပဲ

ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်
ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်
ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း
ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်။

ဒါ့ကြောင့် အမြဲတမ်း
အကောင်းဘက်ကတွေးပါ
အကောင်းဘက်ကို တွေးပါ
အောင်မြင်သူလိုတွေးပါ
အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့
ပြောကြတာပေါ့။

လဲကျတာဟာ ပြသနာ မဟုတ်ဘူးလေ
ပြန်မထချင်တော့တာ or
ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ
လက်လျှော့လိုက်တော့မယ်ဆိုတာကသာ
ပြသနာကြီးပါ။

မဖြစ်နိုင်ဘူးဆိုတာထက်
ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ
တွေးဖို့ပိုလိုတာပါ။

လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်
ဖြေရှင်းပုံပေါ်မူတည်ပြီး
လူတွေရဲ့ ဘဝ အခြေအနေတွေ
ကွာသွားတာပါ။
#ဘဝရဲ့ခရီးသည်
Credit မူရင်း

🤍🛵ပစ္စည်းဘဲပို့မလား

🤍🛵မုန့်ဘဲမှာမလား

🤍🛵အမြန်ဆုံးနဲ့ဈေးအသက်သာဆုံးလိုချင်ရင် Global Delivery Service နဲ့အမြန်ဆုံwaysအပ်လိုက်တော့နော်)


#‌GlobalDeliveryServic
#ဘာဘဲလိုလိုGlobalရှိတယ်နော်

-35

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့တစ်ယောက်ထဲလဲ နေတတ်အောင်နေပါမင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ်...
28/05/2025

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ
မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။
ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ
သူများကို သွားပြောတာထက် အများကြီးသာတယ်။
မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီးမျက်ရည်ကျအောင်
လုပ်မဲ့သူပဲရှိတယ်။ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။
မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်
ဖြစ်အောင်နေပါ။ သူများကို သွားပြောရင်
မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။
မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ်
မဟုတ်ဘူး လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး
ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။
လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး
ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက်
ကူညီမဲ့လူ ရှားတယ်။
မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့
မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပီးကူညီလိုက်ပါ။



🛵🛵Delivery Service တွေ နှစ်စဉ်နဲ့အမျှ ပေါ်များလာပြီး  Online Shopping လုပ်ငန်းရှင်တွေအတွက် Delivery ရွေးချယ်ဖို့ ခေါင်းခ...
26/05/2025

🛵🛵Delivery Service တွေ နှစ်စဉ်နဲ့အမျှ ပေါ်များလာပြီး Online Shopping လုပ်ငန်းရှင်တွေအတွက် Delivery ရွေးချယ်ဖို့ ခေါင်းခဲနေရပြီလား

အချိန်မီပို့ဆောင်နိုင်ပြီး လုံခြုံစိတ်ချရမှုရှိတဲ့
ဝန်ဆောင်မှုပိုင်းမှာ အချိုသာဆုံး အမြန်ဆန်ဆုံးလို့ ပြောလို့ရတဲ့ Global Delivery Service ကိုသာသတိရလိုက်ပါ

🤍 အိမ်အထိ လာကောက်ပေးခြင်း
🤍Daily ငွေရှင်းပေးခြင်း
🤍မနက် 7နာရီ30ကနေ ညနေ 6နာရီအထိ အချိန်နဲ့တစ်ပြေးညီဝန်ဆောင်မှုပေးတဲ့ အတွက်ကြောင့်

ရွေးချယ်စရာ Delivery အများကြီးရှိနေရင်တောင် ယုံကြည်စိတ်ချရတဲ့ Global Delivery Service ကတော့ ရှိသမျှ way အကုန်စိတ်ချရဖို့ မဖြစ်မနေ ရွေးချယ်သင့်ပါတယ်နော် 🤍🤍🛵🛵

Page chat box
☎️Hot Line
09893560837
09971549840




Address

Mandalay

Telephone

+959893560837

Website

Alerts

Be the first to know and let us send you an email when Global Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share