Chel Chel Delivery Service

  • Home
  • Chel Chel Delivery Service

Chel Chel Delivery Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chel Chel Delivery Service, Food Delivery Service, Yagon, .

စိတ်ချမ်းသာကိုယ်ကျန်းမာရတဲ့ပျော်ရွင်စရာနှစ်သစ်လေးဖြစ်ကြပါစေရှင်🙏
14/04/2026

စိတ်ချမ်းသာကိုယ်ကျန်းမာရတဲ့ပျော်ရွင်စရာနှစ်သစ်လေးဖြစ်ကြပါစေရှင်🙏

ကျွန်မတပည့်ရဲ့ ပစ္စည်းပို့တဲ့စကေးကိုရှိူး 🤣
12/02/2026

ကျွန်မတပည့်ရဲ့ ပစ္စည်းပို့တဲ့စကေးကိုရှိူး 🤣

🙏🙏🙏
06/10/2025

🙏🙏🙏

📞 Hello Delivery လာပို့ချင်လို့ပါ
14/06/2025

📞 Hello

Delivery လာပို့ချင်လို့ပါ

ညမိုးချုပ်နေလဲ way ကောက်နေရပါတယ် 🥴ပီးရင် ပို့လို့ရတာဆက်ပို့ 💪
09/05/2025

ညမိုးချုပ်နေလဲ way ကောက်နေရပါတယ် 🥴

ပီးရင် ပို့လို့ရတာဆက်ပို့ 💪

ဘာစီးပွားရေးလုပ်ငန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ဖောက်သည်ပါပဲ...စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဝင်ငွေ ၈၀% ဟာ အဓိကဖောက်သည် ၂၀ % ...
08/05/2025

ဘာစီးပွားရေးလုပ်ငန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ဖောက်သည်ပါပဲ...

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဝင်ငွေ ၈၀% ဟာ အဓိကဖောက်သည် ၂၀ % ဆီကနေ လာပါတယ်....

လူအများကြီးကို မရောင်းရရင်နေပါစေ...

အဓိက ဖောက်သည် နည်းနည်းပါးပါးကို ရောင်းရတာနဲ့တင် အဲ့ဒီစီးပွားရေးလုပ်ငန်းက အောင်မြင်ပါပြီး...

လမ်းဘေးမှာ ဆိုင်ကယ်တက္ကစီဆွဲစားတဲ့ လူတောင်မှာ....

ပုံမှန်စီးနေကျ ဖောက်သည်ရှိတဲ့လူနဲ့
ဂိတ်ထိုးပြီး စီးသူစောင့်နေတဲ့ လူက ဝင်ငွေကွာပါတယ်...

ဖောက်သည်တွေ ရှာထားနိုင်တဲ့ တက္ကစီသမားဟာ...

ဟိုဖောက်သည်က ဖုန်းဆက် ဒီဖောက်သည် ကဖုန်းဆက်နဲ့ သွားနေရတာ ဂိတ်ထိုးပြီး ထိုင်စောင့်နေရတဲ့ အချိန်တောင် မရှိပါဘူး...

✅ ဘာစီးပွားရေးပဲ လုပ်လုပ် ဖောက်သည်က အရေးကြီးပါတယ်..

ပုံမှန်ဖောက်သည်ရအောင် ကြိုးစားအားထုတ်ရပါမယ်...

💙 ဈေးနှုန်း ချိုသာတာ...

💙 ဆက်ဆံရေး ကောင်းတာ...

💙 စိတ်စေတနာ ကောင်းတာ

💙 စိတ်ရှည်သည်းခံတာ

💙 ဝယ်သူတွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခြင်းတွေနဲ့ ဖောက်သည်တွေ များများသာထက် များလာအောင် ကြိုးစားအားထုတ်ရပါမယ်...

ဘာစီးပွားရေးပဲ လုပ်လုပ် ဖောက်သည်က အရေးကြီးပါတယ်...

ဖောက်သည်ကို ဂရုစိုက်ပါ...

#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️

Book.mm ✨🍀

Credit;

ရှေ့ကလူကြီးသူမတွေပြောတာကြားဖူးတယ်  မိန်းကလေးတွေ အိမ်ထောင်ပြုတော့မည် ဆိုရင်....  ၁။ ကြီးတာကို ရှာပါ။ ၂။ အရှည်ကို ကြည့်ပါ။...
30/04/2025

ရှေ့ကလူကြီးသူမတွေပြောတာကြားဖူးတယ်
မိန်းကလေးတွေ အိမ်ထောင်ပြုတော့မည် ဆိုရင်....

၁။ ကြီးတာကို ရှာပါ။
၂။ အရှည်ကို ကြည့်ပါ။
၃။ ဝင်ဆန့်မဆန့် သိပါ။
၄။ တော်မတော် စမ်းသပ်ပါ။
၅။ အနေတော်ကို ရွေးပါ။

ဝေဖန်ရေးမစောနဲ့အုန်း ရှင်းပြမယ် ....

၁။ ကြီးတာကို ရှာပါ ဆိုတာ ဥာဏ်ပညာကြီးတာကို
ပြောတာပါ။ ဥာဏ်ပညာကြီးသူမှသာ အိမ်ထောင်ကို
ဦးစီးဦးဆောင် ပြုနိုင်မှာ မဟုတ်လား ။

၂။ အရှည်ကို ကြည့်ပါ ဆိုတာ ကိုယ့်ရဲ့
ဘဝလက်တွဲဖေါ်ဖြစ်မယ့်သူက ကိုယ်နဲ့
စိတ်ထားခြင်း ကိုက်ညီရဲ့လား၊ စိတ်ထားကောင်း
ရဲ့လား၊ ကိုယ့်အပေါ်ကောင်းရဲ့လား အကဲခတ်
ကြည့်ပါလို့ ပြောတာပါ။ ဒါမှ ရေရှည်တည်တံ့
နိုင်မှာ မဟုတ်လား ။

၃။ ဝင်ဆန့်မဆန့် သိပါ ဆိုတာ လူတောသူတောထဲ
ဝင်ဆန့်မဆန့် ကို သိအောင်လုပ်ဖို့ ပြောတာပါ။
သူခိုး၊ ဂျပိုး၊ မုဒိန်းကောင်၊ ကလေကချေ ၊ အောက်တန်းစားတွေ ဖြစ်နေရင် လူတောမတိုးလို့
ကိုယ်ပဲ ဒုက္ခရောက်ရမှာ မဟုတ်လား ။

၄။ တော်မတော် စမ်းသပ်ပါ ဆိုတာ ကိုယ့်နဲ့
သင့်တော်၏ မသင့်တော်၏ စမ်းသပ်ခိုင်းတာပါ။
သူ့ရဲ့ ဆွေမျိုးအသိုင်းအဝန်းတွေ ၊ သူ့ရဲ့
နေထိုင်မှု့စရိုက်တွေ၊ ပြောပုံဆိုပုံ နေပုံထိုင်ပုံ
ဘယ်လိုရှိတယ် သိမှ ကိုယ်နဲ့ သင့်တော်
မသင့်တော် သိမှာ မဟုတ်လား ။

၅။ အနေတော်ကို ရွေးပါဆိုတာ သိပ်ချမ်းသာ
လွန်းတဲ့သူ၊ သိပ်ဆင်းရဲတဲ့သူ၊ သိပ်ချောလွန်းတဲ့သူ ၊ သိပ်ရုပ်ဆိုးလွန်းတဲ့သူ၊ သိပ်ဝလွန်းတဲ့သူ၊ သိပ်ပိန်လွန်းတဲ့သူ စသည်ဖြင့် အစွန်းတဖက် ထွက်နေတဲ့သူကို မရွေးပဲ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အနေတော်ကို
ရွေးပါလို့ ပြောတာပါ။ ဒါမှ စိတ်ချလက်ချ
စိတ်လက်ချမ်းသာ နေနိုင်မယ် မဟုတ်လား။

29/04/2025

၁ လကို လစာ ၁၈၀၀၀ နဲ့

အလှကုန်ပစ္စည်းဖြန့်ပေးတဲ့ company တစ်ခုမှာ

တောက်တိုမယ်ရ ဝန်ထမ်းလုပ်ခဲ့တုန်းက

နေ့တိုင်း ထူးဆန်းတဲ့ အရာတွေ တွေ့ရတယ်။

အဲဒါကတော့ သိန်းချီတန်တဲ့ မိတ်ကပ်တွေ၊

skin care တွေကို အမျိုးသမီးတွေ အလုအယက်ဝယ်နေကြတာပဲ။

ကိုယ့်လစာ ၁၀ လစာကို သူတို့တစ်ချက်ထဲနဲ့ပဲ သုံးပစ်ကြတယ်။

အဲဒီတုန်းက စဉ်းစားမိတာက

"ဘယ်လိုလူတွေများ ဒီလောက်တန်ဖိုးကြီးတဲ့

ပစ္စည်းတွေကို ဝယ်ကြလဲပေါ့?

ငါသာဆိုရင် မဝယ်ဘူး၊ ဝယ်လဲမဝယ်နိုင်ဘူး" လို့တွေးမိတယ်။

အသက်အရွယ်တွေရလာတော့ ပြန်တွေးမိတာက

အဲဒီတုန်းက ပစ္စည်းတွေက ကိုယ့်အတွက်ပဲစျေးကြီးတာ

ပိုက်ဆံရှိတဲ့လူတွေအတွက်တော့ ဒီတန်ဖိုးကြီးပစ္စည်းက ပုံမှန်ပစ္စည်းပဲ။

"ဈေးကြီးဆိုတဲ့စကားက ကိုယ့်အတွက်ပဲ ဖြစ်တာ။

ဖောက်သည်အတွက်တော့ မဟုတ်ဘူး။"

အဲဒီအတွေးကပဲ စီးပွားရေးလုပ်တဲ့အခါမှာ

လမ်းကြောင်းပြောင်းပေးသွားတယ်။

'ဈေးကြီးရင် မရောင်းရနိုင်ဘူး'

ဆိုတဲ့ အတွေးဖယ်ပစ်လိုက်တယ်။

ဒီတော့ကိုယ်က စျေးကြီးတဲ့ထုတ်ကုန်တွေ

ဝန်ဆောင်မှုတွေရောင်းတဲ့အခါ ခံယူထားရမှာက

•ပိုက်ဆံရှိတဲ့လူတွေ အများကြီးရှိတယ်။

•အရည်အသွေးကောင်းတဲ့ပစ္စည်းကို

ဝယ်ချင်တဲ့လူတွေ မရေမတွက်နိုင်အောင်ရှိတယ်။

•ကိုယ့်ရဲ့ ထုတ်ကုန် ဝန်ဆောင်မှုအတွက်

တန်ဖိုးကြီးကြီးတောင်းဆိုဖို့မကြောက်နဲ့။

ဆိုတဲ့ အချက် ၃ ချက်ပဲ။

ကိုယ့်ရဲ့ ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေကို

ကိုယ်တိုင်တန်ဖိုးထားတယ်ဆိုရင်

တခြားသူတွေလည်း တန်ဖိုးထားမှာပဲ။

အကောင်းဆုံးအရည်အသွေးကို

ပေးနိုင်တယ်ဆိုရင် အကောင်းဆုံးတန်ဖိုးကို

တောင်းခံဖို့ မကြောက်နဲ့။

တကယ်တော့ ဈေးကြီးတာ မဟုတ်ဘူး၊

ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်မသိသေးတာပဲ။

ကိုယ်ကြိုးစားလေ့လာထားတဲ့အရာ၊

ကိုယ်ကျွမ်းကျင်တဲ့ အရာတွေကို

အကောင်းဆုံးပြုလုပ်ပြီး သင့်တော်တဲ့ တန်ဖိုးနဲ့ ရောင်းချပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။

ဥာဏ်လင်းအောင်
Unlock Your Futures

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Chel Chel Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your restaurant to be the top-listed Restaurant?

Share