Grab Your Nutrition - GYN

Grab Your Nutrition - GYN Corn Dog Online Class & Supply Store

🇰🇷🇰🇷ကင်ချီကတော့ korea အစားအသောက်တခုမှာ မပါမဖြစ် တွဲဖက်စားရတဲ့အရာဆိုရင်လည်းမမှားပါဘူးမြန်မာပြည်မှာနေရင်း korea ကင်ချီလေးက...
14/03/2024

🇰🇷🇰🇷ကင်ချီကတော့ korea အစားအသောက်တခုမှာ မပါမဖြစ် တွဲဖက်စားရတဲ့အရာဆိုရင်လည်းမမှားပါဘူး
မြန်မာပြည်မှာနေရင်း korea ကင်ချီလေးကို အိမ်မှာလုပ်စားနိုင်မဲ့နည်းလေးကိုပြောပြပါမယ်😋😋
ကင်ချီအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
-မုန်ညင်းဖူး(အဖြူ)
-ကြက်သွန်ဖြူ
-ကြက်သွန်နီ
-ဂျင်း
-ငရုတ်သီးစိမ်းမှုန့်စစ်စစ်
-သကြား
-ဆား
…………..
ပြုလုပ်နည်း
-ပထမဆုံး မုန်ညင်းဖူးကို ရေစင်အောင်ဆေးပြီး ဆားရေ တစ်ညစိမ်ပါ။မုန်ညင်းဖူးအပေါ်မူတည်ပြီး ဆားအနည်းအများထည့်ပါ။
-ဆားရေတစ်ညစိမ်ပြီး မုန်ညင်းဖူးလေး အိသွားပြီဆိုရင်တော့ ဇကာဖြင့် ရေစစ်ထားပါ။
-ကြက်သွန်ဖြူ ကြက်သွန်နီနှင့်ဂျင်း အနည်းငယ်ကို ထောင်းပါ
-အနှစ်များများစားချင်တယ်ဆိုရင်တော့ ကြက်သွန်နီများများထည့်ထောင်းဖို့ လိုပါတယ်
-ငရုတ်သီးစိမ်းမှုန့်၊ သကြားနှင့်ဆားအနည်းငယ်ကို ရေနွေးအနည်းငယ်ဖြင့်ပျော်အောင်ဖျော်ပေးပါ။
-ပျော်သွားပြီဆိုရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီ၊ဂျင်းအနှစ်တွေနဲ့ရောပြီး သမအောင်မွှေပါ။
-ပြီးရင်တော့ဇကာဖြင့်စစ်ထားတဲ့ မုန်ညင်းဖူးတွေနဲ့အနှစ်တွေကိုရောနယ်ပေးပါ။အရသာအပေါ့အငံ မြည်းကြည့်ပြီး လိုရာကိုထပ်ထည့်နိုင်ပါတယ်။
-အရသာအဆင်ပြေပြီဆိုရင်တော့ စားသုံးလို့ရပါပြီ။ အဖုံးပါတဲ့ဘူးဖြင့်အပြင်မှာတရက်ထားပြီးရင် နောက်ရက်တွေမှာ ရေခဲသေတ္တာနဲ့ထားပါ။
-korea ကားထဲကလို ခေါက်ဆွဲပြုတ်ကို ကင်ချီလေးနဲ့တွဲစားလို့ရသလို ထမင်းလိပ်နဲ့လည်းတွဲဖက် စားနိုင်ပါတယ်။

#ကင်ချီ
#ကိုရီးယား

မရလိုက်တဲ့သူများအတွက် နောက်တစ်ခေါက်ထပ်လာပြီလူနည်းနည်းတော့စောင့်လိုက်မယ်နော်10:30 PWချပေးပါမယ်မုန့်ဖိုးအတွက် လျှို့ဝှက်နံ...
27/11/2023

မရလိုက်တဲ့သူများအတွက်
နောက်တစ်ခေါက်ထပ်လာပြီ
လူနည်းနည်းတော့စောင့်လိုက်မယ်နော်
10:30 PWချပေးပါမယ်
မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 762551 ဖြစ်ပါသည်။

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

မုန့်ဖိုးလာပါပြီ👇🏻မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 813646 ဖြစ်ပါသည...
27/11/2023

မုန့်ဖိုးလာပါပြီ👇🏻
မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 813646 ဖြစ်ပါသည်။

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

💵မုန့်ဖိုးတွေယူရင်း တိုင်ဆောင်တိုင်ညကိုဖြတ်သန်းကြမယ်နော်💸 👍🏻Like and Shareလေးလုပ်သွားကြပါအုံးနော်😀 ခနနေပြန်လာပါမယ်နော်
27/11/2023

💵မုန့်ဖိုးတွေယူရင်း တိုင်ဆောင်တိုင်ညကိုဖြတ်သန်းကြမယ်နော်💸
👍🏻Like and Shareလေးလုပ်သွားကြပါအုံးနော်😀

ခနနေပြန်လာပါမယ်နော်

ဒူးရင်း pillow     🧑‍🍳လွယ်လွယ်ကူကူနဲ့ အိမှာလုပ်စားလို့ရအောင်  Pillow လုပ်နည်းလေးမျှဝေလိုက်ပါပြီ ချစ်တို့ရေ။🤤 မုန့်လုပ်စာ...
01/10/2023

ဒူးရင်း pillow

🧑‍🍳လွယ်လွယ်ကူကူနဲ့ အိမှာလုပ်စားလို့ရအောင်

Pillow လုပ်နည်းလေးမျှဝေလိုက်ပါပြီ ချစ်တို့ရေ။🤤

မုန့်လုပ်စားရင်း ဘ၀အမောတွေပြေပျောက်နိုင်ကြပါစေဗျ။


#မေတ္တာလက်‌ဆောင်ဖြစ်ပြန်လည်မျှဝေသည်

Milo Ballကဲ အာလုံးပဲမင်္ဂလာပါခင်ဗျာ🙏  GYN Online Class မှ ကြိုဆိုပါတယ်ဗျ👋အခုကတော့ Ovan မလိုပဲ အလွယ်တကူလုပ်စားလို့ရတဲ့Mil...
29/07/2023

Milo Ball

ကဲ အာလုံးပဲမင်္ဂလာပါခင်ဗျာ🙏

GYN Online Class မှ ကြိုဆိုပါတယ်ဗျ👋

အခုကတော့ Ovan မလိုပဲ အလွယ်တကူလုပ်စားလို့ရတဲ့

Milo Ball လုပ်နည်းလေးတင်ပေးလိုက်ပါတယ်ဗျ။

ပါ၀င်တဲ့ ပစ္စည်းတွေကတော့-
Milo အမှုန့်
ကွတ်ကီအကြေမှုန့်
နို့ဆီ
သကြား(အချိုကြိုက်သူအတွက်သာ)
အုန်းသီးခြောက် တို့ဖြစ်ပါတယ်။

အခု ပါ၀င်ပစ္စည်းလေးတွေလည်းသိပြီဆိုတော့ ချစ်စရာ

ကောင်းပြီး အရသာရှိတဲ့ MiloBall လုပ်စားရင်း ပျော်

ရွှင်း‌ဖွယ်အချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ၊😀



မူရင်းPhotoပိုင်ရှင်အား လေးစားစွာဖြင့် crdပေးပါတယ်။

ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင် အာဇာနည်သူရဲကောင်းများအား ဂါရ၀ပြုပါတယ်💐
19/07/2023

ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင် အာဇာနည်သူရဲကောင်းများအား ဂါရ၀ပြုပါတယ်💐

လိုအပ်သည့်ပစ္စည်းများ ...===================ကြက်ဥ - ၃ လုံးရေ - လက်ဖက်ရည်ပန်းကန် ၄ လုံး (ရေ၄ လုံးက နမူနာပြောတာပါ။ ရေကတော့...
11/07/2023

လိုအပ်သည့်ပစ္စည်းများ ...
===================

ကြက်ဥ - ၃ လုံး
ရေ - လက်ဖက်ရည်ပန်းကန် ၄ လုံး (ရေ၄ လုံးက နမူနာပြောတာပါ။ ရေကတော့ ကိတ်မုန့် အဆင်သင့် အမှုန့်အထုတ်မှာပါတဲ့ အညွှန်းအတိုင်းသုံးရမှာပါ)

ကိတ်မုန့်လုပ်ရန် အဆင်သင့်အမှုန့် - ၁ ဗူး (နှစ်သက်ရာ အရသာကို city mart မှာဝယ်လို့ရပါတယ်။ Instant cake mix လို့ ရေးထားပါတယ်။)

ထောပတ်အဆီ (သို့) ဆီ - လက်ဖက်ရည်ပန်းကန် ၃ ပုံ ၁ပုံ

ကိတ်မုန့်တွင်း ထည့်လို့ကထည့်ရန် စပျစ်သီးခြောက်၊ ကျောက်ဖရုံယို သီဟိုဠ်စေ့ စသည် အနည်းငယ်။

……………

ပြုလုပ်ပုံ အဆင့်ဆင့်
================

၁. ကိတ်မုန့်လုပ်မည့် အမည်များ ထည့်မွှေရန် ဇလုံ သို့မဟုတ် ပန်းကန်လုံး ကြီးကြီးထဲကို ကိတ်မုန့်လုပ်တဲ့ အမှုန့် ထည့်ပါ။

၂. ကြက်ဥ သုံးလုံးကို သမအောင်မွှေပြီး အမှုန့်ထဲကို ရောထည့်ပြီး မွှေပါ။ ကြက်ဥများ သမလာရင် ထောပတ် (သို့) ဆီကို ထည့်ပြီး နာနာမွှေရပါမယ်။

၃. ကြက်ဥနဲ့ ထောပတ် မွှေထားတာထဲမှာ အမှုန့်ကို ဖြည်းဖြည်းချင်းစီထည့်ပြီး မွှေရပါမယ်။ ကိတ်မုန့်လုပ်တာမှာ သုံးတဲ့ မွှေတဲ့စက်ရှိရင် စက်နဲ့မွှေပါ။ မရှိရင်တော့ လက်နဲ့ပဲ သေချာနယ်ရပါမယ်။

၄.ရေကိုလည်း နည်းနည်းချင်းထည့်မွှေပါ။

(အဲ့လို မွှေတဲ့အခါ အမှုန့်တွေကို အကုန် သမပြီး အနှစ်တွေဖြစ်အောင် မွှေရပါမယ်။ အမှုန့်တွေမှာလေခိုပြီး အလုံးသေးသေးလေးတွေဖြစ်တာတွေကို ပျောက်တဲ့အထိ မွှေရပါမယ်။)

၅. အကုန် သမ သွားပြီဆိုရင်တော့ ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ကို ဆီ ဒါမှ မဟုတ် ထောပတ်နဲ့ သုတ်ရပါမယ်။ အဲ့ဒီထဲကို အစောက ရောမွှေထားတဲ့ ကိတ်မုန့်အနှစ်တွေကို ထည့်ပါ။ မျက်နှာပြင်ကို ညီညီညာညာလေး ပြုပြင်ပြီးရင် ကိုယ်ထည့်ချင်တဲ့ စပျစ်သီးခြောက် စတာတွေကို အပေါ်ကနေ ဖြူးလို့ရပါတယ်။ Fruit cake လုပ်မယ်ဆိုရင်တော့ စပျစ်သီးခြောက် စတာတွေကို တခါတည်း ထည့်နယ်ပါတယ်။

၆. မုန့်ဖုတ်ဖို (oven) ကို အရင် ကြိုပြီး အပူပေးရပါမယ်။ ပြီးရင်တော့ ကိတ်မုန့်နှစ်ထည့်ထားတဲ့ ပုံစံခွက်ကို ထည့်ပြီး အပူချိန် ၃၅၀ ဒီဂရီစင်တီဂရိတ်နဲ့ ၂၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထည့်ဖုတ်ရပါတယ်။

၇. မုန့်ကျက်လောက်ပြီဆိုရင် အလယ်တည့်တည့်ကနေ တူလေးတချောင်းနဲ့ သာသာထိုးကြည့်ပါ။ အကယ်လို့ တူအဖျားမှာ မုန့်နှစ်အစိမ်းတွေ ကပ်ပါလာနေသေးရင်တော့ oven ထဲ ၃ မိနစ်လောက်ထပ်ထည့်ဖုတ်ဖို့ လိုပါလိမ့်မယ်။ တူကို ဆွဲထုတ်လိုက်တဲ့အခါ တူအဖျားမှာ ဘာမှ ကပ်မပါလာတော့ဘူးဆိုရင်တော့ ကိတ်မုန့်ရပါပြီ။ သူ့ကို ၁၀ မိနစ်လောက် အအေးခံ ထားလိုက်ပါ။

ပုံစံခွက်ထဲက ထုတ်ပြီးပြီဆိုရင်တော့ ကိတ်မုန့်အပေါ်မှာ ကြိုက်နှစ်သက်ရာ cream, icing တွေနဲ့ အလှအပဆင်ပြီး စားလို့ရပါပြီ။

မုန်လာဥနဲ့ မုန့်လုပ်စားမယ်    ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ မုန်လာဥဖြူလေးတွေက ဟင်းအပြင် ...
05/07/2023

မုန်လာဥနဲ့ မုန့်လုပ်စားမယ်

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ မုန်လာဥဖြူလေးတွေက ဟင်းအပြင် ပိုးတီချဉ်၊ ကင်မ်ချီ စသဖြင့် အမျိုးမျိုးလုပ်စားလို့ရတာကို အားလုံးသိနှင့်ကြပြီးဖြစ်ပေသည်။ ဒီနေ့မှာတော့ မုန်လာဥအဖြူလေးနဲ့ မုန့်လုပ်တဲ့နည်းကို ပြောပြပေးချင်ပါတယ်ဗျ။ အခုလိုကိုဗစ်ကာလမှာ အိမ်မှာပဲ အလွယ်တကူလုပ်စားလို့ရတဲ့အတွက် အပျင်းပြေလုပ်စားကြည့်ရအောင်ပါဗျ။

ပါဝင်ပစ္စည်းများ

- မုန်လာဥအဖြူ

- ဆန်စိမ်းမှုန့် (သို့ ) ဆန်နှစ်

- ဆား

- ငရုတ်ကောင်း

- ဟင်းခတ်မှုန့်

- ကြက်သွန်မြိတ်

- မုန်လာဥနီ

- ဆီ

- ကော်မှုန့်

- မန်ကျည်းသီး

- ငရုတ်သီး

- ထန်းလျက်

ပြုလုပ်နည်း

ပထမဆုံး မုန်လာဥအဖြူ လေးဥမှ ငါးဥလောက်ကို ရေစင်အောင်ဆေးပြီး အခွံနွှာရပါမယ်။ နွှာလို့ပြီးပါက ပြုတ်ပေးရပါမယ်။ ပြုတ်ပြီးလျှင် ချေပေးရပါမယ်။ Blender ရှိပါက Blender ကိုသုံးပြီး ချေနိုင်ပါတယ်။ Blender မရှိပါကလည်း ဇွန်းနှင့်ချေနိုင်ပါတယ်။ ဤနည်းအတိုင်း မလုပ်ချင်ပါကလည်း မုန်လာဥအစိမ်းကိုခြစ်နှင့် ခြစ်ချပြီး သုံးနိုင်ပါတယ်။ ပြီးနောက် ချေထားသောမုန်လာဥအကြေများထဲသို့ ဆန်စိမ်းမှုန့်နှင့် ရေကို သင့်တော်ရာအချိုးအတိုင်းထည့်ပြီး သမအောင်မွှေပေးရပါမည်။ ပြီးလျှင် ကော်မှုန့် တစ်ဇွန်း၊ နှစ်ဇွန်းခန့်ထပ်ထည့်ပြီး မွှေပေးရပါမည်။ပြီး‌နောက် မုန်လာဥအနီတစ်ဥကို အတုံး‌သေး‌သေးလေး‌တွေရ‌အောင်တုံးပြီး ထည့်‌ပေးရပါမယ်။ငရုတ်ကောင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ် ထပ်ထည့်ပေးရပါမည်။ အကောင်းကြိုက်သူတွေအနေနဲ့က ကြက်သွန်မြိတ်လေးပါထပ်ထည့်ရင် ပိုကောင်းပါတယ်။ ဒါတွေအားလုံးပြီးရင်တော့ မုန့်နှစ်ကို ပေါင်းရပါမယ်။ ပေါင်းမယ့်အိုးကို ဆီလေးစိုရုံသုတ်ပြီး မုန့်နှစ်ထည့်ကာ လေးဆယ့်ငါးမိနစ်ခန့်အထိ ပေါင်းပေးရပါမယ်။

ပေါင်းနေတုန်းမှာ မန်ကျည်းသီးအနှစ်နှင့် ထန်းလျက်ကို ကျိုပြီး ငရုတ်သီးစိမ်းထောင်းထည့်ကာ အချဉ်ရည်လုပ်ပါမယ်။ ပေါင်းလို့ပြီးသွားရင်တော့ နူးနူးညံ့ညံ့မုန်လာဥမုန့်ကလေးကိုရပါပြီ။ ဒီအတိုင်း အချဥ်ရည်နှင့်တို့စားလို့ရသလို တို့ဟူးလို အတုံးလေးတွေတုံးပြီး ကြော်စားပါက ပိုပြီးကောင်းပါသည်။

လုပ်နည်းလည်းသိပြီဆိုတော့ ငွေကုန်ကြေးကျနည်းပြီး အလွယ်တကူလုပ်စားလို့ရတဲ့ မုန်လာဥမုန့်လေး လုပ်စားလိုက်ကြတော့နော်။

Oven မလိုတဲ့ coffee cupcake လုပ်နည်း——————————————————— *ကဲ oven လည်းမလို လွယ်လည်းလွယ်တဲ့ ကော်ဖီကိတ်လေး လုပ်စားကြရအောင်န...
29/06/2023

Oven မလိုတဲ့ coffee cupcake လုပ်နည်း
———————————————————

*ကဲ oven လည်းမလို လွယ်လည်းလွယ်တဲ့ ကော်ဖီကိတ်လေး လုပ်စားကြရအောင်နော်*😋
*ကြက်ဥလည်းမပါတော့ ကြက်ဥကုန်လို့ မေမေမဆူတော့ဘူးပေါ့*😎

ပါဝင်ပစ္စည်းများ
————————
၁။နွားနို့ - ၆၀ မီလီ
၂။ရှာလကာရည် သို့ သံပရာရည်-၁ဇွန်း
၃။ဆီ-၁ဇွန်း
၄။သကြား-၁ဇွန်း
၅။ဂျုံမှုန့်-၅ ဇွန်း
၆။ကော်ဖီမစ်ထုပ်-၁ထုပ်
၇။ဆား-လက်ဖက်ရည်ဇွန်း ၁/၄ ပုံ
၈။baking soda-လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း
—————-
-ပါဝင်ပစ္စည်း ၁ ကနေ ၄ အထိ နှံ့အောင်ရောမွှေပါ
-ပြီးရင် ရောမွှေထားတဲ့အထဲကို ဂျုံ ကော်ဖီမှုန့် ဆားနဲ့ baking powder ကို ဇကာစစ်ထည့်ပါ
-ဖြည်းဖြည်းလေးနှံ့အောင် မွှေပေးပါ
-အကြာကြီးမမွှေပါနဲ့နော်!
-ဖုတ်မယ့်ခွက်ထဲ လောင်းထည့်ပါ
-ပြီးတော့ မီးဖိုပေါ်မှာ အိုးထူထူလေးကို ခဏအပူပေးပြီး တစ်ရှူးထူထူလေးရေစွတ်ကာ ခင်းပေးပါ
-အပေါ်က ကိတ်မုန့်ခွက်လေးတင် အဖုံးဖုံးပြီး မီးအေးအေးလေးနဲ့ ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။

-ကော်ဖီနံ့မွှေးမွှေးလေးနဲ့လွယ်ကူ အရသာရှိတဲ့ cupcake လေးရပါပြီနော်😍

🍌ငှက်ပျောသီးကျော် ကျွတ်ကျွတ်လေး ကြော်စားကြမယ်🤤
24/06/2023

🍌ငှက်ပျောသီးကျော် ကျွတ်ကျွတ်လေး ကြော်စားကြမယ်🤤

🤤သုံးရောင်ခြယ် ကြက်ဥပေါင်း။🧑‍🍳(Babyလေးတွေရော လူကြီးရော သုံးဆောင်နိုင်ပါတယ်။)ပါဝင်ပစ္စည်း-ကြက်ဥခြောက်လုံး၊မုန့်လာဥနီ     ...
20/06/2023

🤤သုံးရောင်ခြယ် ကြက်ဥပေါင်း။🧑‍🍳
(Babyလေးတွေရော လူကြီးရော သုံးဆောင်နိုင်ပါတယ်။)
ပါဝင်ပစ္စည်း-ကြက်ဥခြောက်လုံး၊မုန့်လာဥနီ
Spinach (ဟင်းနုနွယ်ရွက်)
အရသာအတွက် နှစ်သက်သလို ဆား၊သကြားထည့်နိုင်ပါတယ်။

Address

Mawlamyine

Telephone

+959440445395

Website

Alerts

Be the first to know and let us send you an email when Grab Your Nutrition - GYN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share