Auto Myanmar Car Sales Center

Auto Myanmar Car Sales Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Auto Myanmar Car Sales Center, Pyi Taw Nyunt Street, Yangon.

■ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်။၇၈ န...
30/12/2025

■ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက် နံနက် ၄ နာရီတွင် အစမ်းလေ့ကျင့်ခြင်း၊ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီတွင် အလံတင်အခမ်းအနား၊ နံနက် ၇ နာရီတွင် နိုင်ငံတော်အလံ အလေးပြုအခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်း တံတားအောက် ရှင်စောပုလမ်းသို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စု ရိပ်သာလမ်းသို့ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ားရောင်းဝယ်ရေး
#လွတ်လပ်ရေးနေ့ #ပြည်သူ့ရင်ပြင် #ပြည်လမ်း

လူကြီးမင်းတို့ရဲ့ ကားတွေမှာ EGR ဗားဘယ်လို အလုပ်လုပ်လဲ ???~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
27/12/2025

လူကြီးမင်းတို့ရဲ့ ကားတွေမှာ EGR ဗားဘယ်လို အလုပ်လုပ်လဲ ???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားတစီးမှာအရေးပါသည့် EGR valve အကြောင်းအနည်းငယ်ရေးသား ချင်ပါတယ်.....

EGR ဆိုတာ.....ကတော့
Exhaust Gas Recirculation ( EGR )ပဲ ဖြစ်ပါတယ်.....

EGR မှာ အဓိက အလုပ်လုပ်ပေးသော အစိတ်ပိုင်း ( ၃ ) မျိုးရှိပါတယ်....
1. EGR valve pintle
2.EGR Solenoid
3.EGR position sensor တို့ပဲ ဖြစ်ပါတယ်....

ကဲ....ဒါဆို EGR valve တွေ က ဘာအတွက် ဘယ်လို အလုပ်လုပ် ကြသလဲ....

EGR valve ကို ဒီဇယ် ဓာတ်ဆီ ကားနှစ်မျိုးလုံးသုံးကြသလား.....?

အိပ်ဇောမီးခိုးငွေ့ အချို့အား အင်ဂျင် အတွင်းသို့ ဝင်နေသော လေထဲသို့ ရောနှော ပေါင်းစပ်ခြင်းဖြင့် အင်ဂျင်မှ ထွက်လာသော လူနှင့် ပတ်ဝန်း ကျင်ကို အဆိတ်တောက် ဖြစ်စေသော... Nitrogen Oxide ( NOx ) ကို လျော့ချစေရန် အတွက် EGR စနစ်ကို အဓိက အသုံးပြုပါတယ်....

ဒီဇယ် ဓာတ်ဆီ ကား နှစ်မျိုး စလုံးတွင် EGR စနစ်ကို အသုံးပြုကြပြီး .... အလုပ်လုပ်ပုံ ခြင်းလဲ ခြားနားပါတယ်....

ဓာတ်ဆီအင်ဂျင်တွင် EGR သည်....
1.Coolant Temperature 57°C အောက်ရှိနေချိန်
2.Idle ( အင်ဂျင် slow နှိုးထားချိန် )
3.Engine light load ( အင်ဂျင်ရုန်းအား လျော့နေချိန်)
4.Over RPM 4000 ( အင်ဂျင် speed RPM 4000 ကျော်သွားချိန် )
ယခု အ‌ခြေနေ ( ၄ ) မျိုးတွင် EGR valve အလုပ်မလုပ်ပါ.......

ဒီဇယ် အင်ဂျင်တွင် EGR သည်.....
1.Idle တွင် အနည်းငယ် ရောနှောသည်...
2.Engine light load ချိန်တွင် ပို၍ ရောနှောသည်...
3. Heavy Load တွင် ရော‌နှောမှုကို ရပ်တန့်သည်...

အထက်ပါ အ‌ခြေနေ သုံးခုကတော့ ဒီဇယ် အင်ဂျင်ရဲ့ EGR ရောစပ်မှု နှုန်းဖြစ်ပါတယ်.....

ဒါဆို....EGR valve မကောင်း ရင်ဘာတွေဖြစ်မလဲ...?
▪️အင်ဂျင် အဆွဲရုံးကျခြင်း
▪️ဆီစားများခြင်း
▪️မီးခေါက်သံ ထွက်ခြင်း
▪️Slow မငြိမ်ခြင်း
▪️Exhaust Gas အတွက်များ‌နေခြင်း
စသည့် ပြသနာ တွေ ဖြစ်လာတတ်ပါတယ်.....
ဒါ‌ကြောင့် EGR ဆိုတာ စစ်ဆေး ပြုပြင်ဖို့ အရေးပါလှ ပါတယ်....

Crd ... ဆရာဆန်းသစ် ( နေပြည်တော်)
မူရင်းရေးသားမျှဝေသူအားလေးစားစွာ Credit ပေးပါသည်
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

ားရောင်းဝယ်ရေး
#ကားရောင်းဝယ်ရေး #ကားဝယ်ရောင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဥ်များ ယာဥ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရမည့် သက်ဆိုင်ရာမြို့နယ်များအလိုက်စာရင...
14/12/2025

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဥ်များ
ယာဥ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရမည့် သက်ဆိုင်ရာမြို့နယ်များအလိုက်စာရင်း....
လိုအပ်တဲ့အခါအသုံးပြုနိုင်အောင် Save or Share ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာ။

#မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုး #ကညန #မော်တော်ယာဉ်မှတ်ပုံတင်

ားရောင်းဝယ်ရေး
#ကားရောင်းဝယ်ရေး #ကားဝယ်ရောင်း

ကျွန်တော်တို့ Auto Myanmar Car Sales Center မှ အတိုက်အခိုက်ရှင်းပြီး လူတကာချစ်တဲ့ Honda Fit ကားကောင်းလေး တစ်စီး‌ရောင်းပေ...
12/12/2025

ကျွန်တော်တို့ Auto Myanmar Car Sales Center မှ အတိုက်အခိုက်ရှင်းပြီး လူတကာချစ်တဲ့ Honda Fit ကားကောင်းလေး တစ်စီး‌ရောင်းပေးချင်ပါတယ်။ Boss တို့စိတ်ဝင်စားရင် Hello လိုက်ပါခင်ဗျာ။
- Honda Fit GD1 တောက်လျှောက်အနက်
- Engine power 1.3cc / Model 2007
- 2H/787* (YGN) လိုင်စင်
- လိုင်စင် သက်တမ်း 2026/6 လပိုင်းထိရှိပါတယ်
- Owner Book မူရင်း/မှတ်တမ်း မရှိ/ပြောင်းလဲခြင်းမပါ
- အတိုက်အခိုက်ရှင်း/အရိုးအဆစ်ကောင်း
- New Battery (ပြီးခဲ့တဲ့လကမှ လဲထားတာပါ)
- New Engine oil/ New Gear Oil/ New Plugs
(Engine/ Gear Box/ Aircon) Error မရှိပါ။
- Power Window and Power Steering
- Bluetooth OK/ Speaker အားလုံးကောင်း အသံထွက်ရှယ်/ Back Camera OK
- ဝယ်ပြီးလက်တင်စီးရုံပါ။ လက်ရှိလည်းစီးနေတဲ့ကားလေးပါ။ ကိုယ်တိုင်စီးနေတဲ့ အိမ်စီးကားလေးမို့ လူငယ်ဆန်ဆန် Vibe လေးဖန်တီးထားပါတယ်။ လူငယ်တွေ စီးမယ်ဆို ပိုမိုက်စေမယ့်ကားလေးပါ။
စိတ်ကြိုက်လာရောက်စစ်ဆေးပြီး မျက်မြင်အတိုင်းဝယ်ယူနိုင်ပါတယ်။
ဝယ်မယ်ဆိုကားနဲ့ ပတ်သက်တဲ့ မှန်ကာ၊ မိုးကာ၊ Spare Wheel အကုန်ထည့်ပေးမှာပါ။
Car Cushion ထိုင်ခုံစွပ်တွေလည်း ရှယ်ကိုလဲထားတာပါ
*** ကညန တရားဝင် ယာဥ်စစ်ဆေးပြီး ***

Price - 6** သိန်း (ညှိနှိုင်း)
Auto Myanmar Car Sales Center မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

စိတ်ဝင်စားလို့လာရောက်ကြည့်ရှု့ချင်တယ်ဆို
Auto Myanmar Car Sales Center
Ph No - 09 50 97291, 09 799 892 199
Location - Thaketa Township, Yangon.


ားရောင်းဝယ်ရေး
#ကားရောင်းဝယ်ရေး #ကားဝယ်ရောင်း

မော်တော်ယာဉ် နှစ်လဲသက်တမ်းတိုးခြင်း ဆောင်ရွက်မည့်မိတ်ဆွေများအတွက် 🫡🫡 #မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုး  #ကညန            ားရ...
12/12/2025

မော်တော်ယာဉ် နှစ်လဲသက်တမ်းတိုးခြင်း ဆောင်ရွက်မည့်မိတ်ဆွေများအတွက် 🫡🫡
#မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုး #ကညန

ားရောင်းဝယ်ရေး
#ကားရောင်းဝယ်ရေး #ကားဝယ်ရောင်း

RTA ကနဦး ကညန နံပါတ်ကတော့ 9S/9 ထောင်ကျော်ပါပြီ... 1T/1000 တော့လာပါတော့မယ် ကားသစ်တွေကတော့ ဆက်တိုက်လာ‌‌ နေပါမယ်။           ...
10/12/2025

RTA ကနဦး ကညန နံပါတ်ကတော့ 9S/9 ထောင်ကျော်ပါပြီ... 1T/1000 တော့လာပါတော့မယ် ကားသစ်တွေကတော့ ဆက်တိုက်လာ‌‌ နေပါမယ်။
#ကညန

🚨ကညန အသိပေးကြေငြာချက်             #ကညန
10/12/2025

🚨ကညန အသိပေးကြေငြာချက်
#ကညန

Address

Pyi Taw Nyunt Street
Yangon

Website

Alerts

Be the first to know and let us send you an email when Auto Myanmar Car Sales Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share