SOUL MADE

SOUL MADE Soul Made is a local grown boutique fast food cafe' offering yummy goodies to your tummy

19/05/2022

"Soul Made” အတွက်
မုန့်လုပ်ဝန်ထမ်း (F&B Helper) အလိုရှိသည်။
(ကျား/မ)

Kitchen တွင် လုပ်ကိုင်ရန်ဝါသနာပါရမည်။
လုပ်ငန်း အတွေ့ကြုံ အနည်း ဆုံး ၁ နှစ် ရှိရမည်။အတွေ့ကြုံမရှိသူများလည်းလျောက်ထားနိုင်သည်။
သင်ပေးမည်။

သပ်သပ်ရပ်ရပ် သန့်သန့်ရှင်း ရှင်း လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

Fast Food အစားအစားများနှင့် မုန့်လုပ်ငန်းကိုစိတ်ဝင်စားသူဖြစ်ရမည်။

အလုပ်ချိန် မနက် ၉:၃၀ နာရီ မှ ညနေ ၆ နာရီ

လူမှုဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
အလုပ်စည်းကမ်း များ လိုက်နာ နိုင် သူဖြစ်ရမည်။

လစာညှိနှိုင်း (အစမ်းခန့်ကာလတွင်း စည်းကမ်းလိုက်နာမှူ့၊မိမိလုပ်ကိုင်ရသောအလုပ်ပေါ်တာဝန်ယူမှူ့ လုပ်ရည်ကိုင်ရည်Performance ပေါ်မူတည်၍ လစာပြန်လည်ညှိနိုင်းပေးခြင်း၊Bonusပေးခြင်းများရှိသည်။

နေစားငြိမ်း ဖြစ်သည်

Viber – 09 775133394 (ဓါတ်ပုံနှင့်တကွCVပို့ရန်)

( ှမေးမြန်းခြင်း သည်းခံပါ)

17th May is the International Day Against Homophobia, Transphobia and Biphobia Kudos to the ones brave enough to fight f...
17/05/2022

17th May is the International Day Against Homophobia, Transphobia and Biphobia

Kudos to the ones brave enough to fight for your rights 🏳️‍🌈

• All humans are born free and equal in dignity and rights •

ဒီနေ့ပူတယ်နော်??ပူရင် Soul Made က soda လေးတွေကို သတိရပါ နောက် အေးရင် Soul Made က fresh brew coffee လေးပြန်လာမယ်နော် ❤️
15/05/2022

ဒီနေ့ပူတယ်နော်??

ပူရင် Soul Made က soda လေးတွေကို သတိရပါ

နောက် အေးရင် Soul Made က fresh brew coffee လေးပြန်လာမယ်နော် ❤️

ever thought about why our bacon is crispy and chewy at the same time??? Soul Made မှာအသုံးပြုတဲ့ bacon ဟာ 100% locally ...
13/05/2022

ever thought about why our bacon is crispy and chewy at the same time???

Soul Made မှာအသုံးပြုတဲ့ bacon ဟာ 100% locally made ဖြစ်ပြီး steak bacon အမျိုးအစားဖြစ်တာကြောင့် ရိုးရိုး bacon ထက် အရသာပိုရှိပါတယ်

ပျော့ပျော့လေးနဲ့ chewy ဖြစ်တာ ကြိုက်သူတွေက bacon ကိုပျော့ပျော့လေးကင်ခိုင်းလို့ရပါတယ်

ကိုယ်ကတော့ ကြွပ်ကြွပ်လေးကြိုက်တာမို့
ကြွပ်ကြွပ်လေးအမြဲစားဖြစ်တယ်

chewy or crispy ဘယ်လိုပဲကြိုက်ကြိုက်
Foodpanda မှာ 30% off မလို့ လာtry ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

Hello!!!30% off come back promo (delivery only)လေးရဖို့ အခုပဲ Foodpanda ကနေမှာလိုက်တော့နော်❤️ ဆိုင်နဲ့ 4km အတွင်းကိုပို့...
11/05/2022

Hello!!!

30% off come back promo (delivery only)
လေးရဖို့ အခုပဲ Foodpanda ကနေမှာလိုက်တော့နော်❤️

ဆိုင်နဲ့ 4km အတွင်းကိုပို့ပေးတာမို့ Myanmar Plaza မှာမှာစားနေကြသူတွေ မှာလို့ရပါပြီနော်

ဆိုင်နေရာအပြောင်းအလဲလေးကို မကြာခင်မှာ ထပ်တင်ပေးပါမယ်ရှင်

Jumping on the train for “Happy International Women’s Day” posts! Soul Made ရဲ့ 65% သော အမြဲတမ်း customers တွေဟာ အမျိူးသ...
08/03/2022

Jumping on the train for “Happy International Women’s Day” posts!

Soul Made ရဲ့ 65% သော အမြဲတမ်း customers တွေဟာ အမျိူးသမီးတွေများပါတယ်

Soul Made ကိုစဖွင့်ခဲ့ရင်းနဲ့မှ ရင်းနှီးခဲ့ရတဲ့
မြန်မာအမျိုးသမီးများ ဦးဆောင်တဲ့ women-led businesses တွေအများကြီးရှိပါတယ် and very proud to be one of them

International Women’s Day မှာ inspire ဖြစ်ရပြီး
သဘောကျရတဲ့ မြန်မာပြည်မှ women-led businesses တွေကို shoutout လုပ်ချင်ပါတယ်

Please see down below and I hope you support their businesses also ❤️




Urban Rangoon
The Bowl - Yong Tau Fu

Hello! ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီပေါင်မုန့်သည်ကို စိတ်ရှည်လက်ရှည်နဲ့ အားပေးကြလို့ ကျေးဇူးတင်ပါတယ် Soul Made ကိုစလု...
18/02/2022

Hello!

ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီပေါင်မုန့်သည်ကို စိတ်ရှည်လက်ရှည်နဲ့ အားပေးကြလို့
ကျေးဇူးတင်ပါတယ်

Soul Made ကိုစလုပ်ခဲ့တုန်းက လုံးဝကို
တစ်ပိုင်တစ်နိုင်ဟောဒီက
ဝန်ထမ်း ကောင်မလေးတစ်ယောက်ရဲ့
အိပ်မက်တွေပေါ် မူတည်ပြီး စလုပ်ခဲ့တာပေါ့

grilled toasts ကို စီးပွါးဖြစ်
မရောင်းကျသေးတဲ့အချိန်မှာ
ပေါင်မုန့်အသားကအစ
size ကအစ
mold ကအစ
packaging ကအစပေါ့

trials ရယ် errors တွေပေါင်းစုံနဲ့ စခဲ့ရတာပါ
ကိုယ့်မှာ အတုယူစရာ / တုပစရာ မရှိခဲ့ဖူးလေ

ဒါပေမယ့် Soul Made မှာ customers တွေရှိခဲ့တယ်

“ဒီလိုလေးဆိုပိုကောင်းမယ်”
“ဒါလေးဆို အဆင်ပြေမယ်” ဆိုပြီး customer’s feedback ပေါင်းများစွာနဲ့ တစ်ဆင့်ပြီး
တစ်ဆင့် ဆိုင်လေးဟာ တော်တော်လေး ရောင်းခဲ့ရပါတယ် မနက်မှာ ပြင်ဆင် ထားတဲ့
ပေါင်မုန့်က ၁၂ ဆိုရင်ကုန်သွားတဲ့အထိပေါ့

၂၀၂၀ ကစတဲ့ Soul Made က ၂၀၂၀ အကုန်/၂၀၂၁ မှာ ဆိုင်ခွဲလေးတွေ ဖွင့်နိုင်ခဲ့ပါတယ်

တစ်ယောက်တည်းရဲ့အားနဲ့ ကြိုးစားပမ်းစားဖွင့်လာလိုက်တာ ၂၀၂၁ မှာ တနိုင်ငံလုံး အတိုင်းအတာ အခက်အခဲတွေနဲ့ ကြုံရပါတော့တယ်

နောက်ဆုံးတော့ Myanmar Plaza
မှာပဲတစ်ဆိုင်ပဲဖွင့်နိုင်တော့တယ်ပေါ့
ဒါပေမယ့် team တစ်ခုလုံး အရှူံးမပေးခဲ့ပါဘူး

အရှူံးမပေးခဲ့တဲ့ ရလာဒ်ကြောင့်ပဲထင်ပါရဲ့
တစ်ဆိုင်ပဲရှိလည်း အားပေးကြတဲ့သူတွေကြောင့် survive လုပ်နိုင်ခဲ့ပါတယ်

၂၀၂၁ မှာ အမျိူးမျိူး အတိုက်အခိုက်တွေ
စီးပွါးပြိုင်တွေကြုံလာရပါတယ်

အမှန်အတိုင်းပြောရရင်
ဆိုင်ကိုဆက်မဖွင့်ချင်တော့ လောက်အောင်ထိ
စိတ်အားငယ်ခဲ့ဖူးတယ်
ပင်ပန်းခဲ့တာပေါ့နော်

နောက်ပြီး ၂၅ ရက်နေ့ November မှစပြီး Myanmar Plaza ကဆိုင်လေးကို ယာယီ ပိတ်ပစ်ခဲ့ရပါတယ်

ခုနက ပြောခဲ့သလို ကိုယ်တိုင်အစပြုပြီး
တည်ထောင်ခဲ့ရတဲ့ လုပ်ငန်းမို့
မပစ်ရက် မပစ်နိုင်ခဲ့ပါဘူး

ဒါပေမဲ့ မှာစားနေကြ customers တွေရဲ့ ဆန္ဒအရရော
အခက်အခဲတွေကြောင့်ရော Myanmar Plaza ကနေ Soul Made ဆိုင်လေးကို အပြီးတိုင်ရွေ့လိုက်ပါပြီ

၂၀၂၂ မှာ Soul Made ကို အရင်ကနဲ့ မတူတဲ့
အပြင်အဆင် / အရသာ နှင့် new menus တွေနဲ့ အတူပြန်လာခဲ့ပါမယ်နော်

၂၆ နှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့
တစ်ပိုင်တစ်နိုင် အိပ်မက်ကို
အတူတူ အကောင်အထည်ဖော်ပေးကြသူတွေရော အားပေးကြတဲ့ customer တွေကိုအားလုံးကျေးဇူးပါ

ပြန်တွေ့ကြမယ်နော် ❤️

post သိပ်မတင်ဖြစ်ပေမယ့် Soul Made မှာ bulk orders/large orders တွေမှာလို့ရပါတယ်နော်လာမှာနေကျ customers တွေရှိပေမယ့် မသိက...
07/01/2022

post သိပ်မတင်ဖြစ်ပေမယ့် Soul Made မှာ bulk orders/large orders တွေမှာလို့ရပါတယ်နော်

လာမှာနေကျ customers တွေရှိပေမယ့်
မသိကြမှာစိုးလို့ပါ

townhall meetings တွေဖြစ်ဖြစ်
ရုံးမှာ ရာထူးတက်လို့ ကျွေးချင်တာပဲ ဖြစ်ဖြစ်
social events တွေအတွက်ပဲဖြစ်ဖြစ်
social distancing အရပွဲမလုပ်ပဲ တစ်အိမ်စီ မုန့်လေးတွေပို့ချင်တာပဲဖြစ်ဖြစ်

စိတ်တိုင်းကျ လုပ်ပေးတာမို့
အရေအတွက်ကြိုက်သလောက်မှာလို့ရပါတယ်နော်

ပြီးတော့ large orders discount လည်းရှိတာမို့
လာ Hi လိုက်တော့နော် 🤤

Home Delivery လေးပြန်စပါပြီနော်Soul Made က toasts လေးတွေကို အိမ်အရောက်ပို့ပေးမယ်ဆို မှာစားမှာလား? ထုံးစံအတိုင်း ၁၂ နာရီဆ...
06/01/2022

Home Delivery လေးပြန်စပါပြီနော်

Soul Made က toasts လေးတွေကို အိမ်အရောက်ပို့ပေးမယ်ဆို မှာစားမှာလား?

ထုံးစံအတိုင်း ၁၂ နာရီဆို order ပိတ်ပါမယ်နော်
၁ နာရီစပို့ပေးပါမယ်ရှင်
same day delivery လိုချင်ရင် ၁၂ မထိုးခင်မှာဖို့လိုမယ်နော့

delivery fees ကတော့ ၁၅၀၀-၃၀၀၀ ကြားပဲရှိပါမယ်နော်

မှာချင်ရင် message လေးသာပို့လိုက်ပါတော့ ❤️

Hello!! Capital Hyper Market (သာကေတ) မှာ Christmas Weekend လေးကနေ New Year အထိ တကူးတကလာအားပေးတဲ့ customer များကို ကျေးဇူ...
06/01/2022

Hello!!

Capital Hyper Market (သာကေတ) မှာ Christmas Weekend လေးကနေ New Year အထိ တကူးတကလာအားပေးတဲ့ customer များကို ကျေးဇူးအထူးတင်ရှိပါတယ်နော်

အခုလည်း Myanmar Plaza ဆ်ိုင်လေးပိတ်ထားတော့ Soul Made စားချင်တဲ့ customer တွေအဆင်ပြေအောင် ဒီ Capital Hyper Market (Tharketa) pop-up လေးမှာပဲ ဒီ January တစ်လလုံးဆက်ပြီး ဖွင့်ထားပါတယ်နော်

အရသာရှိတဲ့ Toasts ကောင်းကောင်းလေးတွေ စားချင်ရင် လာခဲ့ပါနော် ❤️

ဆိုင်နေရာလေးက ၃လွှာ Capital Hyper Market (Tharketa) မှာပါ

Foodpanda လည်းရပါတယ်နော် ပြီးတော့
ပုံမှန်အတိုင်း မြို့နယ်စုံ deliveryလည်း
ပြန်ရပါတော့မယ်နော်

အသေးစိတ်ကို post လေးတင်ပေးပါမယ်နော်

Hello!!!! မစားရတာကြာလို့ လွမ်းနေပါလား 😬Myanmar Plaza ဆိုင်ပိတ်ထားတာမို့ လွမ်းနေရင် ဒီ Holiday လေးမှာ Capital Hyper Marke...
24/12/2021

Hello!!!!

မစားရတာကြာလို့ လွမ်းနေပါလား 😬

Myanmar Plaza ဆိုင်ပိတ်ထားတာမို့

လွမ်းနေရင် ဒီ Holiday လေးမှာ Capital Hyper Market (သာကေတ) ကိုလာပြီး မူလလက်ဟောင်း grilled toasts လေးတွေ လာအားပေးလို့ရပါတယ်!

အရသာနဲ့ quality ကိုတော့
ထပ်မကြော်ငြာတော့ဘူးနော်

Foodpanda လည်းရပါတယ်နော်
Capital Hyper Marekt (သာကေတ) နဲ့
2km-3km အတွင်းရနိုင်ပါတယ်ရှင်

ဪ ဒါနဲ့ Soul Made လေးကို နေရာအသစ်လေးမှာ ထပ်ဖွင့်ဖို့ စီစဉ်နေတာမို့ ဘယ်နေရာလေးတွေ လာစေချင်လဲ comment မှာပြောပေးပါဦး❤️
ကျေးဇူးပါ တွေ့ကြမယ်နော်👋🏻

ဆိုင်ဖွင့်ချိန်လေးက ၉:၀၀-၅:၀၀ ပါရှင်

Address

Citywalk Foodies @ Times City
Times City

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959882673484

Website

Alerts

Be the first to know and let us send you an email when SOUL MADE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to SOUL MADE:

Share