10/04/2025
ဆိုင်လေးရဲ့ မူလအစက ကိုဗစ်ကာလမှာ ချစ်ရတဲ့သူတွေက #ကြာဇံချက် စားချင်တယ် ဆိုလို့ ချက်ကျွေးရာက ကိုယ်တိုင်လဲ အစားကောင်းကြိုက်ပြီး အစားအသောက်တွေကို ဖန်တီးရတာ နှစ်သက်သူမို့ ချစ်ရသူတွေကို အမျိုးမျိုးလုပ်ကျွေးရင်း ဖြစ်တည်ခဲ့တာပါ။
ခုရက်တွေမှာ မင်မင် #လားရှိုး အရမ်းလွမ်းနေလို့ ဟိုးအစတွေအကြောင်း ခနခန ပြန်တွေးမိရင်း #ကြာဇံချက် လေး ချက်စားမို့ တွေးမိတယ် ...
ဆိုတော့ နက်ဖန် 11.4.2025 ကို မင်မင်တို့ မှာ မနက် ၈ နာရီ ကနေ ၁၁ နာရီအတွင်း #ကြာဇံချက်လေး ရပါမယ်ရှင်...
အိမ်စားဖို့ ချက်ရင်း ပိုချက်တာမို့ ပွဲအရေအတွက် အများကြီးတော့ မရှိထားလို့ စောစောလေးတော့ လာဝယ်ပေးပါနော် 🙏
ပုံမှန် မီနူးတွေ အကင်တွေကတော့ တနေကုန် ရပါမယ်ရှင့် ❣️❣️❣️❣️