Mortal Coffee

Mortal Coffee သဘာဝ ကော်ဖီစစ်စစ်အရသာ

❝ ဓားမသို့ . . . ❞      ကိုယ်ဟာ ပျော့ညံ့သူ     ဓားသွေးကျောက်     မင်းကို စောင့်ရှောက်ပါတယ် ။   ။                        ...
16/02/2026

❝ ဓားမသို့ . . . ❞

ကိုယ်ဟာ ပျော့ညံ့သူ
ဓားသွေးကျောက်
မင်းကို စောင့်ရှောက်ပါတယ် ။ ။

မေ ၁၁၊ ၂၀၁၇။

▪️ဝင်းမြင့်
Coffee

နှစ်တွေဟာသင်ခန်းစာနှစ်ခုကိုပဲသင်ကြားပေးခဲ့ပါတယ်အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ် ။• မိုဃ်းဇော်P...
16/01/2026

နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ်
အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ် ။

• မိုဃ်းဇော်
Poems you should read before you die
Coffee

14/01/2026

"ဦးဆောင်သူစေရာ"

အတုအယောင်
ပုံရိပ်မှား
ထင်ယောင်ထင်မှားတွေနဲ့တည်ဆောက်ထားတဲ့ လောကီမှာလေ
အရင် မှားဖမ်းဆုပ်မိထားတဲ့ အရာပေါ်မှာပဲ သစ္စာထား စောင့်ထိန်းရမယ်ဆိုတာကြီးကလည်း အစစ်အမှန် မဟုတ်တာ သင်ပေးဖို့လိုအပ်ခဲ့သလားကွယ်...

" ချစ်သူတို့ရဲ့ပွဲ"

(၁)
မင်းကလည်း ဖြူစင်ချင်သူ
ငါကလည်း ရိုးဖြောင့်ချင်သူ
မင်းမှာလည်း အကြေးအညစ်တွေနဲ့
ငါ့မှာလည်း အနာအဆာနဲ့
နှစ်ယောက်လုံးမှာ ဗိုင်းရပ်စ်ကိုက်ရာတွေနဲ့..

(၂)
လောကဟာ ရှုပ်ထွေးပွေလီတယ်
အညိုရောင်နယ်မြေထဲ တိုးဝင်ရသလိုပဲ
ရန်သူဟာသေခြာသလောက် မိတ်ဆွေဆိုတာမသေခြာဘူး
ပါးနပ်ပါ ညီမလေး

(၃)
ပညာရှင်တွေဆိုတာ
မဟာဗျူဟာစစ်ပွဲတွေအကြောင်း အမြဲပြောတယ်
ငါတို့က နည်းဗျူဟာတိုက်ပွဲတွေကြား
ခေါင်းမဖော်နိုင်ခဲ့ပါဘူး
သတိရှိပါညီမလေး

( ၄)
နျူကလိယားတိမ်တိုက်တွေအောက်မှာ
အိုဇုန်းလွှာဖာဖို့ကလေးတောင် ပျက်ကွက်ခဲ့ကြတယ်လေ
ဆိုက်ဘာတိုက်ပွဲတွေကြား
ကမ္ဘာကြီးဟာ
အိပ်ကောင်းခြင်း မအိပ်ခဲ့ရပါဘူး
( ၅)
မကောင်းမှုဆိုတာ အလေ့ကျဗျိုက်တောပဲ
ထိမ်းမနိုင်သိမ်းမရ ဗေဒါအုပ်ပဲ
ကောင်းမှုကိုတော့ စနစ်တကျစိုက်ပျိုးရတာ

တုတ်ဒါးလက်နက်တွေကြား
ယုံကြည်ချက်ကို လက်နက်လို့တွေးခေါ်ရတာ
ကိုယ့်ခံနိုင်ရည်ကို ယုံစားလွန်းရာရောက်တယ်


#ကိုသန်းထွန်း
Coffee

"  အနိုင်သမား"စောင့်နေတယ်ဆိုတာကလည်းဆောင်းခိုတဲ့ ဝက်ဝံတွေလို တဆောင်းစာစွမ်းအင်သိုလှောင်ထားမှ စောင့်နိုင်ကြမှာမလားကံ့ကော်န...
06/01/2026

" အနိုင်သမား"

စောင့်နေတယ်ဆိုတာကလည်း
ဆောင်းခိုတဲ့ ဝက်ဝံတွေလို တဆောင်းစာစွမ်းအင်သိုလှောင်ထားမှ စောင့်နိုင်ကြမှာမလား

ကံ့ကော်နီထဲက စိုးချစ်က ခင်မေတင့်ကိုစောင့်နိုင်ခဲ့တယ်ဆိုတာကလည်း ခင်မေတင့်က တဘဝလုံးစာလုံလောက်တဲ့ အချစ်တွေပေးထားခဲ့လို့မလား

တစုံတယောက်ကို စောင့်မျှော်နေရခြင်းကို စွဲလမ်းနှစ်ခြိုက်တတ်တဲ့ ကျနော်တောင် စောင့်နေနိုင်စွမ်းရှိစေတဲ့ အင်အား ခံနိုင်ရည်တွေ ကုန်ခမ်းလုပါပြီ...

စောင့်နေနိုင်တယ်ဆိုတာ ပိုင်ဆိုင်ခဲ့ဖူးသူတွေပဲ လုပ်နိုင်တဲ့အရာဗျ...

Credit:
#အောင်ချိမ့်
Coffee

တွေးမလားသေမလား(၂၄၀)အချည်နှီးဟီလာတိုက်နေကြတဲ့လူတွေကိုမရှုစိမ့်နိုင်တော့ဘူးဆိုရင်မင့်ရဲ့လူငယ်ဘဝပြီးဆုံးသွားတာဖြစ်နိုင်တယ်မ...
03/01/2026

တွေးမလားသေမလား(၂၄၀)

အချည်နှီးဟီလာတိုက်နေကြတဲ့လူတွေကို
မရှုစိမ့်နိုင်တော့ဘူးဆိုရင်
မင့်ရဲ့လူငယ်ဘဝပြီးဆုံးသွားတာဖြစ်နိုင်တယ်
မင်း အရွယ်မတိုင်မီ အိုမင်းသွားတာလည်းဖြစ်နိုင်တယ်

လူတွေရဲ့လူမဆန်မှုတွေကို
မတုန်မလှုပ်ကြည့်နေနိုင်ပြီဆိုရင်
မင်း တရားရသွားတာဖြစ်နိုင်တယ်
မင်းကိုယ်တိုင် လူမဆန်တော့တာလည်း ဖြစ်နိုင်တယ်

Credit :ကိုသန်းထွန်း
. Coffee

❝  ရန်သူမဲ့တဲ့ ဘဝမှာလည်း     ငါကျွန်တော် မပျော်တတ်တော့ပါ    ချစ်သူမဲ့တဲ့ ဘဝမှာလည်း     ငါကျွန်တော် မနေတတ်တော့ပါ    ပိုလျ...
16/12/2025

❝ ရန်သူမဲ့တဲ့ ဘဝမှာလည်း
ငါကျွန်တော် မပျော်တတ်တော့ပါ
ချစ်သူမဲ့တဲ့ ဘဝမှာလည်း
ငါကျွန်တော် မနေတတ်တော့ပါ
ပိုလျှံသောရေ
ပရိုတိန်းအစအန အလေအလွင့်
စံလွန်ဖိအား အဆင့်ဆင့်မြင့်
ငါ့အသက်ရှုပွင့်များ
ကောင်းမွန် ခိုင်မာစွာပင်
ရယ်မောခဲ့ပြီ။

အဲသည်လိုနဲ့
လူ့ဘဝကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတလိပ်နဲ့တည်း
အိပ်ပျော်တတ်ခဲ့ပြီ။ ❞

#မောင်ချောနွယ်
Coffee

လောကကြီးမှာကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။ကျွန်တော့် ဒုက္ခ မှန်သမျှကိုလိုက်ကြည့်ပေးပြီးဖြစ်မှ "ဖြစ်ရလေကွာ" လို့ ပြောပေး...
10/12/2025

လောကကြီးမှာကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကိုလိုက်ကြည့်ပေးပြီးဖြစ်မှ "ဖြစ်ရလေကွာ" လို့ ပြောပေးမယ့်လူတစ်ယောက်ပဲ လိုချင် တာပါ။အဲဒီလူ ရှိ/မရှိလည်းကျွန်တော် မသိပါဘူး။ကိုယ့်ကိုသိတဲ့ လူတစ်ယောက်လောကကြီးမှာ ရှိနေစေချင်တာလူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့ကျွန်တော် ထင်တယ် ။

ကိုယ်က လူများကိုသိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်ရှိချင်လေလေပါပဲ ။

▪️ နီကိုရဲ (ကျွန်ုပ်နှင့်မနက်ဖြန် )


Coffee

တချို့ကုန်ကျစရိတ်ကို ပိုက်ဆံဖြုန်းနေတယ်လို့ ပြောလို့ မရဘူး...ဒါကို "စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခ" လို့ ခေါ်...
16/11/2025

တချို့ကုန်ကျစရိတ်ကို ပိုက်ဆံဖြုန်းနေတယ်လို့ ပြောလို့ မရဘူး...

ဒါကို "စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခ" လို့ ခေါ်တယ်။

ကော်ဖီဆိုင် တစ်ခါထိုင်ရင်
ကြက်ဥဆယ်လုံးလောက် ဝယ်လို့ ရပေမယ့်
တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ်
နေချင်တဲ့အခါ
ကြက်ဥဆယ်လုံး စားလို့ မရဘူး...

နွေးထွေးမှုလေးတွေပါ ရနိုင်ပါတယ်ဗျာ☕

💌
#နိုင်းနိုင်းစနေ
Coffee

ကျနော်တို့ Mortal Coffee  ဆိုင်လေးကိုသီတင်းကျွတ် လပြည့်နေ့ (6 .10 .2025 ) လေးတရက် နားခွင့်ပြုပါ မိတ်ဆွေများ ခင်မျာအားပေး...
04/10/2025

ကျနော်တို့ Mortal Coffee ဆိုင်လေးကို

သီတင်းကျွတ် လပြည့်နေ့ (6 .10 .2025 ) လေးတရက် နားခွင့်ပြုပါ မိတ်ဆွေများ ခင်မျာ
အားပေးမှုကိုအစဥ်ကျေးဇူးတင်လျှက်

Coffee

သူပေးသော မီးကို လက်နှင့်မယူဘဲဘဝနှင့်ယူသွားသူ တယောက်အကြောင်းကျတော်ချစ်ခဲ့ရသူကို သိစေချင်ပါသည်။ငြိမ်းချမ်းပါစေ ဆရာရေ... #အ...
24/06/2025

သူပေးသော မီးကို လက်နှင့်မယူဘဲ
ဘဝနှင့်ယူသွားသူ တယောက်အကြောင်း
ကျတော်ချစ်ခဲ့ရသူကို သိစေချင်ပါသည်။

ငြိမ်းချမ်းပါစေ ဆရာရေ...

#အဝါရောင် ဆောင်းရက်များ၏မိုးစက်ပုံပြင်
#ငြိမ်းအေးအိမ်

အရှင်ဘုရား...တရားကို အကယ်တည့်သစ္စာမဖောက်ပဲ ရှင်သန်ရပါကဘဝက ပျင်းရိဖွယ်ရာဟုလူတွေ တွေးတော ကျင့်သုံးကြပါသည်၊၊ #အောင်ချိမ့်  ...
01/05/2025

အရှင်ဘုရား...

တရားကို အကယ်တည့်

သစ္စာမဖောက်ပဲ ရှင်သန်ရပါက

ဘဝက ပျင်းရိဖွယ်ရာဟု

လူတွေ တွေးတော ကျင့်သုံးကြပါသည်၊၊

#အောင်ချိမ့်
Coffee

" ရှင်သန်ခြင်း "အရက်သမားကို ဆရာဝန်က"ခင်ဗျားလျှော့မသောက်ရင် ၆ လ ပဲ နေရမယ်" ဆိုတော့အရက်သမားက"ကျနော့်မှာ အရက်ကို ၆ လ ပဲ သော...
27/04/2025

" ရှင်သန်ခြင်း "

အရက်သမားကို ဆရာဝန်က

"ခင်ဗျားလျှော့မသောက်ရင် ၆ လ ပဲ နေရမယ်" ဆိုတော့

အရက်သမားက

"ကျနော့်မှာ အရက်ကို ၆ လ ပဲ သောက်ရတော့မှာ စိတ်ချမ်းချမ်းသာသာ ဆက်သောက်ပါရစေ ဆရာရယ်" တဲ့။

ဆေးလိပ်သမားလည်း ဒီလိုပဲ။

ကွမ်းသမားလည်း ဒီလိုပဲ။
..

ငယ်ငယ်က ဒီလူတွေကို လူမိုက်တွေလို့ တွေးခဲ့ဖူးပေမဲ့ အခုကျ "ငါ့မှာ သူတို့လို 6သလောက်အောင်မှီဝဲချင်တဲ့အရာ တစ်ခုမှမရှိတာပဲ" ဆိုပြီး ဝမ်းနည်းမိရတယ်၊၊
..


Coffee

Address

Kyaukse

Telephone

+959424260722

Website

Alerts

Be the first to know and let us send you an email when Mortal Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category