The Garden Cafe

The Garden Cafe We have good and wide spacing with shade of Tama tree. Could relax with good taste of coffee & can feel the nature.

When seasons of balloons time, you could feel the good view of flying balloons from our cafe at early morning.

28/07/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

17/04/2024
🥰🥰Happy Karen New Year 🎉11.1.2024
11/01/2024

🥰🥰
Happy Karen New Year 🎉
11.1.2024

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
03/05/2023

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
🌹🙏🌹🙏🌹🙏

အောင်မြင်သောနှစ်သစ်ဖြစ်ပါ🥰2023 မှာ ပြန်ဆုံနိုင်ဖို့ကြိူးစားနေပါတယ်
31/12/2022

အောင်မြင်သောနှစ်သစ်ဖြစ်ပါ🥰
2023 မှာ ပြန်ဆုံနိုင်ဖို့ကြိူးစားနေပါတယ်

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် မှစ၍ပျော်ရွှင်ဖွယ်ရာတေ အမြန်ရဆောင်နိုင်ကြပါစေ 🙏🙏🙏
07/11/2022

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် မှစ၍
ပျော်ရွှင်ဖွယ်ရာတေ အမြန်ရဆောင်နိုင်ကြပါစေ
🙏🙏🙏

🙏🙏🙏
09/10/2022

🙏🙏🙏

Hello September 💜💜💜
01/09/2022

Hello September 💜💜💜

ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။🙏🙏🙏၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြ...
12/07/2022

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။
🙏🙏🙏

၀ါဆို လပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာ တရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
၀ါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ်စ၀ဂ်ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်

#ဓမ္မစကြာ_တရားတော်သည်

၀ိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက္ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး

သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်

ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအျဖစ္ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ
၀ိသေသ အကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
၀ါဆိုပန်းများ ကပ်လှူခြင်း၊
၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်

မေတ္တာဖြင့် အရှင်အာစာရ

Address

The Garden Cafe, Anawrahta Road, Nyaung-U
Bagan

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959445313379

Website

Alerts

Be the first to know and let us send you an email when The Garden Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to The Garden Cafe:

Share

Category