Shwe Restaurant

Shwe Restaurant 🇲🇲 Authentic Burmese food in India 🇮🇳

20/09/2026

11ခွဲလောက်ကျ ဆိုင်မှာ ၀က်သားဒုတ်ထိုးနဲ့ ကြာဇံကြော်လေး ready ဖြစ်မှာမို့ လာအားပေးကြပါဦးဗျ
အရသာနဲ့သန့်ရှင်းမှာကတော့ 100% အာမခံပါတယ်ဗျ
ကလီစာအစုံကို ကြာဇံကြော်ပူပူလေးနဲ့စားဖို့စောစောလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်ဗျ
#မြန်မာစားသောက်ဆိုင်နယူးဒေလီ
#၀က်သားဒုတ်ထိုးနှင့်ကြာဇံကြော်



🇲🇲 မြန်မာကုန်ပစ္စည်းလေးတွေ မှာယူလို့ရပါပြီနော်! 🤎မြန်မာပြည်က အစားအသောက်နဲ့ ကုန်ပစ္စည်းလေးတွေကို လွမ်းနေသူတွေအတွက် Shwe R...
15/09/2026

🇲🇲 မြန်မာကုန်ပစ္စည်းလေးတွေ မှာယူလို့ရပါပြီနော်! 🤎

မြန်မာပြည်က အစားအသောက်နဲ့ ကုန်ပစ္စည်းလေးတွေကို လွမ်းနေသူတွေအတွက် Shwe Restaurant မှာ မြန်မာကုန်ပစ္စည်းမျိုးစုံကို မှာယူနိုင်ပါပြီ။ 🇲🇲✨

📦 နေ့စဉ်နေ့တိုင်း ပါဆယ်များ ပို့ဆောင်ပေးနေပြီး
India နိုင်ငံအနှံ့ကို ပို့ပေးပါတယ်။ 🇮🇳🚚

✅ လိုချင်တဲ့ မြန်မာကုန်ပစ္စည်းလေးတွေရှိရင် page messenger ကနေသာမက ဖုန်းဆက်ပြီးလည်း အလွယ်တကူ မှာယူနိုင်ပါတယ်။

📞 မှာယူရန် / စုံစမ်းရန်
+91 92207 34565
+91 88265 65283
+91 70852 79709

မြန်မာအရသာနဲ့ မြန်မာပစ္စည်းလေးတွေကို
Shwe Restaurant ကနေ မှာယူလိုက်ပါ။ 🤎🇲🇲

🇲🇲 Myanmar Products Are Now Available at Shwe Restaurant! 🛍️🤎

Missing the taste of Myanmar while living in India? 🇲🇲
You can now order a variety of authentic Myanmar food products and groceries from Shwe Restaurant.

📦 We send parcels every day — not only around New Delhi and nearby areas, but all across India! 🇮🇳🚚

Whether you’re in Delhi or anywhere else in India, your favourite Myanmar products can be delivered to your doorstep. ❤️

📞 For Orders & Enquiries:
+91 92207 34565
+91 88265 65283
+91 70852 79709

📍 C-11, Chanakya Place Part-1, New Delhi – 110059

#မြန်မာစားသောက်ဆိုင်နယူးဒေလီ

🔥 ရောင်းသလောက် ကုန်နေတဲ့ Shwe Restaurant ရဲ့ ပေါက်စီလေးတွေ! 🤎🇲🇲မြန်မာ့အရသာကို လွမ်းနေသူတွေအတွက်ပူပူနွေးနွေး ပေါက်စီလေးတွ...
10/09/2026

🔥 ရောင်းသလောက် ကုန်နေတဲ့ Shwe Restaurant ရဲ့ ပေါက်စီလေးတွေ! 🤎🇲🇲

မြန်မာ့အရသာကို လွမ်းနေသူတွေအတွက်
ပူပူနွေးနွေး ပေါက်စီလေးတွေ နေ့တိုင်းနီးပါး ရနေပါပြီနော်! 😋❤️

ကြက်သားပေါက်စီ 🍗 - ₹50
ဝက်သားပေါက်စီ 🐷 - ₹ 50
Cheese ပေါက်စီ 🧀 - ₹50
အုန်းသကြားပေါက်စီ 🥥 -₹ 40

အထူးသဖြင့် အုန်းသကြားပေါက်စီက သတ်သတ်လွတ်စားသုံးသူတွေအတွက် အထူးသင့်လျော်ပါတယ်။ 🤎

နူးညံ့တဲ့ ပေါက်စီသားလေးနဲ့ အရသာရှိတဲ့ အဆာလေးတွေကြောင့် တစ်လုံးစားပြီးရင် နောက်တစ်လုံး ထပ်စားချင်စရာလေးပါနော်! 😍

✅ ရောင်းသလောက် ကုန်တာမို့ မစားရမဖြစ်အောင် ကြိုတင်မှာယူထားဖို့ အကြံပြုပါတယ်။ 🥰

📩 Page Messenger မှာ မှာယူနိုင်သလို
📞 Phone နဲ့လည်း တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။


#မြန်မာစားသောက်ဆိုင်နယူးဒေလီ

09/09/2026

🇲🇲 ပူပူနွေးနွေး ပေါက်စီလေးတွေ ရပါပြီနော်! 🤎

မြန်မာပြည်က ပေါက်စီအရသာလေးကို လွမ်းနေသူတွေအတွက် Shwe Restaurant မှာ မြန်မာအရသာ ပေါက်စီလေးတွေ ရပါပြီ။ 😋

ကြက်သားပေါက်စီ✅
ဝက်သားပေါက်စီ✅
Cheese ပေါက်စီ✅

✨ အပြင်သားနူးနူးလေး
✨ အတွင်းမှာ အသားအရသာပြည့်ပြည့်
✨ ပူပူနွေးနွေးလေး စားလိုက်ရင် အရမ်းကောင်း! ❤️

လက်ဖက်ရည်နဲ့ အဆာပြေအတွက်လည်း ပေါက်စီလေးနဲ့ဆို အဆင်ပြေပြီနော်! 😍

🇲🇲 မြန်မာအရသာကို လွမ်းရင် Shwe Restaurant ကို သတိရလိုက်ပါ။

📍 New Delhi, India
📩 မှာယူလိုပါက Page Messenger မှာ ဖြစ်စေ 📞 ဖုန်းနဲ့ ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်။

#မြန်မာစားသောက်ဆိုင်နယူးဒေလီ

Sunday Special Menuလေးဖြစ်တဲ့၀က်သားဒုတ်ထိုးနဲ့ ကြာဇံကြော်လေး မနက်ဖြန် ဆိုင်မှာပုံမှန်အတိုင်းလာရောက်‌သုံးဆောင်လို့ရပါပြီဗ...
29/08/2026

Sunday Special Menuလေးဖြစ်တဲ့
၀က်သားဒုတ်ထိုးနဲ့ ကြာဇံကြော်လေး မနက်ဖြန် ဆိုင်မှာ
ပုံမှန်အတိုင်းလာရောက်‌သုံးဆောင်လို့ရပါပြီဗျ

နှလုံး ၊ကျောက်ကပ်၊ အသည်း၊အူမကြီး ၊အူနု၊အူပိတ်၊လျှာ၊နားရွက် ၊အသား ၊သုံးထပ်သား ကလီစာအစုံအလင်ကိုအားရပါးရစားချင်ရင်တော့ ဆိုင်ကိုစောစောလေးလာတာဖြစ်စေ အော်ဒါကြိုတင်တာဖြစ်စေ လုပ်လို့ရပါတယ်ဗျ (အရမ်းနောက်ကျရင် ကလီစာအစုံမရှိ‌‌တော့လို့ပါဗျ)

အရသာနဲ့ သန့်ရှင်းမှုကို 100% အာမခံပါတယ်ဗျ
စားဖူးသူတိုင်း ထပ်ခါထပ်ခါမှာစားရတဲ့ ဆိုင်ရဲ့ special menuလေးဖြစ်တာမို့ မနက်ဖြန်လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ




🇲🇲🤎 မြန်မာပြည်ကို လွမ်းနေပြီလား…?တစ်ခါတလေ မြန်မာပြည်ကို လွမ်းတာကအိမ်ကိုလွမ်းတာတင် မဟုတ်ဘူးနော်…အိမ်မှာစားခဲ့ဖူးတဲ့ စားစရ...
27/08/2026

🇲🇲🤎 မြန်မာပြည်ကို လွမ်းနေပြီလား…?

တစ်ခါတလေ မြန်မာပြည်ကို လွမ်းတာက
အိမ်ကိုလွမ်းတာတင် မဟုတ်ဘူးနော်…

အိမ်မှာစားခဲ့ဖူးတဲ့ စားစရာလေးတွေ၊
အရသာလေးတွေကိုပါ လွမ်းမိတာမျိုးပေါ့… 🥹

အဲ့ဒီလို အရသာလေးတွေကို သတိရနေပြီဆိုရင်
Shwe Restaurant ရဲ့ Snack အသစ်လေးတွေ ကို မြည်းကြည့်လိုက်ပါဦး 🤎

🐟 ကြွပ်ကြွပ်ရွရွ ငါးအရေခွံကြော်
🫘 မွှေးမွှေးလေးနဲ့ ပဲခွေကြော်
🍣 လတ်ဆတ်ပြီး အရသာစုံတဲ့ ဆူရှိီ
🐷 ကြွပ်ကြွပ်လေးနဲ့ ဝက်ခေါက်ကြော်

တစ်ထုပ်လေးဖွင့်ပြီး မြည်းလိုက်ရုံနဲ့
“အင်း… ဒီအရသာလေးကို လွမ်းနေတာ” လို့ ခံစားရမယ်ထင်တယ်နော် 😋🤎

ဆိုင်မှာလည်း ကိုယ်တိုင် လာယူလို့ရသလို
🏠 အိမ်တိုင်ရာရောက် Delivery နဲ့လည်း မှာယူလို့ရပါတယ်။

💬 Page Messenger ကနေဖြစ်စေ
📞 ဖုန်းဆက်ပြီးဖြစ်စေ မှာယူနိုင်ပါတယ်နော်။

🇲🇲🤎 Missing Myanmar Flovor …?

Sometimes, missing Myanmar isn’t just about missing home…

It’s also about missing the little snacks we used to enjoy at home—the familiar tastes and flavors that bring back so many memories. 🥹

If you’re craving those familiar Myanmar flavors, why not try the new snacks from Shwe Restaurant? 🤎

🐟 Crispy Fried Fish Skin
🫘 Fried Pea Snacks
🍣 Fresh & flavorful Sushi
🐷 Crispy & delicious Pork Cracklings

Just open a packet and take a bite…
You might find yourself thinking,
“Ahh… this is the taste I’ve been missing.” 😋🤎

You can visit our restaurant and pick them up yourself, or enjoy the convenience of home delivery. 🏠

💬 Place your order through our Page Messenger
📞 or simply give us a call.


#မြန်မာစားသောက်ဆိုင်နယူးဒေလီ

📢 Shwe Restaurant မှ အသိပေးလွှာမင်္ဂလာပါခင်ဗျာ 🙏🇲🇲 မြန်မာပစ္စည်းများကို India နိုင်ငံအတွင်း ပါဆယ်ပို့ဆောင်ပေးနေမှုနှင့် ...
24/08/2026

📢 Shwe Restaurant မှ အသိပေးလွှာ

မင်္ဂလာပါခင်ဗျာ 🙏

🇲🇲 မြန်မာပစ္စည်းများကို India နိုင်ငံအတွင်း ပါဆယ်ပို့ဆောင်ပေးနေမှုနှင့် ပတ်သက်၍ Customer များအား အသိပေးလိုပါတယ်။

📦 ပါဆယ်ပို့ဆောင်ချိန်
ပုံမှန်အားဖြင့် ပါဆယ်ပစ္စည်းများကို ပို့ဆောင်ရာတွင် ၁ ပတ်ဝန်းကျင် ကြာမြင့်တတ်ပါတယ်။ သို့သော် အစိုးရရုံးပိတ်ရက်များ၊ ပွဲတော်ကာလများ နှင့် ပို့ဆောင်ရေးအခြေအနေများကြောင့် မူလခန့်မှန်းထားသည့်ရက်ထက် ပိုမိုကြာမြင့်နိုင်ပါတယ်။

🪵 ပစ္စည်း Stock အခြေအနေ
မြန်မာပစ္စည်းများမှာ တစ်ခါတစ်ရံ Stock ရှိနေခြင်း / Stock ပြတ်တောက်ခြင်း ဖြစ်တတ်ပါတယ်။
Stock ရှိနေသော်လည်း Expiry Date နီးကပ်ခြင်း သို့မဟုတ် Expired ဖြစ်သွားသော ပစ္စည်းများကို Customer ထံသို့ မပို့ဘဲ အသစ်ဝင်လာမည့်ပစ္စည်းကို ပြန်လည်စောင့်ဆိုင်းပြီးမှ ပို့ဆောင်ပေးရသည့် အခြေအနေများလည်း ရှိပါတယ်။

🚚 ထို့အပြင် ပို့ဆောင်ရသည့် လမ်းကြောင်းအကွာအဝေးနှင့် Logistics အခြေအနေများကြောင့် အဝေးပြည်နယ်များမှ Customer များအနေဖြင့် ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းရနိုင်ပါတယ်။

Customer များအနေဖြင့် အချိန်အနည်းငယ် ပိုမိုစောင့်ဆိုင်းပေးရသည့်အတွက် စိတ်မညစ်စေလိုပါ။ 🙏

Shwe Restaurant အနေဖြင့်လည်း ဒီလုပ်ငန်းကို ယခုမှ အခြေတည်ပြီး အင်အားအပြည့်ဖြင့် စတင်လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် အခက်အခဲအချို့နှင့် လိုအပ်ချက်အချို့ ရှိနေသေးပါတယ်။

Customer တစ်ဦးချင်းစီကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အစွမ်းကုန် ကြိုးစားပေးနေပါတယ်။ ❤️

အခုလို အခြေအနေများကို နားလည်ပေးပြီး စောင့်ဆိုင်းပေးခြင်း၊ အားပေးခြင်းနှင့် နားလည်ခွင့်လွှတ်ပေးခြင်းများအတွက် Shwe Restaurant မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🙏

📢 Customer Service Announcement

Mingalabar! 🙏

🇲🇲 We would like to kindly inform our customers about our Myanmar goods parcel delivery service within India.

📦 Parcel Delivery Time
Normally, delivery takes around one week. However, delivery may take longer than expected due to government holidays, festival periods, and transportation or logistics conditions.

🪵 Product Stock Availability
The availability of Myanmar products may sometimes vary, and certain items may be out of stock.

Even when a product is currently in stock, if its expiry date is approaching or the product has expired, we will not send it to the customer. Instead, we may need to wait for a fresh batch of products to arrive before dispatching the parcel.

🚚 Delivery to Distant States
Customers living in states that are farther away may need to wait a few additional days due to longer delivery routes and logistics conditions.

We sincerely apologize for any inconvenience caused by the additional waiting time. 🙏

Shwe Restaurant is still in the early stages of establishing and expanding this service, and we are working hard to improve our operations. Therefore, there may still be some challenges and limitations from time to time.

❤️ We are doing our very best to provide better and more reliable service to every customer.

We would like to express our heartfelt gratitude to all our customers for your patience, understanding, continued support, and kind consideration. 🙏

Thank you for choosing Shwe Restaurant. ❤️



#မြန်မာစားသောက်ဆိုင်နယူးဒေလီ

22/08/2026

🎉 Shwe Restaurant Sunday Update 🎉

✨မနက်ဖြန် ကျွန်တော်တို့ဆိုင်ရဲ့ Sunday Special Menuဖြစ်တဲ့ #၀က်သားဒုတ်ထိုးလေး မရပါဘူးခင်ဗျ
ဒီတစ်ပတ် Sunday ပဲမရတာပါဗျ နောက်အပတ်တွေ
ပုံမှန်အတိုင်းလာရောက်အားပေးလို့ရပါတယ်ဗျ

ဆိုင်မှာရှိတဲ့ တခြား menu လေးတွေကတော့ပုံမှန်အတိုင်းပဲရတာဖြစ်တဲ့အတွက် လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ

#မြန်မာစားသောက်ဆိုင်နယူးဒေလီ

#၀က်သားဒတ်ထိုးနှင့်ကြာဇံကြော်

Address

C-11, Chanakya Place Part-1, Uttam Nagar
Delhi
110059

Opening Hours

Tuesday 9am - 7:30pm
Wednesday 9am - 8pm
Thursday 9am - 7:30pm
Friday 9am - 7:30pm
Saturday 9am - 7:30pm
Sunday 9am - 7:30pm

Website

Alerts

Be the first to know and let us send you an email when Shwe Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category