Kyaw Tea & Food Centre

Kyaw Tea & Food Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Tea & Food Centre, Halal Restaurant, ကမ်းနားလမ်း ကျောက်သားဥယျာဥ်အနီး, Magway.

14/07/2023

#မာလာရှန်းကောဆိုတာဒီလိုရာဇဝင်လေးနဲ့ပါ…
မင်္ဂလာပါ နော်
ဟင်းပွဲတွေအကြောင်း မတင်တာကြာလို့
မေ့နေပြီ ထင်ပါတယ်

#မာလာရှန်းကောဟင်းလျာ

ဒီတခါမှာတော့ လတ်တလော Fb ပေါ်မှာ အစားများနေကြတဲ့ Chilli Pot ဆိုတဲ့ မာလာရှန်းကောအကြောင်း ဗဟုသုတ မျှဝေပါ့မယ်။

မာလာရှန်းကောဆိုတာ…
ချုန်ချင့်ပြည်နယ် ကျင်းယွင်တောင်ကြားရွာရဲ့
ဒေသအစားအစာ တမျိုးပါ။

ဒေသခံပြည်သူတွေရဲ့ အိမ်ဟင်းချက်နည်း တစ်မျိုးပါပဲ။

ထုံ စပ် မွှေး ဆိုတဲ့ အရသာတွေကို တအိုးထဲပေါင်းစပ်ထားတာ ထူးခြားမှုပါပဲ။

ပြောကြတာကတော့ ဒေသခံတွေဟာ ပုံမှန်ဆို
ဟင်းရွက်တွေ တအိုးကြီးတည်ပြီး ဟင်းခတ်မှုန့် အမွှေးအကြိုင်မှုန့်တွေ ထည့်ပြီး ရောကြော်ကာ စားလေ့ရှိပါတယ်တဲ့။

သို့ပေမယ့် အထူးဧည့်သည်တွေ လာတဲ့အခါမှာတော့ ခါတိုင်းကြော်စားနေကျ အရွက်အစုံကြော်တဲ့ အိုးထဲမှာ အသားတွေ၊ ပင်လယ်စာတွေ၊ ကလီစာတွေ၊ မျှစ်၊ ပဲပြားခြောက် အစရှိသဖြင့် ထည့်ပြီး ကြော်လှော်ချက်ပြုတ်ပါတယ်တဲ့။

မချက်ခင် အရင်ကြော်ထားတာမို့ ချက်တဲ့အခါ အသားနဲ့ ပင်လယ်စာတွေဟာ အရသာ ဝင်လွယ်ပြီးတော့ အသားရဲ့ လတ်ဆတ်တဲ့ နဂိုမွှေးရနံ့တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တအိုးမွှေး ဆိုပြီး ဖြစ်လာရာက မာလာရှန်းကောဆိုတဲ့ ဟင်းတစ်မျိုး ပေါ်ပေါက်လာပါတော့တယ်။

မာလာရှန်းကော ဆိုတာ…
စပ်ပေမယ့် မငြီးငွေ့သွားဘူး။
လတ်ဆတ်ပြီး ညှီနံ့မရှိဘူး။
ရနံ့မွှေးပြီး ခံတွင်းတွေ့စေတယ်။
အရသာကို တမ်းတနေစေတဲ့ ထူးခြားတဲ့အရသာမျိုး ပိုင်ဆိုင်ထားတယ်။

ဒီမာလာရှန်းကော ချက်တဲ့အခါမှာ ထည့်ရတဲ့
ငရုတ်သီးတွေကို ရွေးချယ်တဲ့အခါ
အထူးသတ်မှတ်ချက်တွေ ရှိတယ်။

အထူးကောင်းမွန်တဲ့ ငရုတ်သီးကတော့…
စီချွမ်ပြည်နယ်မှာသာ ထွက်ရှိတဲ့ အော့ကျင်ထျောင် ဆိုတဲ့ ငရုတ်သီးပါပဲ။ ဒီငရုတ်သီးဟာ စပ်စပ်လေးနဲ့ အရမ်းကို မွှေးပါတယ်တဲ့။ သူ့ရဲ့ အစပ်အရသာဟာ ခံတွင်းမြိန်စေတာမျိုးပါတဲ့။

မာလာရှန်းကောရဲ့ ဟင်းခတ်အမွှေးအကြိုင်ဟာလည်း စီချွမ်ပြည်နယ်မှာသာ ရှိပြီးတော့ အမျိုးအစား ၁၀ မျိုးအထက်ကို ပေါင်းပြီး ဖော်စပ်ထုတ်လုပ်ထားတာပါတဲ့။

အဲ့အမွှေးအကြိုင်တွေထဲမှာ အစာအိမ်ကို ကာကွယ်ပေးတဲ့၊ အပူကျစေတဲ့၊ အစပ်စားပြီး ဝမ်းဗိုက်နာခြင်းကို ကာကွယ်ပေးတဲ့ တရုတ်တိုင်းရင်းဆေးတွေလည်း ပါဝင်ပါတယ်တဲ့။

သူ့ရဲ့ အမွှေးအကြိုင် ဟင်းခေတ်မှုန့်တွေဟာ
ဟင်းပွဲကို အနီရဲရဲနဲ့ လှစေတဲ့အပြင်
မွှေးရနံ့တွေဟာ နှာပွင့်လောက်အောင်ကို စူးရှပြီး ကိုယ်ကြိုက်ရာရွေးတဲ့ အသားအရွက်ကို အခုရွေး အခုချက်ပေးတာကြောင့် လတ်ဆတ်ပြီး
ခံတွင်းမြိန်စေတဲ့အတွက် ကျန်းမာရေးကို
လိုက်စားသူတွေ အကြိုက်တွေ့နေကြတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်တဲ့။
(အအေးမိ နှာပိတ် ခံတွင်းပျက်နေသူတွေအတွက် စားလို့သင့်တော်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းဆေးတွေလည်း ပါတော့ အစပ်ကြောင့် အစာအိမ်နာမှာ၊ ဗိုက်ပျက်မှာ မပူရတော့ဘူးဆိုပဲ)

အစပ်ပေါ်မှာလည်း အဆင့်တွေ ခွဲထားပေးပါသေးတယ်။ စပ်တယ်ဆိုရုံလေး၊ နည်းနည်းစပ်၊ အလယ်အလတ်စပ်၊ အစပ်များများ၊ အစပ်ပြင်းပြင်း စသဖြင့် ကိုယ်စားနိုင်တဲ့ အစပ်ပမာဏကို လိုတိုးပိုလျှော့လုပ်နိုင်လို့ လူတော်တော်များများ အကြိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ အခုလို မိုးအေးအေး ရာသီလေးနဲ့ဆို မာလာရှန်းကောက အလိုက်ဖက်ဆုံးပါပဲတဲ့။

မာလာရှန်းကောလုပ်နည်း (ဝန်းရံပေးကြဘာပေါ့နော့် :P)

ပါဝင်သောပစ္စည်းများ

ဟင်းသီးဟင်းရွက် - မျှစ်ဖြူ၊ ကြာစွယ်၊ ဝါးပိုးမျှစ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မှို၊ ပန်းပွင့်၊ အာလူး၊ ကန်စွန်းဥ စသဖြင့် ကိုယ်နှစ်သက်ရာကို အနေတော်လေးတွေ လှီးဖြတ်ထားပါ။ (ရေဆေးဖို့တော့ မပြောတော့ဘူးနော်)
ကြွက်နားရွက်တို့ မှိုခြောက်တို့ ကြိုက်လည်း ထည့်လို့ရပါတယ်။

ပင်လယ်စာ - ဂဏန်း၊ ပုဇွန်၊ ရေဘဝဲ ကြိုက်တာသာ ထည့်ကြော်ဖို့ အသင့်ပြင်ထားပါ။

အသား - ကြက်သား၊ဆိတ်သား၊ အမဲသား စသဖြင့် ပါးနိုင်သမျှ ပါးပါးလှီးထားပါ။
အသဲတွေ အမြစ်တွေ ကလီစာတွေ ကြိုက်လည်း ထည့်လို့ရပါတယ်တဲ့။ အသင့်စားငါးဖယ်လုံးတို့ အသားချောင်းတို့လည်း စားချင်ရင် ထည့်လို့ရသေးတယ်နော်။ ကိုယ်စားချင်တာတွေ အကုန်ထည့်လို့ရတယ်ဆိုပြီး အကုန်လုံး ဇွတ်မထည့်ပါနဲ့ဦးနော်။ မာလာရှန်းကောက တအိုးချက်ရင် ၈၀၀ ဂရမ်လောက်က ချက်လို့ အဆင်ပြေဆုံး ပမာဏပါတဲ့။

အသားအရွက် အားလုံး ၈ မျိုးလောက်သာ ရွေးတာ အသင့်တော်ဆုံးပါတဲ့။ အဲ့တော့ တမျိုးကို ၁၀၀ ဂရမ်လောက်ပဲပေါ့။ ၁၆ မျိုး စားချင်ရင် တမျိုးကို ၅၀ ဂရမ်လောက်ပဲ ထည့်ပေါ့နော့်။

麻辣香锅的调料

(မာလာရှန်းကောရဲ့အရသာစပ်နည်း):五香油 (ငါးမျိုးအမွှေးဆီ 100ml)、郫县豆瓣 (ပိရှန့်ပဲပိစပ် နုတ်နုတ်စင်း 30ml)、火锅调料 (ဟော့ပေါ့အမှုန့် 50g)、干辣椒 (ငရုတ်သီးခြောက် 80g)、姜片 (ဂျင်းပါးပါး 15g) 大蒜 (ကြက်သွန်ဖြူနုတ်နုတ်စင်း20g)、 葱段 (ကြက်သွန်မိတ်အရင်းပိုင်း 15g)、料酒 (ဟင်းချက်အရက် ထမင်းစား ၁ဇွန်း)、糖 (သကြား လက်ဖက်စားဇွန်း ၂ဇွန်း) 、盐 (ဆားအနည်းငယ်)、鸡精 (ကြက်သားမှုန့်အနည်းငယ်)、白芝麻 (နှမ်းဖြူအနည်းငယ်)、香菜 (နံနံပင်အနည်းငယ်)

ငါးမျိုးအမွှေးဆီက ဘာလဲ သိချင်ကြမယ် ထင်ပါတယ်။ အဲ့တော့ ငါးမျိုးအမွှေးဆီ အကြောင်း အရင်ပြောပြပါမယ်။ ငါးမျိုးအမွှေးဆီ ပြုလုပ်ဖို့ဆိုရင် 八角2块 (နာနတ်ပွင့်၂ပွင့်)、花椒5克 (ဟွားကျောင်း 5g)、草果1个 (ချောင်ကော ၁လုံး)、香果1克 (ရှန်းကော 1g)、 丁香1克 (သင်းရှန်း 1g)、山奈2克 (စန်းနိုက်မှုန့် 2g)、干辣椒10克 (ငရုတ်သီးခြောက် 10g)、茴香5克 (ဟွေရှန်း 5g)、肉寇1个 (ရို့ခို့ ၁လုံး)、 山奈1块 (စန်းနိုက် ၁တုံး)、桂皮1块 (သစ်ကြားပိုးခေါက်၁တုံး)、香叶2片 (ကရဝေးရွက် ၂ရွက်)、油 (ဆီ)
ငါးမျိုးအမွှေးဆီထဲမှာပါတဲ့ တချို့ပစ္စည်းတွေဟာ တရုတ်တိုင်းရင်းဆေးတွေပါ။ တရုတ်တန်းက တရုတ်ဆေးဆိုင်တွေမှာ မေးကြည့်ပေါ့နော်။ အကုန်ရှိမယ်တော့ အာမမခံဘူး။
ပြုလုပ်ပုံကတော့ အိုးထဲမှာ ဆီကိုအပူပေးပြီး အပေါ်ကပြောတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးထည့်ပြီးတော့ မီးမျှင်းမျှင်းနဲ့ အနံ့မွှေးပြီး အရောင်ပြောင်းတဲ့အထိ ဆီသတ်ပါ။ ပြီးရင် အဖတ်တွေ စစ်ပြီး ဆီပဲယူမှာပါ။ အဲ့ဒီဆီကိုလေ တရုတ်ဆိုင်တွေမှာ ခံတွင်းလိုက်တဲ့ အစားအစာဖြစ်တဲ့ သခွားသီးသုတ်တို့ ရေညှိသုပ်တို့ထဲမှာလည်း ထည့်စားလို့ရပါတယ်။ ငါးမျိုးမွှေးဆီဟာ ရနံ့မွှေးရုံတင်မကဘူး တိုင်းရင်းဆေးတွေ ပါဝင်တာကြောင့် အစပ်စားပြီး အစာအိမ်ကို မထိခိုက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါပြောပြလို့ မာလာရှန်းကောကို အစပ်ပြင်းပြင်းစားမယ်တော့ စိတ်မကူးပါနဲ့ဦးနော်။ တစ်ယောက်နဲ့ တစ်ယောက် အစာအိမ်ချင်း မတူကြတာမို့ ခံနိုင်ရည်ဆိုတာလဲ ရှိသေးတော့ ကိုယ့်အစာအိမ်နဲ့ ကိုယ် ချင့်ချိန်စားကြပေါ့နော်။

ကဲ အဓိကကျတဲ့ မာလာရှန်းကောလုပ်နည်းကို ပြောပါတော့မယ်။

အရင်ဦးဆုံး ကျက်ဖို့ အချိန်ပေးရမယ့် အသားတွေရယ် မှို ကြွက်နားရွက်စတဲ့ အလွယ်တကူမကျက်နိုင်တဲ့ အရာတွေကို အစဉ်လိုက် ရေနွေးနဲ့ပြုတ်လိုက်ပါ။ မီးအရှိန်ကို သတိထားပေးပါ။ မီးတအားမပြင်းဖို့နဲ့ ပျော့ဖတ်သွားအောင် ပြုတ်မပစ်ဖို့ လိုပါတယ်။ ပြီးရင် ပြုတ်ထားတာတွေအားလုံးကို ဆယ်ပြီး ရေသေချာစစ်ပါမယ်။ ရေမစင်ရင် ကြော်တဲ့အခါ ရေတွေထွက်လာပြီး ခြောက်ခြောက်လေးဖြစ်မှာ မဟုတ်တော့ဘူး။

ပြီးရင် ငရုတ်သီးအခြောက်တောင့် (အော့ကျင်ထျောင် သို့မဟုတ် မီးပုံးငရုတ်သီးတောင့် ငရုတ်ပွ ခေါ်မှာပေါ့နော်) ကို အစေ့ထုတ်ပြီး ထက်ခြမ်း လှီးထားပါမယ်။ အမြင်လှချင်ရင်တော့ ထက်ခြမ်းမလှီးပဲ အစေ့ပဲ ထုတ်ထားလည်းရပါတယ်။

အိုးထဲကို ငါးမျိုးမွှေးဆီထည့်ပြီး ငရုတ်သီးအခြောက်တောင့်ကို မွှေးလာတဲ့အထိ ကြော်ပါ။ မွှေးလာတာနဲ့ ငရုတ်သီးကို ပြန်ဆယ်ယူထားပါ။

ပြီးရင် နှစ်သက်ရာ အသားကို ရေခြောက်ပြီး မွှေးတဲ့အထိ ကြော်လိုက်ပါ။ မီးမလျှော့ပါနဲ့။ ခပ်မြန်မြန် ကြော်ရမှာပါ။
အသားမွှေးပြီး ခြောက်လာတာနဲ့ ပဲပိစပ်အနှစ်ရယ် ဟော့ပေါ့အမှုန့်ရယ် ထည့်ပါမယ်။ အဲ့မှာ ဆီဟာ အနီရောင်ပြောင်းပြီး မွှေးလာပါလိမ့်မယ်။ အဲ့အခါကျမှ ဂျင်းပါးပါးရယ် ကြက်သွန်ဖြူရယ် ထည့်ပြီး ခဏကြော်လိုက်ပါမယ်။ ဆား၊သကြား၊ဟင်းချက်အရက်၊ကြက်သားမှုန့်စတာတွေကို ပဲပိစပ်နုတ်နုတ်စင်းပြီးတာနဲ့အဲ့ထဲတခါထဲရောထည့်ထားလိုက်ပါ။

ပြီးရင်တော့ ကျက်ဖို့ခက်တဲ့ အသားအရွက်တွေ အရင်ထည့် ကျက်ဖို့လွယ်တာ နောက်မှထည့်ပြီး အရသာဝင်အောင် ကြော်ပေးရပါမယ်။
အားလုံးကျက်ပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဖြူဖြူးပြီး နံနံပင်လေးအုပ်လိုက်ရင်တော့ စွဲမက်ဖွယ်ကောင်းတဲ့ အရသာလေးနဲ့ သွားရည်ယိုစရာ မာလာရှန်းကောဟင်းပွဲလေး ရပါပြီ။

(天下第一)

Today Special ...                                ကြက်အရေခွံအကြွပ်ကြော်သုပ်📞095343057....09785343057
09/07/2023

Today Special ...
ကြက်အရေခွံအကြွပ်ကြော်သုပ်
📞095343057....09785343057

ထမင်းနဲ့အရမ်းလိုက်ဖက်တဲ့ ကြက်ချဥ်စပ်လေးနဲ့ လွေးလိုက်ရရင်တော့ ဆွေမျိုးပါမေ့သွားမယ်နော်😜
08/07/2023

ထမင်းနဲ့အရမ်းလိုက်ဖက်တဲ့ ကြက်ချဥ်စပ်လေးနဲ့ လွေးလိုက်ရရင်တော့ ဆွေမျိုးပါမေ့သွားမယ်နော်😜

07/07/2023

အရသာကတော့လုံးဝ Very sogood နော် ကာကာတို့ရေ
ကြိုတင်ဖုန်းဆက်မှာမယ်ဆိုရင်တော့မစောင့်ရပါဘူးနော်
📞095343057

အရသာကတော့ထိမိဂွိဘဲနော်စျေးနှုန်းလေးကလဲ ကြက်သား(7000)ပုစွန်(9000)ပါ။
06/07/2023

အရသာကတော့ထိမိဂွိဘဲနော်
စျေးနှုန်းလေးကလဲ ကြက်သား(7000)ပုစွန်(9000)ပါ။

06/07/2023
New menu
06/07/2023

New menu

မကွေးကမ်းနားလမ်း Kyaw (Tea&Food Center)📞095343057
11/06/2023

မကွေးကမ်းနားလမ်း Kyaw (Tea&Food Center)
📞095343057

Address

ကမ်းနားလမ်း ကျောက်သားဥယျာဥ်အနီး
Magway

Website

Alerts

Be the first to know and let us send you an email when Kyaw Tea & Food Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share