Gemini On the Move

Gemini On the Move Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gemini On the Move, North Dagon.

▫️ ဖြတ်သန်းခဲ့သော Chef Life အကြောင်းတစေ့တစောင်း 🧑🏻‍🍳အိမ်ကအမေ မီးဖိုချောင်ထဲဝိုင်းကူနေရာကနေ ကြက်ဥလေးကြော်တတ်တာ၊ ခေါက်ဆွဲပ...
14/12/2024

▫️ ဖြတ်သန်းခဲ့သော Chef Life အကြောင်းတစေ့တစောင်း 🧑🏻‍🍳

အိမ်ကအမေ မီးဖိုချောင်ထဲဝိုင်းကူနေရာကနေ
ကြက်ဥလေးကြော်တတ်တာ၊ ခေါက်ဆွဲပြုတ်လေးပြုတ်တာက Chef Life ရဲ့အစလို့တောင်ပြောလို့ရပါတယ်။ ✨

Chef Life ဘဝထဲပြေးဝင်လာတဲ့အခါမှာဝောာ့ တကယ့်တကယ်တွေ့ကြုံခဲ့တဲ့ အိမ်ရဲ့မီးဖိုချောင်နဲ့ကွာခြားတဲ့ Challenge တွေကိုရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ 🤍

ဟင်းပွဲတွေ Details ကျဖို့အပြင် Fine Dining ၊ Plating ဖန်တီးပုံတွေကအစ ‌သေသပ်ဖို့နဲ့ ဧည့်သည်ရှေ့ရောက်တဲ့ဟင်းပွဲတိုင်းက အရသာပြီးပြည်စုံပြီး စားကောင်းတဲ့ပွဲတစ်ပွဲဖြစ်နေဖို့လည်းလိုတာပေါ့။ ✨

Head Chef တွေရဲ့ပြောစကား အတွေ့အကြုံတွေကို
Helper Chef ဘဝမှာအသေးစိတ်လေ့လာခဲ့ရင်း အဆင့်တွေတစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ခုတော့ ကမ္ဘာတလွှားက Restaurant ကြီးတွေနဲ့ Hotel Kitchen တွေမှာ အရေးပါတဲ့ Chef တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။ 🆒

10 နှစ်ခန့်အတွေ့အကြုံရရှိခဲ့တဲ့ Chef Life ရဲ့အခက်အခဲများ၊ Food Review များကို Gemini On The Move Page လေးက Sharing လုပ်ပေးမှာဖြစ်လို့ Page ကို Like and Follow လေးလုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်။ 🫠


21/11/2024

🤩🎉👩‍🍳

16/11/2024

Tiny things makes you happy….✌️

"Precision and Passion: My Favorite Chef Tools"Chef တစ်ယောက်အတွက် မိမိနဲ့ အတူ Kitchen မှာ အကောင်းဆုံးအရာတွေဖန်တီးပြုလုပ်...
28/10/2024

"Precision and Passion: My Favorite Chef Tools"

Chef တစ်ယောက်အတွက် မိမိနဲ့ အတူ Kitchen မှာ အကောင်းဆုံးအရာတွေဖန်တီးပြုလုပ်ဖို့ အသုံးပြုရတဲ့ Utensil

တွေကလည်း အလွန်အရေးကြီးပါတယ်။

“Having the right tools in the kitchen is crucial for a chef to prepare dishes effectively.”

ဆိုသလိုပါပဲ။မိမိကိုယ်တိုင်အနေနဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဟင်းပွဲတွေ ဖန်တီးဖို့ ပီးပြည့်စုံတဲ့ Kitchen Utensils တွေကိုသုံးရတာ လက်ခံပေမယ် Season Chef,Travel Chefကဲ့သို့ မတူတဲ့ Kitchen တွေမှာ ကူပြောင်းအလုပ်လုပ်ရတဲ့အခါ ခုရွေးချယ်ထားတဲ့ Minimum Tools တွေကတော့ ကမ္ဘာကြီးရဲ့ မည်သည့် Kitchen မှာဖြစ်စေ အချိန်ကုန်သက်သာ မြန်ဆန်စေပီး Good Balance in Work ကိုပေးနိုင်တဲ့ ပစ္စည်းလေးတွေပါ……..

မိမိအတွက် သွားလေရာ Essential Chef’s tools အဖြစ်

1-Chef Knife

2-Paring Knife

3-Peeler

4-Tweezer

5-Tong

6-StraightSpatula တို့က အရမ်းကို အသုံးဝင်လှပါတယ်။

မိမိ နဲ့ ကိုက်ညီပီး ပိုအသုံးပြုတာ လွယ်ကူစေတဲ့ Tools တွေကတော့ Chef တစ်ယောက်နဲ့ တစ်ယောက်

Cuisine Type ပေါ်မူတည်ပီးတော့လည်း ကွဲပြားနိုင်ပါတယ်။မိမိနဲ့ အသုံးဝင်တဲ့ Tools နဲ့ အလုပ်လုပ်ရတာ မိမိရဲ့ လုပ်ရည်ကိုင်ရည် နဲ့ ဖန်တီးမှုအားတွေ ပိုတိုးတက်စေနိုင်ပီး Culinary Journey မှာလည်း ပျော်ရွှင်စရာ အမှတ်တရတွေပိုမိုရရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ခရီးတွေသွားပီး အလုပ်လုပ်ရတဲ့ Chefsတွေ အတွက် အခြေခံအားဖြင့် အဓိက အသုံးဝင်ပီး မိမိနဲ့လည်း ကိုက်ညီတဲ့ Toolsလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


28.Octobre:2024
GOTM

👩‍🍳🍀🧑‍🍳My Culinary Philosophy..... စားဖိုမှူးတစ်ဦးအနေဖြင့် ချက်ပြုတ်ခြင်းဒဿနသည် အစားအစာများ ၏အကျိုးအကြောင်း ဆက်နွယ်နေမှူ...
28/10/2024

👩‍🍳🍀🧑‍🍳My Culinary Philosophy.....

စားဖိုမှူးတစ်ဦးအနေဖြင့် ချက်ပြုတ်ခြင်း
ဒဿနသည် အစားအစာများ ၏အကျိုးအကြောင်း ဆက်နွယ်နေမှူများ ကိုစူးစမ်းရှာဖွေမှုအတွက် ကြားခံတစ်ခုဖြစ်သည်ဟူသော ယုံကြည်ချက်အပေါ် အလေးထားမိပါသည်။

ဒေသဆိုင်ရာ သန့်ရှင်းလတ်ဆတ်သော ပါဝင် ပစ္စည်းများ ဖြင့် အနံ့အရသာကို ကို မြှင့်တင်ပီး ကောင်းမွန်တဲ့ အရည်သွေးကို ထင်ဟပ်ပြသချင်မိပါတယ်။

မတူညီသောနေရာများသို့ ခရီးသွားခြင်းနှင့် ယဉ်ကျေးမှုအသစ်များကို စူးစမ်းလေ့လာခြင်းသည် ကမ္ဘာတစ်ဝှမ်းမှ စိတ်လှုပ်ရှားဖွယ်ရာ ဟင်းလျာများကို ဖန်တီးရန်အတွက် နည်းပညာများနှင့် အရသာများကို ရောစပ်ထားသောကြောင့် အချက်အပြုတ်ဖန်တီးမှုများကို ပိုလေ့လာစူးစမ်းဖို့ လိုအပ်ပါတယ်။

လက်တွေ့ဆန်ပီး ရိုးရှင်းအရသာရှိသော ချက်ပြုတ်နည်းများကို ပိုတန်ဖိုးထားသောကြောင့် Cooking ကလူတိုင်းတွက် နှစ်သက်ပျော်ရွှင်စရာကောင်းပီး အလွယ်တကူ ဖန်တီး နိုင်မည်ဟု ယုံကြည်မိပါသည်။

Culinary ခရီးမှာ ရေရှည်တည်တံ့မှုကိုလည်း ဦးစားပေးဖို့ လိုအပ်သလို အမှိုက်ကို လျှော့ချရန် ကြိုးစားကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပါဝင်ပစ္စည်းများကို ရွေးချယ် စီစစ်သင့်ပါသည်။

အဆုံးစွန်အားဖြင့် Culinary journey မှာ မတူညီသောပညာရပ်များကို လေ့လာသင်ယူရန်သာမက ကျွန်ုပ်တို့၏ ဘဝဆီသို့ အစားအစာများ သယ်ဆောင်လာပေးသော ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုကို ဂုဏ်ပြုရန်နှင့် ကမ္ဘာကြီးမှ ပေးဆောင်သော အရသာရှိသည့် အရာရာကို စူးစမ်းလေ့လာသွားရပါဦးမည်။

Gemini On the Move♊️🍀🕊️

Address

North Dagon

Website

Alerts

Be the first to know and let us send you an email when Gemini On the Move posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share