19/07/2025
ငါးခြောက်ထောင်းကြော် ကြော်နည်း
----------------------------------------------
ပါ၀င်ပစ္စည်းများ
---------------------
(၁)ငါးခြောက် မဖြစ်မနေပါရပါမယ်
(၂)ကြက်သွန်နီ
(၃)ဆီ
(၄)အချို့မှုန့်အနည်းငယ် သုံးရပါတယ်
----------------------&------------------
ပြုလုပ်ပုံအဆင့်ဆင့်
-------------&------------
(၁)အသားများများငါးခြောက်ကို ဦးစွာပြုတ်ပြီး အသားထွင်ပါ
(၂)ကြက်သွန်နီကို ညီညီလှီးပြီး ကြွပ်နေအောင်ကြော်ပါ(ကြက်သွန်ကိုကြော်တဲ့အခါ ဆီ လုံး၀ ပူနေမှ ကြက်သွန်ကိုထည့်ပါ၊ကြက်သွန်နီ တစ်ကီလိုကြော်ဖို့ ဆီတစ်လီတာလိုပါတယ်)
(၃)ဒယ်အိုးထဲကိုဆီထည့်ပြီး ပူလာရင် နနွင်းမှုန့်ထည့်၊လိုအပ်တဲ့အရောင်ရရင် ထွင်ထားတဲ့ ငါးခြောက်ထည့်ပါ၊ငါးခြောက်အနံ့မွှေးလာရင် ရေအနည်းငယ်ထည့်ပြီး အချိုမှုန့်အနည်းငယ်ထည့်ပါ၊ပြီးနောက် ကျွပ်ပြီး ရဲလာအောင်ကြော်ပါ
(၄)ကြွပ်အောင်ကြော်ထားတဲ့ ငါးခြောက်ကို ခဏ အအေးခံပြီး ကြော်ထားတဲ့ကြက်သွန်ကြော်ရောပါ
(၅)မီးဖိုပေါ်ပြန်တင်ပြီး ရေနွေးအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ရေလုံး၀မကျန်တဲ့အထိ ကြွပ်အောင်ပြန်ကြော်ပါ၊ဒါမှသာ ကြက်သွန်ကြော်ရဲ့အချိုဓာတ်နဲ့အနံ့က ငါးခြောက်ထဲကိုရောက်မှာပါ။
ကျေးဇူးတင်ပါတယ်။
(လျှောက်လိုက်လုပ်မနေပါနဲ့ဗျာ၊ပင်ပန်းပါတယ်၊ကျနော့်မှာ ကြော်ပြီးသားတွေရှိတယ်)
ငါးခြောက်ထောင်းကြော် 100
ဆွမ်းကျောင်းငပိကြော် 100
ပုဇွန်ခြောက် ငံပြာရည်ကြော် 100
(မဲဆောက်မြို့တွင်း ပို့ခမရှိပါ)