Shibah Church

Shibah Church Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shibah Church, Yangon.

ယုံကြည်သူတစ်ယောက်မှာ ဘုရားသခင်နဲ့စကားပြောခြင်းက အရမ်းအရေးကြီးတာပေါ့😍😍😍ဘုရားကိုချစ်တဲ့လူငယ်တွေ ဘုရားသာ၍အသုံးပြုပါစေ။
28/08/2023

ယုံကြည်သူတစ်ယောက်မှာ ဘုရားသခင်နဲ့စကားပြောခြင်းက အရမ်းအရေးကြီးတာပေါ့😍😍😍
ဘုရားကိုချစ်တဲ့လူငယ်တွေ ဘုရားသာ၍အသုံးပြုပါစေ။

15/08/2023

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။ ၂၃ ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။
၂၄ ငါ​သည်​ခေါ်၍ သင်​တို့​သည်​ငြင်း​ပယ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ့​လက်​ကို​ဆန့်၍ အ​ဘယ်​သူ​မျှကြောက်​ရွံ့​သော​သ​ဘော​ကို မ​မှတ်​သော​ကြောင့်​လည်း​ကောင်း၊ ၂၅ ငါ​သ​တိ​ပေး​ခြင်း​ရှိ​သ​မျှ​ကို သင်​တို့​သည်​ပယ်၍၊ ငါ​ဆုံး​မ​သော စ​ကား​တစ်​ခွန်း​ကို နား​မ​ခံ​ဘဲ​နေ​သော​ကြောင့်​လည်း​ကောင်း၊ ၂၆ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​သော​အ​ခါ ကြောက်​မက်​ဖွယ်​သော​အ​မှု​ရောက်​သော​အ​ခါ ငါ​ပြက်​ရယ်​ပြု​မည်။ ၂၇ သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ၂၈ ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ၂၉ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို အ​လို​မ​ရှိ​ကြ။ ၃၀ ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ ၃၁ ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။ ၃၂ ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။ ၃၃ ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။ငါ​ရယ်​မည်။

11/08/2023

ပေးကမ်းနေတယ်ဆိုတာ
ပေါများနေလို့မှ မဟုတ်တာ။
ရင်ထဲက စေတနာကြောင့်သာ

ဆင်းရဲသောသူကဲ့သို့ ဖြစ်သော်လည်း
သခင့်ကြောင့် သူတစ်ပါးတို့ကို ရ တတ်စေနေတာ

ချီးမွမ်းနေတယ် ဆိုတာ အဆင်ပြေနေလို့မှ မဟုတ်တာ
သခင့်ကိုချစ်သော အချစ်ကြောင့်သာ

အမှုတော်ဆောင်တယ်ဆိုတာ သက်သာလို့မှ မဟုတ်တာ
ဝိညာဉ်တို့ကို ပူပန်လို့သာ

တကယ်တော့ လှတယ်ဆိုတိုင်း ဒဏ်ရာကင်းလို့မှ မဟုတ်တာ။

လူအချင်းချင်းတွေ့လျှင် ကိုယ့်ရဲ့ဒဏ်ရာအကြောင်း
ပြောလေ့ရှိသည်။

သတို့သမီး၌ အနာ နှစ်ခုရှိသည်။

သူတစ်ပါး ပေးတဲ့ ဒဏ်ရာကြောင့် နာရသော အနာနှင့်နှင့် သခင့်ကိုလွမ်းတဲ့ ဒဏ်ကြောင့် နာသော အနာ။

သတို့သမီးသည် သခင့်ကို လွမ်းရသော အနာကိုသာ ပြောသည်။
သူတစ်ပါးပေးသော ဒဏ်ရာကို မပြော။

ဒဏ်ရာ ရှိနေတာတောင့် သခင့်ကိုပဲ မျှော်သည်မှာ
အသင်းတော်ဖြစ်သည်။

ဒဏ်ရာရှိနေတာတောင် အားလုံးထက် လှနေသည်မှာ သတို့သမီး ဖြစ်သည်။

ဒဏ်ရာတို့သည် သတို့သမီးရဲ့ အလှကို ဖုံးအုပ်မသွား။

ဆင်းရဲ့ဒုက္ခတွေတို့သည် အသင်းတော်နဲ့ ခရစ်တော်ကို ကွာမသွားစေနိုင်ပါ။

အဘယ်အရာကမျှ သခင်နှင့် ကျွန်ုပ်ကို ကွာမသွားစေရန် ကျွန်ုပ်ကို ဆွဲခေါ်တော် မူပါ ကျွန်ုပ်ဘုရား။

မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။


အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ်ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
-ရှောလမုန်သီချင်း။ 5 : 7 - 8

ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း၊ အစဉ် ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း၊ လူအများကိုရတတ်စေသောသူ၊
ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့်၎င်း၊ ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။

၂ ကော၆:၁၀

ရဲကျော်သူ
Credit

03/12/2021
GOD IS GOOD. ALL THE TIME.
05/11/2021

GOD IS GOOD. ALL THE TIME.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shibah Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share