King-Sumo

King-Sumo We Make Fresh & Delicious Sushi ��

ဂျပန်မှာရှိတဲ့ မေမေက စာတွေ အများကြီးကြိုးစားနေတဲ့သမီးလေးအတွက် မှာယူပေးလိုက်တဲ့ Surprise Sushi box လေး🍣💖King-Sumo ကနေ အမြ...
21/08/2026

ဂျပန်မှာရှိတဲ့ မေမေက
စာတွေ အများကြီးကြိုးစားနေတဲ့
သမီးလေးအတွက်
မှာယူပေးလိုက်တဲ့
Surprise Sushi box လေး🍣💖

King-Sumo ကနေ
အမြဲမှာယူအားပေးတဲ့
မေမေနဲ့မီးမီးလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်
🙏🙏🙏

အဝေးရောက်နေပေမဲ့
ချစ်ရသူတွေဆီ
ခုလို ဆူရှီလေးတွေ
ပို့ပေးချင်တယ်ဆိုရင်
king sumo sushi
ရှိပါတယ်နော်🤩

Stardom Schoolမှာသားသားလေး Nickရဲ့9yrs birthday အတွက်တခုချင်း စိတ်ကြိုက်ရွေးထည့်ထားတဲ့ Sushiတ​ယောက်စာဘူး၂၅ဘူးအော်ဒါလေးပါ...
19/08/2026

Stardom Schoolမှာ
သားသားလေး Nickရဲ့
9yrs birthday အတွက်
တခုချင်း စိတ်ကြိုက်ရွေးထည့်ထားတဲ့ Sushiတ​ယောက်စာဘူး
၂၅ဘူးအော်ဒါလေးပါရှင်
🤩🤩🤩

Happy 9th years Birthday ပါသားလေးရေ😍
ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာပါစေ။
🤩🤩🤩

ဒီနေ့မှာထားတဲ့အော်ဒါလေးတွေခပ်စောစောရောက်ပါမယ်ရှင်။ မနက်၉နာရီထဲက deliထွက်သွားပါပြီ။ နောက်ဆုံးwayကနေ့လည်၁၂နောက်အကျဆုံး ရော...
18/08/2026

ဒီနေ့မှာထားတဲ့အော်ဒါလေးတွေ
ခပ်စောစောရောက်ပါမယ်ရှင်။
မနက်၉နာရီထဲက deliထွက်သွားပါပြီ။
နောက်ဆုံးwayက
နေ့လည်၁၂နောက်အကျဆုံး ရောက်မှာပါ။
ဖုန်းလေးတွေကိုင်ပေးကြပါနော်။

Lunch boxတွေပဲတင်ပြီး၊
Sushiပုံလေးတွေ
မတင်တာကြာလို့ deliမလာခင် အပြေးရိုက်ပြီး
FB ပေါ် အမြန်တင်ချတာ😁

စျေးနှုန်းလေးတွေကို ညနေလောက်မှ editပေးမယ်နော်။

Monday ကျောင်းစဖွင့်ရက်မှာကလေးတွေ ကျောင်းနေ့လည်စာချိန်အတွက်ဘူး၅၀ ဝန်းကျင် နေ့စဥ်ပို့ရတဲ့Lunch boxလေးတွေ💕💕💕Lunch boxထဲမှာ...
17/08/2026

Monday ကျောင်းစဖွင့်ရက်မှာ
ကလေးတွေ
ကျောင်းနေ့လည်စာချိန်အတွက်
ဘူး၅၀ ဝန်းကျင် နေ့စဥ်ပို့ရတဲ့
Lunch boxလေးတွေ
💕💕💕

Lunch boxထဲမှာပါတဲ့
ပင်လယ်စာ၊ ကြက်သား
စတာတွေကို လုံးဝ မခိုထားပဲ
ကြော်လှော်ထားတာကို
ကျမဆီ မှာဖူးသူတွေ သိကြပါတယ်😁
🔸🔹 ပုံထဲမှာပြထားတဲ့အတိုင်း
Lunch box တိုင်းမှာ
Tempura chicken slice/Potato chipsနဲ့ Sushiဆိုပြီး
Side dish၃မျိုး စုံနေအောင်ပါပါသေးတယ်ရှင့်။
🔸🔹 Seafood lunch box
တမျိုးမှာတော့ Chicken slice
မပါတော့ပဲ၊ side dish၂မျိုးနဲ့ပါ။
🔸🔹 အဲ့လို အသားနိုင်းချင်းနဲ့အမယ်စုံနေအောင်ပါတဲ့
lunch boxတဘူးကို
၁၃၀၀၀ထဲဲမို့ ပျော်ပျော်ကြီးနဲ့
ခဏတိုင်း မှာစားလို့ရ🤭😁
🛵🛵 အပတ်တိုင်းလိုလို
ပို့ပေးရတဲ့သူတွေအတွက်
Deli feesတွေ တောင်းရတာတော့
တကယ် အားနာရပါတယ်
🥺🥺🥺

🔸🔹 ဒီထမင်းLunch box
လေးတွေက မှာတဲ့အော်ဒါ
အရေတွက်ချိန်ပြီးမှသာ
ပြင်ဆင်တာမို့ အနဲဆုံးတည
ကြိုမှာထားပေးပါနော်။
🔸🔹 မနက်မှ ကတိုက်ကရိုက်ဆို
စာဖြေချိန် ၊ ဖုန်းဖြေချိန် ဘယ်လိုမှ မရဘူးမို့ တညလောက် ကြိုမှာပေးစေချင်တာပါ🥺

🔹🔸 ပင်လယ်စာနဲ့အသားတွေကို
လတ်ဆတ်သန့်ရှင်းစေဖို့ အများကြီး ​ကြိုမဝယ်ပဲ
၂ရက်စာလောက်သာ ကြိုလှောင်ထားတာမို့ မလတ်ဆတ်မှာ စိတ်မပူပါနဲ့နော်🤩
🔸🔹 အိမ်မှာ ယင်တကောင်
တလေမရှိရအောင်လည်း
ဆူရှီစရောင်းထဲက အရမ်းဂရုစိုက်ခဲ့တာကြောင့်
ခုလို ဝမ်းရောဂါတွေ ဖြစ်နေတဲ့ကာလမှလည်း စိတ်သက်တောင့်သက်သာမှာစားနိုင်ပါတယ်ရှင့်။

ခုလို အများကြီး အားပေးကြလို့
ကျေးဇူးတင်ပါတယ်နော်
🙏🙏🙏

New school(လှိုင်မြို့နယ်)မှGrade6 သားသားလေးမွေးနေ့အတွက်တယောက်စာ Sushi boxအရသာ၆မျိုးနဲ့အတူအရေအတွက်၆ခုပါတဲ့ 26ဘူးအော်ဒါလေ...
15/08/2026

New school(လှိုင်မြို့နယ်)မှ
Grade6 သားသားလေးမွေးနေ့
အတွက်
တယောက်စာ Sushi box
အရသာ၆မျိုးနဲ့အတူ
အရေအတွက်၆ခုပါတဲ့
26ဘူးအော်ဒါလေးပါ🤩

Augustလ မွေးနေ့ရှင်သားသားလေး ပျော်ရွှင်ကျန်းမာပါစေနော်🤩🤩🤩

ကျမသား ကျောင်းထမင်းဘူးလေးပေါ့ကွယ်🤩များသောအားဖြင့် အချိန်မရလို့သားအတွက် တကူးတကမလုပ်ပေးဖြစ်ဘူးရယ်😔သား သူငယ်ချင်းမေမေတယောက်...
15/08/2026

ကျမသား ကျောင်းထမင်းဘူးလေးပေါ့ကွယ်🤩
များသောအားဖြင့် အချိန်မရလို့သားအတွက် တကူးတက
မလုပ်ပေးဖြစ်ဘူးရယ်😔

သား သူငယ်ချင်းမေမေတယောက် နေမကောင်းဖြစ်နေလို့
သား သူငယ်ချင်းမောင်နှမ၂ယောက်အတွက်ပါ တခါထဲ ပိုလုပ်ပေးလိုက်သေးတယ်။
ကလေးလေးတို့
စားကောင်းကြပါစေ
💞💞💞

ညက တခြားကလေးတွေကို
လုပ်ပေးသလိုမျိုး သားလည်း ယူသွားချင်တယ်ပြောလာလို့
အချိန်ပေးပြီး ပြင်ပေးလိုက်တာလေးပေါ့🤩
သားက japan style tempura chicken slice ထပ်
အရိုးပါ ပါတဲ့
ပေါင်သေးသေးလေးတွေ ကြော်တာပိုကြိုက်လို့ ညက city martက ပေါင်သေးသေးလေးတွေ အများကြီးဝယ်လာပြီး အသားတွေနှပ်၊ မနက်မှ ပူပူလောလောကြော်ထည့်ပေးလိုက်တယ်။
သားက အဲ့လိုကြော်ရင် အရမ်းကြိုက်တာ🤩
ဒီစာရေးနေရင်း
စာဆုံးအောင်ဖတ်ပေးတဲ့
ကိုယ့်customerတွေကိုလည်း ကျွေးချင်သွားလို့
နက်ဖန် Sundayမှာ
အော်ဒါထားတဲ့အထဲက
ကိုယ်တိုင် pick up
လာယူမယ့်သူတွေကို
ပုံထဲကလို ကြက်ပေါင်သေးလေးတွေ ၂တုံးစီထည့်ပေးမယ်နော်။
(မနက်၁၀နါရီနောက်ပိုင်း Home pick upမယ့်သူ ၁၀ဦးစာလောက် ရမယ်ထင်တယ်။
အသားနှပ်ထားသလောက်သာ ပေးနိုင်မှာမို့ပါနော်)
မနက်အစောပိုင်း မကြော်နိုင်ဘူးမို့ Deliveryနဲ့ပို့မယ့်သူတွေကို မထည့်ပေးနိုင်တာ နားလည်ပေးပါနော်🙏

IIP-မဒဂုံမှသမီးလေး Nora Lynnမွေးနေ့အတွက် Sushiတယောက်စာဘူး44ဘူး အော်ဒါလေးပါ😍😍😍Happy 8th years birthdayပါသမီးလေးရေ💞💞💞မွေးန...
09/08/2026

IIP-မဒဂုံမှ
သမီးလေး
Nora Lynn
မွေးနေ့အတွက်
Sushiတယောက်စာဘူး
44ဘူး အော်ဒါလေးပါ
😍😍😍

Happy 8th years birthdayပါသမီးလေးရေ
💞💞💞

မွေးနေ့မှသည် ရှေ့ဆက်ပြီး
အမြဲတမ်းပျော်ရွှင်အေးချမ်းပါစေ
🤩🤩🤩

ကလေးရော လူကြီးပါကြိုက်ကြလို့ပီတိဖြစ်ရပါတယ်🤩Reviewလေးတွေ Cbမှာ တကူးတကလာပြောပေးလို့ ကျေးဇူးပါရှင်😍😍😍
05/08/2026

ကလေးရော လူကြီးပါ
ကြိုက်ကြလို့
ပီတိဖြစ်ရပါတယ်🤩
Reviewလေးတွေ Cbမှာ တကူးတကလာပြောပေးလို့ ကျေးဇူးပါရှင်
😍😍😍

03/08/2026

၄ရက်/ အင်္ဂါနေ့ ပို့မယ် အော်ဒါတွေအားလုံး ဘောင်ချာပို့ပြီးပါပြီရှင့်။ကျန်ခဲ့သူများရှိရင် စာပို့ထားပါနော်။
အိပ်ပါပြီရှင်😴
Good nightပါ
12:10am🤭

31/07/2026

ကလေးတွေ ကျောင်းနေ့လည်စာချိန်အတွက် lunch boxတွေကို
ညဘက်နောက်အကျဆုံးထားပြီး
မှာပေးလို့မရဘူးလားဟင်။
မနက်ကျမှ မှာကြတော့လေ
တော်တော်ကသီလို့ပါရှင်😩
ကျောင်းချိန်၊ ရုံးချိန်တွေ ဆိုတော့
နောက်ကျလို့လည်း မရဘူးမို့
Deliလက်ထဲ အမြန်ပေးနိုင်အောင်အာရုံစိုက်နေရတာကြောင့်
စာဖြေ ဖုန်းဖြေချိန်က ဘယ်လိုမှ
မရလို့ပါနော်။
ကလေးဆီ နောက်ကျမှရောက်သွားတာမျိုးဆို ကျမတို့ဘက်ကexcuseလုပ်လို့မကောင်းတော့ဘူးရှင့်။
ရဦးမလားမေးလာတဲ့အခါ
ကိုယ်မနိုင်တော့လို့
ငြင်းလိုက်လို့ရပေမယ့်
အလျင်လိုနေတဲ့မိဘတွေအတွက်လုပ်ပေးချင်ပြန်ရော🤭
ဆိုတော့ တညလောက်လေး ကြိုမှာပေးပါနော်။
အားပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်။

Address

North Dagon
Dagon
11421

Telephone

+959420076498

Website

Alerts

Be the first to know and let us send you an email when King-Sumo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to King-Sumo:

Shortcuts

Share