04/12/2020
Credit:
အဆီမပါတဲ့ အသားဓါတ်တစ်မျိုးဖြစ်လို့ ဝိတ်ချနိုင်တယ်.. ပင်လယ်စာတွေမှာ အဆီဓါတ် လွန်စွာနည်းပါးသဖြင့် များများစားလည်း မဝနိုင်ပါ ။ ပင်လယ်စာအဆီထူငါးဆိုလျှင် Omega 3 ဖက်တီးအက်စစ် အမျိုးအစားဖြစ်၍ မကောင်းသောအဆီ LDL မပါဝင်လို့ လူကို ဥပါဒ်မဖြစ်စေသည့်အပြင် သွေးတွင်း ကိုလက်စထရောလ်ကိုပင် ကျစေပါတယ်။
လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိ
ပင်လယ်စာဟာ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ (B1, B3, B12) အစရှိတဲ့ဗီတာမင်ဓာတ်တွေအပြင် သတ္တုဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါ့အပြင်ငါးအမျိုးမျိုး ဥပမာ ဆယ်မွန်ငါးလိုငါးမမျိုးဟာ ဗီတာမင်Aဓာတ်ကိုရရှိနိုင်ပြီး တစ်ခြားပင်လယ်စာတွေမှာတော့ဗီတာမင်Dဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
အရိုးသန်မာစေတယ်
အပေါ်က အချက်မှာပါတဲ့ဓာတ်တွေကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ကိုယ်ခန္ဓာ ကြီးထွားမှုနှုန်းကို ပိုမိုမြင့်တက်စေပါတယ်။
နှလုံးကျန်းမာစေတယ်
ပင်လယ်စာမှာ သတ္တု အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အဆီဓာတ်နဲ့ပရိုတင်းဓာတ်ပါဝင်ပြီး အိုမီဂာာ၃ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိမလိုအပ်တဲ့ အဆီများကိုဖယ်ရှားပေးပါတယ်။
အသားရေလှစေတယ်
တစ်ချို့သောဓာတ်မတည့်တဲ့သူတွေသာ အဆင်မပြေပေမဲ့ တော်တော်များများပင်လယ်စားစားတဲ့သူတွေဟာ လတ်ဆက်ပြီး နုပျိုတဲ့ အသားရေကို ပိုင်ဆိုင်နိုင်ကြပါတယ်။ ပင်လယ်စာမှာပါဝင်တဲ့လတ်ဆက်တဲ့ အာဟာရဓာတ်တွေဟာခန္ဓာကိုယ် အတွင်းပိုင်းကိုသာမကပဲအပြင်ပိုင်းကိုပါလှပစေပါတယ်
ဦးနှောက်ဖွင့်ဖြိုးမှုအားကောင်းတယ်
ပင်လယ်စာမှာပါတဲ့ အိုမီကာ-3 ကြောင့်ဦးနှောက်ချို့ယွင်းခြင်း၊ညာဏ်မမှီခြင်း စတဲ့ ရောဂါများမှကာကွယ်နိုင်ပြီးညဏ်ရည်ကိုဖွံ့ဖြိုးစေပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ကလေးအများစုမှာ ပင်လယ်စာ စားတဲ့ကလေးတွေဟာ တွေးခေါ်နိုင်စွမ်း ညဏ်ရည်ပိုမိုထက္မ်က္တယ်လို့သိရှိရပါ။