Kaung Kyaik

Kaung Kyaik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Kyaik, Restaurant, Quarter No. 7, Mahlaing.

ချစ်ရတဲ့ကာကာတို့ရေ30.3.2026 နေ့မှာအမဲဆီစိမ် လေး 4 ပွဲ Sold out ပါ3 ပွဲ ဘဲရပါတော့မယ်နော်အသားတုံးတွေက အသားအစိမ်း 15 ကျပ်သာ...
30/03/2026

ချစ်ရတဲ့ကာကာတို့ရေ
30.3.2026 နေ့မှာ
အမဲဆီစိမ် လေး 4 ပွဲ Sold out ပါ
3 ပွဲ ဘဲရပါတော့မယ်နော်
အသားတုံးတွေက အသားအစိမ်း 15 ကျပ်သား တုံး တွေ ပါနော်
နူးအိစက်နေသော ပါ

Hello မလှိုင်မြို့က ချစ်သောကာကာတို့ရေရှယ် စားကောင်းသောအမဲဆီစိမ်လေးရပါမယ်နော်အိမ်က သွားမကောင်းသောအမေစားဘို့လုပ်ရင်း ပိုလု...
29/03/2026

Hello မလှိုင်မြို့က ချစ်သောကာကာတို့ရေ
ရှယ် စားကောင်းသောအမဲဆီစိမ်လေးရပါမယ်နော်
အိမ်က သွားမကောင်းသောအမေစားဘို့လုပ်ရင်း ပိုလုပ်ထားပါတယ်
အချိန်အကြာကြီး မီး အေးအေးလေးနဲ့ နှပ်ထားလို့နူးအိ မွှေးကြိုင် အရမ်းစားကောင်းသောပါနော်
စည်ပင်လိုင်စင်ရ ရှယ်အသားကောင်းအသားသန့်ကိုပဲဆီသန့်လေး နဲ့ စိမ်ထားလို့ အဟာရှိပြီးကျန်းမာရေးနဲ့ညီညွတ် တဲ့အတွက်စိတ်ချယုံကြည်စွာမှာလို့ရပါတယ်

အမဲဆီစိမ် တစ်ဘူး 30000 ကျပ် ပါ
မလှိုင်မြို
တွင်းအိမ်အရောက်ပို့ပေးပါတယ်
Cb Viber 09963104611 သို့ဆက်သွယ်မှာယူလို့ရပါတယ်နော်

ပွဲလန့်တုံး ဖျာခင်းမဟုတ်ဘူးဈေးဗန်းခင်းပေါ့😅ကောင်းကြိုက်ဒံပေါက် က ထောပတ် 1 ပိသာ 70000 ကျော်နဲ့ ကြက်သားလတ်လတ်ဆတ်ဆတ်နဲ့ဖေါက...
11/03/2026

ပွဲလန့်တုံး ဖျာခင်းမဟုတ်ဘူး
ဈေးဗန်းခင်းပေါ့😅
ကောင်းကြိုက်ဒံပေါက် က ထောပတ် 1 ပိသာ 70000 ကျော်နဲ့ ကြက်သားလတ်လတ်ဆတ်ဆတ်နဲ့ဖေါက်ထားတဲ့ ဒံပေါက်နော် စားအုန်းဆီ နဲ့ ထမင်းဆေးဆိုးပြီး ‌ဈေးပေါင်ကြိုး ကြက်သားနဲ့ဖေါက်ထားတဲ့
မိုးကြိုးပြစ်စေ ဒံပေါက်မဟုတ်ပါဘူးနော်
အယ်တော့ 8000 နဲ့မရောင်းနိုင်ဘူးရှင်
ကိုယ့်အလုပ်ကိုယ်ဂရုစိုက်ပြီးဘယ်လိုကောင်းအောင်ကျန်းမာရေးနဲ့ညီညွတ်ပြီးသန့်ရှင်းသပ်ရပ်လတ်ဆတ်နေအောင်ချက်ပြုပ်ပြင်ဆင်ရောင်းပေးရမလည်း
ဘဲအမြဲကြိုးစားနေတာ ဘယ်သူဘယ်ဈေးရောင်းနေလည်းစိတ်ဝင်စားဘို့အားမနေပါဘူးနော်
ပါဝင်ပစ္စည်းလက်ရာ ထည့်ပေးတဲ့ပမာဏ မတူနိုင်တာမို့ဈေးလည်းမတူနိုင်ပါဘူးနော်
မရောင်းရမှစိုးလို့သူများထက်ဈေးချဈေးချိုပေးပြီးလည်း ဈေးဗန်းခင်းမနေဘူး ပါဆယ်ပို့ရက် စနေ တနင်္ဂနွေကို စနေတရက်ဘဲရောင်းနိုင်တာပါ စနေမှာ order များလို့ ကိုယ်လက်တွေနာလို့ တနင်္ဂနွေမရောင်းပါနော် မလှိုင်မြို့ကျဉ်းကျဉ်းလေးရယ် ရောင်းရတာမရောင်းရတာကြော်ငြာနေစရာမလိုပါဘူးနော်
မလှိုင်မြို့အသားဈေး ကတခြားမြို့ထက်များလို့ ဒီထက် ပိုချဲ့လုပ်လို့လည်းမရနိုင်လို့ ဘယ်သူကိုမှစိတ်မဝင်စားပါ
ဝါသနာပါလို့ကိုယ့်လက်ရာကို ယုံ
ကြည်လို့အပင်ပန်းခံရောင်းနေတာ သမုဒ္ဒရာရေမို့
ဘယ်သူတွေ ရောင်းနေရောင်းနေ ရင်မခုန်ပါဘူးနော်
မလှိုင်မြို့ ဝန်ထမ်းအကူခေါ်ဘို့မလွယ်တာရယ် အစားအသောက် ချက်ပြုပ်ပြင်ဆင် ရောင်းချရတာ အသန့်ကြိုက်အကောင်းကြိုက်တဲ့ကိုယ့်လိုလူအတွက် စိတ်ကောလူကောအရမ်းပင်ပန်းပါတယ်
ရောင်းတမ်း ဘဲဆိုတဲ့စိတ်ထားလို့မရတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ပစ္စည်းကောင်းပစ္စည်းသန့်တွေကိုဘဲ သုံးနေရအုံးမှာမို့ ကျန်းမာရေးနဲ့အဟာရအတွက်စိတ်ချယုံကြည်စွာ စားသုံးလို့ရပါတယ်နော်
ကိုယ့်လက်ရာမှီဘို့ကတော့ဆုတောင်းနေလိုက်ပါ ကလေးရေ
ရောင်းကောင်းပါစေနော်

13.12.2025 , စနေနေ့ မှာ  #မိသားစု ကျောင်းမှ ကျောင်းသားမိဘများရဲ့ အမှာလေးတွေပါ။  ကောင်းကြိုက်မှ သန့်ရှင်းလက်ဆတ်ပြီး ကျန်မ...
14/12/2025

13.12.2025 , စနေနေ့ မှာ #မိသားစု ကျောင်းမှ ကျောင်းသားမိဘများရဲ့ အမှာလေးတွေပါ။

ကောင်းကြိုက်မှ သန့်ရှင်းလက်ဆတ်ပြီး ကျန်မာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချပေးပါတယ်နော်။

ယုံကြည်စွာဖြင့် အားပေးကြသော customers တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါသည်။

#ကောင်းကြိုက်
#မလှိုင်မြို့

မန္တလေးမြို့ရဲ့နံမည်ကြီးရုံရှိန် ပေါက်စီ လေး ‌13.12 2025 နေ့ မှာ ရောင်းပေးပါမယ်နော် ပေါက်စီသားလေးနူးညံ့အိစက်ပြီး အထဲမှာလ...
09/12/2025

မန္တလေးမြို့ရဲ့နံမည်ကြီးရုံရှိန် ပေါက်စီ လေး ‌13.12 2025 နေ့ မှာ ရောင်းပေးပါမယ်နော် ပေါက်စီသားလေးနူးညံ့အိစက်ပြီး အထဲမှာလည်းအသားအများကြီးပါပါတယ်နော်
ပေါက်စီ ( ကြက် /ဝက် )တစ်လုံး 5000 ကျပ်ပါ
ချစ်ရတဲ့ကာကာတွေ စားစေချင်တာ ကြောင့် မန္တလေးမြို့ကိုလတ်လတ်ဆတ်ဆတ်မှာပြီးရောင်းပေးတာပါနော်။
ဆောင်းအေးအေးမနက်မှာ အရမ်းစားချင်ရင် မန္တလေးမှာတောင် မနက် 6နာရီထပြီး သွားဝယ်စားမှရပါတယ်ရှင်။
ပေါက်စီသားကနူးညံ့ပြီးအရမ်းစားကောင်းလွန်ူလို့ နာမည်ကြီးသောပါနော်
အနည်းဆုံး2လုံးဝယ်ရင် မလှိုင်မြို့တွင်းအရောက်ပို့ပေးပါတယ်

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေ13.12.2025 စနေ့ နေ့ မှာအဟာရရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေကို ရောင်းပေးမှာ...
09/12/2025

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေ
13.12.2025 စနေ့ နေ့ မှာအဟာရရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေကို ရောင်းပေးမှာပါနော်
စည်ပင်လိုင်စင်ရ အသားကောင်းအသားသန့်များကိုပစ္စည်းကောင်းများအသုံးပြု၍ ပဲဆီသန့်တမျိုးတည်းဖြင့်သန့်ရှင်းသပ်ရပ်လတ်ဆတ်စွာစီမံချက်ပြုပ်ကြော်လှော်
ထားလို့စိတ်ချယုံကြည်စွာအားပေးလို့ရပါတယ်နော်🥗🍲🍚
နတ်သုဒ္ဓါထောပတ်ထမင်း ကြက်သားနှပ် တစ်ပွဲ 10000 ကျပ်
လိုက်ပွဲ 4000 ကျပ်
ကြက်မာလာရှမ်းကော တစ်ဘူး 14000 ကျပ်
ကြက်မာလာခြောက်စပ် တစ်ဘူး 17000 ကျပ်
ကြက်တနေလှန်းကြော် အချို /အစပ် တစ်ဘူး 25000 ကျပ်
ကြက်မွှကြော် တစ်ဘူး 25000 ကျပ်
ဝက်သားကင် တစ်ဘူး 20000 ကျပ်
ဝက်တနေလှန်းကြော်အချို/အစပ် တစ်ဘူး 25000 ကျပ်
ဝက်မွှကြော် တစ်ဘူး 30000 ကျပ်
ဆိတ်တုံးစပ်ကြော် တစ်ဘူး 30000 ကျပ်
ဆိတ်သားခြောက်ထုကြော် တစ်ဘူး 35000 ကျပ်
ဆိတ်မွှကြော် တစ်ဘူး 35000 ကျပ်
(အသားမွှကြော်အားလုံး ကြက်သွန်နီကြော် လုံးဝမပါ အသားသီးသန့်ပါ)
အုန်းနို့အလှူငါးခြောက် ထောင်းကြော် 20000 ကျပ်
ငါးခြောက်တုံးစပ်ကြော် 15000 ကျပ်
အသားတု ဂျူး ပဲပုပ် မြေပဲအစုံကြော် တစ်ထုပ် 5000 ကျပ်
မန္တလေးမြို့ရဲ့နံမည်ကြီးရုံရှိန်ပေါက်စီ ကြက် /ဝက် တစ်လုံး 5000 ကျပ်

အရင်အပတ်က ‌အုန်းနို့ရွှေရင်အေးမရလိုက်တဲ့မိဘတွေတောင်းဆိုနေကြလို့
ရွှေရင်အေး ရှယ်တစ်ဘူး 6000 ကျပ်
အုန်းနို့ကျောက်ကျော တစ်ဘူး 5000 ကျပ် (ကျောက်ကျောသားပါးပါးနဲ့ အုန့်နို့သားအထူ ကြီးမို့ အရမ်းစားကောင်းသောပါ)
မလှိုင်မြို့တွင်းအရောက်ပို့ပေးပါတယ်နော်
Cb .Viber 09963104611 သို့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်

ယနေ့ 15.11.2025 , စနေနေ့ မှာ  #မိသားစု ကျောင်းမှ ကျောင်းသားမိဘများရဲ့ အမှာလေးတွေပါ။  ကောင်းကြိုက်မှ သန့်ရှင်းလက်ဆတ်ပြီး ...
15/11/2025

ယနေ့ 15.11.2025 , စနေနေ့ မှာ #မိသားစု ကျောင်းမှ ကျောင်းသားမိဘများရဲ့ အမှာလေးတွေပါ။

ကောင်းကြိုက်မှ သန့်ရှင်းလက်ဆတ်ပြီး ကျန်မာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချပေးပါတယ်နော်။

ယုံကြည်စွာဖြင့် အားပေးကြသော customers တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါသည်။

#ကောင်းကြိုက်
#မလှိုင်မြို့

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေ♥️ပန်းဖယ် အရည်ရွမ်းသောလိမ္မော်သီးလေးတွေ ဒီနေ့ 2 တာထပ်ရောက်ပါတယ်နော်မနေက လိမ္မော် တစ်တာကက...
29/10/2025

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေ♥️
ပန်းဖယ် အရည်ရွမ်းသောလိမ္မော်သီးလေးတွေ ဒီနေ့ 2 တာထပ်ရောက်ပါတယ်နော်
မနေက လိမ္မော် တစ်တာကကုန်သွားပါပြီ
အားပေးကြတဲ့ချစ်ရသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်
လိမ္မော် တစ်ပိသာ 12000 ကျပ်
Hass ထောပတ် 1 Kg 4000 ကျပ်
မလှိုင်မြို့တွင်းအိမ်အရောက်ပို့ပေးပါတယ်နော်

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေအရည်ရွမ်းအရမ်းချို‌သောပန်းဖယ်လိမ္မော် ရှယ်နဲ့ Hass ထောပတ် လေးတွေရောက်ပါတယ်နော်ပန်းဖယ်လိမ...
28/10/2025

မလှိုင်မြို့မှချစ်ရတဲ့ကာကာတို့ရေ
အရည်ရွမ်းအရမ်းချို‌သော
ပန်းဖယ်လိမ္မော် ရှယ်နဲ့ Hass ထောပတ် လေးတွေရောက်ပါတယ်နော်
ပန်းဖယ်လိမ္မော် တစ်ပိသာ 12000ကျပ်
Hass ထောပတ် 1kg 4000 ကျပ်
မလှိုင်မြို့တွင်းအရောက်ပို့ပေးပါတယ်နော်

ဘာရောင်းရောင်းအမြဲအားပေးသော ညီမလေး အေးမင်းသန့် Daw Aye Min Thant  ဒံပေါက် 10 ဘူး အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
25/10/2025

ဘာရောင်းရောင်းအမြဲအားပေးသော ညီမလေး အေးမင်းသန့် Daw Aye Min Thant ဒံပေါက် 10 ဘူး အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Address

Quarter No. 7
Mahlaing

Telephone

+959963104611

Website

Alerts

Be the first to know and let us send you an email when Kaung Kyaik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category