08/05/2025
Australia မှစပွန်ဆာဖြင့်ခေါ်ခြင်း Community Support Program (CSP) အကြောင်းသိကောင်းစရာများ 🇦🇺
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
By - Saya Ceumi Lian
CSP (Community Support Program) ဆိုသည်မှာ Australia အစိုးရ ပြည်ထဲရေးဌာန(Deparment of Home Affairs) မှ ဒုက္ခသည်များကို၎င်းနိုင်ငံသို့ဝင်ခွင့်ရအောင် လမ်းကြောင်းတခုဖန်တီးပေးခြင်းဖြစ်ပါသည်။ (CSP ဟုအတိုကောက်ရေးသွားမည်)
Australia အခြေပြုအဖွဲ့အစည်းတခုခုမှ အစိုးရထံ ဗီဇာကြေးအပါအဝင် ၁၂ လတာနေထိုင်မှုစရိတ်အဝဝကိုတာဝန်ယူ၍ဆောင်ရွက်ရပါသည်။
ဤ CSP (Community Support Program) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် Australia အစိုးရ ပြည်ထဲရေးဌာန (Department of Home Affairs) မှ အဖွဲ့အစည်း (Organization) များကိုရွေးချယ်ပြီးတာဝန်ပေးအပ်ပါသည်။ ထိုသို့ရွေးချယ်သော အဖွဲ့အစည်း (Organization) များကို Approved Proposing Organization (APO) ဟုခေါ်ပါပါသည်။ (APO ဟုအတိုကောက်ရေးသွားမည်)
ထို့ကြောင့် CSP အစီအစဥ်ဖြင့်ဒုက္ခသည်ခေါ်ယူခြင်းကို APO များထံမှသာဆောင်ရွက်ရသည်။ ၎င်း APO များသည်လည်း parmenant မဟုတ်ဘဲ တနှစ်တကြိမ်ရွေးချယ်ခံရပါသည်။
၂၀၂၄-၂၀၂၅ ခုနှစ်အတွက် Australia အစိုးရ ပြည်ထဲရေးဌာန (Department of Home Affairs) မှ အသိအမှတ်ပြုသော APO အဖွဲ့အစည်း (၁၁) ဖွဲ့ရှိပါသည်။ တချို့ APO များသည်တနိုင်ငံလုံးအတွက်ဆောင်ရွက်ရပြီး တချို့ APO များမှာ ပြည်နယ် (State or Territories) တခုအတွက်သာဆောင်ရွက်ရပါသည်။ APO အဖွဲ့အစည်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
Autralia တနိုင်ငံလုံးအတွက်ဆောင်ရွက်သော APO:
1. AMES Australia
2. Cultura
3. Eastern Christian Welfare Australia
4. International Organization for Immigration (IOM)
5. Settlement Service International (SSI)
ပြည်နယ် (State or Territoris) တခုအတွက်ဆော်ရွက်သော APO:
New South Wales (NSW)
1. Assyrian Australian Association
2. Illawarra Multicultural Services (IMS)
Victoria (VIC)
1. Spectrum Migrant Resource Centre
Queensland (QLD)
1. Multicultural Australia Ltd
South Australia (SA)
1. Australian Migrant Resource Centre (AMRC)
2. Australian Refugee Association (ARA)
သိထားရန်မှာ Australia တွင် ဒုက္ခသည်အတွက်ကူညီဝန်ဆောင်မှုပေးသောအဖွဲ့အစည်း (Organization) အမျိုးမျိုးရှိသော်လည်း CSP အစီအစဥ် (Community Support Progam) ဖြင့် ဒုက္ခသည်စပွန်ဆာပေး (sponsor) ခေါ်ယူလိုပါက APO (Approved Proposing Organization) ထံတွင်သာဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။
APO မဟုတ်သောအဖွဲ့အစည် (organization) များမှာ ဖောင်ဖြည့်ခြင်းနှင့်အခြားစာရွက်စာတမ်းကိစ္စများ (paper work) အတွက်သာကူညီနိုင်မည်ဖြစ်ပြီး အစိုးရထံ၎င်းတို့အမည်ဖြင့်တာဝန်ခံတင်ပြပေးနိုင်သောအခွင့်မရှိပါ။ ထို့ကြောင့် CSP ဖြင့်ငွေကြေးအမြောက်အများအကုန်ခံဆောင်ရွက်သည့်ကိစ္စဖြစ်သဖြင့် မိမိတို့ဆက်သွယ်ဆောင်ရွက်နေသောအဖွဲ့အစည်းသည် APO အဖွဲ့အစည်းဟုတ် မဟုတ်သိထားဖို့အရေးကြီးပါသည်။
CSP အစီအစဥ်အတွက် APO ၏အခန်းကဏ္ဍသည်အလွန်ရေးပါပြီး လက်ခံခြင်း လက်မခံခြင်းအထိ အကျိုးသက်ရောက်နိုင်ပါသည်။ အစိုးရထံမတင်ပြမီ ၎င်းတို့မှသေချာစွာစိစစ်ပြီးမှဆောင်ရွက်လေ့ရှိပါသည်။ ဤ CSP အစီအစဥ်တွင် ဒုက္ခသည်များအတွက် သတ်မှတ်ထားသောအရည်အချင်းနှင့်ဦးစားပေးအဆင့် (priority) များရှိပါသည်။ ၎င်းတို့အနက်အရေးကြီးသောအချက်တချို့မှာ
၁) အသက် (၁၈) မှ (၅၀) အတွင်း
၂) အင်္ဂလိပ်စာ/စကား ကျွမ်းကျင်သူ နှင့် ကျွမ်းကျင်လုပ်သား(skill)
၃) Australia တွင်အလုပ်ရှိသူ(job offer)
UNHCR ကဒ်ရှိသူနှင့်မရှိသူကွာခြားချက်
အစိုးရဖက်မှ UNHCR ကဒ်ရှိခြင်း မရှိခြင်းကိုအလေးမထားပါ။ ခေါ်မည့်သူနှင့်ဒုက္ခသည်နှစ်ဖက်လုံးသတ်မှတ်ချက်ပြည့်မီ၍ APO မှလက်ခံနိုင်လျှင် UNHCR ကဒ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အင်တာဗျူးအောင်ပါက visa ထုတ်ပေးပါသည်။
ဤ CSP အစီအစဥ်ဖြင့်ဒုက္ခသည်ခေါ်ယူခြင်းအတွက် ကုန်ကျစရိတ်မှာလည်းအနည်းငယ်ကွဲပြားနိုင်ပါသည်။ APO (အဖွဲ့အစည်း) မှ ၎င်းတို့၏အခြေအနေနှင့်အလုပ်အကိုင်ပေးအပ်မှုတို့အပေါ်မူတည်၍ အခကြေးငွေသတ်မှတ်လေ့ရှိပါသည်။
ထို့ကြောင့်မည်မျှကုန်ကျမည်အတိအကျသိလိုပါက တခြားသူများကိုမေးမြန်းခြင်းထက် မိမိကိုဝန်ဆောင်ပေးမည့် APO ထံမေးမြန်းသင့်ပါသည်။
ဤဒုက္ခသည်ခေါ်ယူခြင်းပြုလုပ်လိုပါက ခေါ်မည့်သူဖက်မှ အထက်တွင်ဖော်ပြထားသော APO (အဖွဲ့အစည်း) များထံတွင် EOI (Expression of Interest) online form မဖြစ်မနေဖြည့်ရပါမည်။ ၎င်းသည်ပထမအဆင့်ပြုလုပ်ရမည့်အခြေခံအဆင့်ဖြစ်ပါသည်။ Crd # Michael Thawng
မူရင်း 👇
https://www.facebook.com/share/p/1Fevx3Th2y/