Lokal Zaytann

Lokal Zaytann ဒေသအစုံမှ အစားအသောက်နှင့် အသုံအဆောင်များကို နိုင်ငံတကာသို့အပတ်စဥ်အိမ်အရောက်ရောင်းချပေးနေသောဒေသစျေးတန်း

ဒီနေ့ ညနေ အော်ဒါပိတ်ပါတော့မယ်! 📣🚨မနက်ဖြန်ဆိုရင် ပစ္စည်းတွေ ထုပ်ပိုးတော့မှာမို့လို့... ဒီအပတ် တနင်္ဂနွေလေယာဉ်နဲ့ ပါချင်တယ...
17/06/2026

ဒီနေ့ ညနေ အော်ဒါပိတ်ပါတော့မယ်! 📣🚨

မနက်ဖြန်ဆိုရင် ပစ္စည်းတွေ ထုပ်ပိုးတော့မှာမို့လို့... ဒီအပတ် တနင်္ဂနွေလေယာဉ်နဲ့ ပါချင်တယ်ဆိုရင်တော့ အခုပဲ အမြန်ဆုံး မှာယူလိုက်ပါတော့။ စင်္ကပူကတော့ စနေနေ့ ဖလိုက်ပါရှင့်၊

ဥပါပုရစ်တွေ ရာသီမကုန်ခင် စားထားချင်သူတွေနဲ့ ဆတ်သားခြောက်၊ ငါးကျီးကြော် လွမ်းနေသူတွေအတွက် ဒီညနေဟာ နောက်ဆုံးအခွင့်အရေးပါပဲ။

💰 ပစ္စည်းရောက်မှ ငွေချေပါ။ 📦 အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

ိတ်ခါနီး"

“ ပုံစံ ၃ မျိုးနဲ့ရတဲ့ ဒေသဈေးတန်းမှ ငါးကျီးကြပ်တိုက်ကြော် 🐟 ”မင်မင်တို့ ဒေသဈေးတန်းမှာ အိမ်ကြော်အရသာအတိုင်းရတဲ့အသင့်စား အ...
16/06/2026

“ ပုံစံ ၃ မျိုးနဲ့ရတဲ့ ဒေသဈေးတန်းမှ ငါးကျီးကြပ်တိုက်ကြော် 🐟 ”

မင်မင်တို့ ဒေသဈေးတန်းမှာ
အိမ်ကြော်အရသာအတိုင်းရတဲ့
အသင့်စား အကြော်အလှော်လေးတွေ
အစုံအလင် မှာလို့ရပါတယ်။

အဲ့ထဲကမှ စားလို့လည်းကောင်းပြီး အမှာများကြတဲ့
ငါးကျီးကြပ်တိုက်ကြော် ၃ မျိုး ကို ပြောပြမယ်နော်။

🐟 ငါးကျီးကြပ်တိုက်ကြော် (ဆီမပါ)
ကြပ်တိုက်ပြီးသား ငါးကျီးကို အရင်ကြော်ပြီးမှ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးရောပေးထားလို့
လုံးဝ(လုံးဝ)အထားခံပါတယ်။
အကုန်လုံးကို ဆီစစ်ပြီးမှ အိတ်နဲ့ထည့်ပေးလို့
အကြော်အရသာကို အပြည့်အဝရမှာပါရှင့်။

💁🏻‍♀️ ဆီမပါပဲ အထားခံလို့၊ နိုင်ငံခြားပို့ပေးမယ်ဆိုရင် ဒါလေးယူပါနော်။

🐟 ငါးကျီးကြပ်တိုက်ကြော် (ဆီပါ) ရိုးရိုး
ဆီလေးနည်းနည်းပါမှ အဆင်ပြေတယ်။
အထားခံဖို့လည်း မလိုသေးဘူးဆိုရင် ဒါလေး ယူလို့ရပါတယ်နော်။ အရသာတူတူပဲ ကြော်ပေးထားပါတယ်ရှင့်။

🐟 ငါးကျီးကြပ်တိုက်ကြော် ( မန်ကျည်းနှစ်ပါ/ ဆီပါ)
ဒါလေးက မင်မင့်အကြိုက်ဆုံးလေးပေါ့။
ငါးကျီးကြပ်တိုက်ကို အရင်ကြော်ပြီး
ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးရောတယ်။
ပြီးမှ ကြော်နှပ်ပုံစံလေးရအောင် ကျိုပြီးသားမန်ကျည်းနှစ်လေး
ထည့်ပေးထားတာပါ။

💁🏻‍♀️ ငါးကျီးအရသာလေးကိုမှ ချဉ်ချဉ်စပ်စပ်လေးနဲ့စားချင်တယ်ဆို
ဒါလေးမှာကြည့်ပါနော်။

#ဒေသဈေးတန်းမှာရတဲ့ ငါးကျီးကြပ်တိုက်ကြော်လေး ၃ မျိုးပါ။
ဖတ်ပြီးတဲ့သူတွေကရော ဘယ်လိုမျိုးလေး စားချင်လဲ ပြောခဲ့ကြနော်😍

🚚 ပြည်တွင်း၊ ပြည်ပ အိမ်အရောက်ပို့ပေးပါတယ်ရှင်။

မက်ဆင်ဂျာ နဲ့ တယ်လီဂရမ်ဂရုကနေ ခုပဲမှာယူလိုက်‌နော်။
မက်ဆင်ဂျာမှ မှာယူရန်
m.me/lokalzaytan

တယ်လီဂရမ် မှ မှာယူရန်
https://t.me/lokalzaytannmm

"မီးမလို၊ ရေမလို အဆင်သင့်စားရုံ ဆတ်သားခြောက်စစ်စစ်! 🥩🔥အလုပ်တွေရှုပ်လို့ ဟင်းမချက်နိုင်တဲ့နေ့တွေမှာ ဒေသဈေးတန်းက ဆတ်သားမွက...
16/06/2026

"မီးမလို၊ ရေမလို အဆင်သင့်စားရုံ ဆတ်သားခြောက်စစ်စစ်! 🥩🔥

အလုပ်တွေရှုပ်လို့ ဟင်းမချက်နိုင်တဲ့နေ့တွေမှာ ဒေသဈေးတန်းက ဆတ်သားမွကြော်လေး ဒါမှမဟုတ် ဆတ်သားမီးကင်လေးသာ ရှိရင် ထမင်းတစ်အိုး ကုန်မှန်းမသိဖြစ်မှာပါ။

အရွတ်/အကြောမပါတဲ့ အသားသန့်သန့်ကိုမှ မီးသွေးနဲ့ ကင်/ဖုတ် ထားတာမို့ သဘာဝအတိုင်း အနံ့မွှေးမွှေးလေးနဲ့ စားရမှာပါ။ တာရှည်ခံဆေးလည်း လုံးဝမပါလို့ ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်နော်။ ✨

🇲🇾 မလေး၊ 🇹🇭 ထိုင်း၊ 🇸🇬 စင်ကာပူ အရောက်ပို့ပေးနေပါပြီ။

#ဆတ်သားခြောက် #အိမ်လွမ်းပြေ #ဒေသစာ"

"သူများနိုင်ငံ ရောက်နေပေမယ့် ညနေဘက်ဆို ရွာက အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ သူငယ်ချင်းတွေနဲ့ စုပြီး စားခဲ့ရတဲ့ အောက်ပြည်အောက်ရွာ...
15/06/2026

"သူများနိုင်ငံ ရောက်နေပေမယ့် ညနေဘက်ဆို ရွာက အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ သူငယ်ချင်းတွေနဲ့ စုပြီး စားခဲ့ရတဲ့ အောက်ပြည်အောက်ရွာ ဒေသစာ အရသာတွေကို လွမ်းနေပြီလားရှင့်... 🇲🇾🇹🇭🇸🇬🌾

မိုးဦးကျပြီဆိုတာနဲ့ လက်လွတ်မခံဘဲ မဖြစ်မနေ စားရမယ့် ရွာက #မိုးပုရစ်ကြော် မွှေးမွှေးဆိမ့်ဆိမ့်လေးတွေကို ဒေသဈေးတန်း (Lokal Zaytan) ကနေ နိုင်ငံရပ်ခြားအထိ လတ်လတ်ဆတ်ဆတ် ပို့ဆောင်ပေးနေပါပြီနော်။

🦗 ဒီတစ်ပတ်အတွက် ပုရစ်အော်ဒါ အခြေအနေလေး အသိပေးပါရစေရှင့် -
အခုလောလောဆယ် မိုးပုရစ်အထီးအကောင်ကြီးတွေ လှိုင်လှိုင်ရနေသလို၊ လူကြိုက်များတဲ့ ဥပုရစ် (အမ) ချစ်သူတွေအတွက်လည်း လက်ကျန်ဥပါတဲ့အကောင် တစ်ဝက်နဲ့ အထီးတစ်ဝက်ကို အရသာမျှမျှတတ စားနိုင်အောင် 'ဥ + အထီး တစ်ဝက်စီရော' ပြီး အထူးစီစဉ်ပေးထားပါတယ်ရှင့်။ ရာသီစာမို့ လက်ကျန်ကုန်သွားရင် ထပ်မရတော့လို့ အမြန်လေး အော်ဒါတင်ထားမှ စိတ်ချရမယ်နော်! 🏃‍♂️💨

(အရသာကိုတော့ မိမိကြိုက်နှစ်သက်ရာ အချို / အစပ် / မာလာ ဆိုပြီး (၃) မျိုး ကြိုက်သလို ရွေးချယ်နိုင်ပါတယ်ရှင့်)

📦 ရရှိနိုင်မည့် အထူး Menu များ -

🦗 မိုးပုရစ်ကြော် အထူး Menu:

မိုးပုရစ် (အထီးသီးသန့်): အကောင် ၅၀ / အကောင် ၁၀၀

ဥပုရစ် + အထီး (တစ်ဝက်စီရော): အကောင် ၅၀ / အကောင် ၁၀၀

🐭 လယ်ကြွက်ကြော် (၂၀၀ ဂရမ် / ၁၂ ကျပ်သားခန့်)
(ပဲခူးဒေသထွက် လယ်ကြွက်စစ်စစ်ကို ဆီသန့်၊ အဆာပလာအစုံနဲ့ စပ်စပ်လေး ကြော်ပေးထားတာပါ)

🐸 ဖားကြော် (၂၀၀ ဂရမ် / ၁၂ ကျပ်သားခန့်)
(ဗိုက်ဖောက် သန့်စင်ပြီးသား အတုံးလေးတွေကို မြိန်ရည်ယှက်ရည် ကြော်ပေးထားပါတယ်)

🐌 လယ်ခရုကြော် (၂၀၀ ဂရမ် / ၁၂ ကျပ်သားခန့်)
(ထမင်းမြိန်စေမည့် ရွာလက်ရာ စစ်စစ်လေးပါ)

🛒 အခြား ရရှိနိုင်သေးသော ဒေသထွက် စားသောက်ကုန်များ -

ငါးအရေခွံကြော်: ဘူးသေး / ဘူးကြီး

Best အသင့်စား စည်သွပ်ဘူးများ (၃ မိနစ် နွှေးရုံဖြင့် အဆင်သင့်စားသုံးနိုင်)

ဆတ်၊ ဆိတ်၊ အမဲ၊ ငါးခြောက် (အခြောက်လှမ်း/ မီးဖုတ်/ အကြော်)

ဘာလချောင်ကြော်၊ ငံပြာရည်ကြော်၊ ပုစွန်ခြောက်ကြော်၊ ဆတ်မွကြော်များ

🚚 နိုင်ငံအလိုက် ဈေးနှုန်းနှင့် ပို့ဆောင်မှုစနစ်များ -

🇲🇾 မလေးရှားနိုင်ငံ: * အိမ်အရောက်ပို့ခ 10 RM တည်းပါ။ ငွေကြိုလွှဲစရာမလိုဘဲ ပစ္စည်းရောက်မှ ငွေလွှဲရမည့် (Transfer on Delivery) စနစ်မို့ စိတ်ချစွာ မှာယူနိုင်ပါတယ်။ (အပတ်စဉ် ကြာသပတေး သို့မဟုတ် သောကြာနေ့ အိမ်အရောက်ရပါမယ်)။

🇹🇭 ထိုင်းနိုင်ငံ: * အိမ်အရောက်ပို့ခ 40 ဘတ် တည်းပါ။ ပစ္စည်းရောက်မှ ငွေချေရမည့် စနစ်ဖြစ်ပြီး အပတ်စဉ် ကြာသပတေး သို့မဟုတ် သောကြာနေ့ ဝန်းကျင် အိမ်အရောက် ရရှိပါမယ်ရှင့်။

🇸🇬 စင်ကာပူနိုင်ငံ: * ရန်ကုန်ကနေ ကီလိုခစိုက်ပြီး ပို့ပေးထားတာဖြစ်လို့ ပို့ခ/KG ခ ထပ်ပေးစရာမလိုပါဘူးရှင့်။ Peninsula Plaza ဆိုင်မှာ ပစ္စည်းကိုယ်တိုင်ထုတ်ယူရင်း စိတ်ချလက်ချ ငွေချေရမည့် (Cash on Delivery) စနစ်ဖြစ်ပြီး အပတ်စဉ် Sunday (တနင်္ဂနွေနေ့) မှာ စတင်ထုတ်ယူနိုင်ပါပြီ။

📲 မှာယူရန် -
မိမိတို့ ရောက်ရှိရာနိုင်ငံအလိုက် ဈေးနှုန်းအသေးစိတ်ကို Chat Box (သို့မဟုတ်) Messenger ကနေ 'Hi' လို့ စာပို့ပြီး မေးမြန်းမှာယူနိုင်ပါပြီရှင့်။ မင်မင်တို့ အမြန်ဆုံး စာပြန်ပေးပါမယ်။

#ဒေသဈေးတန်း #မိုးပုရစ်ကြော် #ဥပုရစ်နှင့်အထီးရော #လယ်ကြွက်ကြော် #ဖားကြော် #လယ်ခရုကြော် #မလေးရှားအိမ်ရောက် #ထိုင်းအိမ်ရောက် #စင်ကာပူPeninsula #ပစ္စည်းရောက်မှငွေချေ #အမြည်းကောင်း"

"သူများနိုင်ငံရောက်နေလို့... ရွာမှာတုန်းက သောက်နေကျ ထန်းရည်ချိုချိုလေးနဲ့ လယ်ကြွက်ကြော် မြိန်မြိန်လေးရဲ့ အရသာကို လွမ်းနေ...
15/06/2026

"သူများနိုင်ငံရောက်နေလို့... ရွာမှာတုန်းက သောက်နေကျ ထန်းရည်ချိုချိုလေးနဲ့ လယ်ကြွက်ကြော် မြိန်မြိန်လေးရဲ့ အရသာကို လွမ်းနေပြီလားရှင့်? 🤔🌾

နိုင်ငံရပ်ခြားမှာ ထန်းရည်အစား ဘီယာလေးနဲ့ပဲ ဖြေဖျောက်နေရပေမယ့်... လွမ်းနေရတဲ့ #လယ်ကြွက်ကြော်စပ်စပ်လေး ကိုတော့ မင်မင်တို့ ဒေသဈေးတန်း (Lokal Zaytan) က အောက်ပါအတိုင်း အထူးစီစဉ်ပေးထားပါတယ်ခင်ဗျာ။

🐭 ပဲခူးဒေသထွက် လယ်ကြွက်စစ်စစ်:
အကောင်လိုက်ကြီး မဟုတ်ဘဲ သေသေချာချာ ဗိုက်ဖောက် သန့်စင်ပြီးသား အတုံးလေးတွေပဲ ရပါမယ်။ ဆီသန့်သန့်နဲ့ အနံ့မွှေးနေအောင် ကြော်ပေးထားတာပါ။

🐭 အဆာပလာအစုံနဲ့ စိမ့်အိနေတဲ့အရသာ:
ခြောက်ကပ်ကပ်ကြီး မဟုတ်ဘဲ ငရုတ်သီးများများ၊ ဂျင်း၊ ကြက်သွန်ဖြူ အဆာပလာတွေ အပြည့်နဲ့မို့လို့ အမြည်းအဖြစ်တင်မကဘဲ ထမင်းပူပူလေးနဲ့ဖြစ်ဖြစ်၊ ရေနွေးကြမ်းလေးနဲ့ဖြစ်ဖြစ် ရှုးရှူးရှဲရှဲ မြိန်စေရမယ်နော်။ 😋

🐭 ၃ ထပ် လေပိတ်စနစ် (ဆီမပေ/အထားခံ):
ပလတ်စတစ်အိတ်နဲ့ (၃) ထပ်အထိ လေပိတ်ပြီးမှ အပြင်က စက္ကူအိတ်လှလှလေးနဲ့ ထပ်ထုပ်ပေးထားတာပါ။ လေလုံလို့ အထားခံသလို ပစ္စည်းရောက်ရင် ဆီပေမှာလည်း လုံးဝစိုးရိမ်စရာမလိုပါဘူး။ သူငယ်ချင်းတွေဆီ ယူသွားမယ်ဆိုရင်တောင် အထုပ်လိုက်လေး အလွယ်တကူ သယ်သွားရုံပဲနော်။

🚚 နိုင်ငံအလိုက် ပို့ဆောင်မှုစနစ်များ -

🇲🇾 မလေးရှား: အိမ်အရောက်ပို့ခ 10 RM တည်း။
🇹🇭 ထိုင်း: အိမ်အရောက်ပို့ခ 40 ဘတ် တည်း။
🇸🇬 စင်ကာပူ: Peninsula Plaza မှာ ပစ္စည်းထုတ်မှ ငွေချေ (COD) စနစ်ပါ။ (ကီလိုခ/ပို့ခ ထပ်ပေးစရာမလိုပါ - အပတ်စဉ် သောကြာနေ့ လေယာဉ်ဖြင့် ပို့ဆောင်ပေးပါသည်)။

လွမ်းနေရတဲ့ ရွာကလက်ရာ အရသာစစ်စစ်ကို ပြန်စားချင်တယ်ဆိုရင်တော့... 👇

📲 **မှာယူရန် -**
Page Messenger (သို့မဟုတ်)
WhatsApp: +959 40999 1699 ကနေ 'Hi' လိုက်တာနဲ့ မင်မင်တို့ အမြန်ဆုံး စာပြန်ပေးပါမယ်ရှင့်။

#ဒေသဈေးတန်း #လယ်ကြွက်ကြော် #ဒေသစာစစ်စစ် #အမြည်းကောင်း #မလေးရှားပို့ခ၁၀ #ထိုင်းပို့ခ၄၀ #စင်ကာပူပို့ခပါပြီး #ပစ္စည်းရောက်မှငွေချေ"

💁💁 အိမ်ချက်လက်ရာကို မှသန့်သန့်ရှင်းရှင်းလေးနဲ့ လတ်လတ်ဆတ်ဆတ်လေး စားချင်သူများအတွက် ဒေသဈေးတန်းကနေ အသားတုံးကြော်လေးတွေ ပြန်...
11/06/2026

💁💁 အိမ်ချက်လက်ရာကို မှသန့်သန့်ရှင်းရှင်းလေးနဲ့ လတ်လတ်ဆတ်ဆတ်လေး စားချင်သူများအတွက် ဒေသဈေးတန်းကနေ အသားတုံးကြော်လေးတွေ ပြန်ရနေပါပြီနော်။

💁💁 ဆီသန့်သန့်ကိုသာ အချိုမှုန့်မသုံးဘဲ ကြော်လှော်ချက်ပြုတ်ထားတာမို့ လူမျိုးဘာသာမရွေး စားသုံးနိုင်ပါတယ်ရှင်။

💁💁 အငံအစပ် အနေတော်ဖြင့် သေချာကြွတ်ရွအောင် ကြော်ကာ စနစ်တကျ ထုတ်ပိုးထားတာမို့ ကြာရှည်လည်း အထားခံတယ်နော်။

💁💁 ထမင်းဖြူလေးနဲ့ပဲစားစား၊ ထမင်းကြော်၊ ထမင်းဆီဆမ်း နဲ့အတူစားစား အရသာရှိပြီး သူ့ချည်ပဲစားမယ်ဆိုလည်း အဆင်ပြေပါတယ်ရှင်။

ဒေသဈေးတန်းကနေ ရနိုင်တဲ့ အသားတုံးကြော်လေးတွေကို အောက်မှာ ကြည့်ပေးလို့ရပါတယ်ရှင် 👇👇

🤎 ဆတ်သားတုံးကြော် 🤎

🤎 ငါးကွမ်းရှပ်တုံးကြော် 🤎

🤎 အားဗြဲခြောက်အတုံးကြော် 🤎

🚚🚚နိုင်ငံအနှံ့အပြားကိုပစ္စည်းရောက်ငွေချေဖြင့်အိမ်တိုင်ရာရောက်ပို့ပေးနေတာဖြစ်လို့ အခုပဲ page messenger or Whatsapp ကနေအမြန်လာမှာလိုက်တော့နော်!!!!!
~~~~~~~~~~~~~~~~~~~
တခြားတွဲမှာနိုင်သော ဒေသစာများ
#မလေးရှား - https://shorturl.at/2pFbP
#စငကာပူ - https://shorturl.at/uazRA
#ထင်း - https://shorturl.at/PkJsK
~~~~~~~~~~~~~~~~~~~
Telegram Channel - https://t.me/lokalzaytan
Telegram Admin များနှင့် စကားပြောရန် - https://t.me/lokalzaytannmm
Telegram Admin အကောင့် -
TikTok - https://www.tiktok.com/
~~~~~~~~~~~~~~~~~~~
#ဒေသအရသာ ...💜
#ဒေသခံစားချက် ...💜
#ဒေသစျေးတန်း ....

Address

Yangon

Alerts

Be the first to know and let us send you an email when Lokal Zaytann posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Lokal Zaytann:

Share