Hinthar Yin Khwin Restaurant

Hinthar Yin Khwin Restaurant Restaurant

ဘဝရဲ့ အရေးကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ မင်္ဂလာဦးညစာစားပွဲ (Wedding Dinner) ကို ချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့...
16/05/2026

ဘဝရဲ့ အရေးကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ မင်္ဂလာဦးညစာစားပွဲ (Wedding Dinner) ကို ချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ အကျဉ်းရုံးပြီး ပျော်ပျော်ပါးပါး ဆင်နွှဲချင်ပါသလား? 💍✨

ကြိုးစားခဲ့သမျှ အရာထင်ပြီး နှစ်ယောက်တစ်ဘဝ တည်ဆောက်နိုင်ခဲ့တဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာ... အချစ်ဆုံးသူငယ်ချင်းတွေနဲ့အတူ ခွက်ချင်းတိုက် ဂုဏ်ပြုဖို့ "ဟင်္သာရင်ခွင်" က နွေးထွေးစွာကြိုဆိုနေပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ အထူးနေ့ရက်လေး ပိုမိုပြည့်စုံသွားအောင် ကျွန်တော်တို့ဘက်က အစွမ်းကုန် ကူညီပေးသွားမှာဖြစ်ပြီး...

✅ Wedding Party အတွက် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ပွဲအစီအစဉ်များ

✅ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ Chill လို့ရမယ့် ဝန်းကျင်

✅ ဧည့်သည်တော်တွေ အကြိုက်တွေ့စေမယ့် လက်ရာကောင်း ဟင်းလျာစုံလင်မှု

ဒီလို အောင်မြင်မှုမှတ်တိုင်တွေကို အမှတ်တရရှိရှိနဲ့ ပျော်ပျော်ပါးပါး ကျင်းပဖို့ "ဟင်္သာရင်ခွင်" ကို ရွေးချယ်လိုက်ပါ။ လူကြီးမင်းတို့ရဲ့ ဘဝမှတ်တိုင်တစ်ခုကို ကျွန်တော်တို့နဲ့အတူ အလှပဆုံး ပုံဖော်လိုက်ရအောင်နော်🤝✨

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


အပြင်မှာ မိုးစက်မိုးပေါက်လေးတွေနဲ့ လေအေးအေးလေး တိုက်လာပြီဆိုရင်... 🌧️လူက အလိုလိုနေရင်း နွေးထွေးတဲ့ နေရာတစ်ခုနဲ့ ပူပူစပ်စ...
06/05/2026

အပြင်မှာ မိုးစက်မိုးပေါက်လေးတွေနဲ့ လေအေးအေးလေး တိုက်လာပြီဆိုရင်... 🌧️

လူက အလိုလိုနေရင်း နွေးထွေးတဲ့ နေရာတစ်ခုနဲ့ ပူပူစပ်စပ် အရသာလေးတစ်ခုကို တောင့်တမိတတ်တယ်မလား? 🤗

ဒီလို မိုးအေးအေး ညနေခင်းမျိုးမှာ အအေးမိမှာလည်း မစိုးရအောင်၊ လူကိုလည်း လန်းဆန်းသွားစေအောင် "ဟင်္သာရင်ခွင်" ရဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပူပူလေးတွေက အသင့်ရှိနေပါတယ်ခင်ဗျာ။

မိုးရနံ့လေးနဲ့အတူ ဆိုင်ရဲ့ မီးရောင်ဝါအောက်မှာ ဘော်ဒါတွေနဲ့ စကားတပြောပြော၊ ဟင်းရည်ပူပူလေးတစ်ခွက်နဲ့ အနားယူဖို့ "ဟင်္သာရင်ခွင်" ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဒီညနေတော့... မိုးအေးအေးလေးနဲ့ အဖော်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ ဆုံကြမယ်လေ🍻

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးလို့ ရုံးပြန်တက်ရပြီဆိုတော့ အလုပ်ဖိအားတွေနဲ့ စိတ်ပင်ပန်းနေပြီလား ဘော်ဒါတို့ရေ...။ 💻💼ပိတ်ရက်တု...
02/05/2026

သင်္ကြန်ပိတ်ရက်တွေ ကုန်ဆုံးလို့ ရုံးပြန်တက်ရပြီဆိုတော့ အလုပ်ဖိအားတွေနဲ့ စိတ်ပင်ပန်းနေပြီလား ဘော်ဒါတို့ရေ...။ 💻💼

ပိတ်ရက်တုန်းက ဘယ်လိုတွေ ကဲခဲ့ကြလဲ?
ဘယ်သူတွေနဲ့ ဘယ်လိုလွဲခဲ့ကြလဲ? ဆိုတဲ့ သင်္ကြန်အတွေ့အကြုံတွေကို အားရပါးရ ပြန်ပြောဖို့ နေရာကောင်းတစ်ခု လိုနေပြီမလား။

ခွက်ချင်းတိုက်ရင်း အလွမ်းသယ်ဖို့ အကောင်းဆုံးနေရာကတော့... ကျွန်တော်တို့ "ဟင်္သာရင်ခွင်" ပဲပေါ့🍺

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


ဟင်္သာရင်ခွင် ရဲ့ အေးမြတဲ့ ရင်ခွင်ထဲ ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဘော်ဒါတို့ရေ 🍻သင်္ကြန်ပိတ်ရက်ကာလမှာ ရေပက်ခံထွက်၊ ခရီးတွေ...
30/04/2026

ဟင်္သာရင်ခွင် ရဲ့ အေးမြတဲ့ ရင်ခွင်ထဲ ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဘော်ဒါတို့ရေ 🍻

သင်္ကြန်ပိတ်ရက်ကာလမှာ ရေပက်ခံထွက်၊ ခရီးတွေသွားရင်းနဲ့ ပျော်ခဲ့ကြပေမယ့်...တစ်ခါတစ်လေတော့လည်း ကိုယ်နေနေကျ၊ ထိုင်နေကျ ရင်ခွင်တစ်ခုကို သတိရမိတတ်တယ်မလား?

သင်္ကြန်ပိတ်ရက်မှာ မတွေ့ဖြစ်ကြပေမယ့် အခုတော့ ကျွန်တော်တို့ "ဟင်္သာရင်ခွင်" က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပါပြီခင်ဗျာ။

✅ ပင်ပန်းသမျှကို အမောပြေစေမယ့် ရှူးရှူးရှဲရှဲ ဟင်းရည်ပူပူလေးတွေ
✅ ဗိုက်ဝဝဖြည့်ဖို့ အငွေ့တထောင်းထောင်းနဲ့ မြေအိုးထမင်း အစုံအလင်
✅ ဘီယာနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ယိုးဒယားအထောင်းနဲ့ အမြည်းမျိုးစုံနဲ့အတူ

လွမ်းနေတဲ့ ဝိုင်းဟောင်းလေးမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖို့ပဲဖြစ်ဖြစ် အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နေရာဦးထားဖို့ ဖုန်းလေးတစ်ချက်တော့ ကြိုဆက်လိုက်ဦးနော်📱👇

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


Hinthar Yin Khwin Garden Area မှာ အမှတ်တရ Dinner 💐✨ကိုသူရအောင် + မ ဟန်စုထက် 💕တို့ရဲ့ မင်္ဂလာဇနီးမောင်နှံ Dinner ကို Hint...
29/04/2026

Hinthar Yin Khwin Garden Area မှာ အမှတ်တရ Dinner 💐✨

ကိုသူရအောင် + မ ဟန်စုထက် 💕တို့ရဲ့ မင်္ဂလာဇနီးမောင်နှံ Dinner ကို Hinthar Yin Khwin ရဲ့ Garden Area မှာ လာရောက်သုံးဆောင်ပြီး ကျင်းပပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

မင်္ဂလာဇနီးမောင်နှံနှစ်ဦး အမြဲတမ်း ချစ်ခြင်းမေတ္တာများဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သွားရာလမ်းခရီးတိုင်းမှာ ပျော်ရွှင်အောင်မြင်မှုများ အစဉ်အမြဲရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 💍❤️

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


မြန်မာ့နှစ်ကူး သကြင်္န်အကြိုနေ့မှ စပြီး နွေအပူကို သင်္ကြန်ရေအေးအေးနဲ့ အံတုရင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ...
13/04/2026

မြန်မာ့နှစ်ကူး သကြင်္န်အကြိုနေ့မှ စပြီး နွေအပူကို သင်္ကြန်ရေအေးအေးနဲ့ အံတုရင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း “ဟင်္သာရင်ခွင် မိသားစု “ မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 💦

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


"အငွေ့တထောင်းထောင်းနဲ့ မြေအိုးနံ့သင်းသင်း... ဟင်္သာရင်ခွင် မှာ မြေအိုးထမင်း အစုံအလင် ရနေပြီနော်""ဟင်္သာရင်ခွင်" ရဲ့ မြေအ...
12/04/2026

"အငွေ့တထောင်းထောင်းနဲ့ မြေအိုးနံ့သင်းသင်း...
ဟင်္သာရင်ခွင် မှာ မြေအိုးထမင်း အစုံအလင် ရနေပြီနော်"

"ဟင်္သာရင်ခွင်" ရဲ့ မြေအိုးထမင်းတွေက ဆိုင်ရဲ့ ကိုယ်ပိုင်လက်ရာအတိုင်း မြေအိုးနံ့သင်းသင်းလေးနဲ့ အသား၊ ငါး၊ ပင်လယ်စာ အစုံအလင်ကို အရသာအစိမ့်ဆုံးဖြစ်အောင် ဖန်တီးထားတာပါ။

တစ်လုပ်စားလိုက်တိုင်း ပူပူနွေးနွေးနဲ့ အားအင်ပြည့်သွားစေမယ့် ဟင်္သာရင်ခွင် ရဲ့ မြေအိုးထမင်းတွေကို ဒီညပဲ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဗိုက်ဆာနေတဲ့ ဘော်ဒါတွေအတွက်တော့ အကြိုက်တွေ့မှာ အသေအချာပါပဲနော်🤝

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


သကြင်္န်ကာလ ၄ရက်လုံးလုံး ပိတ်ရက်မရှိ ဆိုင်ဖွင့်ကြောင်း “ ဟင်္သာရင်ခွင် မိသားစု “ မှ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင် 💦☎️ H...
10/04/2026

သကြင်္န်ကာလ ၄ရက်လုံးလုံး ပိတ်ရက်မရှိ ဆိုင်ဖွင့်ကြောင်း “ ဟင်္သာရင်ခွင် မိသားစု “ မှ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင် 💦

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


ဘီယာအေးအေးလေး သောက်နေရင်းနဲ့မှ ပူပူစပ်စပ် ဟင်းရည်လေးတစ်ဇွန်းလောက် သောက်လိုက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူးနော်😍အခုလို ပူ...
03/04/2026

ဘီယာအေးအေးလေး သောက်နေရင်းနဲ့မှ ပူပူစပ်စပ် ဟင်းရည်လေးတစ်ဇွန်းလောက် သောက်လိုက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူးနော်😍

အခုလို ပူအိုက်တဲ့ နွေရာသီမှာပဲဖြစ်ဖြစ်၊ သင်္ကြန်ရေကစားရင်းနဲ့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်နေသမျှကို အမောပြေသွားစေဖို့ "ဟင်္သာရင်ခွင်" ရဲ့ ဟင်းရည်ပူပူလေးတွေက အသင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။

ရင်ထဲနွေးခနဲ ဖြစ်သွားစေမယ့်...
🔥 ရှူးရှူးရှဲရှဲနဲ့ အမောပြေစေမယ့် တုံယမ်းဟင်းရည်
🍲 လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ ချဉ်စပ်ဟင်းရည်
🥘 ကလေး၊ လူကြီး အားလုံးအကြိုက် ဟင်းရည် အရည်သောက်အစုံအလင်

အမြည်းတွေချည်းပဲ စားနေမယ့်အစား အစာကြေညက်ပြီး လူကိုပါ လန်းဆန်းသွားစေမယ့် အရည်သောက်ပွဲလေး တစ်ပွဲတော့ ဝိုင်းတိုင်းမှာ ပါမှဖြစ်မယ်နော် ဘော်ဒါတို့ရေ...🍻🥣

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


အထောင်းဆိုတာ ချဉ်၊ စပ်၊ ငံ အရသာ (၃) မျိုးစလုံး ပြည့်စုံနေမှ အားရတာနော် ဘော်ဒါတို့ရေ... 😍အခုလို ပူအိုက်တဲ့အချိန်မှာ မျက်စ...
31/03/2026

အထောင်းဆိုတာ ချဉ်၊ စပ်၊ ငံ အရသာ (၃) မျိုးစလုံး ပြည့်စုံနေမှ အားရတာနော် ဘော်ဒါတို့ရေ... 😍

အခုလို ပူအိုက်တဲ့အချိန်မှာ မျက်စိပွင့်၊ နားပွင့်သွားစေမယ့် "ဟင်္သာရင်ခွင်" ရဲ့ ယိုးဒယားအထောင်းတွေက အသင့်စောင့်ကြိုနေပါတယ်။

လတ်ဆတ်တဲ့ ပုစွန်၊ ကဏန်း၊ ပင်လယ်စာတွေနဲ့ သုပ်ထားတဲ့ အထောင်းတွေက ဘီယာအေးအေးလေးနဲ့ အလိုက်ဖက်ဆုံး "Perfect Match" ပါပဲ🍺

"ဟင်္သာရင်ခွင်" ရဲ့ အထောင်းတွေက ယိုးဒယားစတိုင်စစ်စစ် အရသာအတိုင်းမို့ တစ်လုပ်စားလိုက်တိုင်း ထိမိဂွိဖြစ်သွားစေမှာပါနော်။ ဒီညတော့ အလုပ်ကိစ္စတွေ ခဏမေ့ပြီး ဟင်္သာရင်ခွင်ရဲ့ ရှူးရှူးရှဲရှဲ အထောင်းလေးတွေနဲ့ Chill ချင်တဲ့ ဘော်ဒါတွေအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်မှာပါ။

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


ရုံးဆင်းရင် အိမ်တန်းပြန်ဖို့ စိတ်မကူးနဲ့ဦးနော်...ကွန်ပျူတာရှေ့က ထလိုက်တာနဲ့ ခေါင်းထဲမှာ Beer အေးအေးလေးရယ်၊ အမြည်းစုံစုံလ...
20/03/2026

ရုံးဆင်းရင် အိမ်တန်းပြန်ဖို့ စိတ်မကူးနဲ့ဦးနော်...

ကွန်ပျူတာရှေ့က ထလိုက်တာနဲ့ ခေါင်းထဲမှာ Beer အေးအေးလေးရယ်၊ အမြည်းစုံစုံလင်လင်ကိုပဲ ပြေးမြင်နေမိပြီလား?

ဒါဆိုရင်တော့ လမ်းကြောင်းမလွဲစေနဲ့တော့... ဟင်္သာရင်ခွင် ကိုသာ တန်းမောင်းလာခဲ့လိုက်တော့နော် 🍻

အေးမြတဲ့ လေညင်းလေးနဲ့အတူ သောကြာနေ့ညရဲ့ ပေါ့ပါးမှုကို အပြည့်အဝ ခံစားနိုင်ဖို့ ဒီညတော့ အဝသောက်၊ အဝစားပြီး Background Music တွေနဲ့အတူ အပန်းဖြေလိုက်ရအောင်🤩

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့


Address

Hinthada

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959941941942

Website

Alerts

Be the first to know and let us send you an email when Hinthar Yin Khwin Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category