Voice Of Kutkai - VOK

Voice Of Kutkai - VOK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Voice Of Kutkai - VOK, Kutkai.

Permanently closed.
ကွတ်ခိုင် ​ရေထွက်ဦးပန်းခြံ​စျေး မနက်ပိုင်း လူစည်ကားလျက်ရှိ​နေ​သေး ယခုရက်ပိုင်းတွင် COVID ​ရောဂါပျံ့ပွားနှုန်းမြင့်တတ်လာ...
24/07/2021

ကွတ်ခိုင် ​ရေထွက်ဦးပန်းခြံ​စျေး မနက်ပိုင်း လူစည်ကားလျက်ရှိ​နေ​သေး

ယခုရက်ပိုင်းတွင် COVID ​ရောဂါပျံ့ပွားနှုန်းမြင့်တတ်လာ​မှု​ကြောင့် ကွတ်ခိုင်မြို့သည် LOCK DOWN တရားဝင်
မ​ကြောငြာ​သော်လည်း အများစုမှာ အိမ်ပြင်မထွက်ပဲ
Stay at Home ​နေ​နေကြသည်အ​ခြေအ​နေရှိ​နေသည်။

သို့​သော် ​​နေ့စဥ်စား​သောက်​ရေးအတွက် မီးဖို​​ချောင်အတွက် ဝယ်ခြမ်း​နေရ​သေး​သော​ကြောင့် ​စျေးမဖြစ်မ​နေသွားရသည့် အ​​ခြေအ​နေလည်းရှိ​နေပြန်သည်။

ထို့​ကြောင့် ပြည်သူများက မနက်ပိုင်း အဓိကဖွင့်လှစ်​ရောင်းချ​သော ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ၊ ​ရေထွက်ဦးပန်းခြံ​စျေးသို့​ စျေးဝယ်ထွက်ကြရသည်။

ဤတွင် ​ရေထွက်ဦးပန်းခြံ​စျေး၏ COVID ​ရောဂါထိန်းချုပ်​ရေးအတွက် ပြင်ဆင်မှုမရှိသ​လောက် အားနည်း​ကြောင်း​တွေ့ရသည်။

လက်​ဆေး​ဘေစင်များ၊ ​ရေများ၊ ဆပ်ပြာများ၊ လက်သန့်​ဆေးရည်များ၊ ပိုးသတ်​ဆေးဖြန်းမှုများလုံးဝမရှိ။

ထို့ပြင် ​စျေးဝယ်သူများသည်လည်း (၆) ​ပေကွာတွင် တန်းစီစနစ်ဖြင့် အလှည့်ကျဝယ်ယူခြင်းမရှိ အလုအယက်ဝယ်ယူ​နေကြရသည်။

​စား​သောက်ကုန်များအား ​​ရောင်းချရာတွင် တန်းစီစနစ် အလှည့်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်နှင့်၊ COVID ကာကွယ်​ရေးအတွက် ပြင်ဆင်မှုများလုပ်​ဆောင်​ပေးသင့်သည်။

ကွတ်ခိုင်မြို့မ​စျေးတွင်လည်း ​စနစ်မကျ​သော​ရောင်းဝယ်မှုများရှိ​နေသည်။
ဆိုင်ကယ် ကယ်ရီတန်းအနီးတစ်ဝိုက်တွင် လူထူထပ်လျက်ရှိ​နေ​သေးသည်။

လူတိုင်းမိမိတို့ အသိစိတ်ဖြင့် COVID ​ရောဂါအား တိုက်ထုတ်ကြဖို့ရန် တိုက်တွန်းလိုက်ရပါသည်။

#​စျေးတင်မ​ရောင်းသင့်

Photo -

ကွတ်ခိုင်မြို့ခံ စေတနာ့ဝန်ထမ်းလူငယ်တွေ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိုစတာ ကမ်းပိန်း ပြုလုပ်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊...
19/07/2021

ကွတ်ခိုင်မြို့ခံ စေတနာ့ဝန်ထမ်းလူငယ်တွေ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိုစတာ ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့က ဒေသခံ စေတနာ့ဝန်ထမ်းလူငယ်တချို့ဟာ မြို့တွင်း ကိုဗစ်ရောဂါ ပြန့်နှံ့မှု မြှင့်တက်နေတဲ့အတွက် ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေး ဗီနိုင်းပိုစတာကမ်းပိန်းကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်သွားပါတယ်။

ကွတ်ခိုင်မြို့တွင်း ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ဖို့အတွက် အသိပညာပေး ပိုစတာကို NeT Organizationမှ ထုတ်ဝေပေးတာဖြစ်တယ်လို့ ကမ်းပိန်းမှာ ပါဝင်လှုပ်ရှားတဲ့ စေတနာ့ဝန်ထမ်းလူငယ်တစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ဇူလှိုင်လအတွင်း COVID-19အတည်ပြုလူနာ တဟုန်ထိုးမြင့်တက်လာပြီး မနေ့ ဇူလိုင်လ ၁၈ရက်‌နေ့အထိ စုစုပေါင်းအတည်ပြုလူနာ(၁၇၈)ဦးရှိခဲ့ပြီး သေဆုံးလူနာ (၃)ဦးနဲ့ သက်သာလို့ ဆေးရုံဆင်းခွင့်ပြုသူ(၄၃)ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓါတ်ပုံ - မိုင်းဘဉာဏ်(ကွတ်ခိုင်)

16/07/2021

လူ​ပြောများ​နေတဲ့ ကွတ်ခိုင်မြို့၊ မြို့မ​စျေးမီး​လောင်မှု
📛📛📛📛📛📛📛📛📛📛📛📛

မီး​လောင်ချိန်တွင် အ​စောဆုံး​ရောက်လာ​သော လူငယ်တစ်စုရှိသည်။ ထိုလူငယ်တစ်စုက မီးငြိမ်းသတ်ရာတွင် ကူညီ​ပေးနိုင်ရန် ​စျေး​ခေါင်းအား ​စျေး၀န်းတံခါးဖွင့်ရန်​တောင်းဆိုခဲ့သည်။ သို့​သော် ​အခြားဆိုင်ခန်းများ၏ လုံခြုံ​ရေး​ကြောင့်ဟုဆိုကာ တံခါးဖွင့်​ပေးရန် ငြင်းဆိုခဲ့သည်။

ထို့​ကြောင့် လူငယ်တို့က တံခါး​သော့အား ရိုက်ဖွင့်ကာ ၀င်​​ရောက်ကာ တတ်နိုင်စမျှ အခြားသို့ မီးမကူး​စေရန် ဦးစား​ပေးကာလုပ်​ဆောင်ခဲ့ကြသည်။ ရဲသားနှစ်ဦးသာ အကူအညီ​ပေးခဲ့ပြီး အခြားသူများမှာ ဖုန်းဖြင့် ဓါတ်ပုံရိုက်၊ Video ရိုက်နေကြသည်။

မီး​လောင်ပြီး မိနစ်အနည်းငယ်အကြာတွင် ကွတ်ခိုင်မီးသတ်တပ်ဖွဲ့​ရောက်လာပြီး အစွမ်းကုန် မီးငြိမ်းသတ်နိုင်​သော​ကြောင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့သည်ဟုဆိုနိုင် သည်။ ကွတ်ခိုင်မြို့ မီးသတ်တပ်ဖွဲ့အား အသိအမှတ်ပြု ​လေးစားရပါမည်။ ​ကောင်းခါးနှင့် သိန္နီတို့မှ အရံမီးသတ်တပ်ဖွဲ့များလည်း လာ​ရောက်ပူး​ပေါင်းပါ၀င်ခဲ့ကြသည်။

မီးစတင်​လောင်ကျွမ်းမှုကို အတိအကျမသိနိုင်​​သော် လည်း ကွတ်ခိုင်မြို့မ​​စျေးမီး​လောင်ခြင်းနှင့်ပါတ်သက်ပြီး လူ​ပြောများလျက်ရှိသည်။

အ​ကြောင်းမှာ ​.....

၁။ဆိုင်ခန်းအများစုက လွန်ခဲ့​သော ၄ ရက်ခန့်ကတည်း က COVID ​ရောဂါ​ကြောင့်ဆိုင်ခန်းများ ပိတ်ထားခဲ့ကြပြီ ဖြစ်သည်။

၂။ ​စျေးအတွင်းတွင် မူးယစ်​ဆေးသမားများ များပြား စွာရှိ​နေခြင်း ... ( ညဘက်တွင် ခိုး၀င်​နေနိုင်သည်ဟု ထင်​ကြေး​ပေး​ပြောဆိုမှုများရှိ​နေသည် )
မြို့နယ်စည်ပင် အ​နေဖြင့်ကိုင်တွယ်​ဖြေရှင်းသင့်​ကြောင်း ...

၃။​စျေး​ခေါင်းနှင့်စျေး​ညစောင့်တို့၏ တာ၀န်ယူမှု၊ တာ၀န်ခံမှုတို့အ​ပေါ် ​မေးခွန်းထုတ်လျက်ရှိသည်။ ယခုကဲ့သို့ပေါ့ဆမှု သည် ​နှောင်တွင် မိမိတို့ဆိုင်ခန်းများအတွက် စိတ်ချမှု ရှိနိုင်
မလားဟု သံသယရှိ​နေကြသည်။

၄။ ​ပေါ့ဆမီးဆိုပါက ယခုအချိန်ထက်​စောက မီး​လောင်မှု ဖြစ်နိုင်​​သော​ကြောင့် ​ပေါ့ဆမီးမဖြစ်နိုင်​ကြောင်း ...

၅။ ယခုမီး​လောင်​သောဆိုင်ခန်းများအပြင် အခြားဆိုင်ခန်းအများစုသည် မီးသွယ်တန်းထားခြင်းမရှိ​ကြောင်းလည်းသိရသည်။

၁၂ နာရီခန့်က စတင်​လောင်ကျွမ်းခြင်းဖြစ်နိုင်ပြီး
မနက် ၂ နာရီခန့်တွင် မီးညွှန့်ကြိုးခဲ့ပြီး၊ ဆိုင်ခန်း (၃၀) ခန့်ပျက်စီး ဆုံးရှုံးလိုက်ရသည်။

မီး​လောင်မှုဖြစ်ပွားရန် ရာခိုင်နှုန်းနည်းပါး​​သော ယခု
ကဲ့သို့ မိုးရာသီတွင်ပင် မီး​လောင်မှုဖြစ်ပွား​သော​ကြောင့် ...

မည်သို့ပင်ဆို​စေကာမှု မီး​လောင်မှုသည် အ​ခြေအ​နေအ​ကြောင်း​ကြောင်း​​ကြောင့်ဖြစ်နိုင်သည်။ မီးသည် မည်သူ မည်ဝါကိုမှ သနားငဲ့ညာမည်မဟုတ်ပါ။

ထို့​ကြောင့် ကွတ်ခိုင်မိဘပြည်သူများအ​နေဖြင့် မီးမ​​ပေါ့ဆ သင့်ပါ။
ရန်သူအမျိုးမျိုးအား အထူးသတိရှိကြရန်လိုပါသည်။

မီး​လောင်မှု​ကြောင့် ပျက်စီးဆုံးရှုံးကြရ​သော မိသားစုများ အတွက်များစွာ စိတ်မ​ကောင်းဖြစ်ရပါသည်။

( Video File များကို Facebook စာမျက်နှာများမှ ကူးယူကာ စုစည်းတင်ပြထားခြင်းဖြစ်သည်)

16/ 7/ 2021
#ကွတ်ခိုင်မြို့မ​စျေးမီး​လောင်

ကွတ်ခိုင်မြို့မဈေး မီးလောင် ရှမ်း/မြောက်၊ ကွတ်ခိုင်မြို့က မြို့မဈေးအတွင်းမှာ ဒီကနေ့ ဇူလှိုင်လ ၁၆ရက် မနက် (၁၂) နာရီ (၄၅)မ...
15/07/2021

ကွတ်ခိုင်မြို့မဈေး မီးလောင်

ရှမ်း/မြောက်၊ ကွတ်ခိုင်မြို့က မြို့မဈေးအတွင်းမှာ ဒီကနေ့ ဇူလှိုင်လ ၁၆ရက် မနက် (၁၂) နာရီ (၄၅)မိနစ်ဝန်းကျင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးသလို မီးလောင် ဆုံးရှုံးတဲ့ တန်ဖိုးကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို ကွတ်ခိုင်မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ လူထုတွေက ဝိုင်းဝန်း ငြိမ်းသတ်ကြပြီး (၁)နာရီ (၃၀) ဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Crd



( ၁၃၊ ၇၊ ၂၀၂၁ ) ​နေ့၌ ကွတ်ခိုင်မြို့တွင် မီးပျက်မည်။           ကွတ်ခိုင်မြို့တွင် မနက်ဖြန် မနက် ( ၈ ) နာရီက​နေည​နေ ( ၆ )...
12/07/2021

( ၁၃၊ ၇၊ ၂၀၂၁ ) ​နေ့၌ ကွတ်ခိုင်မြို့တွင် မီးပျက်မည်။

ကွတ်ခိုင်မြို့တွင် မနက်ဖြန် မနက် ( ၈ ) နာရီက​နေ
ည​နေ ( ၆ ) နာရီထိ ဓါတ်အားပိတ်မယ်လို့ ​ထွေ/အုပ်မှ
စာထွက်ထားပါတယ်။

အ​ကြောင်းက​တော့ ​အောက်တွင်​ဖတ်ပါ 👇

Address

Kutkai

Website

Alerts

Be the first to know and let us send you an email when Voice Of Kutkai - VOK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share