12/05/2026
Cheesecake လောကရဲ့ Rule-Breaker: 𝐁𝐮𝐫𝐧𝐭 𝐁𝐚𝐬𝐪𝐮𝐞 𝐂𝐡𝐞𝐞𝐬𝐞𝐜𝐚𝐤𝐞! 🧀🔥
၁၉၉၀ ပြည့်နှစ်ဝန်းကျင် စပိန်နိုင်ငံ San Sebastián မြို့ပေါ်က La Viña ဆိုတဲ့ စားသောက်ဆိုင်လေးမှ ဆိုင်ပိုင်ရှင်ဖြစ်သူ Santiago Rivera က သမားရိုးကျ Cheesecake တွေနဲ့မတူဘဲ အသစ်အဆန်းဖြစ်အောင်ဆိုပြီး 𝐁𝐮𝐫𝐧𝐭 𝐂𝐡𝐞𝐞𝐬𝐞𝐜𝐚𝐤𝐞 ကို စတင်တီထွင်ဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ် . . .
နာမည်အတိုင်းကိုပဲ အပေါ်ယံမျက်နှာပြင် တူးနေသယောင်ဖြစ်နေတာက ဒီကိတ်ရဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး တမင်တကာကို အပူချိန်အမြင့်နဲ့ ဖုတ်ထားတာလည်းဖြစ်ပါတယ် . . . အပေါ်ပိုင်းက မီးလောင်ထားသလိုဖြစ်နေပေမယ့် အတွင်းသားကတော့ ပုံမှန် Cheesecake တွေထပ်တောင်မှ ပိုမို နူးညံ့အိစက်နေတာကြောင့် လူငယ်တွေကြားမှာ အထူးရေးပန်းစားနေတာပဲ ဖြစ်ပါတယ် . . .
အပေါ်ယံ ခါးသက်သက် အရသာက Cheese ရဲ့ အစိမ့်ဓာတ်ကိုလျော့ချပေးနိုင်တာကြောင့် အီမသွားပဲ စိမ့်ချိုချိုကိုမှ ခါးခါးလေး တစ်နည်းအားဖြင့် မီးဖုတ်ထားတဲ့ Marshmallow လိုမျိုး အနံ့အရသာကိုပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ် . . .ပုံစံမကျတာကိုက ဒီကိတ်ရဲ့အလှတစ်ခုလိုဖြစ်တာကြောင့် Modern ကာလမှာ လူတော်တော်များကြိုက်နှစ်သက်ကြတဲ့ ကိတ်အမျိုးအစား တစ်ခုပဲဖြစ်ပါတယ် . . .
၂၀၂၁ ခုနှစ်မှာ 𝐍𝐞𝐰 𝐘𝐨𝐫𝐤 𝐓𝐢𝐦𝐞𝐬 က ဒီကိတ်ကို "𝐅𝐥𝐚𝐯𝐨𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫" လို့ သတ်မှတ်ခဲ့ဖူးတာကြောင့် အရသာပိုင်းကတော့ လုံးဝကိုပြောစရာမလိုပါဘူး . . . အမိုက်စား ဒီကိတ် လေးကို မှာယူအားပေးလိုတယ် ဆိုရင်တော့ မကြာခင် တောင်ဥက္ကလာ၊ ရတနာလမ်းမှာ ဖွင့်လှစ်တော့မယ့် 𝐌𝐲 𝐇𝐨𝐩𝐞 𝐂𝐚𝐟𝐞𝐭𝐞𝐫𝐢𝐚 မှာလည်း သုံးဆောင်နိုင်တော့မှာ ဖြစ်တာကြောင့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် . . .
𝐌𝐲 𝐇𝐨𝐩𝐞 𝐂𝐚𝐟𝐞𝐭𝐞𝐫𝐢𝐚
𝐒𝐰𝐞𝐞𝐭𝐞𝐧𝐢𝐧𝐠 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞.
☎ 𝟎𝟗 𝟕𝟔𝟎 𝟐𝟎𝟕 𝟑𝟐𝟐
Coming Soon 🔜 Yadanar Road, South Okkalapa Township, Yangon.