Mangoon

Call Directions Website

Mangoon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mangoon, Asian Fusion Restaurant, Jumeirah Bay X1, Jumeirah Lakes Towers, Dubai.

မိတ်ဆွေများ ရေချိုးပြန်စရာ မလိုတော့ပါ....😅Mangoon မှာ ငါးလေးတကောင် ဖမ်းမိပါပြီ...🐠🐟ငါးသံပုရာပေါင်းကို စားသုံးသူ မိတ်ဆွေတ...
11/10/2026

မိတ်ဆွေများ ရေချိုးပြန်စရာ မလိုတော့ပါ....😅

Mangoon မှာ ငါးလေးတကောင် ဖမ်းမိပါပြီ...🐠🐟

ငါးသံပုရာပေါင်းကို စားသုံးသူ မိတ်ဆွေတို့ အကြိုက်တွေ့ကြ အပြီးမှာတော့

နောက်ထပ် ငါးနဲ့ ပတ်သက်တဲ့ စားစရာလေး ပြင်ဆင်ပေးထားတာက

ဘာလေးများ ဖြစ်မလဲ ????

ဟုတ်ကဲ့... အဲ့ဒါလေးကတော့ ....

ငါးချိုချဥ်‌လေးဖြစ်တဲ့ Sweet & Sour Fish လေးဘဲ ဖြစ်ပါတယ်။

မြန်မာပြည်ကို စိတ်ကူးနဲ့ ခဏပြန်ချင်သူတွေက Mangoon က အစားအသောက်လေးတွေ စားပြီး အမိမြေကို လွမ်းဆွတ်ကြရပါတယ်တဲ့...

မိတ်ဆွေတို့အတွက် အကောင်းဆုံးတွေဘဲ ပေးချင်တဲ့ Mangoon Team ကို လာရောက် အားပေး စားသုံးကြည့်ဖို့ ဖိတ်ခေါ် အပ်ပါတယ်။

Mangoon မှာ ဆုံမယ်နော် ..🤩

📍 Mangoon Asian Restaurant, JLT Cluster X

🎵 TikTok:

Pic Crd By Prt

ရခိုင်စာမှာကျ တပါးသူက ပူပူလောင်လောင် စပ်စပ်ကလေးမှ ထိမိဂွိတာဆိုတော့ကာ........ 😎နားရက်လေး Mangoon မှာ အေးဆေး အနားယူ၊ အစားအ...
10/10/2026

ရခိုင်စာမှာကျ တပါးသူက ပူပူလောင်လောင် စပ်စပ်ကလေးမှ ထိမိဂွိတာ
ဆိုတော့ကာ........ 😎

နားရက်လေး Mangoon မှာ အေးဆေး အနားယူ၊ အစားအသောက်ကောင်းလေးတွေ စားပြီး Chill Mode On လိုက်ကြပါဦး 🥰

Mangoon မှာ ဆုံမယ်နော် 🤩

📍 Mangoon Asian Restaurant, JLT Cluster X

🎵 TikTok:



pic crd KST Studio

Mangoon မှာတော့ ဘယ်သူ့ကိုမှ အပြစ်မဆိုပါဘူးနော် 😁ပြီးတော့ ကြက်အာလူးလည်း မရှိဘူးဆိုတော့ ....အားလုံးကို ချစ်ခင်စွာနဲ့ဘဲ ကို...
09/10/2026

Mangoon မှာတော့ ဘယ်သူ့ကိုမှ အပြစ်မဆိုပါဘူးနော် 😁

ပြီးတော့ ကြက်အာလူးလည်း မရှိဘူးဆိုတော့ ....

အားလုံးကို ချစ်ခင်စွာနဲ့ဘဲ ကိုးရီးယား ကြက်ကြော်‌လေး လာရောက်
စားသုံးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

စနေတပတ် ‌ရောက်ခဲ့ပြန်ပြီဆိုတော့ ထုံးစံအတိုင်း Mangoon မှာ ဆုံကြဖို့ ရယ်ဒီဘဲ မလား? 🤩

📍 Mangoon Asian Restaurant, JLT Cluster X

🎵 TikTok:

Pic crd KST Studio

လန့်တာအေ... အသာလုပ်ပါ ကဖိုးသားရယ်. ဘာများဖြစ်တာလဲလို့ ...🤣😅😂🤣အေးလေ မွေးစားသမီး ၁၂ ယောက်ဆို‌တော့လည်း ဒီခေတ်လို အစစ အရာရာ ...
08/10/2026

လန့်တာအေ... အသာလုပ်ပါ ကဖိုးသားရယ်. ဘာများဖြစ်တာလဲလို့ ...🤣😅😂🤣

အေးလေ မွေးစားသမီး ၁၂ ယောက်ဆို‌တော့လည်း ဒီခေတ်လို အစစ အရာရာ ဈေးကြီးနေတဲ့ အချိန် သူ့ ခမျာ ဈေးတက်ရ ရှာတာပေါ့...

UAE မှာလည်း အောက်တိုဘာလမှ စ လို့ ဆီဈေးတွေ 16% တက်သွားတော့ အစစ အရာရာ ဈေးတွေကြီးလာပါတယ်။

ဘယ်လိုပင် ဘာတွေ ဈေးတက်သော်ငြား Mangoon မှာတော့ အရင်ဈေးအတိုင်းဘဲ ချစ်မိတ်ဆွေတို့ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ပါ။

အစားအသောက် အရသာ၊ အပြင်အဆင်နဲ့ ပျူငှာတဲ့ ဝန်ဆောင်မှုတွေက Mangoon Team ရဲ့
အလေးထားဆုံး အရာတွေဖြစ်လို့၊ စားဖူးတဲ့ မိတ်ဆွေများ ထပ်ခါ ထပ်ခါ လာရောက်စားသုံးကြတာ
ဖြစ်ပါတယ်။
အဲ့ဒီအတွက်လည်း မိတ်ဆွေများကို ကျေးဇူးအထူး တင်ရှိပါတယ်။🙏🤝🫶

ကဖိုးသားလို မွေးစားသမီး ၁၂ ‌ယောက်ရှိရင်တော့ မတွေးဝံ့တော့ပါဘူး...😜😝

ဘာဘဲ ဖြစ်ဖြစ် TGIF လေးလည်း ရောက်ပြီဆိုတော့ Weekend ကို အေးအေး‌ဆေးဆေး ဖြတ်သန်းဖို့
Mangoon မှာဘဲ ဆုံလိုက်ကြမယ်လေနော် 🤩

ပုံ ခရက်ဒစ်

📍Mangoon Asian Restaurant, JLT Cluster X

📲 Follow us on TikTok:

08/10/2026

မင်္ဂလာပါ။

Chef Diary ကြော်ပြထားတဲ့ Korean Fried Chicken လေးကို စားလည်း စားချင်တယ်၊

ဒါပေမယ့် ကိုယ်တိုင်လိုက်လုပ်ဖို့ အချိန်​မပေးနိုင်တဲ့ သူတွေ​ရယ်၊

အချိန်​ ပေးနိုင်​ရင်တောင် အဲ့လို မဖြစ်မှာ၊
စားမကောင်းမှာ စိုးရိမ်နေသူတွေအတွက်
Mangoon ရဲ့ best seller လေးဖြစ်တဲ့
Korean Fried chicken KFC လေးကို လာရောက်​ စားသုံး​ကြည့်​ဖို့​ ဖိတ်ခေါ်​ပါတယ်။

တခါစားဖူးရုံနဲ့ တသက်မမေ့ဘူး ဖြစ်သွားမယ် 😍​

Mangoon ကိုသာ အပြေးလေး လှမ်း​လာခဲ့​လိုက်တော့နော်။🤩

Video လေး အသုံးပြု​ခွင့်ပေးတဲ့ Chef Diary ကို ကျေးဇူးတင်​ပါတယ်​🙏

Mangoon​ ရဲ့ ကိုးရီးယား ကြက်ကြော် ပုံလေးတွေကိုတော့ ဒီပို့စ်ရဲ့ ကော်မန့်မှာ သွားရည်ကျ​နိုင်​ပါကြောင်း​🤤🤤🤤

📍​Mangoon​ Asian​ Restaurant, JLT Cluster X

Mangoon မှာ ရနိုင်တာက ရခိုင်စာတွေပါ။ကချင်စာ မရပါဘူး။အဲ့ဒါလေး လာပြောတာပါ။ကျေးဇူး​ပါ။
07/10/2026

Mangoon မှာ ရနိုင်တာက ရခိုင်စာတွေပါ။

ကချင်စာ မရပါဘူး။

အဲ့ဒါလေး လာပြောတာပါ။

ကျေးဇူး​ပါ။

ကိုရခိုင်ကြီး ရဲ့ စပ်ပြဲလန် ရခိုင်စာလေးနဲ့မှ ပွင့်ထွက်လိုက်ချင်တယ် မိုးအေးလေးနဲ့ 🤨

06/10/2026

ရာသီဥတုက အေးတဲ့ဘက်ကို တဖြည်းဖြည်းချင်း ပြောင်းနေပြီလို့တော့ ယူဆရတာပါဘဲ။😎

အဲ့လို အခါသမယမှာ Mangoon က ထမင်းပေါင်း ပူပူလေးကို အရသာ ရှိရှိလေး စားလိုက်ရရင်ဖြင့် ရန်ကုန်ကို ပြန်ရောက်သွားသလို ခံစားသွားရမယ်နော်...

မြန်မာပြည်မှာတော့ ရန်ကုန် ထမင်းပေါင်းနဲ့ မန္တလေး ထမင်းပေါင်းဆိုပြီး ၂ခု ရှိတာမှာ တခုနဲ့ တခု ပုံစံတွေလည်း မတူကြပါဘူး။

Mangoon မှာနဲ့ ရန်ကုန်မှာ မိတ်ဆွေတို့ စားဖူးတဲ့ ထမင်းပေါင်းရဲ့ မူလအစကတော့ တရုတ်ရွှေ့ပြောင်းနေထိုင်သူများ ယူဆောင်လာသော ထမင်းကြော်နှင့် အသားပေါင်းစပ်နည်းမှ ဆင်းသက်လာပါသည်တဲ့။

ဆိုတော့ ရန်ကုန် ထမင်းပေါင်းလေး စားပြီး အိမ်ကို အလွမ်းပြေချင်ရင်တော့ Mangoon ကိုသာ အပြေးလေး လှမ်းလာခဲ့လိုက်ပါ။

Mangoon မှာ ဆုံမယ်နော် 🤩

📍 Mangoon Asian Restaurant, JLT Cluster X

🎵 TikTok:

ဆိုင် တဆိုင်မှာ ‌အောက်က ပုံပါ ဟင်းပွဲကို မှာတာ စားပွဲထိုးကပန်းကန် အလွတ် ၁ချပ်ဘဲ လာချပေးပြီး လစ်သွားလို့တဲ့ လိုင်းပေါ်တက်...
05/10/2026

ဆိုင် တဆိုင်မှာ ‌အောက်က ပုံပါ ဟင်းပွဲကို မှာတာ စားပွဲထိုးက
ပန်းကန် အလွတ် ၁ချပ်ဘဲ လာချပေးပြီး လစ်သွားလို့တဲ့ လိုင်းပေါ်တက်လာရော....

အဲ့လို ဟင်းပွဲ အဆန်းလေးတွေမြင်ရင် စားသုံးသူ မိတ်ဆွေများကို ပြေးသတိရ ပြီး စားစေချင်မိတယ်လေ...

Mangoon မှာလည်း စားသုံးသူတွေ ခေတ်နောက်မကျအောင် ရောင်းပေးတော့မယ်လို့ စိတ်ပိုင်းဖြတ်အပြီးမှာ...

ကြက် ကိုယ်ပျောက်တို့၊ ဘဲ ကိုယ်ပျောက်တို့ 😌

ကြိုတင် မှာထားမှ စိတ်ချရမယ်နော် 😜

ပုံ သူများဟာ...

Mangoon မှာဆုံမယ်နော် 🤩

📍 Mangoon Asian Restaurant, JLT Cluster X

🎵 TikTok:

04/10/2026

ဒီနေ့တော့ အပျင်းပြေ ဂိမ်းလေး ကစားတာပေါ့။

ဘယ်သူက မျက်စိ ဘယ်‌လောက် လျင်သလဲ စမ်းသပ်ပါမယ်။😁

Mangoon ကို လတ်တလော ရောက်ခဲ့တဲ့ သူတွေကတော့ ပိုသိနိုင်ပါတယ်။

ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။

ဒီ video ထဲကနဲ့ အခု လက်ရှိ Mangoon ဆိုင် အတွင်း၊ အပြင် ကွဲလွဲနေတာ အနည်းဆုံး​2ခု လောက်ရှိပါတယ်။

အဲ့ဒါကို ဒီကလစ် တခေါက်ထဲ ကြည့်ပြီး ဘယ်နှခု ရလဲ?
ဘယ်သူက ၂ခါလောက် ပြန်ကြည့်ရလဲ?

မျက်စိလျင်လျင်နဲ့ ရှာတွေ့တဲ့ အချက်တွေကို ကောမန့်မှာ ‌ရေးပေးနိုင်ကြပါတယ်။

ကဲ စပြီနော် ....

fun game လေးပါ။ No stress! Cheers 🥂

ကောင်းသော ရက်သတ္တပတ်လေး ဖြစ်ပါစေ! 🙏

📍Mangoon Asian Restaurant, JLT Cluster X

✨🍰 အစားအသောက် ကောင်းကောင်းလေးတွေ စားပြီးသွားတဲ့ အချိန်တိုင်း  မိတ်ဆွေတို့ အတွက် အရေးကြီးဆုံးက Dessert (အချိုပွဲ၊ အစာပိတ်...
03/10/2026

✨🍰 အစားအသောက် ကောင်းကောင်းလေးတွေ စားပြီးသွားတဲ့ အချိန်တိုင်း မိတ်ဆွေတို့ အတွက် အရေးကြီးဆုံးက Dessert (အချိုပွဲ၊ အစာပိတ်) စားဖို့လိုမယ်လို့ ထင်ပါသလား?

90% သော လူတွေကတော့ စစ်တမ်းတွေအရ အပြင်ထွက်စားတိုင်း အချိုပွဲကို မှာ စားကြတယ်လို့
သိရပါတယ်။ ဘာလို့ စားတာလည်း ဆိုရင်တော့ အစားအသောက်ခရီးစဉ်လေးကို ကောင်းမွန်စွာ
အဆုံးသတ်ပေးဖို့ စားတာပါတဲ့။

Starter တွေကို အားရပါးရ စားတယ်။
Main Course ကို အရသာရှိရှိ သုံးဆောင်တယ်။
စကားတွေပြောရင်း၊ ရယ်မောရင်း အချိန်တွေ ကုန်ဆုံးသွားတယ်။
အဲ့ဒီအချိန်မှာ စားထားတာတွေက ပြည့်စုံသလို ခံစားရပေမယ့် တစ်ခုခု လိုသေးသလိုလည်း ခံစားရတယ်။

ဘာလဲဆိုတာ စဥ်းစားလိုက်တဲ့ အချိန်မှာတော့ အချိုပွဲ မှာဖို့ လိုနေသေးတယ်ဆိုတာ သိလိုက်ရတယ်။
ကိုယ်ကြိုက်တဲ့ အချိုပွဲလေး မှာပြီး ရောက်လာတဲ့အခါမှာတော့ အရာအားလုံးဟာ ပြည့်စုံသွားပါတယ်။😇

Mangoon ရဲ့ အချိုပွဲ အသစ်ဖြစ်တဲ့ နူးနူးညံ့ညံ့နဲ့ Semolina Cake (မြန်မာ ဆနွင်းမကင်း) လေးကို တစ်ဇွန်းချင်း မြည်းကြည့်ရင်း နူးညံ့တဲ့ texture နဲ့ အချိုဓာတ် မျှတတဲ့ အရသာက စိတ်ကို အေးချမ်းစေတယ်။

Main Course ရဲ့ အရသာတွေကို နူးညံ့စွာ အဆုံးသတ်ပေးပြီး Meal တစ်ခုလုံးကို ပိုပြီး မှတ်မိစရာ ဖြစ်စေတယ်။

Mangoon Team အတွက်ကတော့ Dessert ဆိုတာ အချိုပွဲတစ်ပွဲထက် ပိုပါတယ်။

အရသာရှိတဲ့ စားသောက်ဝိုင်းလေးကို ပြီးပြည့်စုံစေတဲ့ နောက်ဆုံး chapter လေးပါ။

တစ်ခါတလေ အမှတ်တရကောင်းတွေက ပထမဆုံးစားတဲ့ အကိုက်(Bite)မှာ မဟုတ်ဘဲ နောက်ဆုံးစားတဲ့ အချိုပွဲ တစ်ဇွန်းမှာ ရှိနေတတ်ပါတယ်။ ❤️

🍰 အစားအသောက်ကောင်းတစ်ပွဲရဲ့ အလှဆုံး အဆုံးသတ်က Dessert လေးတစ်ပွဲပါပဲ။

Mangoon မှာ ဆုံမယ်နော် 🤩

📍 Mangoon Asian Cuisine, JLT Cluster X

Address

Jumeirah Bay X1, Jumeirah Lakes Towers
Dubai

Opening Hours

Monday 12:00 - 22:30
Tuesday 12:00 - 22:30
Wednesday 12:00 - 22:30
Thursday 12:00 - 22:30
Friday 12:00 - 22:30
Saturday 09:00 - 22:30
Sunday 12:00 - 22:30

Telephone

+97145529698

Alerts

Be the first to know and let us send you an email when Mangoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share