Take And Yate - Playlist

  • Home
  • Take And Yate - Playlist

Take And Yate - Playlist We serve affordable, delicious, and healthy ready-to-eat snacks made fresh daily. Your perfect bite, anytime!

TAKE AND YATE ရဲ့ Street Food လေးတွေကို အမြဲအားပေးကြတဲ့ ချစ်မိတ်ဆွေတို့ရေ... 💓အခုရှိနေတဲ့ Menu တွေထဲမှာ ဘယ်ဟာလေးကို အနှစ...
13/02/2026

TAKE AND YATE ရဲ့ Street Food လေးတွေကို အမြဲအားပေးကြတဲ့ ချစ်မိတ်ဆွေတို့ရေ... 💓

အခုရှိနေတဲ့ Menu တွေထဲမှာ ဘယ်ဟာလေးကို အနှစ်သက်ဆုံးလဲဆိုတာလေး ဝေမျှပေးခဲ့ကြပါဦး။

​အားပေးသူတွေ ပိုမိုစုံစုံလင်လင် မြည်းစမ်းနိုင်ဖို့အတွက် Menu အသစ်တွေ အပြင် ဆိုင်သစ်လေးတွေပါ မကြာခင်မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

အသစ်အသစ်တွေကို လက်လွတ်မခံရအောင် Page လေးကို အခုပဲ Follow လုပ်ထားလိုက်ရအောင်နော်။ 📌

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်...
04/01/2025

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်...

နှစ်သစ်မှာ မိတ်ဆက်မယ့် TAKE AND YATE ရဲ့ New Year Menu အသစ်က ဘာလေးဖြစ်မလဲ?သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Fast Foo...
02/01/2025

နှစ်သစ်မှာ မိတ်ဆက်မယ့် TAKE AND YATE ရဲ့ New Year Menu အသစ်က ဘာလေးဖြစ်မလဲ?

သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Fast Food တွေကို အဓိကဖန်တီးပေးနေတဲ့ TAKE AND YATE (၃) နှစ်ပြည့်မှာ Tea Cake ဆိုတဲ့ Menu အသစ်ကို ကြေညာပေးသွားမယ်လို့ အရင်ကစီစဥ်ထားပေမယ့် ပျက်တစ်ခေါက်၊ မလာတစ်ခေါက် ဖြစ်နေတဲ့ မီးအခြေအနေကြောင့် အခြား Menu လေးတစ်ခုကို ပြောင်းလဲစီစဥ်ပေးထားပါတယ််။

ဒီတစ်ခေါက် ပိုပြီးထူးခြားတာကတော့ TAKE AND YATE ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူကိုယ်တိုင် Menu အသစ်ကို ထူးထူးခြားခြား မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်တော့မှ စိတ်မပျက်ရတဲ့ TAKE AND YATE ရဲ့ Menu ထဲကို အသစ်ဝင်လာမှာက ဘာလေးဖြစ်မလဲဆိုတာကိုတော့ မကြာခင် ဆက်လက်စောင့်မျှော်ပေးနော်။

Stay Tuned for New Menu!


#အရိပ်တို့ရဲ့ဆိုင်ငယ်လေး

🎄 Merry Christmas & Happy New Year! 🎁Wishing you joy, warmth, and sweet moments this holiday season! Thank you for your ...
25/12/2024

🎄 Merry Christmas & Happy New Year! 🎁
Wishing you joy, warmth, and sweet moments this holiday season! Thank you for your love and support. May your days be filled with happiness and delicious treats!

From all of us at TAKE AND YATE – we can't wait to serve you more goodness in the coming year!

2021 မှ အစချီအရိပ်တို့ရဲ့ ဆိုင်ငယ်လေးသည်"အားလုံးအတွက် အကောင်းဆုံးဆိုတဲ့ အရသာတွေကို နှလုံးသားဖြင့် ဖန်တီးပေးနိုင်ဖို့" ဆိ...
23/12/2024

2021 မှ အစချီ
အရိပ်တို့ရဲ့ ဆိုင်ငယ်လေးသည်

"အားလုံးအတွက် အကောင်းဆုံးဆိုတဲ့ အရသာတွေကို နှလုံးသားဖြင့် ဖန်တီးပေးနိုင်ဖို့" ဆိုတဲ့ ရည်ရွယ််ချက်လေးနဲ့ TAKE AND YATE ရယ်လို့ စတင်ဖြစ်တည်လာတာပါ။

2021 မှ စတင်ကာ Snack Food တွေ ရွေးချယ်တဲ့အခါ ကျန်းမာစေဖို့၊ သန့်ရှင်းစေဖို့၊ အရသာပြည့်စုံစေဖို့အပြင် ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ပြီး စုံလင်နေစေဖို့အတွက်လည်း အမြဲဂရုစိုက်ကာ ဖန်တီးပေးထားပါတယ်။

ကလေးကနေ လူကြီးအထိ ရွေးချယ်စရာ Menu တွေ စုံလင်တဲ့အပြင် တစ်ယောက်ချင်းဆီရဲ့ အကြိုက်နဲ့ ထပ်တူကျနေစေဖို့ကိုလည်း TAKE AND YATE က ရည်ရွယ်ထားသလိုပဲ ထိထိမိမိ ခံစားမိသွားစေမယ့် ဆန်းသစ်တဲ့ Menu အသစ်တွေအတွက်လည်း ကြိုးစားကာ ဖန်တီးပေးသွားဦးမှာပါ။

အခုဆိုရင်
- Topping တွေ၊ Filling တွေ၊ Sauce တွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်စိတ်ကြိုက် Corn Dog လေးကို ရွေးချယ်နိုင်မယ့် Yoyo Corn Dog Menu
- ပေါ်တူဂီစတိုင်လ် မုန့်သားကြွပ်ကြွပ်ရွရွ၊ အရသာစိမ့်စိမ့်လေးကို ချောကလက်နဲ့ ပေါင်းစပ်ထားတဲ့ Churros Plus Menu
- ရင်မှာ အမောပြေ၊ အေးစိမ့်သွားမယ့် Soft Drink Menu တွေကို မိတ်ဆက်ပေးထားသလို

လာမယ့်နှစ်သစ်မှာလည်း နောက်ထပ် ပိုပြီးဆန်းသစ်တဲ့ Menu အသစ်တွေကို မိတ်ဆက်ပေးသွားဦးမယ့်အပြင် ဝန်ဆောင်မှုမှာလည်း အားလုံးထက် ပိုပြီးနွေးထွေးတဲ့ ဂရုအစိုက်ဆုံးတွေကို ပေးအပ်နိုင်ဖို့ပဲ ရည်မှန်းထားပါတယ်။

အားလုံးရဲ့ အားပေးမှု၊ အသိအမှတ်ပြုမှုတွေနဲ့ (3) နှစ်ကျော်ကြာ ရပ်တည်လာပြီဖြစ်တဲ့ TAKE AND YATE က နောက်နှစ်ပေါင်းများစွာတိုင်အောင် နှလုံးသားကိုအရင်းခံကာ Menu အသစ်ပေါင်းများစွာနဲ့ ဝန်ဆောင်မှုပေးသွားဖို့ အသင့်ဖြစ်နေလျက်ပါ။

&Yate
#အရိပ်တို့ရဲ့ဆိုင်ငယ်လေး

ဒီနေရာမှာ ထပ်ပြီးဖြည့်စွက်ပြောပြချင်တာလေးက Order မှာလို့ရနေရင်တောင်မှ အချိန်ကြာတာလေးပါဒီ Post လေးက သုံးစွဲသူ Customers တ...
21/12/2024

ဒီနေရာမှာ ထပ်ပြီးဖြည့်စွက်ပြောပြချင်တာလေးက Order မှာလို့ရနေရင်တောင်မှ အချိန်ကြာတာလေးပါ

ဒီ Post လေးက သုံးစွဲသူ Customers တစ်ယောက်အနေနဲ့ ရေးထားတာပါရှင့်

-ပထမအဆင့်အနေနဲ့ ဝင်လာတဲ့ Customers Order ကိုဆိုင်ကလက်ခံပါတယ်

-ဒုတိအဆင့်အနေနဲ့ ပို့ဆောင်သူ ( Rider ) ကိုရှာဖွေပါတယ်။ ဒီအဆင့်မှာ Rider မတွေ့မခြင်း Customer ဘက်မှာ Order Preparing ပဲပြပါတယ်။ Rider တွေ့တော့မှသာလျှင် Contact your rider ဆိုပြီး Customer ဆီမှာ မြင်ရမှာဖြစ်ပါတယ်

-တတိယအဆင့်အနေနဲ့ ဆိုင်ကနေ Order ယူပြီး Rider မှ Customer ဆီပို့ဆောင်ပေးတဲ့အချိန်ပဲဖြစ်ပါတယ်

အမေးများတဲ့မေးခွန်းလေးတွေကိုဖြေပေးရရင်
(q) ဆိုင်ဘက်ကနေ Order Cancel လုပ်ပေးလို့ရပါသလား?
(a) မရပါဘူးခင်ရှင့် , ဆိုင်တွေဘက်ကနေ Cancel လုပ်ရင် Cancelation Fees ပေးရတာကြောင့်ပါရှငိ့

(q) Order ကဘာလို့ကြာနေတာလဲ
(a) ဆိုင်ဘက်မှ Customer Order ပို့ဆောင်ရန်အဆင်သင့်ဖြစ်နေရင်တောင် Rider မတွေ့ထားရင် စောင့်ရပါသေးတယ်ရှင့်

(q) Order ဘယ်လို Cancel လုပ်မလည်း
(a) Customer မှာယူတဲ့ Foodpanda Application ကနေပြီးတော့ Support ကနေ အဆင်မပြေကြောင်းကို Live Chat ပြောလို့ရပါတယ်

(q) Bank Card / Mobile Pay တွေနဲ့ရှင်းထားရင် Refund ပြန်ရလား
(a) ဒါက ဆိုင်ဘက်က လုပ်ပေးနိုင်တာတစ်ခုကတော့ KbzPay / Wavepay တို့နဲ့ ပေးချင်ရင်တော့ ဆိုင်ကိုတိုက်ရိုက်ပေးနိုင်ပါတယ် ဆိုင်ကနေမှတစ်ဆင့် Rider ကို Cash နဲ့ရှင်းပေးလိုက်မှာပါ။ အကယ်လို့များ Order Canceled ဖြစ်သွားရင် Customers ဆီပြန်လွှဲပေးပါတယ် ။

(q) ဆိုင်ကို Order တိုက်ရိုက်မှာလို့ရလား
(a) ဆိုင်ကို Order တိုက်ရိုက်မှာတာက ဒီနှစ်ကုန်ရင်တော့ ချိုသာသောဈေးနှုန်းနှင့်အတူ ဆိုင်ကိုတိုက်ရိုက်မှာလို့ရပါမယ်ရှင့်။ pandago ကိုအသုံးပြုပြီးပို့ဆောင်ပေးပါတယ်ရှင့်

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်

Temporary Unavailable နှင့် Closed ကဘာလို့ဖြစ်နေရတာလဲ 🥵

အချို့နေရာလေးတွေက Customers တွေဆီမှာ Food delivery platform တွေဖြစ်တဲ့ Foodpanda, Grab, Quick Food, Mall Plus တို့တွေမှာ TAKE AND YATE , Yoyo Corn Dog, Churros Plus စတဲ့ဆိုင်လေးတွေကို ရှာမယ်ဆိုရင် နေ့လည် ၁ နာရီလောက်ကနေ ၄ နာရီလောက်ထိ ဆိုင်တွေက များသောအားဖြင့် Temporary Unavailable နှင့် Closed ဖြစ်နေတာတို့ တွေ့ရပါမယ်

နေ့အပူအချိန်မြင့်တက်လာတာနှင့်အတူ နေ့လည် ၁ နာရီကနေ ၄ နာရီအချိန်အတွင်းမှာ များသောအားဖြင့် ပို့ဆောင်ပေးတဲ့ Rider လေးတွေရဲ့ ခေတ္တအနားယူတဲ့အချိန်ဖြစ်တာကြောင့် မှာယူလို့မရတာဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ

ကဲ.... အရိပ်တို့ရဲ့ ဆိုင်ငယ်လေးမှာ ရနိင်တဲ့ Menu တွေနဲ့ ဆိုင်ခွဲလေးတွေအကြောင်းကို ဒီ Post မှာ တစ်ခါတည်းပြောပြပေးသွားမယ်န...
08/12/2024

ကဲ.... အရိပ်တို့ရဲ့ ဆိုင်ငယ်လေးမှာ ရနိင်တဲ့ Menu တွေနဲ့ ဆိုင်ခွဲလေးတွေအကြောင်းကို ဒီ Post မှာ တစ်ခါတည်းပြောပြပေးသွားမယ်နော်။

TAKE AND YATE မှာ လောလောဆယ် ဘာတွေရလဲဆိုတော့ Yoyo Corn Dog နှင့် Churros Plus ဆိုပြီး (၂) မျိုးရှိတာပေါ့။

ပထမဆုံး Signature Menu တစ်ခုဖြစ်တဲ့ Corn Dog Menu 🧡

ဒီ Menu ထဲမှာတော့ Corn Dog နဲ့ ပက်သက်သမျှ စိတ်ကူးထဲက စားချင်တဲ့အတိုင်း လျှာလည်အောင် စားလို့ရတဲ့ Topping တွေ၊ Filling တွေ၊ Sauce တွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်စိတ်ကြိုက် Corn Dog Menu အကုန်လုံးကို Yoyo Corn Dog Category မှာ ရွေးချယ်နိုင်ပါတယ်။

နောက်ထပ် Main Menu တစ်ခုဖြစ်တဲ့ Churros Menu 🧡

ဒီ Menu က Corn Dog Menu ပြီးရင် နောက်ထပ်ရွေးချယ်စရာ Menu တစ်ခု ဖြစ်တဲ့ သားသားမီးမီးတွေအကြိုက် မုန့်သားကြွပ်ကြွပ်ရွရွလေးကို အရသာစိမ့်စိမ့်လေးနဲ့အတူ ချောကလက်နဲ့ တို့ပြီးတော့ စားလို့ရတဲ့ ပေါတူဂီစတိုင်လ် သရေစာ တစ်မျိုးပါ။

သွားရည်ကျသွားမယ့် ဒီသရေစာလေးကို အခုဆိုရင် ပေါ်တူဂီအထိ သွားစရာမလိုဘဲ Churros Plus Category ကနေ မှာစားနိုင်ပြီနော်။

လိုက်ဖက်လွန်းတဲ့ သောက်စရာလေးတွေလည်း ညွှန်းပါဦးဆိုရင်တော့ အများကြီးရှိတာမို့ Menu ကိုကြည့်၊ ကိုယ်တိုင်ရွေးပြီး TAKE AND YATE ဆိုင်ခွဲလေးတွေမှာ လာရောက်သုံးဆောင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဆိုင်ခွဲလေးတွေအနေနဲ့ Yangon , Mandalay , Naypyitaw စတဲ့ မြို့ကြီးတွေမှာ ရှိနေတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။

သြော် ဒါနဲ့... Food Panda, Grab Food တို့ကနေလည်း Promotion တွေနဲ့ မှာယူနိုင်နေပြီဆိုတော့ နီးစပ်ရာရောက်ရင် လှမ်းမှာဖို့လည်း မမေ့နဲ့နော်။

Shop 1 - Take And Yate Yankin
Address - No-149(A) , Yannaing 9 Street , Yankin Road , Yankin Tsp
⏰ 9 AM to 7 PM
☎️ 09404633039
Maps - https://goo.gl/maps/maE6XKCi7LJjapER8

Shop 5 - Take And Yate Mandalay
Address - 69 - 41 x 42 Street , Mahaaungmyay Tsp , Mandalay
⏰ 9 AM to 6 PM
☎️ 09455696054
Maps - https://goo.gl/maps/beU1MmSup7LaDxzA9

Shop 5 - Take And Yate Naypyitaw

Address - Rural Development Bank , Thiri Anawrahtar Road , Zabuthiri Tsp , Naypyitaw

⏰ 9 AM to 7 PM

☎️ 09426082953
09255524994

Shop 4 - TAKE AND YATE - North Dagon ဆိုင်ခွဲလေးကတော့ လက်ရှိမှာ ဆိုင်နေရာပြောင်းရွှေ့ဖွင့်လှစ်ဖို့ရှိတာကြောင့် ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးမယ်နော်။

Order မှာယူထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးချင်တယ်၊ သိချင်တယ်ဆိုတဲ့ Customer တွေအနေနဲ့လည်း ဆိုင်ဖုန်းတွေကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

TAKE AND YATE ကနေ အမြဲတမ်း အဆင်အပြေဆုံးဖြစ်အောင် နှလုံးသားနဲ့ ဝန်ဆောင်မှုပေးထားသလိုဘဲ ဒီကြားထဲ အဆင်မပြေတာလေးတွေရှိသွားတယ်ဆိုရင်တော့ Page Message Box ကနေ လာပြောပေးဖို့လည်း မမေ့နဲ့နော်။

မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ချစ်သောမိသားစုနှင့်အတူပျော်ရ...
14/11/2024

မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ချစ်သောမိသားစုနှင့်အတူပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း TAKE AND YATE မှ ဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်ရှင် 🙏🙏🙏

TAKE AND YATE ဆိုင်အတွက် Team Member လေးတွေခေါ်နေပါပြီရှင့်မုန့်လုပ်တာဝါသနာပါတဲ့သူ အတွေ့အကြုံရှိတဲ့သူ တွေဆိုရင် မင်မင်တိ...
14/11/2024

TAKE AND YATE ဆိုင်အတွက် Team Member လေးတွေခေါ်နေပါပြီရှင့်

မုန့်လုပ်တာဝါသနာပါတဲ့သူ အတွေ့အကြုံရှိတဲ့သူ တွေဆိုရင် မင်မင်တို့အတွက် ပိုပြီးအဆင်ပြေပါတယ်

ပညာအရည်အချင်းကတော့ ၁၀ တန်းအောင် ဒါမှမဟုတ် ကျောင်းမပြီးသေးတဲ့သူတွေလည်း ရပါတယ်နော်

အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရပါမယ်

ရေရှည်လုပ်ကိုင်နိုင်သူ ပိုပြီးဦးစားပေးပါမယ်

🧡 Female Only - 2 Post

🧡 TAKE AND YATE - YANKIN ( Yankin စာတိုက်မှတ်တိုင်အနီး )

⏰ အလုပ်ချိန်က 9:30 AM to 6:30 ဖြစ်ပြီး

🧡 တစ်ပတ် တစ်ရက်ပိတ် ပါတယ်

🧡 လစာ ညှိနှိုင်း

စိတ်ဝင်စားလို့လျှောက်ချင်တဲ့သူတွေအတွက် 09404633039 Viber ကို ဓာတ်ပုံနှင့်တကွ CV လေးပို့ပေးပါ။

New Year / New Menu
02/06/2024

New Year / New Menu

Churros ကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကိုယ်တိုင်အလွယ်တကူလုပ်စားလို့ရပြီ 🫰🏻အမြန်ဆုံးမှာယူနိုင်ဖို့ Foodpanda မှာလည်း Churr...
25/05/2024

Churros ကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကိုယ်တိုင်အလွယ်တကူလုပ်စားလို့ရပြီ 🫰🏻

အမြန်ဆုံးမှာယူနိုင်ဖို့ Foodpanda မှာလည်း Churros Plus Ready to cook product လေးတွေကိုမှာယူလို့ရနေပါပြီ

Foopanda Application ကနေ Churros Plus လို့ရှာလိုက်တာနဲ့ Ready to cook churros တွေကို TAKE AND YATE နှင့် Churros Plus ဆိုင်တွေကနေအချိန်တိုအတွင်းမှာယူပြီး အိမ်မှာကိုယ်တိုင်ကြော်စားလိုက်တော့နော်

Delivery ရရှိနိုင်မယ့် မြို့နယ်တွေက -
Yankin, South Okkala, Thingangyun, Mayangon, Tamwe, Bahan စတဲ့မြို့နယ်တွေကနေ Foodpanda ကနေတစ်ဆင့်လည်း မှာယူနိုင်ပါပြီ 📦

ကဆုန် လပြည့် ဗုဒ္ဓ​နေ့ အခါသမယမှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘ...
22/05/2024

ကဆုန် လပြည့် ဗုဒ္ဓ​နေ့ အခါသမယမှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘေးဒုက္ခ အန္တရာယ် ရန်စွယ် အားလုံးမှ ကင်းရှင်းကြပါ​စေ​ကြောင်း TAKE AND YATE မှဆု​တောင်း​မေတ္တာပို့သအပ်ပါသည်ရှင် ...

Address


Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959404633029

Website

Alerts

Be the first to know and let us send you an email when Take And Yate - Playlist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Take And Yate - Playlist:

  • Want your restaurant to be the top-listed Restaurant?

Share