ZYT94

ZYT94 ဘိလပ်မြေရောင်းဝယ်ရေးနှင့်.Logistic servises
Ko Zayar.(YGN)...
09789016121

25/12/2025

Merry Christmas from [ZYT94] 🚗✨
ခရစ်စမတ်အခါသမယတွင်
Customer များအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး
မိသားစုများနှင့်အတူ ပျော်ရွှင်နွေးထွေးသော
ခရစ်စမတ်နေ့ရက်များကို ခံစားနိုင်ပါစေကြောင်း
[ZYT94] မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယုံကြည်စိတ်ချရသော
✔️ အရည်အသွေးမှန် ကားများ
✔️ စျေးနှုန်းတန် ဝန်ဆောင်မှု
✔️ စိတ်ချလက်ချ ဝယ်ယူနိုင်မှု
တို့ဖြင့် Customer များကို ဆက်လက်ဝန်ဆောင်မှုပေးသွားပါမည်။

ယုံကြည်စွာ အားပေးကြသော Customer များအားလုံးကို
အထူးပင် ကျေးဇူးတင်ရှိပါသည်။
🎅🚘 Merry Christmas & Safe Driving! 🎁
Zayar Htun admin

မင်မင် အလုပ်လေးမအားသေးလိူ့နော် အားတာနဲ့ ဗဟုသုတ ရစရာတေနဲ့ ရောင်းကားလေးတေတင်ပေးပ့မယ် ဗျာ 🙏🙏🙏Like & share လေးလုပ်ပေးထားကျအု...
08/06/2025

မင်မင် အလုပ်လေးမအားသေးလိူ့နော်
အားတာနဲ့ ဗဟုသုတ ရစရာတေနဲ့ ရောင်းကားလေးတေတင်ပေးပ့မယ် ဗျာ 🙏🙏🙏
Like & share လေးလုပ်ပေးထားကျအုံးနော်
Give way အစီအစဥ်လေးတေလဲရှိလို့ပါ

ချစ်ချင်းများစွာဖြင့် ZYT94

Zayar Htun
Zayar Xtun

13/05/2025

2-Wheel နဲ့ 4-Wheel ဘာကွာလဲဆိုတာ?

အခြေခံအားဖြင့် ကားတွေမှာ ၂ ဘီးမောင်း နဲ့ ၄ ဘီးမောင်း (2WD/4WD) ဆိုပြီး (၂) မျိုးရှိပါတယ်
Function
လုပ်ဆောင်နိုင်စွမ်း function ကတော့ အသီးသီးရှိကြပါတယ်။
၂ ဘီးမောင်းတွေက ဘီးနှစ်ဘီးကိုသာ အင်ဂျင်နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး
၄ ဘီးမောင်းတွေကတော့ ဘီးလေးဘီးစလုံး ကိုအသုံးပြုပြီး မောင်းနှင်ရပါတယ်။
Types
၂ ဘီးမောင်းယာဉ်တွေကို ရှေ့ယက် နဲ့ နောက်ယက် နှစ်မျိုးခွဲခြားနိုင်ပြီး ရှေ့ယက်က ရှေ့ဘီး၂ဘီးလည်ပတ်ပြီး မောင်းနှင်ရတာပါ၊ နောက်ယက်ကားတွေကျတော့ အနောက်ဘီး ၂ဘီး နဲ့မောင်းရပါတယ်။
၄ ဘီးမောင်းယာဉ်တွေမှာလည်း part-time four-wheel drive & full-time four-wheel drive ဆိုပြီး ရှိပါတယ်။ Full-time four-wheel drive ကို all-wheel drive လို့လည်းခေါ်လို့ရပါတယ်။
All-wheel drive ကားတွေဟာ ဘီးလေးဘီးလုံးကို အင်ဂျင်နဲ့ အသေ တွယ်ဆက်ထားတာဖြစ်ပြီး part-time four-wheel drive တွေက ဘီးလေးဘီးနဲ့ ဘီးနှစ်ဘီးကို ခလုတ်(သို့မဟုတ်)မောင်းတံလိုမျိုးကို သုံးပြီး ပြန်ပြောင်းမောင်းနှင်နိုင်ပါတယ်။
Advantages
Driveline တစ်မျိုးစီမှာ ကိုယ်စီ အားသာချက်တွေရှိကြပါတယ်
4wd ကားတွေက နှင်းတောတွေ၊ ရေခဲပြင်တွေ၊ ရွှံ့နွံတွေမှာပါ ရုန်းအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်ပြီး တောလမ်းတွေ၊ လမ်းကြမ်းတွေ နဲ့ off-road မောင်းမယ့်သူတွေနဲ့ အရမ်းသင့်တော်ပါတယ်
2wd ကားတွေက mechanical စနစ်တွေ ပိုရိုးရှင်းပြီး ပိုပြီး ပေါ့ပါးတယ် lightweight ဖြစ်ပါတယ်
Drivetrain အတွက် overall price အကုန်အကျလည်း ပိုပြီးသက်သာပါတယ်။
Drawbacks
Drive system တစ်ခုချင်းကတော့ အားနည်းချက်တွေလည်း ရှိကြပါတယ်
2wd ကားတွေဟာ တောလမ်းကြမ်းတွေနဲ့ ရွှံ့ထူတဲ့လမ်းတွေမှာ သိပ်မရုန်းနိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ ဘီးနှစ်ဘီးတည်းကပဲ အားထည့်ပြီး steering ရော driving ရော duty နှစ်မျိုးလုပ်ဆောင်ရလို့ပါ
4wd ကားတွေကတော့ အင်ဂျင်နဲ့ လေးဘီးလုံးကို ချိတ်ဆက်ထားတဲ့အတွက် တပ်ဆင်ထားရတဲ့ စက်ပစ္စည်းတွေပိုများပြီး အလေးချိန်နဲ့ အကုန်အကျပိုများတဲ့အပြင် တစ်ခုခုပျက်ခဲ့ရင်လည်း ပြင်စရာပိုများပါတယ်
Safety Issues
၂ ဘီးမောင်းနဲ့ ၄ ဘီးမောင်း ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ လုံခြုံမှု ကိုလည်း ထည့်တွက်ပြီးရွေးချယ်သင့်ပါတယ်
တချို့သောကားကုမ္ပဏီတွေက နောက်ယက်စနစ်နဲ့ မောင်းရတဲ့ 2WD ကားတွေကို များများစားစား မထုတ်ကြပါဘူး...လူအများကလည်း rear-wheel drive တွေကို front-wheel drive နဲ့ 4WD ကားတွေလောက် လုံခြုံမှုသိပ်မရှိဘူးလို့ ယူဆကြလို့ပါ
နောက်ပိုင်းမှာတော့ Electronic Traction Control နဲ့ Anti-lock ဘရိတ်တွေကြောင့် rear-wheel drive ကားတွေက အရင်ကထက်ပိုပြီး စိတ်ချရတယ်လို့ သိရှိရပါတယ်
ဒါပေမယ့် 4WD ကားတွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး
4WD တွေဟာ weight လည်းခံနိုင်ပြီး stability ပိုရတော့ပိုငြိမ်တာမို့ ပိုလည်း safe ဖြစ်ပါတယ်

Credit မူရင်းပိုင်ရှင်

ဟိုက်ဂျက်စီးပြီး ခေါင်းမစားရအောင် မဖြစ်မနေသိထားသင့်တဲ့ အချက်များ (ဝပ်ရှော့ဆရာများနဲ့ ဟိုက်ဂျက် ပိုင်ရှင်တွေ သိကို သိထားသ...
08/05/2025

ဟိုက်ဂျက်စီးပြီး ခေါင်းမစားရအောင် မဖြစ်မနေသိထားသင့်တဲ့ အချက်များ (ဝပ်ရှော့ဆရာများနဲ့ ဟိုက်ဂျက် ပိုင်ရှင်တွေ သိကို သိထားသင့်ပါတယ်)

ဟိုက်ဂျက်ကားအမျိုးအစားဟာ ဂျပန်အခြေစိုက် ဒိုင်ဟက်စု ကားကုမ္မဏီကထုတ်လုပ်ပြီး ပြည်တွင်းမှာအသုံးများတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်တဲ့အတွက် ဆီစားသက်သာတဲ့ လုပ်ငန်းသုံးကားပါ။ ဟိုက်ဂျက်ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ ပြဿနာတချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်-

၁။ ရေဆူတာ၊ ၂၀၁၁ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တတ်တာပါ။ မောင်းနှင်နေစဉ်မှာ အပူရှိန်လွန်ကဲပြီး ရေတိုင်ကီ (radiator) ထဲက ရေတွေ ဆူပွက်လာတာပါ။ ဝပ်ရှော့ပ်မှာ စစ်ဆေးတဲ့အခါ အအေးခံ ဆန်ဆာ (cooling temperature sensor) ပျက်စီးတာပါ။ အဲဒီ ဆင်ဆာကို အသစ်လဲလှယ်ရမှာ ဖြစ်ပါတယ်။

၂။ မီးမကူးတာ၊ ၂၀ဝ၁ မော်ဒယ်ဟိုက်ဂျက်မှာ ဖြစ်တာပါ။အင်ဂျင်က မီးမကူးတာ၊ ဆီမဖျန်းနိုင်တာတွေ ဖြစ်လာတာပါ။ ပြဿနာကတော့ အင်ဂျင်ထိန်းချုပ်စနစ် - engine control unit (ECU)က အလုပ်မလုပ်တာ ဖြစ်တယ်။

၃။ စက်နှိုးလို့ မရတာ၊ ၁၉၉၅ မော်ဒယ်ဟိုက်ဂျက်ကို စက်စတင်နှိုးလို့မရတဲ့ ပြဿနာပါ။ သော့ကိုလှည့်လိုက်တဲ့အခါ မီးလင်း လာပေမဲ့ စက်နိုး မလာတာပါ။ ပါဝါပေးတဲ့စနစ်က ချို့ယွင်းတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို စစ်ဆေးရမှာပါ။ ဘက်ထရီငုတ်တိုင်တွေမှာ ချိတ်ဆက်တဲ့ ဝါယာတွေကိုလည်း သန့်စင်ပြီး ချိတ်ဆက်မှု ရှိ၊မရှိ စစ်ဆေးရပါမယ်။

၄။ ဟိုက်ဒရောလစ်ဘရိတ် ပြဿနာ၊ ၁၉၉၀ မော်ဒယ်လ် ဟိုက်ဂျက်မှာဖြစ်တာပါ။ ဟိုက်ဒရောလစ်ဘရိတ် က ပုံမှန်အလုပ်မလုပ်တော့တာပါ။ ဘရိတ်စနစ်တစ်ခုလုံးကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဘရိတ် ဆီယိုစိမ့်မှုရှိမရှိကိုလည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဘရိတ်ဆီယိုစိမ့်တဲ့အတွက် ဘရိတ်ဖိအားကျဆင်းတာလည်း ဖြစ်နိုင်ပါတယ်။

၅။ ဂီယာပြဿနာ၊ ၂၀ဝ၇ မော်ဒယ် ဟိုက်ဂျက်မှာ အော်တိုဂီယာက ပုံမှန် အလုပ်မလုပ်တာပါ။ ဂီယာကို နံပါတ် ၃ အထိထားတဲ့အခါ အမြင့်ဆုံး တစ်နာရီ ၇၀ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ နံပါတ် ၃ ဂီယာကနေပြောင်းလဲလို့ မရတာပါ။ အော်တိုဂီယာစနစ်မှာ ချို့ယွင်းချက် ရှိနေတာပါ။

၆။ ပါဝါစတီယာရင်ပန့်မ်၊ ၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာ ပါဝါစတီယာရင်ပန့်မ် (power steering pump) ချို့ယွင်းတတ်တာပါ။ အသစ်လဲလှယ်ရမှာပါ။

၇။ ဆီစားနှုန်းများလာတာ၊ ၂၀ဝ၇ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ အိတ်ဇောက မီးခိုးထုတ်လွှတ်တာနည်းပါးပေမဲ့ ဆီစားနှုန်းများလာတာပါ။ အခြားဟိုက်ဂျက်ကားတွေ လောင်စာဆီတစ်လီတာကို ၁၄ ကီလိုမီတာ မောင်းနှင်ရပေမဲ့ အဲဒီ ဟိုက်ဂျက်ကတော့ လောင်စာဆီ တစ်လီတာကို ၁၁ ကီလိုမီတာသာမောင်းနှင်နိုင်ပါတယ်။

၈။ အင်ဂျင်ချက် မီးလင်းတာ၊ ၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှ အင်ဂျင် ချက်မီး လင်းလာတာပါ။ မောင်းနှင်ပြီး ငါးမိနစ်အတွင်းမှာ အရှိန်ပြဒိုင်ခွက် (speedometer) ကအလုပ်မလုပ်တော့ဘဲ အင်ဂျင်ချက်မီးလင်းလာတာပါ။ ဒိုင်ခွက် အလုပ် မလုပ်တာကတော့ ဝါယာရိန်းစနစ်ကိုစစ်ဆေးရမှာဖြစ်ပါတယ်။ အင်ဂျင်ချက်မီးလင်းတာကတော့ ကွန်ပျူတာထိုးစစ်ပြီး ပြစ်ချက်ရှာဖွေမှသာ ချို့ယွင်းချက်ရှိတဲ့အစိတ်အပိုင်းကို အတိအကျ သိနိုင်မှာဖြစ်ပါတယ်။

မူရင်းရေးသားသူအား creditပေးပါသည်။

02/05/2025

ကားကိုအသုံးမပြုဘဲ အကြာကြီးမရပ်ထားသင့်သောအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားတစ်စီးကို အသုံးမပြုပဲရပ်ထားတာကြာရင်ဘာဖြစ်နိုင်လဲ ?

အကြာကြီးရပ်ထားရတဲ့ ကားတစ်စီးမှာ ဘယ်အစိတ်အပိုင်းတွေ ထိခိုက်နိုင်လဲ ဆိုတော့

▪️Battery -
ဟုတ်ပါတယ်
စစခြင်း ပျက်စီးနိုင်တာကတော့ battery ပါ။
မော်တော်ကား battery ဟာ recharge လုပ်နိုင်ဖို့
ပုံမှန်မောင်းနှင်မှု လိုပါတယ်။
ကားစက်မနှိုးထားပေမဲ့လဲ ကား battery က အော်တို discharge ဖြစ်နိုင်ပါတယ်။
အဲ့လို discharge ဖြစ်ရင်း ကားလဲ မမောင်းဖြစ်ရင်းကနေ နောက်ဆုံး battery break down
ဖြစ်သွားနိုင်ပြီး ကားလုံးဝနှိုးလို့ရမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကျွန်တော်အကြံပေးလိုတာက မိမိကားကို
မမောင်းဖြစ်သော်ငြားလဲ တစ်ရက်ကို နာရီဝက်လောက် (ဆီတော့ကုန်တာပေါ့လေ) စက်နှိုးပေးသင့်ပါတယ်။
ဒါမှသာ battery recharge လုပ်နိုင်ပြီး battery ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။

▪️အင်ဂျင် -
ကားအင်ဂျင်မလည်ပတ်တဲ့ အချိန်မှာ အင်ဂျင်ရဲ့ စက်ချောဆီ စနစ်ကလဲ မလည်ပတ်နိုင်ပါဘူး။
ဒါကြောင့်မို့လို့ ကားကို အချိန်တစ်ခုကြာ ရပ်ထားမိတဲ့အခါ အင်ဂျင်မှာ ပါဝင်တဲ့ belt ကြိုးတွေ၊ ဗားတွေ၊ ဆလင်ဒါ လိုင်နာနဲ့ ရင်း (rings) တွေ ဆီငတ်ပြီး
သံချေးတတ်နိုင်ပါတယ်။
နောက်တစ်ချက်က အဝိုင်းစီး (oil seals) တွေကလဲ
ဆီနဲ့ မထိတွေ့ရတဲ့အခါ ခြောက်ပြီး မာကျွတ်လာတတ်ပါတယ်။
အဲ့လိုဖြစ်ပြီဆိုရင်တော့ သေချာပေါက်ဆီမလုံတော့ဘဲ တစ်ခြားနေရာတွေကို ဆီယိုပါလိမ့်မယ်။
အဲ့တော့ battery အတွက်သာ မကဘဲ အင်ဂျင် အတွက်ပါ ကားကို‌နေ့စဉ် စက်နှိုးပေးခြင်းက အများကြီး အကျိုးရှိစေမှာပါ။

▪️တာယာ -
ကားတစ်စီးကို အကြာကြီးရက်ပေါင်းများစွာ ရပ်ထားရင် မြေကြီးနဲ့ ထိစပ်နေတဲ့ တာယာမျက်နာပြင်မှာရှိတဲ့ ရာဘာက ကားဝိတ်နဲ့ အချိန်ကြာကြာဖိမိနေတာကြောင့် အနည်းငယ် ပုံပြောင်းသွားတတ်ပါတယ်။
flat spotting ဖြစ်တယ်လို့ခေါ်ပါတယ်။
အဲ့လိုဖြစ်နေရင် ကားပြန်မောင်းတဲ့ အခါ ဘီးက ခုန ပြားတဲ့နေရာကြောင့်vibration ဝင်သလိုဖြစ်တတ်ပါတယ်။
ဒါ‌ ပေမယ့် နည်းနည်းပြန်မောင်းပြီးရင် တာယာပြန်ညီပြီး ပြန်ကောင်းသွားတတ်ပါတယ်။
ဒါကြောင့် သွားစရာမရှိ လို့ ကားရပ်ထားမယ်ဆိုရင်တောင် တစ်ရက်ခြားတစ်ခါလောက်
ဘီးနေရာပြောင်းအောင် ရှေ့တိုးနောက်ဆုတ်အနည်းငယ်လုပ်ပေးသင့်ပါတယ်။

▪️ဘရိတ် -
ဘရိတ်ဒရမ် (brake drum) နဲ့ ဒစ် (discs) တွေဟာလဲ တခြားသတ္တုတွေနည်းတူ အသုံးမပြုတာကြာလာရင် သံချေးတတ်နိုင်ပါတယ်။
ကားအကြာကြီးရပ်ထားချိန်မှာ hand brake မဆွဲထားပါနဲ့။
အချိန် ကြာကြာ ရပ်ထားခိုက်မှာ hand brake ဆွဲထားမိရင် brake pads က drum တွေ discs တွေမှာ အသေကပ်သွားနိုင်လို့ပါ။

▪️ဆေးသား -
ကိုယ့်ကားက ဂိုဒေါင်ထဲမှာဆိုရင်တောင် ရပ်ထားတာကြာလို့ ကားပေါ်တင်လာတဲ့ ဖုန်မှုန့်တွေက အချိန်ကြာတဲ့အခါ ဆေးသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မိမိကားကို ပုံမှန်ဆေးကြော သန့်စင်ပေးပါ။ အပေါ်က wax တစ်ထပ်ကြိုတိုက်ထားနိုင်ရင်တော့ အတော်လေးကောင်းပါတယ်။
ကားအပေါ်မှာ အဖုံးအုပ်ထားပေးခြင်းကလဲ မိမိကားရဲ့ ဆေးသားကို ကာကွယ်ပေးနိုင်မှာပါ။

အပေါ်က အချက်တွေအပြင် အချိန်အကြာကြီးရပ်ထားတဲ့ ကားမှာ အဲယားကွန်းလိုင်းစိမ့်တာ၊ အောက်ပိုင်း (suspension) သံချေးတပ်တာတွေလဲ ဖြစ်တတ်လို့ ကားပြန်လည်အသုံးပြုမောင်နှင်းမယ်ဆို အန္တရာယ်ကင်းအောင် အပေါ်က အစိတ်အပိုင်းတွေကို သတိထားစစ်ဆေးပြီးမှသာ ပြန်မောင်းစေလိုပါတယ်။

ဆီတိုင်ကီ အတွင်းပိုင်းနံရံတွေ သံချေးမတက်နိုင်အောင်လဲ ဆီကိုတိုင်ကီ အပြည့်ဖြည့်ထား‌ပေးသင့်ပါတယ်။
ဆောင်ရန် ရှောင်ရန်အကြောင်းလေးပေါ့။



မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

27/04/2025

TOYOTA ရဲ့ MPV အမျိုးအစားမှာ
အရောင်ရဆုံး ဘုရင်တစ်ပါး ဖြစ်တဲ့
Alphard ကို NAME PLATE လေးကြည့်ရုံနဲ့
ကားရဲ့ GRADE သိရမဲ့အပြင်
2W လား? 4W လား?
7 ယောက်စီးလား?
8 ယောက်စီးလား? စတာတွေကို သိနိုင်မှာပါ။

ဘာလို့ NAME PLATE က MODEL CODE နဲ့ခွဲနည်းသင်ပေးရလဲဆိုရင် ALPHARD စီးနေတဲ့လူတွေကို မေးကြည့်ပါ အကို့ကားက ဘာ GRADE လဲလို ??

တချို့က မသိပါဘူး တချို့ကလဲ သိကြလိမ့်မယ် သိလို့ GRADE ပြောလာတဲ့ လူကို ထပ်မေးကြည့် ဘာလို့အဲ့ GRADE လို့ပြောနိုင်တာလဲ? ဘာကိုကြည့်ပြီးပြောတာလဲ ?

တော်တော်များများက ပြောကြလိမ့်မယ် ဝယ်တုန်းက ဝယ်ပေးတဲ့လူကပြောတာ/ရောင်းတဲ့လူကပြောတာ ကားထဲမှာ ဟိုဟာပါလို့ ဒီဟာပါလို့ စသည်ဖြင့်ပေါ့...

မိမိရဲ့ချွေးနည်းစာနဲ့ဝယ်တာ မိမိကိုယ်တိုင်ဘာဆိုတာသိဖို့လိုပါတယ် ဝယ်ပြီးစီးနေတုန်းတော့ အကြောင်းမဟုတ်ဘူး အကြောင်းတစုံတရာနဲ့ ပြန်ရောင်းတော့ GRADE က နိမ့်နေတယ် မှားနေတယ် အတွင်းခန်းချိန်းထားတာကြီး ဟိုနားက ဟိုလိုဖြစ်နေတယ် ဒီနားကဒီလိုဖြစ်နေတယ် စသည်ဖြင့် မကြားဖူးတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြားရပါလိမ့်မယ်၊ ပစ်ချက်တွေထောက်ပြပြီး ဈေးနင်းကြတယ်၊ ကြားထဲက ဘာမှ မသိနားမလည်ပဲဝယ်စီးကြတဲ့ ကားပိုင်ရှင်တွေပဲ နစ်နာပါတယ်။

အဲ့GRADE တွေထဲမှာ အဆိုးဆုံးက MZ နဲ့ MZG ပဲ။ ဟိုဟာပါတယ် ဒီဟာပါတယ် အဲ့ဒါကြောင့် ဒီကားက MZG ဖြစ်တယ်၊ အဲ့လိုပြောလို့မရပါဘူး ကားတစ်စီးရဲ့ GRADE ကို သူ့ရဲ့ NAME PLATE မှာ ပါတဲ့ MODEL CODE နဲ့ပဲ ခွဲလို့ရပါတယ်။
ကားထုတ်တဲ့ COMPANY ကိုယ်တိုင်က အဲ့လိုပဲ ခွဲခြားသတ်မှတ်ထားတာပါ။
TOYOTA ကို ချစ်တဲ့အချက်တွေထဲမှာအာ့တွေပါတယ် အသေးစိတ်ကအစ လုံးဝကိုပြီးပြည့်စုံအောင် ဖန်တီးထားတယ်။

MZ ရဲ့ ပါဝင်ပစ္စည်းတွေက MZG ထက်ပိုစုံနေပါစေ NAME PLATE က MODEL CODE မှာ MZG ရဲ့ MODEL CODE ဖြစ်မှသာ MZG ပါ။
ဟိုဟာပါတယ်။

ကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်။

2002 - 2008 1st GEN

2008 - 2015 2 nd GEN

2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်ဈေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ်။
2002 ကနေ 2005 ထိကို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးပါပါတယ်။
2005 ကနေ 2007 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ်။

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပါ။
G နဲ့ V က 1st GEN မှာပဲလာတာပါ။
2nd GEN မှာ G နဲ့ V မရှိတော့ပါဘူး။
ဘာကွာလဲ G နဲ့ V ?

ဘာမှ မကွာပါဘူး အရောင်းကိုယ်စာလှယ် ကွဲတဲ့အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ၊ ရှေ့ရှဲလ်ပဲကွာတာပါ။
အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို ဈေးလဲမကွာပါဘူး။

ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာပါတယ်။
အဲ့ဒါကတော့ ချက်စီမှာကြည့်လိုက်ရုံပါပဲ၊ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်ဈေးလဲ ကြီးပါတယ်။

အင်ဂျင် 2.4 မှာ ANH 10 ဆို 2W ၊ ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ MNH 10 ဆို 2W ၊ MNH 15 ဆို 4W ပါ။

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0။
2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်။
အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလာပါလိမ့်မယ်။
2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရပါတယ်။

GRADE တွေက အများကြီးဆိုတော့ ဈေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်ပါတယ်။

2.4 မှာ AS / AX / AX L EDITION ၊ GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်။
3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ်။

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး

ANH 15W-PFPSK { 4W } 7 ယောက်စီး

ANH 10W-PRPSK { 2W } 8 ယောက်စီး

ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအမဲ ၊ ကျွန်းကွက်အမဲ ၊ ထိုင်ခုံလဲ အမဲ ၊ SPORT & COMFORT MODE ၊ SKART ပါတ်လည် ၊ AIRCON ROUND ၊ FOG LIGHT အဝိုင်း ၊ POWER SLIDE ပါတာလဲလာတယ်၊ မပါတာလဲလာပါတယ်။
ပါခဲ့ရင်လဲ တဖက်ပဲ ပါပါတယ်။
လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်တာပါပဲ။

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး

ANH 15W-PFPGK { 4W } 7 ယောက်စီး

ANH 10W-PRPGK { 2W } 8 ယောက်စီး

ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းကွက်အဝါ ၊ လိုက်ကာပါတ်လည် ၊ ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ ၊ FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး AIRCON ROUND ၊ POWER SLIDE 1 ချပ် ပါပါတယ်။

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး

ANH 15W-PFPGK-L { 4W } 7 ယောက်စီး

ANH 10W-PRPGK-X { 2W } 8 ယောက်စီး

ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းအဝါ ၊ ထိုင်ခုံ ရှန်မွိုင်းအသားရောင် ၊ POWER SLIDE 1 ချပ် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIR CON ROUND ၊ အလယ်ေလျှောက်လှမ်းမပါ 8 ယောက်စီး ၊ ရှေ့ CAM နောက် CAM ၊ တချို့က SUNROOF MOONROOF ပါ။

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး

MNH 15W-PFASK { 4W } 7 ယောက်စီး

MNH 10W-PRASK { 2W } 8 ယောက်စီး

MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး #. လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး

MNH 15W-PFPGK { 4W } 7 ယောက်စီး

MNH 10W-PRPGK { 2W } 8 ယောက်စီး

MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းကွက်အဝါ ၊ လိုက်ကာပါတ်လည် ၊ ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ ၊ FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး AIRCON ROUND ၊ POWER SLIDE 1 ချပ် ၊ တချို့တလေမှာ ရှေ့ CAM ပါပါတယ်။

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး

MNH 15W-PFAGK-L { 4W }7 ယောက်စီး

MNH 10W-PRAGK-X { 2W } 8ယောက်စီး

MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းအဝါ ၊ ထိုင်ခုံ ရှန်မွိုင်းအသားရောင် ၊ POWER SLIDE 1 ချပ် ၊ တချို့က 2 ချပ် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIR CON ROUND ၊ အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး ၊ ရှေ့ CAM နောက် CAM ၊ တချို့က SUNROOF MOONROOF ပါ။

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး

MNH 15W-PFPQK { 4W } 7 ယောက်စီး

MNH 10W-PRPQK { 2W } 8 ယောက်စီး

MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ FOG LIGHT လေးထောင့်အရှည် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIRCON ROUND ၊ 7 ယောက်စီး လျေှက်လှမ်းပါတာလာသလို 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာပါတယ် ၊ SPORT & COMFORT MODE ၊ လိုက်ကာ AUTO ၊ POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာပါတယ် ၊ နောက်ဖုံလဲ SLIDE ပါတတ်ပါတယ်။ 5.1 SOUND SYSTEM လဲပါပါတယ်။ ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ။ SUNROOF / MOONROOF ပါတာများပါတယ်။ ရှေ့ TV ခါး TV ၊ ရှေ့ CAM နောက် CAM ၊ တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ်။ ထိုင်ခုံလယ်သာစိနဲ့ ၊ HEATER တောင်ပါသေးတယ်။ မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ။

အမြင့်ဆုံးကတော့ MZ G EDITION

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့ MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ။

ALPHARD G မှာ

MNH 10-PFKAQ-G { 2W }

MNH 15-PFKAQ-G { 4W }

ALPHARD V မှာဆိုရင်

MNH 10-PFKAQ-R { 2W }

MNH 15-PFKAQ-R { 4W }

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFKAQ ပဲ ရှိမှာပါ 8 ယောက်စီး PRKAQ ဆိုပြီး မလာတော့ပါဘူး။

အတွင်းခန်းအဝါ ၊ FOG LIGHT လေးထောင့်အရှည် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIRCON ROUND ၊ 7 ယောက်စီး လျေှက်လှမ်းပါတာပဲလာတယ်။ SPORT & COMFORT MODE ၊ လိုက်ကာ AUTO ၊ POWER SLIDE DOOR က 2 ချပ် နောက်ဖုံးလဲ SLIDE ပါပါတယ် ၊ 5.1 SOUND SYSTEM ပါပါတယ် ၊ ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါပါတယ် ၊ SUNROOF / MOONROOF ၊ ရှေ့ TV ခါး TV ၊ ရှေ့ CAM 3D နောက် CAM ၊ CRUSE CONTROL ရယ် RADER ရှဲလ် ၊ ထိုင်ခုံလယ်သာစိနဲ့ HEATER စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ်။ ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိပါတယ်။ အဓိကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ။

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }

ATH 10W-PRXGB { 08S }

ဘာဂျင်းမှ ကြောက်စရာမလိုတော့ပါဘူး။ NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပါပြီ။

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါသေးတယ်။ ယေဘုယအားဖြင့်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်။

လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ။

Credit

25/04/2025

မိမိကားအတွက် တာယာ မဝယ်ခင် ဒီအချက်အလက်တွေကို သိထားရပါမယ်။

အရေးကြီးဆုံးကတော့ ထုတ်လုပ်ရက် (နှစ်နဲ့ တစ်ပတ်) ဖြစ်သလို ကားတာယာကို ကိုင်တွယ်နိုင်တဲ့ အမြန်နှုန်းလည်း ဖြစ်ပါတယ်။

အက္ခရာ L ဆိုတာ ဘီးရဲ့ အမြင့်ဆုံး မောင်းနှင်နိုင်သည့် အရှိန် အမြန်နှုန်းကို ၁၂၀ ကီလိုမီတာ ရှိပါတယ်။

အက္ခရာ M ဆို 130 km ထိမောင်းနိုင်တယ်။
N အက္ခရာသည် 140 km ကို ဆိုလိုသည်။
P အက္ခရာသည် 160 km ကို ဆိုလိုသည်။
Q အက္ခရာက 170 km ကိုဆိုလိုသည်။
R အက္ခရာသည် 180 km ကို ဆိုလိုသည်။
H အက္ခရာ ဆိုတာ ဘီးက km ၂၀၀ အထက်ခံနိုင်တယ်လို့ ဆိုလိုတာပါ။
V အက္ခရာသည် 240 km ကို ဆိုလိုသည်။

ပုံထဲက နံပါတ် (2621) ဆိုတာ 2021 ရဲ့ 26 ပတ်မြောက်မှာ ထုတ်လုပ်ထားတဲ့ ဘီးကို ဆိုလိုခြင်ဖြစ်တာပါ။

Date လွန်သွားလျှင်တာယာတွေက အသုံးပြုလို့ရလား???

မြို့တွင်း အသုံးပြုတာတော့ အဆင်ပြေပေမယ့် ခရီးဝေးသွားခြင်းနှင့် ကုန်ပစ္စည်းတင်ဆောင်ခြင်းတွေ ပြုလုပ်လို့အဆင်မပြေပါဘူး။

တာယာတစ်လုံးရဲ့ အသုံးပြုနိုင်သော သက်တမ်းက ဘယ်လောက်လဲ???

၅နှစ်ပါ။ စထုတ်ရက်မှ စတင်ရေတွက်ပါသည်။

Crd: A1 Auto Service
မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

25/04/2025

ကားမပျက်ခင် ကားတွေက သတိပေးတဲ့ အချက်တွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

▪️ကားအင်ဂျင်ကနေ စက်စစနှိုးလိုက်ချိန် ရွှီရွှီ လိုအော်သံတွေ ကြားနေရတယ်။

အဖြစ်နိုင်ဆုံးက ကားအင်ဂျင်မှာ တပ်ဆင်ထားတဲ့ Belt ကြိုးတွေ ချောင်နေတာ လျော့နေတာ၊ ဒါမှမဟုတ် တင်းလွန်းနေတာတွေ ဖြစ်နိုင်ပါတယ်။ သတိထားရမယ့်အချက်က အဲ့ (Belt)ကြိုးတွေ သက်တမ်းလွန်နေပြီး ဆွေးမြေ့ ပြတ်တောက်နိုင်တာပါပဲ။

▪️ကားအင်ဂျင်ခန်းထဲက တဂွီးဂွီး နဲ့ အော်သံတွေကြားရတယ်။

အဖြစ်နိုင်ဆုံး ပြစ်ချက်က ကားမှာ တပ်ဆင်ထားတဲ့ (Ball and Bearing) တွေ ပျက်ဆီးချို့ယွင်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဘောတွေ ဂျမ်းဖြစ်ချင်တာကြောင့် ဒီလို အော်သံတွေ ထွက်လာရတာဖြစ်ပါတယ်။

ရေလည်အုံဘော၊ Tensioner ဘော၊ ဒိုင်နမိုဘောတွေ၊ Free Ball စတာတွေ ကြောင့်ဖြစ်တတ်ပါတယ်။

▪️ကားအဲကွန်း မအေးတော့ဘူး၊ အဲကွန်း Magnet တွေ ကပ်လိုက် ကွာလိုက်ဖြစ်တယ်။

အဖြစ်နိုင်ဆုံးက ကားမှာတပ်ဆင်ထားတဲ့ Fan Motor တွေ အလည်မမှန်တော့တာ၊ မလည်တာတွေကြောင့် အဖြစ်များပါတယ်။
အဲကွန်းအပူကွိုင်တွေနဲ့ လိုင်းတွေပိတ်ရင်လည်း ဖြစ်တတ်ပါတယ်။

▪️ကားဘီးတွေဆီကနေ တဝီဝီ အော်သံတွေကြားနေရတယ်။

အဖြစ်နိုင်ဆုံးက ကားဘီးတွေမှာ တပ်ဆင်ထားတဲ့ (Hub Ball) တွေ ကနေ အသံထွက်နေတာဖြစ်နိုင်ပါတယ်။

▪️ကားဂီယာထိုးလိုက်ရင် ဒုတ်ခနဲဖြစ်သွားတယ်။

အဖြစ်နိုင်ဆုံးကတော့ ဂီယာဘောက် မောင်းတိန်းတွေ မကောင်းတာ၊ ပျက်နေတာတွေ ဖြစ်နိုင်ပါတယ်။
နောက် ဂီယာဘောက်ကနေ ဆောင့်နေတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဂီယာဆီ အမြန်စစ်ဆေးသင့်ပါတယ်။

▪️အင်ဂျင်ဝိုင် အချက်ပြ မီးတချက် တချက်လင်းလာတယ်။

အင်ဂျင်ဝိုင်နည်းနေတာ၊ အင်ဂျင်ဝိုင် မရှိတာ၊ အင်ဂျင်ဝိုင်မတက်တာ၊ Oil Pump တွေ ပျက်စီးတာ တွေကြောင့် ဖြစ်တတ်ပါတယ်။ အမြန်စစ်ဆေးမှ အင်ဂျင်ပျက်စီးမှု သက်သာပါမယ်။

▪️ Battery Charging မီး တချက် တချက်လင်းလာတယ်။

အဖြစ်နိုင်ဆုံးက (Alternator) ဒိုင်နမိုကနေ ချာချင် မဝင်တာ အဖြစ်များဆုံးပါ။ အမြန်စစ်ဆေးမှ အဆင်ပြေပါမယ်။ အားကုန်ပြီး စက်ထိုးရပ်နိုင်ပါတယ်။

▪️ကားစက်နှိုးရင် မော်တာက ထစ်ထစ် နေတယ်။ ကပ်နေတယ်။ ဝပ်နေတယ်။

Starter Motor မကောင်းတာကြောင့် ဖြစ်နိုင်သလို၊ Battery အိုးအားနည်းတာလည်း ဖြစ်နိုင်ပါတယ်။ အမြန်စစ်ဆေးထားမှ လမ်းမှာ တိုင်မပတ်မှာ ဖြစ်ပါတယ်။

▪️ကားက လီဘာနင်းရင် တုန့်တုန့်တုန့် ဖြစ်နေတယ်။

ဆီတိုင်ကီထဲက ဆီပန့်တွေ ကြေးပိတ်တာ၊ ပလက်တွေ မကောင်းတာ၊ Injector တွေ ကြေးပိတ်တာ တွေကြောင့်ဖြစ်တတ်ပါတယ်။ အမြန်စစ်ဆေးပြုပြင်ထားမှ အဆင်ပြေပါမယ်။

▪️ကား ဘရိတ်နင်းလိုက်တိုင်း တဂျီးဂျီးနဲ့ သံပြားချင်း တိုက်တဲ့အသံတွေကြားနေရတယ်။

အဖြစ်နိုင်ဆုံးက ဘရိတ်ရှုးတွေပါးတာ၊ ဘရိတ် ဒရမ်တွေ အဆင်းကြောင်းတွေ များလာတာကြောင့် ဖြစ်တတ်ပါတယ်။ ဘရိတ်ပိုင်းတွေ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

▪️ဘရိတ်နင်းလိုက်ရင် ဘရိတ်ခြေနင်းက ပျော့ဆင်းသွားတာ။

အဖြစ်နိုင်ဆုံးက ဘရိတ်လိုင်းတွေ ပေါက်တာ၊ ဝါရှာတွေကနေ ဆီယိုစိမ့်နေတာ၊ Master Cylinder ဘရိတ်ဆုံက အဝိုင်းဆီးတွေကနေ ဆီယိုစိမ့်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။

▪️ကားဘယ်ညာ ကွေ့ရင် တတောက်တောက် အသံထွက်တာ။

ဖြစ်တတ်တာက ကားမှာရှိတဲ့ ဒူးဆစ်တွေ ပျက်စီးဖို့ အစပြုလာတာဖြစ်ပါတယ်။

▪️ကားအောက်ခြေမှာ ဆီကွက်တွေ တွေ့တာ။

ကားအင်ဂျင် တခုခုဆီက အင်ဂျင်ဝိုင် အော်တိုဝိုင်နဲ့ အခြားချောဆီ အမျိုးမျိုးတို့ ယိုစိမ့်ထွက်နေတာ ဖြစ်နိုင်ပါတယ်။

▪️ကားမှာ မူမမှန်တဲ့ အနံ့တွေ ရနေတာ ။ ဥပမာ ဓာတ်ဆီနံ့ တွေမွှန်နေတာ၊ ညှော်နံတွေရနေတာ။

အဖြစ်များဆုံးကတော့ အင်ဂျက်တာ (Seal)တွေ ယိုစိမ့်ပြီး ဆီနံ့ထွက်တာ၊ ဆီပိုက်လိုင်းတွေကနေ ယိုစိမ့်နေတာ တွေနဲ့၊ ညှော်နံ့တွေကတော့ ဝါယာတွေ ရှော့ဖြစ်တာ၊ ဖန်မော်တာတွေ လောင်တာ၊ ဘောတွေ ဂျမ်းဖြစ်ချင်နေတာ၊ Belt ကြိုးတွေ ဂျမ်းဖြစ်ပြီး လောင်ချင်နေတာတွေ ဖြစ်တတ်ပါတယ်။

ဒီအချက်လေးတွေက ကားတွေ ကြီးကြီးမားမား ပျက်စီးမှုတွေ မဖြစ်ခင် ကားတွေကနေသတိပေးလေ့ရှိတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

သတိပေးပြောချင်တာကတော့ ကားတွေက မပျက်ခင် မူမမှန်တဲ့၊ ပုံမှန်မဟုတ်တဲ့ သတိပေးချက်တွေကို အချက်ပြလေ့ရှိတာပါပဲ။

အဲ့ဒါလေးတွေကို သတိမူတတ်မယ်ဆိုရင် သတိထားစစ်ဆေးတတ်မယ်ဆိုရင်တော့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပြီး လူရော ကားရော အန္တရာယ်ကင်း ဘေးရှင်းမှာဖြစ်ပါတယ်။

Credit
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါတယ်
ဗဟုသုတရ​စေရန်ပြန်လည်မျှ​ဝေခြင်းဖြစ်ပါတယ်

23/04/2025

ကားကို နေရောင်ခြည်အောက်အချိန်ကြာမြှင့်စွာ ရပ်ထားရင် ဘာဖြစ်နိုင်လဲ ? ☀️

ကားကို နေရောင်ခြည် အချိန်ကြာမြင့်စွာ ထိတွေ့မိပါက ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။
ကားရဲ့အပြင်ပိုင်းသာမက အတွင်းပိုင်းကိုပါ ထိခိုက်နိုင်ပါတယ်။

(1) ဆေးသားပျက်စီးခြင်း
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV rays) ကားဆေးသားကို အရောင်ဖျော့သွားစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကားဆေးသားက မွဲခြောက်ခြောက် ဖြစ်သွားနိုင်ပါတယ်။

(2)အစွန်းအထင်းများ ဖြစ်ပေါ်ခြင်း
နေရောင်ခြည်ကြောင့် ကားပေါ်မှာ ရေစက်တွေ၊ အညစ်အပတ်တွေက အစွန်းအထင်းအဖြစ် စွဲကျန်ရစ်နိုင်ပါတယ်။

(3)ကားရဲ့ ဘန်ဘာ၊ မှန်ဘောင်စတဲ့ ပလပ်စတစ်အစိတ်အပိုင်းတွေဟာ နေရောင်ခြည်ကြောင့် အက်ကွဲတာ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။

(4)တာယာများ ပျက်စီးခြင်း: နေရောင်ခြည်ကြောင့် တာယာတွေရဲ့ သက်တမ်းတိုတောင်းသွားနိုင်ပါတယ်။ အက်ကွဲတာ၊ ပေါက်ပြဲတာတွေလည်း ဖြစ်နိုင်ပါတယ်။

ကားအတွင်းပိုင်းမှာ ဆိုရင်
(1)အတွင်းခန်း အရောင်ဖျော့ခြင်း
နေရောင်ခြည်ကြောင့် ကားအတွင်းခန်းမှာရှိတဲ့ ကော်ဇော၊ ထိုင်ခုံတွေရဲ့ အရောင်တွေ ဖျော့သွားနိုင်ပါတယ်။

(2) အပူချိန်မြင့်တက်ခြင်း
ကားကို နေရောင်ခြည်အောက်မှာ အချိန်ကြာကြာ ရပ်ထားရင် ကားအတွင်းခန်း အပူချိန်ဟာ အလွန်မြင့်တက်သွားနိုင်ပါတယ်။ ဒါဟာ မသက်မသာ ဖြစ်စေရုံသာမက ကားရဲ့ အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နည်းများ

(1)အရိပ်ရတဲ့နေရာမှာ ရပ်ပါ: ကားကို အရိပ်ရတဲ့နေရာမှာ ရပ်ထားခြင်းဖြင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ပါတယ်။

(2) ကားCover အသုံးပြုပါ
ကားကို အချိန်ကြာမြင့်စွာ ရပ်ထားရမယ်ဆိုရင် ကားကာဗာ အသုံးပြုခြင်းဖြင့် နေရောင်ခြည်နဲ့ ဖုန်မှုန့်တွေကနေ ကာကွယ်နိုင်ပါတယ်။

(3) ကား coating ပြုလုပ်ပါ
ကား coating ပြုလုပ်ခြင်းဖြင့် ကားဆေးသားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကားကို အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်ပြီး တောက်ပြောင်နေစေပါတယ်။

ကား coating ရဲ့ အကျိုးကျေးဇူးများ
နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း ,ဆေးသားကို ကြာရှည်ခံစေခြင်း ,အစွန်းအထင်းများကို ကာကွယ်ပေးခြင်း , သန့်ရှင်းရေးလုပ်ရ လွယ်ကူခြင်း ,ကားကို တောက်ပြောင်နေစေခြင်း
သင့်ကားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ချင်တယ်ဆိုရင် ကား coating ပြုလုပ်ဖို့ စဉ်းစားနိုင်ပါတယ်။

Crd

🎉 Happy New Year 2025! 🚗နောက်တစ်နှစ်သစ်ရောက်ရှိလာတဲ့အချိန်မှာ၊ကျွန်ုပ်တို့ [ZYT94 ] မှ မိတ်ဆွေအားလုံးကိုကျန်းမာခြင်း၊ ပျ...
16/04/2025

🎉 Happy New Year 2025! 🚗

နောက်တစ်နှစ်သစ်ရောက်ရှိလာတဲ့အချိန်မှာ၊
ကျွန်ုပ်တို့ [ZYT94 ] မှ မိတ်ဆွေအားလုံးကို
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ စီးပွားဖြစ်တိုးတက်မှုတွေနဲ့ ပြည့်စုံနေစေပါစေဟု
နှုတ်ခွန်းဆက်အဖြစ် ဆုတောင်းလိုက်ပါတယ်။🙏

ယခုနှစ်သစ်မှာလည်း မိတ်ဆွေအတွက်
ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်ဖို့
အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စိတ်ချရသောဈေးနှုန်းများဖြင့်
ဆောင်ရွက်ပေးသွားဖို့ကတိပြုပါတယ်။🙏

မိတ်ဆွေအတွက် ပိုမိုအဆင်ပြေသောခရီးလမ်းအသစ်တွေသွားလာနိုင်ဖို့
ကားကောင်းကောင်းလေးတစ်စီးကို ၂၀၂၅ မှာအတူရှာဖွေကြပါစို့။

[ZYT94 ] – မိတ်ဆွေအတွက် ယုံကြည်ရတဲ့ကားအရောင်းစင်တာ

#နှစ်သစ်ဆုတောင်း🙏

"သကြ်န္တန်အခါသမယမှာ မိမိနှင့် မိသားစုအပေါင်းတို့ ချမ်းသာကြွယ်ဝ၊ ကျန်းမာလန်းဆန်း၊ စိတ်ချမ်းသာ၊ စီးပွားတိုးတက်ပြီး သာယာပျေ...
15/04/2025

"သကြ်န္တန်အခါသမယမှာ မိမိနှင့် မိသားစုအပေါင်းတို့ ချမ်းသာကြွယ်ဝ၊ ကျန်းမာလန်းဆန်း၊ စိတ်ချမ်းသာ၊ စီးပွားတိုးတက်ပြီး သာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ" ရယ်လို့ ZYT94 မိသားစုမှ
စုမွန်ကောင်းတောင်းပေးအပ်ပါတယ် ခင်ဗျာ 🙏
Zayar Htun
Zayar Xtun

တောင်ပေါ်လမ်းတွေကိုအိမ်သုံးကားဖြင့် မောင်းတော့မယ်ဆိုလျှင် အော်တို ဂီယာအသုံးပြုသူများအနေနဲ့မြင့်မားသော တောင်အတက်များတွင်အ...
11/04/2025

တောင်ပေါ်လမ်းတွေကို
အိမ်သုံးကားဖြင့် မောင်းတော့မယ်ဆိုလျှင်

အော်တို ဂီယာအသုံးပြုသူများအနေနဲ့မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း❌ မဖွင့်ပါနှင့်၊
အဲယားကွန်းဖွင့်တက်ပါကEngine Loading များတဲ့အတွက် ကားအင်ဂျင် ပိုရုန်းရပါသည်။

တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 တို့ဖြင့်သာ တောင်တက်ပါ။

D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည်။

(Edit... D နဲ့ မောင်းလည်း S, 2 ဂီယာ ချိန်းတာ ဒေါင်းတာ အတူတူပါလို့ ပြောလာတဲ့အတွက်အမှတ်မမှားစေရန် ပိုရှင်းလင်းစေရန်
အလို့ဌာရှင်းပြပေးလိုက်ပါတယ်ဗျာ။

✅အဲ့တာဟာ သာမန်မသိတဲ့သူတွေ ထင်တဲ့အယူအဆပါ။
S, 2 မှာထားတာနဲ့D. မှာထားတာက
ဘာကွာသလဲဆိုတော့ D မှာက အတက်အတွက်
S, 2 ထည့်ပေးသည့်တိုင် ဆီပေးတဲ့နှုန်း ThrottleShutter Engine Loading စတာတွေမတူပါ။

⭐D ရိုးရိုးထားတာနဲ့ O/D Off ထားပြီးသုံးတာ
ECT Power သုံးတာချင်းမတူပါ O/D Off ကတော့နောက်ဆုံးဂီယာ အသေးဆုံး တစ်ချက် 4,5 စသည်ဖြင့် မဝင်တော့ပါ။

⭐S, 2, ဂီယာသုံးထားရင် အင်ဂျင်ကွန်ထရိုးဘောက်ကနေ Engine Loading ပိုရုန်းနိုင်ရန်အတွက် Throttle Shutter ကို ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းအထိ ပိုဖွင့်ကာ ဂီယာအချိန်းပြောင်းလုပ်ပေးပြီး...ပုံမှန်ထက်ဆီပိုပေး...
မီးပိုမြင့်ပေးပြီးEngine Power ပိုကောင်းလာအောင် ကူညီပေးပါတယ်။

⭐O/D နဲ့ ECT Power လည်း ထိုသဘောမျိုး
Engine Power ပိုကောင်းအောင်ကူညီပေးတာပါ။

✅ဒါကြောင့် နည်းပညာနဲ့ ပတ်သက်တာကို
တကယ် ထဲထဲဝင်ဝင်မသိလို့တကယ်အမှန်မသိလို့ D နဲ့ မောင်းရင်ချိန်းပေးတာ အတူတူပဲလို့
ပြောတာပါ။

⭐ဒီဇယ် Pickup ကားများနှင့် Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင် ဂီယာကို ကြိုဒေါင်းပါ။
မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင် ကလပ်ပလိတ်ပြား မျက်နှာပြင်များ ချော်တတ်ပါသည်။

⭐မြင့်မားသော တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ။
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်။ ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ။

⭐ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်
ပြန်တက်ကာ ကောင်းသွားပါလိမ့်မည်။

⭐တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင် ဟွန်းတီးရန် မမေ့ပါနှင့်။ ဟွန်းသံသည် ကျဉ်းမြောင်းသော တောင်ကွေ့များတွင်
နှစ်ဖက်လုံးအတွက် အန္တရာယ်ဖြစ်စေခြင်းမှ
ကာကွယ်နိုင်ပါသည်။

⭐တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌ ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်ဖို့ မြေသားပေါ် မနင်းပါနှင့်...မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်။

တောင်တက် တောင်ဆင်းများတွင်ကားကြီးများကို ဦးစားပေးပါ။ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်အချို့နေရာများ ဖို့မြေသားများတွင် ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ။ ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ။

⭐တောင်တက် တောင်ဆင်းများတွင် တအိအိ တက်ဆင်းနေသော ကားကြီးများ
အနှောင့်အယှက် ဖြစ်စေရန် ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်။လမ်းလွတ်သောနေရာများတွင် လမ်းမတောင်းသည့်တိုင် နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်။ကျော်မရသော လမ်းကျဉ်းများ လမ်းပေး မရသောနေရာများတွင် ဝန်အလေးဖြင့် တက်ဆင်းနေသော ကားကြီးများအား ဟွန်းသံဖြင့် အနှောင့်အယှက်မပေးပါနှင့်။

⭐ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်။
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက ကားငယ်များ ဘယ်ကြောမှ ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ။

⭐ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တွင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်။

⭐တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင် ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက အရှိန်ကြိုလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက် ချောက်နုတ်ခမ်းအထိ ပါသွားတတ်ကာ အန္တရာယ် ရှိပါသည်။

⭐တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့် လမ်းကျဉ်းသော နေရာများကို ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာ နားပါ။

⭐မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်။ဒါကြောင့် မသေချာသောနေရာများတွင် ရပ်ပြီး ရှောင်ပေးပါ။

⭐မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရာယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်။

🔥ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်။

✅လေစစ်များ မကောင်းပါက
အသစ်လဲလှယ် ပြီးမှ ခရီးထွက်ပါ။

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ။
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ။
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

Credit :; #မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်
ဗဟုသုတရစေရန်ပြန်လည်မျှဝေပါသည်

Address

Mandalay

Telephone

+959953447086

Website

Alerts

Be the first to know and let us send you an email when ZYT94 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share