05/12/2021
ဒီဇင်ဘာ ၄ရက်နေ့မနက်ပိုင်း ထန်တလန်မြို့ UPCဘုရားကျောင်းအပါအဝင် နေအိမ်အချို့
မီးထပ်ရှို့ခံရ
ယနေ့ ဒီဇင်ဘာ ၄ရက် မနက်ပိုင်း ၉နာရီခန့်တွင် ထန်တလန်မြို့ ၊ ဈေးရပ်ကွက်မှာ မီးလောင်မှုထပ်မံဖြစ်ပွားပြီး United Pentecostal Church (UPC) ဘာရားကျောင်း မီးထဲပါသွားကြောင်း ထန်တလန် နေ ပြည်သူတစ်ဦးမှ ပြောကြားထားသည်။
"ဈေးရပ်ကွက်မှာ လောင်သွားတယ်။ အခုလည်းဆက်လောင်နေတယ်။ UPC ဘုရားကျောင်းကတော့ မီးထဲပါသွားပြီ။ မီးထဲပါသွားတဲ့ အိမ်အရေအတွက် မသိရသေးဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး စကစလက်နက်ကြီးကျည်ထိမှန်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုကြောင့် ယနေ့အထိ ထန်တလန်မြို့တွင် အိမ် ၄၅၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။
ဓာတ်ပုံ - ယခင် ထန်တလန်မြို့မီးရှို့ခံရစဉ်ပုံဟောင်း
Source - The Chin Journal