SAI LON'S.

SAI LON'S. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SAI LON'S., Restaurant, Lashio.

05/03/2026

ကျနော် ထပ်တူကျဖို့ ကြိုးစားနေရင်း
တစ်ဖက်လူက အပိုင်ရသွားတယ်နော်

19/01/2026

အသက်ကြီးလာတာနဲ့ အမျှ
စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့
သူငယ်ချင်း မိတ်ဆွေဆိုတာ
တဖြေးဖြေးချင်းနည်းပါးသွားတယ်ဆိုတာပါပဲ...

လူလတ်ပိုင်းရောက်လာတဲ့အခါ...

တချို့ကို ကိုယ်ကမကြိုက်လို့ ဆက်မပေါင်းဖြစ်တော့ဘူး
တချို့က ကိုယ့်ကိုသဘောမကျလို့
ထပ်ပြီး လာမပေါင်းကြတော့ဘူး ။...

တချို့ကြတော့လည်း...
သူ့ဘက်ကိုယ့်ဘက်
နှစ်ဖက်စလုံးက အမြင်မတူလို့
ခပ်တန်းတန်းဖြစ်သွားကြတယ်...

တချို့တွေကြတော့လည်း
ကိုယ့်ရှေ့ကြချိုပြ ကွယ်ရာကြအပုပ်ချကြတယ်
တချို့တွေလည်း မေးထူးခေါ်ပြော
တချို့တွေက အလုပ်သဘော
တချို့တွေလည်း ဘာသတင်းမှမကြားရတော့ဘဲ
အစအနတွေ ပျောက်သွားကြတယ် ။...

လူတွေနည်းနည်းသွားကြတာတော့
သတိထားမိတယ်

ဘဝရဲ့သင်ခန်းစာတွေကြောင့်
ဘယ်သူကတော့
အပေါ်ယံပဲပေါင်းလို့ရမယ်...
ဘယ်သူကတော့
အတွင်းကျကျ ပေါင်းလို့ရတယ်ဆိုတာ
သိလာလို့လည်း ဖြစ်မယ်ထင်တယ်...

ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘဲ
သူ့အကြောင်းကို ကိုယ်ကအကုန်သိ
ကိုယ့်အကြောင်းလည်း သူအကုန်သိ
တွေ့လိုက်ရင် ပျော်သွားတဲ့သူ
ဖုန်းပြောလိုက်ရင် ရင်ထဲပေါ့သွားတဲ့သူဆိုတာတော့
တော်တော်ရှားသွားတယ်
ဆယ်ယောက် မပြည့်ချင်တော့ဘူး။...

သာရေးနာရေး မသွားမဖြစ်သွားရမယ့်သူ
အရေးအကြောင်းဆို ပထမဆုံး ဖုန်းဆက်တိုင်ပင်ရမယ့်သူ
တစ်ခုခုအတွက်အမြဲ readyဖြစ်နေရမယ့်သူဆိုတာ
ပိုပြီးရှားသွားပါပြီ။...

အရေးအကြောင်းဆို
အကြောင်းအမျိုးမျိုးပြပြီး ရှောင်တတ်သူတွေ...
လိုမှလာပြီး မလိုရင် ပျောက်နေတတ်သူတွေ...
ရယူခြင်းတွေသာ အမြဲရှိပြီး
ဘာတစ်ခုမှ ပေးဖူးတာမရှိတဲ့သူတွေ...
နောက်ကျောကို ဓားနဲ့ထိုးဖို့စောင့်နေတဲ့သူတွေ
ကိုယ်လဲကျမှာကို စောင့်နေတဲ့သူတွေ...

ကိုယ်အဆင်ပြေမှာ...
ကိုယ်ပျော်ရွှင်နေတာကို
မလိုချင်မမြင်ချင်တဲ့သူတွေရှိနေမှန်း
တဖြေးဖြေးချင်း သိလာတော့
သူတို့နားက အသာလေးထွက်လာလိုက်တယ်
အပြုံးလေးနဲ့ လမ်းခွဲခဲ့တယ်...
တချို့လည်း သူတို့လိပ်ပြာသူတို့မလုံလို့
ကိုယ့်ဘေးက ခွာသွားတယ် ။...

အသက်ကြီးလာတော့
လူများပြီးပွဲမစည်တဲ့ဘဝကို
စိတ်ကုန်လာတာလည်းပါတယ်
အရည်အသွေးရှိတဲ့သူအနည်းငယ်
ကိုယ့်ကိုချစ်တဲ့သူ
ကိုယ်ကလည်းချစ်တဲ့သူတွေနဲ့
ဘဝကို သပ်သပ်ရပ်ရပ် အေးအေးဆေးဆေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို
ပိုသဘောကျလာတယ် ။...

စီးပွားရေးအရ လူမှုရေးအရ
လူအသစ်တွေနဲ့ ထပ်ထပ်ပြီးဆက်ဆံနေရပေမယ့်
ကိုယ့်စိတ်ထဲယုံကြည်ရတဲ့လူအသစ်ဆိုတာ
တစ်နှစ်နေလို့ တစ်ယောက်ထပ်မတိုးတော့ဘူး

ကောက်ကျစ်လွန်းတဲ့မြေခွေးတွေကြားမှာ
ကိုယ့်နားရှိတဲ့သိုးတွေကို ပိုပြီး တန်ဖိုးထားလာမိတယ်

လူအများကြီးနဲ့လူမှုရေးကောင်းတယ်ထင်ရပေမယ့်
တကယ့်အရေးဆို
ကိုယ့်နားကျန်ခဲ့တဲ့လူဆိုတာ
၅ယောက်အပြင်မပိုဘူးဆိုတာ
ဘဝကသင်ကြားပေးတော့
"မိတ်ဆွေစစ်"ဟာဘာလဲဆိုတာသိလာတယ်

ဟုတ်ကဲ့
သူတို့မှာမိတ်ဆွေတွေအများကြီးနဲ့
လူမှုရေး အောင်မြင်ကြပါတယ်...
လူများပြီး ပွဲစည်ကြပါတယ်....

ကျွန်တော့်ဆီမှာတော့ လူနည်းပါတယ်
ဒါပေမယ့် ပွဲလေးတော့လှပါတယ်
ကိုယ့်ဘေးနားကလူတွေဟာ
နည်းသည်များသည် Quantity နဲ့မဟုတ်ဘဲ
ကောင်းသည်ဆိုးသည် Qualityနဲ့သာ
ဆုံးဖြတ်ရွေးချယ်ပြီး ပေါင်းသင်းထားတာမို့
မိတ်ဆွေစစ်အနည်းငယ်နဲ့
ရှင်သန်နေထိုင်ရတာ အဆင်ပြေပါတယ်

မိတ်ဆွေတို့လည်း
မိတ်ဆွေတို့ဘဝမှာ
qualityရှိတဲ့ မိတ်ဆွေကောင်းတွေနဲ့သာဆုံတွေ့ပြီး
အဆင်ပြေနိုင်ကြပါစေ ။

03/01/2026

မင်း လုပ်နိုင်တယ်
မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို
ဘယ်အရာကမှ ဖျက်စီးလို့ မရဘူး
ဖန်ခွက် တစ်လုံးလို နေရင်တော့
နည်းနည်းထိတာနဲ့ မင်း တစစီ
ကြေမွပျက်စီး သွားမှာပဲ.

လောကမှာ မင်းသာ ကံအဆိုးဆုံး
ထင်တယ်ပေါ့. No No No...
မင်းထက်ဆိုးတဲ့သူတွေ တပြုံကြီး
မင်းဘဝကို ကံဆိုးမုန်တိုင်း တိုက်ပါစေ
ကံဆိုးမိုးမပြတ် ရွာနေပါစေ..
မပူနဲ့ ဘယ်လောက် အချိန်ကြာအောင် သဲကြီးမဲကြီး ရွာပါစေ..
အချိန်တန်ရင် တိတ်မှာပဲ ...
အချိန်တစ်ခုပဲ လိုမှာ..

အားငယ်စရာ မလိုဘူး...
တွေးပူတတ်တဲ့ အလေ့အကျင့်ထဲက ရုန်းထွက်လိုက်တော့....
မင်း ရဲရင့်ရမယ့် အချိန်ကျပြီ...

အမြဲတမ်း တစ်ယောက်တည်း
ဖြစ်နေတတ်လို့ စိတ်အားငယ်တာလား..
တစ်ကောင်ကြွက် ဘဝကို ခံယူထားရင် စိတ်ဓာတ်ကို အမြန်ပြန်ပြင်ဆင်တော့
တစ်ကောင်တည်းဆိုလဲ မင်း ခြင်္သေ့ပဲ ဖြစ်ရမယ်..

မင်းလျှောက်လှမ်းနေတဲ့ လမ်း
ဘယ်လောက်ကြမ်းကြမ်း
စိတ်မာမာနဲ့ ဇွဲကောင်းရင်
လမ်းဆုံးရင် အောင်မြင်မှုရဲ့
အသီးအပွင့်ကို မင်းခံစားရလိမ့်မယ်
လမ်းတစ်ဝက်က လှည့်ပြန်လာရင်
မင်းပိုရှုံးတယ် အချိန်ရော စိတ်ပိုင်းဆိုင်ရာရော ပေါ့....

မင်းရည်မှန်းချက် မင်းအိမ်မက္ကို
မင်းစိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ်..
ရည်မှန်းချက်တို့ အိမ်မက္တို့ဆိုတာ
ဒိတ်ကုန်ရိုး ထုံးစံမရှိဘူး....

အမြဲ မှန်မှန်လေးသာ ကြိုးစား..
မင်းလုပ်နိုင်တယ်....
မင်းလုပ်နိုင်တယ်....

မင်းသာ အတော်ဆုံးပဲ... 🩷☘️

#ဆရာအောင်သင်း

#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
゚viralシ

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....2020 ခုနှစ်မှာ ကမ္ဘာကြီးတခုလုံးကိုရိုနာဗိုင်းရပ်ကူးစက်ပြီး ကိုဗစ်ကပ်ဆိုးဖြစ်တဲ့အခါအဲဒီန...
22/12/2025

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

2020 ခုနှစ်မှာ ကမ္ဘာကြီးတခုလုံး
ကိုရိုနာဗိုင်းရပ်ကူးစက်ပြီး ကိုဗစ်ကပ်ဆိုးဖြစ်တဲ့အခါ
အဲဒီနိုင်ငံလေးလည်း ငြိမ်သက်သွားတယ်
သူတို့ရင်ဆိုင်ရတဲ့ ရန်သူဟာ
မမြင်ရတဲ့ ပိုးမွှားလေးဆိုပေမဲ့
အဲဒီပိုးမွှားလေးကပဲ
သူတို့အတွင်းစိတ်ထဲက လှပတဲ့ "လူသားဆန်မှု" ကို
ဖော်ထုတ်ပေးခဲ့တယ်

2020 မတ်လ ပထမလှိုင်းထက်
2020 ဒီဇင်ဘာ ဒုတိယလှိုင်းက ပိုမြန်တယ်
ဒုတိယလှိုင်းထက် ပိုပြီး မြန်မြန်ပျံ့နှံ့တာ
ပြည်သူအချင်းချင်းရဲ့ မေတ္တာတရားပဲ

ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတဲ့
စားစရာအိတ်လေးတွေကို မှတ်မိကြဦးမယ် ထင်တယ်
"ရှိသူကပေး၊ မရှိသူကယူ" ဆိုတဲ့ စိတ်ဓာတ်တွေက
လူထုအတွက် ဓမ္မသတ် ဖြစ်ခဲ့တယ်

ရောဂါပိုးတွေ့တဲ့ အိမ်ကို ဝိုင်းပယ်ခြင်းထက်
"ဘာလိုအပ်လဲ၊ ဘာကူညီပေးရမလဲ" ဆိုတဲ့ အသံများ
ခြံစည်းရိုးကြား ပျံ့လွင့်နေတယ်

ရပ်ကွက်လမ်းတွေ တိတ်ဆိတ်သွားပေမဲ့
ရပ်ကွက်လူထုရဲ့
လူသားခြင်းစာနာမှုအသံတွေ ဆူညံနေခဲ့ပေါ့

အဝါရောင်တိပ်များ တားထားသော ပိုးတွေ့အိမ်ရှေ့မှာ
ဆန်အိတ်၊ ဆီပုလင်း၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်တွေ
လာချပေးထားတဲ့
"အမည်မဖော်လိုသူ" အိမ်နီးချင်း စိတ်ဓာတ်တွေနဲ့
လှလိုက်တဲ့ နိုင်ငံလေးတခု ဆိုပါတော့ ။

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တဲ့
PPEဝတ်စုံ အဖြူရောင်ကိုယ်စီနဲ့ ပရဟိတအသင်းတွေ
ဦးဆောင်မှုပေးတဲ့ အစိုးရဌာနတွေ
စေတနာ့ဝန်ထမ်း ရပ်ကွက်လူငယ်လေးများရဲ့
ချွေးစက်တွေနဲ့ လမ်းမများ လှခဲ့ဖူးတယ်

ဆံပင်ရှည်နဲ့ဆို လူနာထိတွေ့ရတာ အဆင်မပြေလို့
ပြိုင်တူ ဆံပင်တိုညှပ်ကြတဲ့ သူနာပြုတွေ
အိမ်မပြန်ဖြစ်တဲ့ ဆရာဝန်၊ ဆေးမှူးတွေ
တက်ညီလက်ညီရှိခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ

နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင်
စိတ်မချမ်းသာတဲ့ ပြည်သူကို
စိတ်သက်သာရစေမဲ့ စကားတွေ ညစဉ် ပြောခဲ့တယ်

ခရိုနီဖြစ်ဖြစ် ခရိုပြာဖြစ်ဖြစ်
အရေးကြီးရင် သွေးနီးကြမယ်ဆိုပြီး
ကိုဗစ်စင်တာကြီးတွေလှူတဲ့ သူဌေးကြီးတွေ

စာသင်ကျောင်းကို ယာယီကိုဗစ်ဆေးရုံလုပ်ပြီး
ကူညီကြတဲ့ ပညာရေးဝန်ထမ်းတွေ

ဘုန်းကြီးကျောင်းကို ယာယီဆေးရုံလုပ်
သင်္ကန်းတကားကားနဲ့ ဆေးဝါး၊ အောက်ဆီဂျင်အိုး
သယ်ပိုးနေတဲ့ ရဟန်းသံဃာကိုရင်ကြီးတွေ

ဗလီနဲ့ ဘုရားကျောင်းရှေ့မှာ
လိုသူ ယူနိုင်ပါသည် လို့ စာကပ်ထားတဲ့
စားသောက်ဖွယ်ရာနဲ့ အိမ်သုံးဆေးဝါးတွေ

အနုပညာရှင်များလည်း အငြိမ်မနေ
သူတို့ အိမ်ခန်းထဲကနေ သီချင်းဆိုပြ၊ စကားပြောကြ
ကျွမ်းကျင်ရာနဲ့ ဖျော်ဖြေကြတယ်

Qဝင်နေသူ လူနာတွေထားတဲ့အဆောင်ရှေ့
အဆိုတော်တွေက သီဆိုဖျော်ဖြေကြတယ်

ဘာမှမလုပ်နိုင်ရင်တောင်
Tik tok ကနေ ပေါက်ကရ ကပြရင်း
ပြည်သူ့သောကကို နှစ်သိမ့်ကြတယ်

ကျနော်ကိုယ်တိုင် ကိုယ့်စာဖတ်သူထဲက
ရောဂါကူးစက်ခံရသူတွေကို ဖုန်းနံပတ်စုံစမ်းပြီး
အားပေးစကား လိုက်ပြောပေးခဲ့တယ်

လူရွှင်တော်ကြီးများကလည်း
Youtube နဲ့ TV channel တွေမှာ
ဟာသအစီစဉ်နဲ့ မွန်းကြပ်နေတဲ့ပြည်သူကို
ရယ်မောအောင် ဖျော်ဖြေကြတယ်

အဲဒီ အားပေးစကားတွေက
Stay Home ပြည်သူအတွက် နတ်ဆေးလုံး

အဲဒီနိုင်ငံလေးရဲ့ ပြည်သူတွေကလေ
TV သို့မဟုတ် ဖုန်း ဖန်သားပြင်ကို ကြည့်ရင်း
တယောက်ကိုတယောက် အားပေးခဲ့တယ်

"ငါတို့ အတူတူ ကျော်ဖြတ်ကြမယ်" တဲ့

အဲ့အချိန်က ပြည်သူအားလုံးရင်ထဲမှာ
အနာဂတ်အတွက် မျှော်လင့်ချက်ရှိတယ်
ညီညွတ်ခြင်းရဲ့ အရသာကို သိခဲ့ကြတယ်

လူချင်း ဝေးဝေးနေပေမဲ့
နှလုံးသားချင်း နီးနီးကပ်ထားကြတဲ့ ပြည်သူတွေ ။

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

အာရှမှာ အလယ်အလတ်အဆင့်ပဲ ချမ်းသာပေမဲ့
2020 ခုနှစ် ကိုဗစ်ကပ်ဆိုးကြီးဖြစ်တဲ့အခါ
အခြားနိုင်ငံတွေ စီးပွားရေးကျသွားပေမဲ့
အဲဒီနိုင်ငံလေးရဲ့ GDP တက်ခဲ့တယ်
အာရှတိုက်ရဲ့
"စီးပွားရေးအရ အလားအလာအရှိဆုံးနဲ့
ကိုဗစ်ကြောင့်စီးပွားပျက်ကပ်ကို
ခံနိုင်ရည်အရှိဆုံး နိုင်ငံ "လို့ အသိမှတ်ပြုခံခဲ့ရတယ် ။

အခုတော့လည်း......

တိတ်ဆိတ်မှုကတဆင့်
ချောက်ခြားစရာအမှောင်ထုဖြစ်ခဲ့ပြီ
အပြန်လှန် ဖေးမဖူးတဲ့လက်တွေဟာ
လက်မြောက်သူမြောက်၊ လက်ပိုက်သူပိုက်ထားရ

တချိန်က
ကိုဗစ်ပိုးတွေ့တဲ့အိမ်ကို စားသောက်ဖွယ်အထုပ်တွေ
ဝိုင်းပေးဖူးတဲ့ ရပ်ကွက်လူထုဟာ
တအိမ်က တအိမ်ကို သံသယနဲ့ကြည့်ကြ

ခြံစည်းရိုးမှာ စားစရာလေးချိတ်ဖူးတဲ့အိမ်တွေက
ခြံစည်းရိုးကို သံဆူးကြိုးပိုမြင့်အောင် ကာကြ
သံသယနဲ့ ခတ်ထားတဲ့ ခြံတံခါးတွေဖြစ်ကြ

အနုပညာရှင်စစ်စစ်တွေရဲ့ အသံလည်းတိတ်ဆိတ်ပြီး
ထွက်လာရင်လည်း နာကျင်မှူတေးသွားတွေ
အတိတ်ရဲ့ အရိပ်ကိုပဲ တဝဲလည်လည် စာသားတွေ
တိတ်ဆိတ်ခြင်းနဲ့ နက်ရှိုင်းရာအရပ်ကို
ပျောက်ကွယ်သွားကြပြီ

PPE ဝတ်စုံဖြူယူနီဖောင်းနဲ့ လူငယ်တွေလည်း
အချို့ကယုံကြည်ချက် ယူနီဖောင်းပြောင်းဝတ်ကြ
အချို့က နိုင်ငံခြားထွက်ကြ
အချို့က စစ်မှုထမ်းပေါ်တာဆွဲခံရ
အချို့က အရွယ်မရောင်ခင် အိမ်ထောင်ပြုကြ
အချို့က ဘာဆက်လုပ်ရမှန်းမသိဘဲ တွေဝေငေးနေကြ
အချို့က မပျော်ရတဲ့ဘဝကို မပျက်အောင်ဆင်ခြင်ကြ
အချို့က ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ ချို့တဲ့လူငယ်ဖြစ်ကြ

ညသန်းခေါင်ယံမှာ ကြားရတဲ့
သေနတ်သံနှင့် ဗုံးသံတွေက
ပြည်သူလူထုရဲ့ အိပ်မက်များကို ခြောက်လှန့်ခဲ့ပြီ

ညအချိန်မတော် အိမ်ရှေ့ကားကြီးရပ်ရင်
ငါ့သား၊ ငါ့မောင်၊ ငါတူ ဆိုပြီး ပူပန်ရပြီ

ခရီးသွားရင်
မှတ်ပုံတင်ထဲက မျဉ်းစောင်းကြောင့် ကြောက်ရ
လူငယ်တွေမို့ ကြောက်ရ

ပစ္စည်းတခု စျေးမေးပြီးမှ
ပြန်ချထားခဲ့ရတဲ့ အိမ်ရှင်မတွေ ။

စစ်ပွဲရဲ့မီးလျှံကြားထဲ
အနာဂတ်တွေ အရည်ပျော်ရင်း

"ငါတို့ အတူတူ ကျော်ဖြတ်ကြမယ်" ဆိုတဲ့
အားပေးစကားသံလည်း
အတိတ်မှာ ကျန်ခဲ့တဲ့ လွမ်းချင်းတပုဒ်အဖြစ်သာ

"စီးပွားရေးအရ
အာရှမှာ အလားအလာအရှိဆုံးနိုင်ငံ" ဆိုပြီး
မျှော်လင့်ချက်တွေ ရှိခဲ့ဖူးသမျှလည်း အတိတ်မျှသာ

ကိုဗစ်ကာလမှာ ပြည်သူလူထု ကြောက်ကြတာ
ရောဂါကူးစက်မှာ ဖြစ်ပေမဲ့
အခု ပြည်သူလူထု ပိုကြောက်နေရတာ
"လူသားဆန်မှုများ ပျောက်ဆုံးသွားခြင်း" နဲ့
" မလုံခြုံခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း" ဖြစ်မယ်

အခုချိန် ပြည်သူအားလုံး လွမ်းမောနေရတာ
ကိုဗစ်ကာလမှာ ဆုံးရှုံးခဲ့တဲ့
ဆွေမျိုးသားခြင်း လူ့အသက်များတင်မဟုတ်ဘဲ
အရင်က တဦးကိုတဦး ချစ်ခင်ခဲ့ကြတဲ့
"မြန်မာ့စိတ်ရင်း" ကိုပါ
လွမ်းမောတသနေကြတာ ဖြစ်ပါလိမ့်မယ်။

ဆန်းကျော်စွာဝင်း

( ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို
မိတ်ဆွေတို့ နှလုံးသားထဲပေါ်တဲ့အတိုင်း ပေးပါခင်ဗျာ)

ကာယကံရှင်နှစ်ယောက်က လက်မလျှော့သရွေ့ ဘယ်တော့မှ မဝေးဘူးဆိုတာသေချာတယ်။အရင်က ခဏခဏရန်ဖြစ်နေကျ ကိုယ့်အသိ သူငယ်ချင်းအတွဲတတွဲရှိ...
18/12/2025

ကာယကံရှင်နှစ်ယောက်က လက်မလျှော့သရွေ့ ဘယ်တော့မှ မဝေးဘူးဆိုတာသေချာတယ်။

အရင်က ခဏခဏရန်ဖြစ်နေကျ ကိုယ့်အသိ
သူငယ်ချင်းအတွဲတတွဲရှိတယ်။အမှန်ပြောရရင်
ပြသနာတွေဖြစ်ကြလွန်းလို့ သူတို့အနှေးနဲ့အမြန်ပြတ်တောက်ကြမယ်ထင်ခဲ့တာ။နောက်ဆုံး လက်ထပ်
လိုက်ကြတဲ့သတင်းကြားမှ သူတို့အဆုံးသတ်ကလေးကိုတော်တော် အံ့ဩမိတယ်။

အဲ့သည့်အချိန်မှာသိလိုက်တာက သူတို့ကတချိန်လုံး
တယောက်ကိုတယောက်လက်မလျှော့ခဲ့ကြဘူးဆိုတာပဲ။
အစိုင်အခဲတွေ၊အဖုအထစ်တွေ၊မတိုက်ဆိုင်တာတွေ ဘယ်လောက်ထိများခဲ့ပါစေ နေနိုင်သွားလို့တော့
မဖြစ်ဘူး။

သူ့ကိုမရလဲ ကံပေါ့ဆိုတဲ့ လက်လျော့တဲ့အတွေးတွေ
ဝင်လို့မဖြစ်ဘူး။အချစ်ထက်အပြစ်ကို ဦးစားပေးကြည့်လိုက်လို့မရဘူး။တယောက်မရှိပဲ တယောက်ကောင်းကောင်းနေခွင့်ပေးလိုက်လို့မဖြစ်ဘူး။

အကယ်လို့သာ အသံမကြားပဲနေနိုင်ခဲ့ရင်၊
မိုးရွာတဲ့လမ်းထက် တယောက်တည်းလျှောက်နိုင်ခဲ့ရင်၊
ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေသာ အဲ့သည့်လူနဲ့
မသက်ဆိုင်တော့ရင်၊အဲ့သည့်ကျ တကယ်ကိုဝေးပြီ။

အတူရှိရခြင်းကိုမောပမ်းပြီး၊ပြသနာတွေအဖြေရှာရခြင်းကို စိတ်ပျက်ခဲ့ပြီဆိုရင်သာ ငါတို့တကယ်ဝေးတာ။

ကြားလူလဲဖြတ်မရဘူး။ကြားစကားလဲ မလိုဘူး။
လူနှစ်ယောက်ကပဲ အချစ်တခုကိုတည်ဆောက်နိုင်ပြီး
အဲ့သည့်လူနှစ်ယောက်ကပဲ အဲ့သည့်အချစ်ကို
ဖျက်ဆီးပစ်နိုင်ပါတယ်။

တကယ်ဝေးတဲ့အချိန်ဟာ ကိုယ်တို့
လက်လျှော့လိုက်တဲ့အချိန်ပါပဲ။

🌻🤍

အောင်နိုင်သူသာပြုံးအလှပိုင်ရှင်ခွင့်လွတ်ပေးတဲ့သူက နိုင်သူပါအပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ•••လူကြီးဆန်ခြင်း...
18/12/2025

အောင်နိုင်သူသာပြုံးအလှပိုင်ရှင်
ခွင့်လွတ်ပေးတဲ့သူက နိုင်သူပါ

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ•••
လူကြီးဆန်ခြင်း တစ်မျိုးပါ။
အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ•••
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။
အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ•••
သဘောထား ကြီးခြင်း တစ်မျိုးပါ။
အဖြစ်အပျက်တစ်ခုရဲ့ အမှား အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။
စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ•••
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။
လူတစ်ယောက်ရဲ့မေတ္တာ အအေးလား အနွေးလားဆိုတာ••• အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်••• စိတ်လောပြီး မငြင်းဆိုပါနဲ့၊၊
ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မဖြေရှင်းပြပါနဲ့၊၊ စိတ်လောခြင်းမှာ အမှားများပါတတ်သည်ကိုသတိပြုပါ၊၊
နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို•••
နားမလည်ချင်တဲ့ သူအတွက်•••
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။
စကားပြောတတ်ဖို့ ၂ နှစ် ပဲ သင်လိုက်ရပေမယ့်•••
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။
လောက နိယာမအရ••• အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို•••
ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း•••
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး၊၊
ဘာကိစ္စ မဆို ခွင့်လွတ်ခြင်း စိတ်သည် အောင်နိုင်မှုကို ပေးနေသော အရာတစ်ခုပါ၊၊
ခွင့်လွတ်ပေးသော သူသည်
အောင်မြင်သူပါ၊၊
ဒါကြောင့်••• ခွင့်လွှတ်ပေးသောသူသည် နောက်ဆုံးတော့ နိုင်သူပါ၊၊

ယောကျာ်းများအတွက် စည်းကမ်းချက်(9)ချက်1.အချစ်အတွက်နဲ့ မိန်းမတစ်ယောက်ကို ဘယ်တော့မှ မတောင်းပန်ပါနဲ့။2.လိုချင်တပ်မက်မှုမြင့်...
18/12/2025

ယောကျာ်းများအတွက် စည်းကမ်းချက်(9)ချက်

1.အချစ်အတွက်နဲ့ မိန်းမတစ်ယောက်ကို ဘယ်တော့မှ မတောင်းပန်ပါနဲ့။

2.လိုချင်တပ်မက်မှုမြင့်မားတဲ့ အမျိုးသမီးနဲ့ ဘယ်တော့မှ မဒိတ်ပါနဲ့။

3.မိန်းမတစ်ယောက်ရဲ့ မလေးမစားပြုမူတာကို ဘယ်တော့မှ သည်းမခံပါနဲ့။

4.သင့်ကိုထားသွားချင်နေတဲ့ မိန်းမကို အနားမှာနေဖို့ ဘယ်တော့မှမတောင်းပန်ပါနဲ့။

5.သင့်ကို တခြားယောက်ျားအတွက်နဲ့ထားခဲ့တဲ့ မိန်းမကို ဘယ်တော့မှပြန်လက်မခံနဲ့ သူသင့်ကို ဘယ်လိုထားခဲ့လဲဆိုတာ ကောင်းကောင်းမှတ်ထားပါ။

6.မိန်းမတစ်ယောက်ကို သင့်အားနည်းချက် ဘယ်တော့မှထုတ်မပြပါနဲ့။

7.ပိုင်ရှင်ရှိတဲ့မိန်းမကို ပြန်ရယူဖို့ ဘယ်တော့မှ မလုပ်ပါနဲ့။

8.သင့်ရဲ့ကျသင့်ငွေကို မိန်းမတစ်ယောက်က ပေးဆောင်တာကို ဘယ်တော့မှခွင့်မပြုပါနဲ့။

9.မိန်းမတစ်ယောက်ကို အထင်သေးတဲ့စိတ်နဲ့ မလေးမစားဆက်ဆံခြင်း ဘယ်တော့မှမလုပ်ပါနဲ့။။

တစ်နှစ်ပီးတစ်နှစ် အသက်တွေပိုကြီးလာသလိုလူတွေ အကြောင်းလည်း ပိုသိလာတယ် တခုခုကြုံလာရင်လဲလက်ခံနိုင်အောင်ပဲ ကြိုးစားတယ်။အများက...
17/12/2025

တစ်နှစ်ပီးတစ်နှစ် အသက်တွေပိုကြီးလာသလို
လူတွေ အကြောင်းလည်း ပိုသိလာတယ်

တခုခုကြုံလာရင်လဲလက်ခံနိုင်အောင်ပဲ ကြိုးစားတယ်။

အများကြီးမတွေးတော့ဘူး
အများကြီး မဖြေရှင်းတော့ဘူး

မခေါ်ချင်ဘူးမလား ..ရတယ်လေ
သူ့အကြောင်းနဲ့ သူ ရှိမှာပေါ့ ။

စကားမပြောချင်ဘူးဆိုလဲ သူမပြောချင်လို့ နေမှာပေါ့

ပြောင်းလဲသွားပီဆိုလည်း သူ့စိတ်တွေ သိရတာပေါ့

ရှေ့တမျိုး ကွယ်ရာတမျိုးဆိုလဲ စောစောသိလို့ ကံကောင်းတာပေါ့ ။

အရာရာကို ကိုယ်စိတ်ချမ်းသာသလိုပဲ တွေးလိုက်တယ်

ငါ့ကိုမှ လုပ်ရက်တာတို့ ငါမလို့ ဒီလိုကြုံရတာတွေလဲ
တွေးမနေဘူး

ဘာတွေပဲ ကြုံလာလာ အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ်
အရာရာပိုကောင်းဖို့ ဖြစ်လာတာမလို့ အေးဆေးပဲ လို့ပဲ
သဘောထားလိုက် တော့တယ်...။

Credit

မပြည့်တဲ့အိုး (ကိုယ်ဘောင်နဲ့ကိုယ်နေတက်ပါစေ)လောကမှာ မပြည့်တဲ့အိုးတွေကဘောင်ဘင်ခတ် တတ်ပါတယ်...လူတချို့ကကိုယ့်ကိုယ်ကို အတော်...
17/12/2025

မပြည့်တဲ့အိုး (ကိုယ်ဘောင်နဲ့ကိုယ်နေတက်ပါစေ)
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...

ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်...

ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်..

ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်...

ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...

ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်...

ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့

အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်...

လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

စိတ်ထဲမှာနာကျင်နေတဲ့အရာကိုမျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့စိတ်ကူးတည်ဆောက်ထားတဲ့အရာတွေပြိုလဲသွားခဲ့ရင်တောင်ခြေလှမ်းတွ...
17/12/2025

စိတ်ထဲမှာနာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့

စိတ်ကူးတည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို့

ကိုယ့်ပေါ် မကောင်းမှန်းသိတဲ့ ဆက်ဆံရေးတွေကို
အပြုံးမပျက် ခေါ်နေ ပြောနေနိုင်ဖို့

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ်ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို့

တစ်ခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ငါ့မှာ အများကြီး ဖြတ်သန်းခဲ့ရတာ

တကယ်တော့
ဘယ်လောက် ရင့်ကျက်လာသလဲ ဆိုတာက

ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ

မင်းရင်ထဲမှာ
ဘယ်လိုထားတတ်လာသလဲဆိုတာနဲ့ပဲ ဆိုင်တယ်

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး

ပြီးတော့
ဒဏ်ရာအသစ်တွေ ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေ အကြောင်း
ဘယ်တော့မှ ပြောမပြရဘူးသိလား ။

တကယ်တော့
စိတ်သက်သာရာ သက်သာကြောင်းဆိုတာ
ငါတို့ ကိုယ်တိုင်ဆီမှာက လွဲရင်
တစ်ခြား ဘယ်သူ့ဆီမှာမှ တကယ်မရှိဘူး

တကယ်လို့များ ကိုယ်က တစုံတဦးကို လွမ်းဆွတ်နေချိန်မှာ အဲ့ဒီ တစုံတဦးကလဲ ကိုယ့်ကို လွမ်းဆွတ်နေမယ်ဆိုရင်တော့ အလွမ်းဟာ သိပ်လှတ...
17/12/2025

တကယ်လို့များ ကိုယ်က တစုံတဦးကို
လွမ်းဆွတ်နေချိန်မှာ
အဲ့ဒီ တစုံတဦးကလဲ
ကိုယ့်ကို လွမ်းဆွတ်နေမယ်ဆိုရင်တော့
အလွမ်းဟာ သိပ်လှတာပဲ ။

#စံပယ်ဖြူနု

Address

Lashio

Website

Alerts

Be the first to know and let us send you an email when SAI LON'S. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category