Myo Chit Farming

Myo Chit Farming Farming , Petrol Pump, Restaurant, Coffee and Bar, Convenince Store .

05/07/2024

ငါသေရင် ဝမ်းနည်းကြောင်းမရေးနဲ့
မင်းတို့ လူ့အဖွဲ့အစည်းကို အယုံအကြည်မရှိဘူး။

-မြတ်ဝေ

25/05/2024
25/05/2024
25/05/2024
 #တခါတုန်းက ...ပန်းသည်မလေးတစ်ဦးဟာပန်းအများစုကို ရောင်းချပြီးနောက်မိုးချုပ်လာတာကို သတိပြုမိပါတယ်။ဒီတစ်နေ့တော့ ...စောစောပြ...
13/12/2023

#တခါတုန်းက ...
ပန်းသည်မလေးတစ်ဦးဟာ
ပန်းအများစုကို ရောင်းချပြီးနောက်
မိုးချုပ်လာတာကို သတိပြုမိပါတယ်။

ဒီတစ်နေ့တော့ ...
စောစောပြန်မယ်လို့ ဆုံးဖြတ်
လိုက်ပါတယ်။

ရောင်းလို့ကျန်နေတဲ့
နှင်းဆီပန်းတစ်ပွင့်ကို
လမ်းဘေးမှာရှိတဲ့
တောင်းစားနေတဲ့
သူတောင်းစားတစ်ယောက်ကို
ပေးလိုက်ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
ပြန်သွားပါတော့တယ်။

သူတောင်းစားလေးဟာ
ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက်
မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ
ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါဘူး။

အဲဒီနေ့
တောင်းစားဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။

သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး
အိမ်ပြန်သွားပါတယ်။

အိမ်လို့သာခေါ်တာပါ...

ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့
အဆောက်အဦးငယ်တစ်ခုမှာပါ။

မြို့ပြင်မှာတည်ရှိပါတယ်..

အိမ်ရောက်တာနဲ့
သူတောင်းစားလေးဟာ

ဖန်ပုလင်းတစ်ခုကို ရှာဖွေလိုက်တယ်။

ရေဖြည့်လိုက်တယ်။

ပြီးရင် နှင်းဆီပန်းကို ထိုးလိုက်ပါတယ်။

ပြီးရင်စားပွဲခုံမှာ တင်လိုက်ပါတယ်။

ကြည့်ရင်းကြည့်ရင်း သူတစုံတခုကို
ချက်ချင်းသတိရလိုက်သလိုပဲ
နှင်းဆီပန်းကို ပုလင်းထဲက ပြန်ထုတ်တယ်။

ပုလင်းကို သေသေချာချာ
ဆေးကျောတယ်၊ ရေပြန်ဖြည့်တယ်။
ပြီးရင် ပန်းပြန်ထိုးတယ်။

ပြီးရင် သေသေချာချာထိုင်ပြီး
ပန်းကိုပြန်ကြည့်တယ်။

ချက်ချင်းဆိုသလိုပါပဲ
သူတစ်ခုခုသိလိုက်တယ်။

ပန်းနဲ့ပုလင်းတော့
ကြည့်ကောင်းလာပေမဲ့
တင်ထားတဲ့ စားပွဲနဲ့မလိုက်ဘူး။

စားပွဲက ညစ်ပတ်လွန်းတယ်၊
သူစားပွဲကို သန့်ရှင်းအောင်
ရှင်းလင်းပြန်တယ်။

နောက်တစ်ဆင့် စားပွဲဘေးကို ရှင်းတယ်။
ရှင်းရင်းရှင်းရင်း အခန်းတစ်ခုလုံးကိုရှင်းတယ်၊
နံရံကို ဆေးကြောပြီး ရှင်းတဲ့ အထိဖြစ်သွားတယ်။

ပစ္စည်းအားလုံးကိုလည်း သူ့နေရာနဲ့သူ
အစီအစဉ်ကျအောင် ရှင်းလိုက်ပါတယ်။

အားလုံးရှင်းပြီးလို့ သူပြန်ထိုင်တယ်။
နှင်းဆီပွင့်ကို သေသေချာချာပြန်ကြည့်ပါတယ်။

နှင်းဆီပွင့်မှ ထွက်ရှိလာတဲ့
ပန်းရနံ့လေးကို သူရှုရှိုက်မိတယ်။

နှင်းဆီပွင့်ကို ယစ်မူးနေတဲ့အချိန်မှာပဲ
အခန်းထောင့်မှာ ခုနက ထားထားတဲ့
ကြည့်မှန်တစ်ချပ်ကို သူတွေ့လိုက်တယ်။

သူကြည့်မှန်ကို ကောက်ကိုင်ပြီး
ကြည့်လိုက်တယ်။

မှန်အထဲကလူ

ဆံပင်က ဖရိုဖရဲ

အ၀တ်အစားကလည်း
စုတ်ပျက်ပျက်၊

မျက်နှာကလည်း မဲတူးတူး

သူဒီလို ရုပ်မျိုးဖြစ်တယ်ဆိုတာ
သတိမထားမိတာ ကြာလှပါပြီ။

အဲဒီတော့ ဘာလုပ်မလဲ၊
အနီးအနားမှာရှိတဲ့ ချောင်းတစ်ခုကို
ပြေးပြီး ရေချိုးတယ်။

နည်းနည်းဟောင်းနွမ်းနေပေမဲ့
ကြည့်လို့ကောင်းတဲ့ အ၀တ်တစ်ထည်ကို
ရွေး၀တ်လိုက်ပါတယ်။

မုတ်ဆိတ်ရိတ်လိုက်တယ်။

ဆံပင်ကို သပ်ရပ်အောင်
သေသေချာချာ ပြင်ဆင်ဖီးလိုက်ပါတယ်
မှန်ထဲကိုပြန်ကြည့်လိုက်တယ်။

ရုပ်သန့်သန့်လူငယ်တစ်ယောက်
သူမြင်လိုက်တယ်။

စားပွဲမှာတင်ထားတဲ့ နှင်းဆီပွင့်နဲ့
တော်တော်လိုက်ဖက်လာပြီလို့
သူခံစားလိုက်ရတယ်။

အသိတစ်ခုထပ်၀င်သွားတယ်၊

ငါဒီလောက်တောင်
ခြေလက်အင်္ဂါကောင်းပြီး ရုပ်သန့်တာ
ဘာဖြစ်လို့ တောင်းစားနေရပါလိမ့်

တစ်သက်နဲ့တကိုယ်
ဒီလိုမေးခွန်းမျိုး
ကိုယ့်ကိုယ်ကို
တစ်ခါမှ မမေးခဲ့ပါဘူး။

သူတစ်ကိုယ်လုံး
ကြက်သီး ထသွားတယ်။

သူ့ရဲ့ လိပ်ပြာနိူးထလိုက်သလိုပါပဲ။

သူနှင်းဆီပွင့်ကို စူးစူးကြည့်လိုက်တယ်။

ဘ၀အတွက်
အရေးကြီးဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို
သူခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

သူတောင်းစားလေး
နောက်တစ်နေ့ မတောင်းစားတော့ပါဘူး။

သူအလုပ်သွားရှာပါတော့တယ်၊

ညစ်ပတ်တာကို
မကြောက်တာရယ်၊

မောပန်းတာကို မစိုးရိမ်တာရယ်ကြောင့်
သူ အဲဒီနေ့မှာပဲ အလုပ်ရသွားပါတယ်။

သူကြိုးကြိုးစားစားလုပ်ပါတယ်။

သူစိတ်ထဲမှာ
နှင်းဆီတွန်းအားရှိနေတာကိုး၊

ဒီလိုကြိုးစားရင်းကြိုးစားရင်းနဲ့
ကိုယ်ပိုင်အလုပ်
သူတည်ထောင်နိုင်သွားပါတယ်။

နောက်ပိုင်းအောင်မြင်တဲ့
လုပ်ငန်းရှင်ဖြစ်သွားပါတယ်။

နှစ်ပေါင်းတော်တော်ကြာသွားပါတယ်။

သူ နှင်းဆီပေးတဲ့ကောင်မလေးကို
ပြန်တွေ့အောင်ရှာပါတယ်။

သူပိုင်တဲ့ စည်းစိမ်တစ်၀က်
ပေးလိုက်တယ်လို့ဆိုပါတယ်။

နှင်းဆီတစ်ပွင့်ထဲ
အဲ့လောက်ဖြစ်နိုင်လားလို့
အမျိုးသမီး ကမေးပါတယ်။

ကောင်မလေးက
အမျိုးသမီးကြီးတောင်ဖြစ်နေပါပြီ။

#အဲဒါနှင်းဆီမဟုတ်ဘူး။

#အဲဒါမျှော်လင့်ချက်၊

#ဘ၀အတွက်အရေးပါဆုံးမျှော်လင့်ချက်၊

#လှပတဲ့အနာဂတ်တည်ဆောက်ဖို့
မျှော်လင့်ချက် လို့ သူကပြန်ဖြေပါတယ်။

ပန်းကမ်းသောလက်ဟာ
မွေးရနံ့တော့
လက်မှာ ကျန်ခဲ့တတ်ပါတယ်။
ဆိုတဲ့စကားပုံ အဲဒီပုံပြင်က
လာတယ်လို့ဆိုပါတယ်။

လူတိုင်းမှာ
အရည်အသွေးကိုယ်စီ ရှိပါတယ်။

လူတိုင်းဟာ ထူးချွန်ပါတယ်။
ကိုယ့်ကိုယ်ကို
ယုံကြည်မူအပြည့်ရှိဖို့သာလိုအပ်ပါတယ်။

ဘယ်သောအခါမှ ကိုယ့်ကိုယ်ကိုယ်
မစွန့်လွှတ်ဖို့၊
ဘ၀ကို အရှုံးမပေးဖို့
တိုက်တွန်းလိုပါတယ်။
crd

27/10/2023
03/08/2023
28/07/2023

ဟဲဟိုး က မျိုးချစ် စိုက်ပျိုးရေး နဲ့ နို့စားနွားခြံကို လာလည်သွားတဲ့ ညီမလေး တင်ထားတာလေးပါ
ခြံရဲ့ အကျယ်က 10 ဧကပါ မှားပြောထားလို့
Post တင်ပေးတဲ့ ညီမလေး ကျေးဇူးပါ
သူငယ်ချင်းတို့ လဲ လာလည်ကြပါဦးShare လဲ ပေးပါဦး ကျေးဇူးပါ
PS . Hot Pot စားချင်ရင် Order ကြိုတင်ရပါတယ် 09-444407235

ဟဲဟိုး မျိုးချစ်စားသောက်ဆိုင် မှာကော်ဖီသောက်ရင်း ဆယ်ဖီဆွဲ
05/05/2022

ဟဲဟိုး မျိုးချစ်စားသောက်ဆိုင် မှာ
ကော်ဖီသောက်ရင်း ဆယ်ဖီဆွဲ

ချစ်စရာ အပြုံးနဲ့ ပီတိ ဝေဖြာမိခင်မေတ္တာ
09/02/2022

ချစ်စရာ အပြုံးနဲ့ ပီတိ ဝေဖြာ
မိခင်မေတ္တာ

Address

Pyi Htaung Hsu Road, 095210825
Heho
063

Opening Hours

Monday 07:30 - 22:30
Tuesday 07:30 - 22:30
Wednesday 07:30 - 22:30
Thursday 07:30 - 22:30
Friday 07:30 - 22:30
Saturday 07:30 - 22:30
Sunday 07:30 - 22:30

Telephone

08163271

Website

Alerts

Be the first to know and let us send you an email when Myo Chit Farming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share