Hein Htet

Hein Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Htet, Restaurant, Mandalay, Airlie Beach.

ငွေနှင်းမှိုလေးတွေရဲ့ အလှအပလေးအချိန်ကုန်လည်းသက်သာသလို. အလုပ်ရှုပ်လည်းသက်သာတဲ့ ချစ်စရာငွေနှင်းမှိုလေးလူလည်းသက်သာတယ် စားလိ...
17/01/2022

ငွေနှင်းမှိုလေးတွေရဲ့ အလှအပလေး
အချိန်ကုန်လည်းသက်သာသလို. အလုပ်ရှုပ်လည်းသက်သာတဲ့ ချစ်စရာငွေနှင်းမှိုလေး
လူလည်းသက်သာတယ် စားလို့လည်းအရမ်းကောင်း
၁ထုပ်ကို ၂လကျော်၃လထိပွင့်တော့ အေးဆေးဘဲ

၁ထုပ်မှ -600 ပါ
Ph -09 756803592

😍😍😍မှိုဘယ်လိုပွင့်လဲမေးထားကြလို့😍😍😍
အိမ်မှာအလှအနေနဲ့ ၅ပင်လောက်ဘဲစိုက်မယ်ဆိုလည်းရတယ်နော်
အိုးတေဘာတေမလိုပါဘူးနော်ထုပ်လေးအတိုင်းဘဲ ထားယုံပါဘဲ
အများကြီးယူပြီးစီးပွားဖြစ်စိုက်ချင်တဲ့လူတွေအတွက်လည်းအများစျေးရှိပါတယ်
တစ်ထုပ်ကို၂၀ကျပ်သားအနည်းဆုံးထွက်ပါတယ်
ဆောင်းတွင်းဆို ၃၀ကျပ်သားလောက်ထွက်ပါတယ်
အားပေးကြပါအုံးချစ်ဆုံးတို့ရေ🙆

မန်းလေးမြို့အတွင်းdeliဖြင့်အိမ်အရောက်ငွေချေပါ🙆
နယ်များကိုလည်းဂိတ်သို့deliဖြင့်ပို့ပေးပါတယ်🙆

ငွေနှင်းမှိုလေးတွေရဲ့ အလွအပေလးအချိန်ကုန်လည်းသက်သာသလို. အလုပ်ရှုပ်လည်းသက်သာတဲ့ ချစ်စရာငွေနှင်းမှိုလေးလူလည်းသက်သာတယ် စားလိ...
13/01/2022

ငွေနှင်းမှိုလေးတွေရဲ့ အလွအပေလး
အချိန်ကုန်လည်းသက်သာသလို. အလုပ်ရှုပ်လည်းသက်သာတဲ့ ချစ်စရာငွေနှင်းမှိုလေး
လူလည်းသက်သာတယ် စားလို့လည်းအရမ်းကောင်း
၁ထုပ္ကို ၂လကျော်၃လထိပွင့်တော့ အေးဆေးဘဲ

၁ထုပ်မှ -600 ပါ
Ph -09 756803592

😍😍😍မှိုဘယ်လိုပွင့်လဲမေးထားကြလို့😍😍😍
အိမ်မှာအလှအနေနဲ့ ၅ပင်လောက်ဘဲစိုက်မယ်ဆိုလည်းရတယ်နော်
အိုးတေဘာတေမလိုပါဘူးနော်ထုပ်လေးအတိုင်းဘဲ ထားယုံပါဘဲ
အများကြီးယူပြီးစီးပွားဖြစ်စိုက်ချင်တဲ့လူတွေအတွက်လည်းအများစျေးရှိပါတယ်
ဆောင်းတွင်းဆို ၄၀ သားလောက်ထိထွက်ပါတယ်💗

မန်းလေးမြို့အတွင်းdeliဖြင့်အိမ်အရောက်ငွေချေပါ🙆
နယ်များကိုလည်းဂိတ်သို့deliဖြင့်ပို့ပေးပါတယ်🙆

28/12/2021


၁ထုပ်မှ -600 ပါ
Ph -09 756803592

အများကြီးယူပြီးစီးပွားဖြစ်စိုက်ချင်တဲ့လူတွေအတွက်လည်းအများဈေးရှိပါတယ်
ဆောင်းတွင်းဆို ၄၀ သားလောက်ထိထွက်ပါတယ်💗


ငွေနှင်းမှို မျိုးပြည့်တာလေးတွေမှ ရချင်ပါတယ်ဆိုတဲ့သူတွေအတွက် ရပါပြီနော်💖🙆အိုးမလို မြေဩဇာမလို ,ဒီအတိုင်းရေလေးပုံမှန် ဖျန်...
25/12/2021

ငွေနှင်းမှို မျိုးပြည့်တာလေးတွေမှ ရချင်ပါတယ်ဆိုတဲ့
သူတွေအတွက် ရပါပြီနော်💖🙆

အိုးမလို မြေဩဇာမလို ,ဒီအတိုင်းရေလေးပုံမှန်
ဖျန်းပေးရုံနဲ့ အရသာရှိစားလို့ကောင်းတဲ့ မှိုပွင့်လေးတွေပါ🙆
အပျော်တမ်း စိုက်ပျိုး မလား , စားဖို့ စိုက်မလား,တစ်ဆငိ့ရောင်းမလား , အဆင်ပြေပါတယ်နော်🙆

စိုက်ပျိုးနည်း စာရွက်လေးပါ တခါတည်း ထည့်ပေးမှာပါ🙆‍♂️

အသေးစိတ် ကို messenger မှာ
အားမနာတမ်း လာရောက်မေးမြန်းလို့ရပါတယ်💖🙆

တစ်ထုတ်မှ-600ပါ

☎09-756803592

မန်းလေးမြို့တွင်းအိမ်အရောက်ငွေချေပါ🙆
နယ်များကိုလည်းကားဂိတ်သို့ပို့ပေးပါတယ်🙆

ငွေနှင်းမှို စိုက်ပျိုးနည်း ငွေနှင်းမှိုသည် မြန်မာနိုင်ငံ အနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ရှိအောင် ...
25/12/2021

ငွေနှင်းမှို စိုက်ပျိုးနည်း

ငွေနှင်းမှိုသည် မြန်မာနိုင်ငံ အနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ရှိအောင် စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှို စိုက်ပျိုးရာတွင် စိုက်ထုပ်မှ မှိုပွင့်ရန်အတွက် လိုအပ်သော အပူချိန် နှင့်စိုထိုင်းကို ဖန်တီးပေးရန် လိုအပ်ပါသည်။

မှိုပွင့်ရန် လိုအပ်သော အပူချိန် စိုထိုင်းဆ လေဝင်လေထွက် အလင်းရောင် အနည်းငယ်ရှိသော မည်သည့်နေရာမဆို မှိုစိုက်ထုပ်ကို ထားရှိ စိုက်ပျိုးနိုင်ပါသည်။ တနိုင်တပိုင် အဖြစ်ရေချိုးခန်းများတွင် ချိတ်ဆွဲ၍သော်လည်းကောင်း၊ အိမ်ခြံဝင်း အတွင်း အေးသော အရိပ်အောက်တွင် ထားရှိ၍ သော်လည်းကောင်း၊ နေရောင် တိုက်ရိုက် ကျရောက်မှုလေပြင်း တိုက်ခိုက်မှု ပူပြင်းလွန်းသောနေရာ များနှင့် ကင်းလွတ်သောနေရာများတွင်နေရာ အခြေအနေပေါ် မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍ စီထပ်ထားခြင်း၊ မှိုစိုက်ခန်း သီးသန့် ပြုလုပ်ခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။

ငွေနှင်းမှို စိုက်ခန်းကို ပိုးသတ်ဆေး၊ မြေဩဇာသိုလှောင်ထားသော အခန်းတွင်း မပြုလုပ်သင့်ပါ။

စီးပွားဖြစ် တွက်ခြေကိုက်အောင် စိုက်ပျိုးလိုသူသည် မှို စိုက်ခန်းသီးသန့် ပြုလုပ် စိုက်ပျိုးသင့်ပါသည်။

မှိုစိုက်ခန်းကို စိုက်ထုပ် အရေအတွက်ပေါ် မူတည်၍ အကျိုးအမြတ်အား တွက်ချက်ဆောက် လုပ်သင့်ပါသည်။ စိုက်ခန်းအတွင်း အပူချိန်က ထိန်းချုပ်နိုင်ရန် အမိုးအကာ လုံအောင် ပြုလုပ်ရပါမည်။ လေဝင်လေထွက်ကောင်းစေရန်၊ အခန်းအတွင်း အပူချိန်ကို ထိန်းချုပ်ရန် အတွက် တံခါးများ၊ ပြတင်းပေါက်များ ပါရှိရပါမည်။ အခန်းအတွင်း စိုထိုင်းဆ မပြတ်ထိန်းရန်အတွက် အခင်းတွင် သဲခင်းထားပြီး ရေလောင်း၍ အမြဲစိုအောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

စိုက်ထုပ်မှငွေနှင်းမှိုအပွင့်ဖြစ်ပေါ်ရန်အတွက်လိုအပ်သောအပူချိန်မှာငွေနှင်းမှိုမျိုးကွဲအလိုက်အပူချိန် ၂၀-၂၈ ဒီဂရီ စင်တီဂရိတ်တွင် ဖြစ်သော်လည်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်တွင် မှိုပွင့်ကြီးထွားရန် အကောင်းဆုံး ဖြစ်ပါသည်။ အခန်းအတွင်း စိုထိုင်းဆမှာ (၈၀-၈၅ %) ရှိရပါမည်။ အလင်းရောင် အသင့်အတင့် ရှိရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ အခန်းအတွင်း အပူချိန် နှင့်စိုထိုင်းဆကို ကိရိယာဖြင့် အလွယ်တကူ သိနိုင်ပါသည်။

အခန်းအတွင်းအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် အထက် တိုးလာခဲ့လျှင်ရေမှုန်ရေမွှားများ အခန်းအတွင်း မကြာခဏ ဖြန်းပေးခြင်း၊ ပြတင်း တံခါးများ ညဘက်တွင် ဖွင့်ပေးခြင်းဖြင့်လေအေးများ အခန်း အတွင်းသို့ ဝင်ရောက်စေပြီး အပူချိန်များလျော့ချနိုင်ပါသည်။ မှို စိုက်ခန်းအတွင်း စိုက်ထုပ်များအား စင် ပြုလုပ်၍ထောင်ခြင်း၊ စီထပ်ခြင်း၊ ချိတ်ဆွဲခြင်း တို့မှ မိမိ ကြိုက်နှစ်သက်ရာနည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ ထောင်၍စိုက်ပျိုးရာတွင် ထိပ်ဖွင့် လှီးဖြတ်၍သော်လည်းကောင်း၊ ဘေးခွဲ၍သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ခန်းအတွင်း စိုက်ထုပ်များ ထည့်သွင်းပြီးချိန်မှစ ၂ ရက်မြောက်မှ စိုက်ထုပ်များပေါ် သို့ရေလောင်းပေးရပါမည်။ ရေလောင်းသည့်အခါ စိုက်ထုပ်များပေါ် သို့ရေမှုန်ရေမွှားများ သာလောင်းပေးရပါမည်။ အခန်း အပူချိန် မြင့်ပါက အပူချိန်လျော့ချခြင်းအပြင် စိုက်ထုပ်များအပေါ်သို့ တစ်ရက် နှစ်ကြိမ်ရေလောင်းပေးရပါမည်။ သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရှိသော အခန်း အတွင်းတွင် မှိုစိုက်ထုပ်များမှ မှိုထုပ်များ ၃-၄ ရက် ကြာသောအခါ မှိုအဖူးများ စတင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၂-၃ရက် အကြာတွင် မှိုခူးရမည့် အနေအထားသို့ရောက်မည် ဖြစ်ပါသည်။

မှို အဖူးလေးများ ဖြစ်ပေါ်လာချိန်တွင် မှိုဖူးများခြောက်သွေ့မှု မဖြစ်စေရန်နှင့် ဆက်လက် ကြီးထွားစေရန်အတွက် မှိုအဖူးများ အပေါ်တွင်ရေမှုန်ရေမွှားများ တစ်ရက် တစ်ကြိမ်လောင်းပေးရန် လိုအပ်ပြီး လေပြင်း နှင့်နေရောင် တိုက်ရိုက် ကျရောက်မှု မရှိစေရန် သတိပြုရမည်ဖြစ်ပါသည်။ မှိုများ ခူးဆွတ်သင့်သော အနေအထားမှာ မှိုပွင့်ဘေးနှုတ်ခမ်းများရှိ အနားများသေးငယ်လာသောအခါ ခူးဆွတ်ရမည် ဖြစ်ပါသည်။

ခူးဆွတ်သည့်အခါ မှိုပွင့်များအား အခိုင်လိုက် လှည့်ထုတ် ဆွဲနှုတ်ရပါမည်။ ပြီးလျှင် အခြေရှိ လွှစာများကို လှီးဖြတ် ရပါမည်။ ငွေနှင်းမှို အဖူးများ ပုံသဏ္ဍန်မှန်စွာ ကြီးထွားရန် အတွက်အောင်စီဂျင် လိုအပ်ပါသည်။ အခန်းအတွင်း လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။ အခန်းလေဝင်လေထွက် မကောင်းပါက တနည်းအားဖြင့် အခန်းအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) များပါက အပွင့်များ အရိုးရှည်ခြင်း၊ အပွင့်များ ပုံပျက်ခြင်း၊ အရောင်ပြောင်းခြင်းများ ဖြစ်လာပါမည်။

မှိုပွင့်များသို့ ပက်ဖြန်းသောရေမှာ စံ (၄-၇.၅) ကြား ဖြစ်သော်လည်း အကောင်းဆုံးမှာစံ ၅.၅ - ၆ ဖြစ်ပါသည်။

မှိုစိုက်ထုပ် တစ်ထုပ်မှ မှိုစိုက်ထုပ်တွင် ပါဝင် သုံးစွဲထားသော ဖြည့်စွက်စာ အချိုးအစားနှင့် သင့်တော်သော အပူချိန် စိုထိုင်းဆ ရရှိမှုပေါ်မူတည်၍ ပထမအကြိမ်တွင်မှိုစိုက်ထုပ် အလေးချိန်၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်အထိ ထွက်ရှိနိုင်ပါသည်။ သုံးကြိမ်အထိ မှိုခူးဆွတ်နိုင်ပြီး မှိုထွက်ရှိမှုသည် ပြုစု ထိန်းသိမ်းမှု ၊ မှိုစိုက်ထုပ်အတွင်း ပါဝင်သော ဖြည့်စွက်စာပေါ် မူတည်ပါသည်။

စိုက်ထုပ်များမှ မှိုခူးပြီးတိုင်း စိုက်ထုပ် အတွင်း မှိုမျှင်ပြန်ပြည့်ပြီး အဖူးဖြစ်ပေါ်ရန်အတွက် စိုက်ထုပ်များအပေါ် မှိုခူးထားသောနေရာသို့ ၂ -၃ ရက်ရေတိုက်ရိုက် မထိစေရန် သတိပြုရပါမည်။

မှို အဖူးများ ကြီးထွားရန်အတွက် ရေ လိုအပ်ပါသည်။ သို့သော် မှိုမျှင်မှ မှိုအဖူးဖြစ်ရန်အတွက် ရေမှ အနှောင့်အယှက် အတားအဆီးဖြစ်၍ ထိုနေရာတွင်ရေစိုနာဖြစ်ကာ အထုပ်များ ပုပ်လာခြင်း၊ မှိုပွင့်များ မပွင့်တော့ခြင်းတို့ ဖြစ်လာပါမည်။

စိုက်ခန်းဖြင့် စိုက်ပျိုးရာတွင် အခန်းအတွင်း သန့်ရှင်းရေးသည် အရေးပါသည်။ စိုက်ထုပ်များ အခန်းအတွင်း စိုက်ပျိုးခြင်းမပြုမီ အခန်းအား သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရောက်အောင် ပြင်ဆင် ထားရမည်။ စင်များကို ဝါး သစ်သားတို့ဖြင့် ပြုလုပ်ပါက ထုံးသုတ်ထားရမည်။ စိုက်ခန်း ပတ်ဝန်းကျင် သန့်ရှင်းအောင် ပြုလုပ်ရမည်။ မှိုများခူးဆွတ်ရာတွင် ခူးဆွတ်ရမည့် မှိုများ စိုက်ခန်းအတွင်း မကျန်အောင် သတိပြုရမည်။

စိုက်ခန်း ပတ်ဝန်းကျင်တွင် မှိုခူးပြီး လှီးဖြတ်ထားသော စွန့်ပစ် အပိုင်းများ၊ ပျက်စီးသွားသော စွန့်ပစ် စိုက်ထုပ်များ၊ အစားအသောက် အကြွင်းအကျန်များ စိုက်ခန်း ပတ်ဝန်းကျင်တွင် မရှိအောင် သတိပြုရပါမည်။

ငွေနှင်းမှို အသင့်စိုက်မျိုးထုပ် စိုက်ပျိုးနည်း/ပြုစုနည်း/ထားရှိနည်း   | နေရောင်ခြည်တိုက်ရိုက်ကျသောနေရာ မထားရ၊          ...
08/12/2021

ငွေနှင်းမှို အသင့်စိုက်မျိုးထုပ် စိုက်ပျိုးနည်း/ပြုစုနည်း/ထားရှိနည်း

| နေရောင်ခြည်တိုက်ရိုက်ကျသောနေရာ မထားရ၊
| အမိုးအကာရှိသော ၊ လေ၀င် လေထွက် အနည်းငယ်ရှိသော
| နေရာတွင်ထားပါ(လေပြင်းဒဏ် မခံနိုင်ပါ)
| လေအနည်းငယ်လိုပါသည်.မှိုသည်လည်း အောက်ဆီဂျင်
1။| လိုအပ်သည်။ဆောင်းရာသီ၌ ညတွင်
| နွေးနွေးထွေးထွေးထားပါ
| နေ့ခင်းဘက်တွင် လေ၀င်လေထွက်ရအောင်ထားပါ။ေ
|နွရာသီ၌
| နေ့ခင်းဘက် ပူသည့်အချိန်မှာ မှိုရုံကိုအလုံပိတ်ပြီး
| ရေငွေ့ရအောင်ထားပါ။
| ညဘက်အေးသည့်အချိန်မှာ လေအ၀သွင်းပါ။

2။ |အနှစ်သက်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီ စင်တီဂရိတ်
|အတွင်းဖြစ်သည်။

| အထုတ်များအားလှဲလျှက် အနေအထားဖြင့်
| နှစ်ထုပ်မှသုံးထုပ်အထိသာ ထပ်ထားပါ။မျိုးမပြည့်မီ
3။ | ထောင်လျှက်ထား၍ ရသည်။အထုတ်များအားလှဲလျှက်
| အနေအထားအတိုင်း ထားပါက အထုပ်ဧ။်
| ထိပ်နှင့်နောက်(ဖင်)အား ဖောက်ပေးရမည်။

| မျိုးထုပ်တစ်ထုပ်လုံးမျိုးပြည့်မှသာ /အထုပ်ထိပ်၀မှ ဂွမ်းအား
| အဖူး ထိုးထွက်လာမှသာ (၂-၃ထုပ်)ထိပ်မှ ဂွမ်းကိုဖြုတ်၍
| ဂွင်းပါသော ကော်လံစွပ်တို့အား ဓားဖြင့်ဖြတ်ပေးရမည်။
4။ |(ကော်လံစွပ်ဧ။် အောက်နားမှ ကပ်၍ဓားဖြင့် ဖျက်ပေးပါ
| အ၀အကျယ်ကြီး ဖြတ်စရာမလိုပါ) အိတ်ဧ။်ဖင်ကို
| ကြက်ခြေခတ်သဏ္ဏန် ဓားရာပေး၍ ခွဲပေးပါ ထိုအချိန်မှစ၍
| ရေရွှဲရွှဲလောင်းပေးပါ

| မျိုးထုပ်များ ကားဂိတ်မှ အိမ်သို့ရောက်လာချင်း
| ပါဆယ်ထုပ်အတွင်းမှ ချက်ချင်းထုပ်၍ ထားမည့်နေရာတွင်
| စနစ်တကျ ထားပါ။ပြီးနောက် (၂၄) နာရီလောက်
5။| အနားပေးပြီးမှ အထုပ်များပေါ်တွင် ရေဖြန်းပေးပါ။ (မှိုထုပ်များ
| ရောက်ရောက်ချင်းထိပ်/နောက် မဖောက်ရပါ)
| မှိုထုပ်အနေအထားပေါ်မူတည်၍
| (၃)ရက်သို့မဟုတ်(1)ပတ်လောက်နေမှ ဖောက်ပေးပါ။

| ရေလောင်းလျှင် အထုပ်ဧ။်ကျောပေါ်မှလောင်းပေးပါ။မှို
6။| အဖူးအပွင့်တို့အား ရေပတ်ဖျန်းပေးပါ။
| အထုပ်ထိပ်၀အတွင်းသို့ရေများထိုင်နေပါက မှိုထုပ်ဧ။်
| နှုတ်ခမ်းဝအောက်နားလေးအား ဓားဖြင့်ညှင်သာစွာ ခွဲပေးပါ။

| ရေကိုဆောင်းရာသီမှာ မှိုခူးပြီး တစ်နေ့(၁)ကြိမ် ရွှဲရွှဲ
| နွေရာသီမှာ တစ်နေ့(၂)ကြိမ်မှ(၃)ကြိမ် ရွှဲရွှဲလောင်းပေးပါ။
| (နည်းနည်းနဲ့မကြာခဏ လောင်းပေးနိုင်သည်။)မှိုခြံအား
7။| ရေငွေ့ရအောင်ထားပေးပါ။သဲခင်းထားပါက
| သဲအားရေလောင်းပေးပါ။ နွေရာသီ၌ အပူရှိန်များသဖြင့်

🍄ငွေနှင်းမှို (အိမ်တွင်းတစ်ပိုင်တစ်နိုင်)စိုက်ပျိုးနည်း🍄💫ငွေနှင်းမှိုစိုက်ထုပ်များကို နေအိမ်တိုက်ခန်းများတွင် လေပြင်းတို...
08/12/2021

🍄ငွေနှင်းမှို (အိမ်တွင်းတစ်ပိုင်တစ်နိုင်)စိုက်ပျိုးနည်း🍄

💫ငွေနှင်းမှိုစိုက်ထုပ်များကို နေအိမ်တိုက်ခန်းများတွင် လေပြင်းတိုက်ခတ်မှုမရှိဘဲ လေဝင် လေထွက်ကောင်းမွန်၍ နေတိုက်ရိုက်မပူသော အစိုဓါတ်ကောင်းမွန်သည့် နေရာများတွင် အလွယ် တကူစိုက်ပျိုးနိုင်ပါသည်။

💫ငွေနှင်းမှိုစိုက်ထုပ်စိုက်ပျိုးမည်ဆိုပါက လိုအပ်သောအပူချိန်မှာ (၂၀˚-၃၅˚)စင်တီဂရိတ်ဖြစ်ပြီး စိုထိုင်းဆမှာ(၈၀)% ရရှိရန် လိုအပ်ပါသည်။

💫မှိုမျိုးထုပ်များကို ထိပ်ဝမျက်နှာပြင်အပေါ်ရှိ ပလပ်စတစ်များကို ဓါးဖြင့်ဖြတ် မျက်နှာပြင်ဖွင့်၍လည်းကောင်း၊ အထုပ်ဘေးပတ်လည်တွင် (၁-၂) လက်မ အရွယ်ဓါးရာပေး၍လည်းကောင်း၊ အစိုဓါတ်ရရှိသည့် ရေချိုးခန်းနှင့် မီးဖိုခန်းတို့တွင် ခုံပေါ်တွင်လှဲ၍သော်လည်းကောင်း၊ တန်းတွင်ချိတ်ဆွဲ၍ သော်လည်းကောင်း အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။

💫မှိုမျိုးထုပ်များကို နေ့စဉ်ရေပန်းခရား၊ ရေခွက်ဖြင့် ညင်သာစွာရေလောင်းပေးနိုင်ပါသည်။ အထုပ် အတွင်းရေမဝင်အောင် အထူးဂရုပြုရပါမည်။
ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်ပါသည်။ အဓိကမှာ မှိုစိုက်ထုပ်များပတ်ဝန်းကျင်တွင် အစိုဓါတ်ကောင်းစွာရှိရန် လိုအပ်ပါသည်။

💫မှိုထုပ်များစဖွင့်ပြီး (၃-၇)ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာ၍ (၄-၅)ရက်အတွင်း ဆွတ်ခူးရန်အသင့်ဖြစ်ပါသည်။
မှိုပွင့်များ ဆွတ်ခူးရာတွင် ဘေးအနားသားများ မကွဲမီ(သို့)မရော်မီ ဆွတ်ခူးရပါမည်။ ဆွတ်ခူးရာတွင်လည်း အောက်ခြေမှလက်ဖြင့် ညင်သာစွာနုတ်ယူပါ။ ချိုးဖဲ့ဖြတ် တောက်၍ မယူရပါ။

💫မှိုအမျိုးမျိုးတို့ကို မိမိတို့နေအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်စိုက်ပျိုးထုတ်လုပ်ရန်အတွက် မှိုစိုက်ပျိုးနည်းပညာများ နှင့် မှိုအမျိုးမျိုးတို့၏ မှိုစိုက်ထုပ်များကို စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မှိုခြံများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါသည်။

Source : AGRI DIGIT NEWS

Address

Mandalay
Airlie Beach, QLD
4802

Website

Alerts

Be the first to know and let us send you an email when Hein Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category