Coffee Land

Coffee Land Our Cafe = Your Home

𝐓𝐡𝐞 𝐞𝐧𝐝 𝐨𝐟 𝐂𝐨𝐟𝐟𝐞𝐞 𝐋𝐚𝐧𝐝'𝐬 𝐣𝐨𝐮𝐫𝐧𝐞𝐲 .....(၂၀၂၂) ခုနှစ် ၊ ဖေဖော်ဝါရီ (၂၃) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ COF...
21/06/2025

𝐓𝐡𝐞 𝐞𝐧𝐝 𝐨𝐟 𝐂𝐨𝐟𝐟𝐞𝐞 𝐋𝐚𝐧𝐝'𝐬 𝐣𝐨𝐮𝐫𝐧𝐞𝐲 .....

(၂၀၂၂) ခုနှစ် ၊ ဖေဖော်ဝါရီ (၂၃) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ COFFEE LAND ကော်ဖီဆိုင်လေးဟာ ကောင်းတစ်လှည့် ၊ ဆိုးတစ်လှည့် ၊ လိမ်ဖယ် လိမ်ဖယ် နဲ့ ရပ်တည်လာခဲ့တာ အခုဆို သုံးနှစ်ခွဲကျော် အချိန်ကာလတစ်ခုအထိတောင် ရောက်ရှိခဲ့ပါပြီ။

စိတ်မ​ကောင်းစွာနဲ့ပဲ အသိပေးရရင်တော့ ကျွန်တော်တို့ရဲ့ ဆိုင်လေးဟာ ယခုလ အကုန်မှာ ပိတ်သိမ်းတော့မှာဖြစ်ပြီး ချစ်ရတဲ့ ကာကာ တို့နဲ့ နှုတ်ဆက်ခွဲခွာသွားရတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ COFFEE LAND Team Member တွေအနေနဲ့ကလည်း ခေတ်ကာလအခြေအနေအရ ဆက်လက်ရပ်တည်ဖို့ အခက်အခဲလေးတွေရှိလာတဲ့အတွက် ဒီလိုမျိုး ခက်ခဲတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုကို ချမှတ်လိုက်ရတာ တကယ်ကို စိတ်မကောင်းပါဘူးခင်ဗျာ။

ဘာပဲဖြစ်ဖြစ် တိုတောင်းလွန်းတဲ့ ဒီအချိန်ကာလလေးအတွင်းမှာတောင် ကောင်းမွန်တဲ့ အမှတ်တ​ရတွေများစွာရှိနေခဲ့တာကို လုံးဝ မေ့ထားလို့မရမှာတော့ သေချာပါတယ်။

- ကျွန်တော်တို့ ဆိုင်ကို တစ်ခါ လာဖူးသည်ဖြစ်စေ ၊ အကြိမ်ကြိမ် လာဖူးသည်ဖြစ်စေ

- ဟိုး ယခင် အစ Day - 1 ကတည်းကနေ အခုအချိန်အထိ အတူတူဖြတ်သန်းလာခဲ့ကြတဲ့ အမာခံတွေ

- အကြောင်းအမျိုးမျိုးကြောင့် အဝေးတစ်နေရာကို ရောက်သွားကြပေမယ့် ဆိုင်ကို သံယောဇဥ်မပြတ် အမြဲ သတိတရရှိနေပေးကြသူတွေ

- ဒီဆိုင်လေးထဲမှာ စတင်တွေ့ဆုံပြီး ဒီ​ဆိုင်လေးထဲမှာပဲ နှုတ်ဆက်ခွဲခွာသွားကြသူတွေ

- ဒီဆိုင်လေးထဲမှာ ရယ်ကြမောကြ ၊ ဒီဆိုင်လေးထဲမှာပဲ ငိုယိုခဲ့ဖူးကြသူတွေ .. စသဖြင့်

အဲ့ဒီလူတွေ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျွန်တော်တို့ဘက်က အမြဲ သတိတရရှိနေသလို .. အဲ့ဒီသတိရစိတ်ကိုလည်း အစဥ်အမြဲ ရင်ထဲမှာ ဆက်လက် ထိန်းသိမ်းသွားပါ့မယ်ခင်ဗျာ။

နောက်တစ်ခုက ကျွန်တော်တို့နဲ့ ကောင်းအတူ ၊ ဆိုးအတူ .. စတင်ချိန် မှ ပြီးဆုံးချိန်အထိ အတူရှိနေခဲ့ကြတဲ့ Team Member တွေ ၊ လမ်းတစ်ဝက်မှာ ခွဲခွာသွားခဲ့ရတဲ့ Team Member တွေနဲ့ နောက်ဆုံးအချိန်လေးမှာ ခဏတာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ Team Member တွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့လည်း အမှားနဲ့ မကင်းတဲ့ လူသားတွေမို့ ဒီအချိန်ကာလ တစ်လျှောက်လုံးအတွင်း ဝန်ဆောင်မှုပိုင်းမှာဖြစ်စေ ၊ အခြားသော ကဏ္ဍတွေမှာဖြစ်စေ ၊ တစ်စုံတရာ အားနည်းချက် ၊ ချို့ယွင်းချက်တွေ ရှိခဲ့ရင်တောင် ကာကာတို့အပေါ်မှာ ထားတဲ့ စေတနာအရင်းခံ နဲ့ နွေးထွေးမှုကတော့ တစ်စက်ကလေးမှ မလျော့ခဲ့တာမို့ ​အကောင်းမြင်စိတ်နဲ့ ဖြည့်တွေးပြီး သည်းခံ နားလည်ပေးနိုင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။

Chapter တစ်ခုရဲ့ အဆုံးသတ်ဟာ နောက်ထပ် Chapter တစ်ခုရဲ့ စတင်ခြင်းပဲ ဖြစ်တာမို့

ဘော်ဒါတို့နဲ့ ကျွန်တော်တို့တွေ ပိုမိုကောင်းမွန်တဲ့ စာမျက်နှာသစ်​တစ်ခုမှာ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံခွင့်ရနိုင်ဖို့လည်း ယုံကြည်မျှော်လင့်နေပါ့မယ်။

ခွဲခွာဖို့ ရက်တွေကလည်း တဖြည်းဖြည်း နီးကပ်လာပြီမို့ ကျွန်တော်တို့ရဲ့ မခွဲခွာရသေးခင်အချိန်လေးတွေမှာ ကောင်းမွန်တဲ့ အမှတ်တရလေးတွေဖန်တီးရင်းပဲ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ချင်ပါတယ်ခင်ဗျာ။

( ဆိုင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ရှိခဲ့ဖူးရင်လည်း ဒီ Post ရဲ့ အောက်မှာ Comment လေးတွေ ပေးခဲ့ရင်း ဝေမျှခဲ့လို့ရပါတယ်နော် )

အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လွမ်းနေမှာပါ။

အားလုံး အစစအရာရာ ဂရုစိုက်ကြဖို့ နဲ့ ပိုကောင်းတဲ့ နေ့သစ်တွေ ပိုင်ဆိုင်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်။

အရာအားလုံးအတွက်လည်း ကျေးဇူးပါခင်ဗျာ ။

ရာသီဥတုက သောက်ပြီး နှပ်ချင်စရာလေး( ကော်ဖီပြောတာနော် ... ကော်ဖီ ) ◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် ( ဘီအာဘီမှတ်တိ...
15/05/2025

ရာသီဥတုက သောက်ပြီး နှပ်ချင်စရာလေး

( ကော်ဖီပြောတာနော် ... ကော်ဖီ )

◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် ( ဘီအာဘီမှတ်တိုင်အနီး ) ၊ ကမာရွတ်မြို့နယ်။

17/04/2025

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ အားလုံး အစစအရာရာ ဘေးကင်း အဆင်ပြေကြပါစေလို့ COFFEE LAND Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ....

မနက်​ဖြန် နှစ်ဆန်း နှစ်ရက်နေ့မှာ ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမယ်ခင်ဗျာ။

◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် ( ဘီအာဘီမှတ်တိုင်အနီး ) ၊ ကမာရွတ်မြို့နယ်။

ဖရန့်တို့ရေ.. သင်္ကြန်တွင်းမို့ နည်းနည်းပျော်မယ်နော့တို့နဲ့အတူပျော်ချင်ရင် ရေခွက်ကိုင်ပြီး ဆိုင်ရှေ့မှာ လာ join လို့ရပါတ...
16/04/2025

ဖရန့်တို့ရေ..

သင်္ကြန်တွင်းမို့ နည်းနည်းပျော်မယ်နော့

တို့နဲ့အတူပျော်ချင်ရင် ရေခွက်ကိုင်ပြီး ဆိုင်ရှေ့မှာ လာ join လို့ရပါတယ်

ဦးရာလူစနစ် ရှကီ စတုဒီသာ ရှိမယ်နော့

ညနေ (၃) နာရီလောက်မှာ ရေစပက်ကြမယ်

11/04/2025

** သင်္ကြန်ဆိုင်ပိတ်ရက် ကြေငြာခြင်း **

( 12-4-2025 ) မှ ( 17-2-2025 ) အထိ ဆိုင်ပိတ်ပါမယ်ခင်ဗျာ။

( 18-4-2025 ) နှစ်ဆန်း နှစ်ရက်နေ့မှာ ပုံမှန် ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမယ်ဗျ။

သင်္ကြန်တွင်းမှာ အားလုံး အစစ အရာရာ ဂရုစိုက်ကြပါခင်ဗျာ။

သင်္ကြန်ပြီးရင် ကျွန်တော်တို့တွေ ဘေးမသီ ရန်မခပဲ ပြန်တွေ့ကြပါမယ်။

Send a message to learn more

ကော်ဖီဆိုင် လာထိုင်ရင်း ကိုယ်တတ်နိုင်သလောက်လေး ပါဝင်အားဖြည့်လို့ရပါတယ်ခင်ဗျာ ။◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် (...
02/04/2025

ကော်ဖီဆိုင် လာထိုင်ရင်း ကိုယ်တတ်နိုင်သလောက်လေး
ပါဝင်အားဖြည့်လို့ရပါတယ်ခင်ဗျာ ။

◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် ( ဘီအာဘီမှတ်တိုင်အနီး ) ၊ ကမာရွတ်မြို့နယ်။

ဒီနှစ် April Fool Day မှာတော့ အပြောင်အပျက်လေးတွေ ရပ်နားပြီး အတည်အတံ့လေးတွေပဲ ပြောပါရစေ။အခြေအနေအရ မနေ့က တစ်ရက် ဆိုင်ပိတ်လ...
01/04/2025

ဒီနှစ် April Fool Day မှာတော့ အပြောင်အပျက်လေးတွေ ရပ်နားပြီး အတည်အတံ့လေးတွေပဲ ပြောပါရစေ။

အခြေအနေအရ မနေ့က တစ်ရက် ဆိုင်ပိတ်လိုက်ရပေမယ့် ဒီနေ့ ဆိုင်ပြန်ဖွင့်ပါတယ်။

မီးပျက်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး မီးစက်နှိုးပေးထားနိုင်ဖို့လည်းပြင်ဆင်ပေးထားပါတယ်။

မီးပျက်နေချိန်မှာ Wifi ကိုလည်း အချိန်ပြည့်မဟုတ်တောင် အချိန်အတိုင်းအတာတစ်ခုထိတော့ သုံးလို့ရနိုင်ပါတယ်။

( ဖုန်းအား တစ်ခါသွင်း ဘယ်လောက်ဆိုပြီးလည်း ဈေးနှုန်း မသတ်မှတ်ထားပါခင်ဗျာ )

အမှန်တကယ် အရေးကြီးတဲ့သူတွေ ၊ လိုအပ်နေတဲ့သူတွေ ဖုန်းအား အခမဲ့ လာသွင်းလို့ရပါတယ်။

ဖုန်းအားသွင်းကြိုးလေးတွေတော့ အတတ်နိုင်ဆုံး ကိုယ်တိုင်ယူလာပေးကြဖို့ နဲ့ ပစ္စည်းများ မေ့ကျန်ခဲ့ခြင်းမရှိအောင် ဂရုစိုက်ပေးကြဖို့တော့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။

** 30.3.2025 မှာ ဆိုင်ကိုလာသွားတဲ့ ညီမလေး တစ်ယောက် သော့တစ်ချောင်း ကျကျန်ခဲ့လို့လည်း သိမ်းပေးထားတာ လာပြန်ယူလို့ရပါတယ်နော်**

31/03/2025

မနေ့က လျှပ်စစ်မီး လုံလောက်စွာ မရရှိခဲ့မှုကြောင့် 🙃🙃
"ရေ" အခက်အခဲဖြစ်နေပါသဖြင့် 😌😌
ဒီနေ့ ဆိုင်ဖွင့်ချိန် ပုံမှန်ထက်နောက်ကျတာ ( သို့မဟုတ် )
အခြေအနေအရ ဆိုင်ခေတ္တပိတ်ထားရတာမျိုး ရှိနိုင်ပါတယ်ခင်ဗျာ။

ဆိုင်မလာခင် ဖုန်းလေးကြိုဆက်ပြီး လှမ်းမေးလို့လည်းရပါတယ်
ဆိုင်ရှေ့ရောက်ပြီးမှ လှည့်ပြန်သွားရတဲ့ ကာစတမ်မာတွေရှိရင်လည်း တောင်းပန်ပါတယ်ခင်ဗျာ 🙏🙏

( နောက်နေ့လာတဲ့အခါ ဈေးလျှော့ပေးမယ်နော် 😘😘 )

လှည်းတန်း ၊ ကမာရွတ် အနီးတဝိုက် နေထိုင်သူများ အနေနဲ့ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး အခက်အခဲကြောင့် အရေးပေါ် ဖုန်းအားသွင်း...
29/03/2025

လှည်းတန်း ၊ ကမာရွတ် အနီးတဝိုက် နေထိုင်သူများ အနေနဲ့ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး အခက်အခဲကြောင့် အရေးပေါ် ဖုန်းအားသွင်းဖို့ အမှန်တကယ်လိုအပ်ပါက COFFEE LAND မှာ အခမဲ့ ဖုန်းအားလာသွင်းလို့ရပါတယ်။

မီးပျက်ချိန်တွေမှာ ကျွန်တော်တို့ဘက်ကတော့ မီးစက်နှိုးပေးလို့ ရတဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ နှိုးပေးထားမှာပါ။

ဆိုင်မှာ မီးလာတဲ့ညဆိုရင် ပုံမှန် ဆိုင်ပိတ်ချိန်အတိုင်း ည (၁၀) နာရီမှ ပိတ်မှာဖြစ်ပြီး ၊ ဆိုင်မှာ မီးပျက်တဲ့ညဆိုရင်တော့ ည (၉) နာရီအထိ ဆိုင်ဖွင့်ပေးသွားပါမယ်ခင်ဗျာ။

◾️ အမှတ် ၁၂၄ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမပေါ် ( ဘီအာဘီမှတ်တိုင်အနီး ) ၊ ကမာရွတ်မြို့နယ်။

သတင်းတွေကို နားစွင့်ပါ ။အခြေအနေအရ လိုအပ်လျှင် ကြိုတင်ကာကွယ်ဖို့အတွက် ပြင်ဆင်ပါ ။အားလုံး ဘေးကင်းကြပါစေ ခင်ဗျာ ။
28/03/2025

သတင်းတွေကို နားစွင့်ပါ ။

အခြေအနေအရ လိုအပ်လျှင်

ကြိုတင်ကာကွယ်ဖို့အတွက် ပြင်ဆင်ပါ ။

အားလုံး ဘေးကင်းကြပါစေ ခင်ဗျာ ။

𝐀𝐫𝐞 𝐲𝐨𝐮 𝐭𝐡𝐢𝐫𝐬𝐭𝐲 ?S p o i l e r   A l e r t  :  ရုပ်ရှင်ထဲကလို ရေခဲတုံးထဲတွင် ဖန်ကွဲစ မပါဝင်သဖြင့် ယုံကြည်စိတ်ချစွာ သောက်...
26/03/2025

𝐀𝐫𝐞 𝐲𝐨𝐮 𝐭𝐡𝐢𝐫𝐬𝐭𝐲 ?

S p o i l e r A l e r t : ရုပ်ရှင်ထဲကလို ရေခဲတုံးထဲတွင်

ဖန်ကွဲစ မပါဝင်သဖြင့် ယုံကြည်စိတ်ချစွာ သောက်သုံးပါ ။

- COFFEE LAND

▪️Open Daily
🕢 10 AM to 10 PM

▪️No.124 , Hledan , Baho Road ( near BRB Bus Stop ) , Kamayut Township, Yangon.

▪️Google Map
https://maps.app.goo.gl/mVGAmL55QY8VUcyFA

▪️Instagram
www.instagram.com/coffeelandygn

☎️ 09 777 625 983

Address

124 Baho Road ( Between S9 Hair Design Studio & Myawaddy Bank ), Https://maps. App. Goo. Gl/eYVsa3zdJ96LApeC 6
Kamayut
11041

Alerts

Be the first to know and let us send you an email when Coffee Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Coffee Land:

Share

Category