11/10/2024
အသက်ရှင်ပါ
မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့........
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ...
အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..
ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ...
#မောင်စိန်ဝင်း(ပုတီးကုန်း)