22/06/2026
ဒီနေ့မှာတော့ ကျောက်ခေတ်ကတည်းက လူကြိုက်များပြီး ဒင်ဆမ်းစားရင် မပါမဖြစ်တဲ့ "နိုင်လွန်ပုစွန်" (Har Gow)အကြောင်းလေး ပြောပြချင်ပါတယ်နော် 🥟🦐😆
✅ နိုင်လွန်ပုစွန်ဆိုတာ အထဲက ပုစွန်သား ထုတ်ထုတ်အိအိလေးကို အပေါ်ယံ အလွှာအကြည် ပါးပါးလေးနဲ့ အုပ်ထားတဲ့ လူကြိုက်အများဆုံး ဒင်ဆမ်းတစ်မျိုး ဖြစ်ပါတယ်။ ✨
✅ အပေါ်မှာရှိတဲ့ အတွန့်လေးတွေက စက်နဲ့ပြုလုပ်ရတာမဟုတ်ဘဲ Chef တွေက တစ်ခုချင်းစီကို လက်နဲ့ သေသေချာချာ တကူးတက လုပ်ရတာဖြစ်လို့ ဒင်ဆမ်းဆိုင်တစ်ခုရဲ့ လက်ရာနဲ့ စံချိန်မီမှု ရှိ/မရှိကို ဒီနိုင်လွန်ပုစွန်နဲ့တင် ဆုံးဖြတ်နိုင်ပါတယ်ခင်ဗျာ။ 👨🍳💯
✅ အရသာရှိပြီး လက်ရာကောင်းတဲ့ နိုင်လွန်ပုစွန်တစ်လုံးမှာ အပေါ်ယံ အတွန့်လေးတွေ Chef ရဲ့ကျွမ်းကျင်မှာပေါ် မူတည်ပြီး ၁၀ ကနေ ၁၃ တွန့်လောက်အထိ ပါတတ်ပြီး ပေါင်းလိုက်တဲ့ အခါ ပုစွန်အသားရဲ့ အချိုနဲ့ အရည်ရွှန်း အစိုဓာတ်တွေ အပြင်မထွက်သွားအောင် အမိအရ ထိန်းထားပေးပါတယ်။ 🤤💦
Fraser Inya Myaing မှာ သန့်ရှင်းလတ်ဆတ်ပြီး အော်ဒါမှာယူမှ ပူပူနွေးနွေး ချက်ချင်းပေါင်းပေးတဲ့ ဒင်ဆမ်းမျိုးစုံကို မနက် ၇ နာရီကနေ ညနေပိုင်းအထိ တစ်နေကုန် သုံးဆောင်နိုင်ပြီနော်။ 🤗☕️🥟
Fraser Inya Myaing
🏡 လိပ်စာ: အမှတ် ၂၂၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်။
☎️ ဖုန်းနံပါတ်: 09 954 969 666
⏰ ဖွင့်လှစ်ချိန်: 7am to 5pm (Daily)
🚘 Google Map: Fraser Inya Myaing