GoGo - Travel

GoGo - Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GoGo - Travel, Restaurant, Sanchaung.

စက်သုံးဆီ ချွေတာနိုင်ရန် ‘’စုံ”ရက်၊ ‘’မ”ရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည် စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် ...
03/03/2026

စက်သုံးဆီ ချွေတာနိုင်ရန် ‘’စုံ”ရက်၊ ‘’မ”ရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည်

စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများလုံးဝမပြုလုပ်ရန် လိုက်နာမှုမရှိပါက အရေးယူမည်ဟု အသိပေး

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီ ချွေတာနိုင်ရန် ထိုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်နိုင်သည်။

ထို့အတူ ‘’မ”ရက်တွင် ‘’မ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 1A/3A) စသည်တို့ မောင်းနှင်နိုင်သည်။

ထိုသတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ပေ။

စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး ဤ အမိန့်သည် ထပ်မံ၍ မထုတ်ပြန်မီအချိန်ထိ အတည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့(မတ်လ ၃ ရက်စွဲဖြင့်)ထုတ်ပြန်ထားသည်။

25/02/2026

🛫THAI Airways Carry-On စည်းကမ်းချက်များ

အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်လေးဖြစ်ဖို့ Carry-on Baggage Rules လေးတွေကို ကြည့်လိုက်ကြရအောင် …

ခရီးသည်တို့၏ စီးနင်းမယ့် Booking Class အလိုက် သယ်ဆောင်ခွင့်ရမယ့် အိတ်အရေအတွက်နဲ့ အလေးချိန်များ

👉Royal First Class & Royal Silk Class စီးနင်းမည့်ဧည့်သည်တော်များအတွက်

• (7kg) အလေးချိန်ရှိ အိတ် ၂ လုံး 🧳

👉Economy Plus & Economy Class စီးနင်းမည့်ဧည့်သည်တော်များအတွက်

• (7kg) အလေးချိန်ရှိ အိတ် ၁ လုံး 🧳

သယ်ဆောင်ခွင့်ရှိပါတယ်ရှင်...

( 🔺 ခရီးဆောင်အိတ် အရွယ်အစားသည် ဘီးများ၊ လက်ကိုင်များနှင့် ဘေးဘက်အိတ်ကပ်များအပါအဝင် 👇အလျား ၅၆ စင်တီမီတာ (၂၂ လက်မ)၊ အနံ ၄၅ စင်တီမီတာ (၁၈ လက်မ) နှင့် အထူ ၂၅ စင်တီမီတာ (၁၀ လက်မ) ထက်မပိုရပါ )

&tour

12/02/2026

"ပြည်ထောင်စုနေ့"🇲🇲

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်
ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆို၍ မိဘပြည်သူများအားလုံး ရွှင်လန်းကျန်းမာကြပါစေဟု GoGo - Travel မိသားစုမှ ဆုတောင်းအပ်
ပါသည်ရှင် 🙏🏻🥰

#ပြည်ထောင်စုနေ့

26/01/2026
18/01/2026

✈️ 𝐌𝐀𝐈 လေကြောင်းလိုင်းမှ ခရီးသွားမိဘပြည်သူများအတွက် ခရီးသည်အမျိုးအစားအလိုက် 👇
✅ ပိုသက်သာစေမယ့် အထူးခံစားခွင့်
✅ (𝐄𝐱𝐭𝐫𝐚 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞) သတင်းကောင်း ‼️

❗️ ၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၆ အထိသာ ❗️

⛳ 𝐆𝐨𝐥𝐟𝐞𝐫 (ဂေါ့ဖ်ရိုက်သူများ)
𝐄𝐱𝐭𝐫𝐚 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 အပိုကီလို -
👉Korea ကိုရီးယား ( +၉ ကီလို )
👉အခြားနိုင်ငံတကာ ( +၅ ကီလို )
🔺Notice - ဂေါ့ဖ်အိတ် တစ်ပါတည်း ယူဆောင်
လာရပါမယ်။
လက်မှတ်ဝယ်ယူချိန် - Pax Type တွင် "Golfer" ရွေးရန် PNR တွင် Remark ထည့်ဖို့ လိုပါတယ် ။
ခွင့်ပြု RBD - J, C, Y, E, B, O, G, K
🔺( ကိုရီးယားအတွက် J, C မပါဝင် )

🏥 𝐌𝐞𝐝𝐢𝐜𝐚𝐥 (ဆေးကုသမည့်သူများ)
𝐄𝐱𝐭𝐫𝐚 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 အပိုကီလို -
👉နိုင်ငံတကာခရီးစဉ်အားလုံး ( +၅ ကီလို )
👉ခံစားခွင့် - အသွားခရီးစဉ်အတွက် ရက်ပြောင်းခ
( Change Fee ) တစ်ကြိမ် အခမဲ့ ‼️
🔺Notice - ဆေးရုံရက်ချိန်းစာရွက် (Appointment Letter) (သို့) ဆေးဘက်ဆိုင်ရာ အထောက်အထား ပြသရပါမယ်။
လက်မှတ်ဝယ်ယူချိန် - Pax Type တွင် "Medical" ရွေးဖို့ရန်
PNR တွင် Remark ထည့်ဖို့ လိုပါတယ်။

⚓ 𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫𝐬 (သင်္ဘောသားများ)
𝐄𝐱𝐭𝐫𝐚 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 အပိုကီလို -
👉Korea ကိုရီးယား ( +၉ ကီလို )
👉အခြားနိုင်ငံတကာ ( +၁၀ ကီလို )
🔺Notice - CDC (သို့) Offshore ID Card
(Check-in တွင် ပြသရန်) လိုပါတယ်။
လက်မှတ်ဝယ်ယူချိန် - Pax Type တွင် "Seamen" ရွေးရန်
Account Code 8MSEA သုံးရန်နှင့် Remark ထည့်ဖို့ လိုပါတယ်။
ခွင့်ပြု RBD - Y, E, B, O, G, K

🎓 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 (ကျောင်းသားများ)
𝐄𝐱𝐭𝐫𝐚 𝐁𝐚𝐠𝐠𝐚𝐠𝐞 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 အပိုကီလို -
👉Korea ကိုရီးယား ( +၉ ကီလို )
👉အခြားနိုင်ငံတကာ ( +၅ ကီလို )
🔺Notice - ISIC Card (သို့) တရားဝင် ကျောင်းသားကတ်
ပြသရပါမယ်။
လက်မှတ်ဝယ်ယူချိန် - Pax Type မှာ "Student" ရွေးရန်
ကျောင်းသားကတ်အချက်အလက် ထည့်သွင်းရန် နှင့်
Remark ထည့်ဖို့ လိုအပ်ပါတယ်။

❗️ အပိုဆောင်းကီလို (Extra FBA) ကို လေယာဉ်
လက်မှတ်ပေါ်မှာ တိုက်ရိုက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။❗️

စည်းကမ်းချက်များကို update ပြုလုပ်လိုက်သော✈️ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬𝐂𝐚𝐛𝐢𝐧 𝐁𝐚𝐠𝐠𝐚𝐠𝐞 ( Hand Carry ) စည်းကမ်းချက်များSingapore Ai...
16/01/2026

စည်းကမ်းချက်များကို update ပြုလုပ်လိုက်သော
✈️ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬

𝐂𝐚𝐛𝐢𝐧 𝐁𝐚𝐠𝐠𝐚𝐠𝐞 ( Hand Carry ) စည်းကမ်းချက်များ

Singapore Airlines ဟာ ခရီးသည်တစ်ဦးလျှင်
လေယာဉ်အတွင်း
👜 သယ်ဆောင်ခွင့်ပြုထားသည့် အရေအတွက်
✅ First Class : အိတ် (2) လုံး
✅ Business Class : အိတ် (2) လုံး
✅ Premium Economy : အိတ် (1) လုံး
✅ Economy: အိတ် (1) လုံး

🔺 လိုက်နာရမည့် သတ်မှတ်ချက်များ

👉 အိတ်တစ်လုံးလျှင် အများဆုံး အလေးချိန် (7) kg ထက်
မကျော်လွန်ရ။ ❌
👉 အိတ်တစ်လုံး၏ အလျား၊ အနံ၊ အမြင့် ဟာ
စုစုပေါင်း (115) cm ထက် မကျော်လွန်ရ။ ❌

စင်္ကာပူနှင့် မြန်မာနိုင်ငံအကြား ပျံသန်းသော ခရီးစဉ်များ နှင့်
(စင်္ကာပူတစ်ဆင့်ခံ ခရီးစဉ်များအပါအဝင်)
👉 အိတ်အလေးချိန် (KG) ထပ်ဆောင်းဝယ်ယူခြင်း ❗️(Prepaid Baggage) ကို ယာယီပိတ်ထား❗️တာကြောင့် ခရီးသည်များအနေဖြင့် သတ်မှတ်ထားတဲ့ အလေးချိန်ထက် ကျော်လွန်နေပါက လေယာဉ်ခရီးစဉ်မတိုင်မီ ကြိုတင်
ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် လိုအပ်ပါတယ် ရှင် 🙏🏻🥰



🇲🇲 (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” ကို မြ...
04/01/2026

🇲🇲 (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” ကို မြန်မာပြည်သူ၊ပြည်သား အားလုံးနှင့်အတူ Go Go Travel မိသားစုမှ
ဂုဏ်ပြုကြိုဆိုလိုက်ပါသည် ။
#လွတ်လပ်ရေးနေ့

03/01/2026

1

31/12/2025

🎊 Happy New Year 🎊

“ ၂၀၂၆ နှစ်သစ်မှာ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း ၊ အောင်မြင်ခြင်းများ ရရှိပိုင်ဆိုင်နိုင်ပါစေ “ ဟု
GoGo - Travel မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးပါတယ် 🙏🏻☺️

🎊 Happy New Year 🎊

“ Wishing our clients and valued customers a happy, healthy, successful new year ahead “ from us GoGo - Travel family 🙏🏻🥰

ခရီးသွားရင်း ဆံပင်တွေဖုန်ကပ်လာလို့ ခေါင်းလျှော်မှ ရတော့မယ်… 😓ဒီမြို့မှာ ဘယ်နား ခေါင်းလျှော်ဆိုင်ရှိလဲ ဟင် … 😮‍💨လိုင်းပေါ...
30/12/2025

ခရီးသွားရင်း ဆံပင်တွေဖုန်ကပ်လာလို့
ခေါင်းလျှော်မှ ရတော့မယ်… 😓

ဒီမြို့မှာ ဘယ်နား ခေါင်းလျှော်ဆိုင်ရှိလဲ ဟင် … 😮‍💨

လိုင်းပေါ် ရိုက်ရှာတာ ဆိုင်တွေလည်း ပေါ်မလာဘူး … 😫

ဒီလိုအဖြစ်မျိုးတွေ အခုချိန်ထိ ကြုံနေရတုန်းဆိုရင်
App Store ( သို့ ) Play Store မှာ 👉 Go Go Travel ဆိုတဲ့
အက်ပလီကေးရှင်း ဒေါင်းပြီး
📍မိမိရဲ့မြို့မှာ ရှိတဲ့ ခေါင်းလျှော်ဆိုင် တွေလား ?
📍ခရီးထွက်လာတဲ့ မြို့မှာလား ?

တိုင်း / ပြည်နယ် ရွေးပြီး မြို့နယ်အလိုက်မှာရှိတဲ့
- စားသောက်ဆိုင် Restaurant
- Bar
- တည်းခိုခန်း / Hotel
- ကော်ဖီဆိုင်
- Hangouts တွေအပြင်

ခရီးသွားရင်း ဆေးရုံ ၊ ဆေးခန်း သွားစရာလိုလာပြီလား ?🧑🏻‍⚕️
ဖုန်တွေကပ်လို့ ခေါင်းလျှော်စရာ လိုလာပြီလား ? 💆🏻‍♀️
- ခရီးစဉ်တစ်လျှောက် စိတ်ချမ်းသာ
- သွားစရာနေရာများကိုလည်း လွယ်ကူစွာ တွေ့ရှိနိုင်လို့
📲 Go Go Travel application ထဲမှာ အကုန်ရှိနေတယ်နော်

Go Go Travel website : www.gogotravelapp.com

စားသောက်ဆိုင် ပိုင်ရှင်များနှင့် B2B ‼️​မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စားသောက်ဆိုင်ပိုင်ရှင်များအတွက် 👇• မိမိဆိုင်ပို၍လူသ...
24/12/2025

စားသောက်ဆိုင် ပိုင်ရှင်များနှင့် B2B ‼️

​မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ
စားသောက်ဆိုင်ပိုင်ရှင်များအတွက် 👇

• မိမိဆိုင်ပို၍လူသိများလာခြင်း
• ကြော်ငြာခ ပေးရန်မလို
• ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စားသုံးစေပြီး
• Go Go Travel & Tour ကားလိုင်းနှင့်လက်တွဲ၍
ခရီးသည်များ ခေါ်ဆောင်လာပေးခြင်း

စသည့်အချက်များနှင့်တင် မိမိတို့စားသောက်ဆိုင်များ
Customer ပိုမိုရရှိပြီး ဝင်ငွေပိုမိုရရှိလာစေရန်
Go Go Travel နှင့် လက်တွဲလိုက်ပါ ✈️

Application တွင် မိမိဆိုင်ပါဝင်ရန်လိုအပ်သည်များ 👇

- ဆိုင်အမည်
- customer များဆက်သွယ်နိုင်ရန် ဆိုင်ဖုန်း ☎️
- ဆိုင်လိပ်စာ 📍
- ဆိုင် ဖွင့်ချိန် / ပိတ်ချိန် ⏰
- ဆိုင်၏ အတွင်းခန်းပြင်ဆင် ခင်းကျင်းထားပုံ
- ရောင်းချသည့် product ပုံ
- menu ပုံ
- ဆိုင်မိတ်ဆက်စာ description
- တိရစ္ဆာန်များ လက်ခံ/မခံ ကြောင်း 🐾

များသာလိုအပ်ပြီး 😉
- page messanger ၊
- Viber number : 09 -
မှတစ်ဆင့် တိုက်ရိုက်ဖြည့်သွင်းနိုင်ပါတယ် ။

လုပ်ငန်းများအတွက် ခရီးထွက်လာသည့် မိဘပြည်သူများ သိရှိနိုင်ပြီး ၊ customer များတိုးလာစေခြင်း နှင့်
ခရီးသွားမိဘပြည်သူများအတွက်လည်း မိမိတို့မရောက်ဖူးသောအရပ်မှ ဆိုင်များ နှင့် ခရီးသွားနေစဉ် အရေးပေါ်
အခြေအနေကြုံတွေ့လာသောအခါ ဆေးရုံ၊ဆေးခန်း သို့ အလွယ်တကူ သွားရောက်နိုင်ရန် အသုံးဝင်အထောက်အကူပြုမည့် application တစ်ခုဖြစ်ပါတယ် ။ 🙏🏻☺️

20/12/2025

🔺Package 2
၂ ည အိပ် ၃ ရက် ကလော - ပင်းတယ - ရွာငံ ခရီးစဉ် ‼️

ခရီးစဉ်တွင် လည်ပတ်မည့်နေရာများ 👇

- အိုးစည်တောင်
- ဗျိုက်တောင်
- ကလောနာရီစင်
- ကလောမြို့မစျေး
- ကလောဘူတာ
- တောင်မင်းကြီးခုံပြာ
- အဖေ့သိုးခြံ 🐑
- ရေယောင်းမ View Point
- ကလော City View
- နှစ်ပေါင်း ၅၀၀ ကျော် နှီးဘုရား
- ဘဝသံသရာတံတား (မီးရထားလမ်း)
- မြင်းမထိသဘာဝလှိုင်ဂူတော်ကြီး

📍ရွာငံ

- ဂဏန်းကျရေတံခွန်
- ရွာငံရေပြာစမ်း
- မြင်းမူကုန်း
- ယူကလစ်တန်း
- မိန်းမရဲတောင်

📍ပင်းတယ

- ပင်းတယလှိုင်ဂူတော်
- သက်တန်းရင့်ညောင်ပင်တန်း
- ပုန်းတလုတ်ရေကန်
- ကုံလုံဆရာတော်ကျောင်း

တစ်ဦးလျှင် 👉🏻 450,000 MMk ‼️
Package တွင်
- Hotel တည်းစရိတ်
- မနက်စာဘူဖေး ပါဝင်မှာဖြစ်ပြီး

- ဝင်ကြေးများ နှင့် နေ့လည်စာ ၊ ညစာ ပါဝင်မည်
မဟုတ်ကြောင်း အသိပေးအပ်ပါသည် ။🙏🏻

🔺Package 3
၂ ညအိပ် ၃ ရက် ကလော - တောင်ကြီး - ဟိုပုံး - အင်းလေး ခရီးစဉ် ‼️

ခရီးစဉ်တွင် လည်ပတ်မည့်နေရာများ 👇

- အိုးစည်တောင်
- ဗျိုက်တောင်
- ကလောနာရီစင်
- ကလောမြို့မစျေး
- ကလောဘူတာ
- တောင်မင်းကြီးခုံပြာ
-အဖေ့သိုးခြံ
- ရေယောင်းမ View Point
- ကလော City View
- နှစ်ပေါင်း ၅၀၀ ကျော် နှီးဘုရား
- ဘဝသံသရာတံတား (မီးရထားလမ်း)
- မြင်းမထိသဘာဝလှိုင်ဂူတော်ကြီး

📍အင်းလေး

- ဖေါင်တော်‌ဦး
- အလိုတော်ပြည့်
- ငါးဖယ်ကျောင်း
- ငွေထည်လုပ်ငန်း
- အင်းလေးအမှတ်တရဆိုင်

📍တောင်ကြီး/ဟိုပုံး

- စူဌာမဏိစေတီ
- ရွှေဘုန်းပွင့်
- အေးသာယာဝိုင်ခြံ
- ထမ်မစမ်းလှိုင်ဂူ
- ထမ်မစမ်းမယ်တော်ကျောင်း

တစ်ဦးလျှင် 👉🏻 450,000 MMk ‼️
Package တွင်
- Hotel တည်းစရိတ်
- မနက်စာဘူဖေး ပါဝင်မှာဖြစ်ပြီး

- ဝင်ကြေးများ နှင့် နေ့လည်စာ ၊ ညစာ ပါဝင်မည်
မဟုတ်ကြောင်း အသိပေးအပ်ပါသည် ။🙏🏻

Address

Sanchaung

Alerts

Be the first to know and let us send you an email when GoGo - Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to GoGo - Travel:

Share

Category