22/11/2025
ဒီရာသီဒီချိန်ဆိုရင်လှိုင်လှိုင်ပေါနေခဲ့ပြီ
ကလေးတွေရဲ့လက်ထဲ လူကြီးတွေရဲ့လက်ထဲ
ဇီးသီးထုပ်လေးတွေကိုင်ပြီးတွေ့နေရပြီ
ဆောင်းတွင်းဖက် နှင်းရည်စက်တွေတင်ပြီး
အပင်ကခူး "ခွမ်း" ဆိုတဲ့အသံကြားရအောင်ကိုက်စားခဲ့ရတာတွေ
အရည်ရွမ်းပြီးချိုမြနေတဲ့ဇီးသီးလေးတွေ
ကင်းပုံဆိုတဲ့ရွာလေးက ထွက်ခဲ့တဲ့ဇီးသီးလေးတွေ
တချို့ပညာရေးဝန်ထမ်း လစာထုတ်သင်တန်းပြီးပြန်ကြတဲ့
အမျိုးမျိုးသောလူတွေ အပြန်ကြရင်ကားတွေနဲ့တန့်ပြီး
အလုအယစ် ဝယ်ခဲ့တာလေးတွေ
ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို
ခုချိန်မှာဇီးသီးလေးတွေနဲ့အတူသတိရနေတာပါ
🍏🍎🍊😪💔💔