ZHT Food Delivery

ZHT Food Delivery Food Delivery Service

ငါးဖယ်အရေခွံ‌ကြော်သုပ်(၁)ပွဲ ➡️ ၇၀၀ ကျပ်📱09 428 334 232📱09 459 317 864ယနေ့မှစ၍ နေ့စဉ်ရက်ဆက် ရနိုင်ပါပြီ။
12/10/2021

ငါးဖယ်အရေခွံ‌ကြော်သုပ်
(၁)ပွဲ ➡️ ၇၀၀ ကျပ်

📱09 428 334 232
📱09 459 317 864

ယနေ့မှစ၍ နေ့စဉ်ရက်ဆက် ရနိုင်ပါပြီ။

ကျောက်ပွင့် (ခ) ကြွက်နားရွက်မှိုဖြူ(Wood ear / White fungus / White ear mushroom)ကျောက်ပွင့်ဟူသည် အပူပိုင်းဒေသမှာအများဆု...
05/10/2021

ကျောက်ပွင့် (ခ) ကြွက်နားရွက်မှိုဖြူ
(Wood ear / White fungus / White ear mushroom)

ကျောက်ပွင့်ဟူသည် အပူပိုင်းဒေသမှာအများဆုံး တွေ့ရတတ်ပြီး သစ်ပင်တွေရဲ့ ပင်စည်တွေမှာပဲ ကပ်ပြီးပေါက်ရောက်တတ်တဲ့ ဘရာဇီးဒေသမျိုးရင်း ကြွက်နားရွက်မှိုဖြူ တစ်မျိုးဖြစ်ပါတယ်။ မွေးကတည်းက ပင်လယ်၊ သမုဒ္ဒရာထဲက သန္တာကျောက်တန်းတွေဆီက ရတာလို့ပဲ ထင်လာတဲ့အစွဲက ဖျက်ရခက်ပါတယ်။ တကယ်တော့ အလွဲကြီးကို လွဲ‌နေတာပါ။

ကျောက်ပွင့်ကို တရုတ်နဲ့ဂျပန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၀၀၀) လောက်ကပင် စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါ ကျောက်ပွင့် (ခ) ကြွက်နားရွက်မှိုဖြူအား တရုတ်နှင့်ထိုင်းနိုင်ငံတို့တွင် Tissue culture နည်းဖြင့် စီးပွါးဖြစ် စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး အရောင်းအဝယ်ဈေးကွက် ကျယ်ပြန့်စွာရှိသော မှိုတစ်မျိုးဖြစ်ပါတယ်။

❐ ကျောက်ပွင့်ဟာ ကိုယ်ထဲက ရေဓာတ်ကို မြှင့်တင်‌ပေးပြီး ချောင်းခြောက်ဆိုးတဲ့အခါ စားပေးရင် သက်သာစေနိုင်ပါတယ်။
❐ ကျောက်ပွင့်မှာ အရည်ပျော်လွယ်တဲ့ အမျှင်တွေရှိပြီး ပရိုတင်းဓာတ် ပေါများစွာပါဝင်ပါတယ်။
❐ ကျောက်ပွင့်ဟာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
❐ နူနာနဲ့ အဆိပ်နာ အမျိုးမျိုးကိုလည်း ကင်းပစေနိုင်ပါတယ်။
❐ အစာကြေမှု နှေးကွေးစေပြီး သွေးအတွင်း သကြားဓာတ်နဲ့ ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကျောက်ပွင့်တွေကို အသုပ်သုပ်စားခြင်းဖြင့် ဗိုက်ပြည့်ပြီး အဆာခံစေပါတယ်။

ထို့ကဲ့သို့ ကောင်းကျိုးများစွာ ဆောင်ကျဉ်းပေးတဲ့ ကျောက်ပွင့် (ခ) ကြွက်နားရွက်မှိုဖြူသုပ်ကို မိမိတို့ ZHT Food Delivery မှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါပြီ။ မိမိတို့ နေအိမ်မှ ခြေတစ်လှမ်းမကြွရပဲ ကျပ်ငွေ (၁၀၀၀) ရှိရုံဖြင့် အသင့်စားသုံးနိုင်ပါပြီ။

☎️ 09 428 334 232
☎️ 09 459 317 864

03/10/2021

နက်မောက်ကနေ
ကြာဇံကြော် (၂)ပွဲ
ပသျှူးထမင်းကြော် (၁)ပွဲ
လူကြုံနဲ့ လှမ်းမှာတဲ့
အစ်မကြီး Aye Myat Mon
ကျေးဇူးပါ 😘😘😘

ကြာဇံကြော် အားပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ရောင်းရင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။အထုပ်အသေးလေးက အချဉ်ထုပ်ဖြစ်ပါတယ်။
03/10/2021

ကြာဇံကြော် အားပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ရောင်းရင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။

အထုပ်အသေးလေးက အချဉ်ထုပ်ဖြစ်ပါတယ်။

တစ်ကြိမ်စားဖူးရုံဖြင့် ကြာဇံမကြိုက်ဘူးဆိုတဲ့ လူတွေတောင် အမြဲစားချင်စိတ်ဖြစ်နေဖို့ လုံလောက်စေပါတယ်။တကယ်တော့ ထည့်ထားတဲ့ စေ...
01/10/2021

တစ်ကြိမ်စားဖူးရုံဖြင့် ကြာဇံမကြိုက်ဘူးဆိုတဲ့ လူတွေတောင် အမြဲစားချင်စိတ်ဖြစ်နေဖို့ လုံလောက်စေပါတယ်။
တကယ်တော့ ထည့်ထားတဲ့ စေတနာက ဟင်းခပ်အမွှေးအကြိုင်တွေထက် ပိုချိုနေတာပါ။

မနေ့က အားပေးခဲ့တဲ့ လူတွေရော၊ဒီနေ့ အားပေးတဲ့ လူတွေရော၊နောက်နေ့တွေမှာ အားပေးမယ့် လူတွေရော၊အားမပေးရသေးတဲ့ လူတွေအပါအ၀င်လူသား...
29/09/2021

မနေ့က အားပေးခဲ့တဲ့ လူတွေရော၊
ဒီနေ့ အားပေးတဲ့ လူတွေရော၊
နောက်နေ့တွေမှာ အားပေးမယ့် လူတွေရော၊
အားမပေးရသေးတဲ့ လူတွေအပါအ၀င်
လူသားအားလုံး ချမ်းမြေ့ကြပါစေ။
အားလုံးထဲမှာ ကျွန်ုပ်သည်လည်း ပါ၀င်ချမ်းမြေ့ပါစေ။
🙏🙏🙏🙏🙏

#ပသျှူးထမင်းကြော်

(၁၅၀၀) ကျပ်ရှိရုံဖြင့် သင်တို့ရဲ့ ၀မ်းရေးတစ်နှပ်စာကို အရသာရှိရှိ ဖြည့်ဆည်းလိုက်ပါ။ #ပသျှူးထမင်းကြော်ပါ၀င်‌သောပစ္စည်းများ...
27/09/2021

(၁၅၀၀) ကျပ်ရှိရုံဖြင့် သင်တို့ရဲ့ ၀မ်းရေးတစ်နှပ်စာကို အရသာရှိရှိ ဖြည့်ဆည်းလိုက်ပါ။

#ပသျှူးထမင်းကြော်

ပါ၀င်‌သောပစ္စည်းများ
– ပေါ်ဆန်းမွှေးဆန်
– ကြက်သား
– ကွကျဥ
– ဗိုလ်စားပဲသီး
– ရွှေပဲသီး
– ပဲတောင့်ရှည်
– ပန်းဂေါ်ဖီ
– ငရုတ်ပွသီး
– မုန်လာဥနီ
– ပြောင်းဖူး
– ခရမ်းချဉ်သီး
– သခွါးသီး
– တရုတ်နံနံ

(၂) ပွဲနဲ့ အထက် Deli free ပါ။
Deli ပေးရလည်း ဝေးဝေး၊ နီးနီး (၃၀၀) တည်းပါ။

မနက်ဖြန် (Aug 28) မှစ၍ ရနိုင်ပါပြီ။

☎️ 09 251249147
☎️ 09 459317864

ယနေ့ ယိုးဒယားသင်္ဘောသီးထောင်း မှာယူ‌အားပေးကြတဲ့စားသုံးသူ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမများ အားလုံးယနေ့ရွာတဲ့ မိုးလောက်ကြီး ...
25/09/2021

ယနေ့ ယိုးဒယားသင်္ဘောသီးထောင်း မှာယူ‌အားပေးကြတဲ့
စားသုံးသူ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမများ အားလုံး
ယနေ့ရွာတဲ့ မိုးလောက်ကြီး ကျေးဇူးတင်ပါတယ်။

❐ အခုလို မိုးတွင်းအခါသမယမှာ အပြင်မှာ စိုစွတ်နေလို့ စိတ်တွေလည်း ထိုင်းမှိုင်းနေရင် အရင်လို ပြန်လည်ပြီး လန်းလန်းဆန်းဆန်းဖြ...
24/09/2021

❐ အခုလို မိုးတွင်းအခါသမယမှာ အပြင်မှာ စိုစွတ်နေလို့ စိတ်တွေလည်း ထိုင်းမှိုင်းနေရင် အရင်လို ပြန်လည်ပြီး လန်းလန်းဆန်းဆန်းဖြစ်သွားအောင်၊ တက်တက်ကြွကြွဖြစ်သွားအောင် ကျွန်တော်တို့ရဲ့ ယိုးဒယားသင်္ဘောသီးထောင်းလေးက သင့်ကို ကူညီ‌ပေးနိုင်ပါတယ်။

❐ ယိုးဒယား လူမျိုးတွေရဲ့ လက်ယာအတိုင်း သုံးဆောင်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစီရဲ့ အရသာလိုအပ်ချက်ပေါ် မူတည်ကာ အစပ်လျှော့ပေးပါ၊ ထန်းလျက်နဲ့ထောင်းပေးပါ၊ သကြားနဲ့ထောင်းပေးပါ ဆိုတာမျိုးတွေကိုလည်း ၀ယ်သူစိတ်ကြိုက်ဖြစ်အောင် လက်ခံလုပ်ဆောင်ပေးနေပါတယ်။

❐ မကွေးမြို့ပေါ် နေရာမရွေး၊ အချိန်မရွေး (မာရှယ်လွတ်တဲ့အချိန်တော့ ဖြစ်ပါစေပေါ့ဗျာ 😃) ပို့ဆောင်ပေးနေပါပြီ။
မိုးရွာနေပါကလည်း မိုးကာအင်္ကျီ၀တ်ပြီး ပါဆယ်တွေကိုလည်း မိုးမထိရအောင် သေချာကျနစွာ ထုပ်ပိုးပြင်ဆင်ပြီး အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။

❐ တန်ဖိုးအားဖြင့် (၁)ပွဲလျှင် (၁)ထောင်ကျပ်ခန့်သာ ကျသင့်မည်ဖြစ်ပြီး အခမဲ့၀န်ဆောင်မှုဖြင့် ယနေ့မှစ၍ ၀ယ်သူဆီအရောက် တစ်မိနစ်နောက်မကျစေပဲ ၀န်ဆောင်မှုပေးနေပြီဖြစ်ပါကြောင်း မကွေးမြို့ပေါ်မှ စားသုံးသူ မိဘဘိုးဘွား၊ ညီအစ်ကို၊ မောင်နှမများအား ခင်မင်ရင်းနှီးစွာ အသိပေးကြောငြာအပ်ပါတယ်ခင်ဗျာ။

Address

Magway

Website

Alerts

Be the first to know and let us send you an email when ZHT Food Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share