7 Colours Bubble Tea

7  Colours Bubble Tea Good Luck

28/09/2022

ဗိုက်ဆာနေပီမို့လား😊😊😊

မိုးရွာတဲ့အခါ ထီးဆောင်းပေးမဲ့သူကို မမျှော်လင့်ပါနဲ့ကိုယ်တိုင် ထီးတစ်ချောင်းဆောင်ထားပါအဲ့လိုပါပဲ ဘဝမှာ အထီးကျန်မှုတွေကြုံ...
28/09/2022

မိုးရွာတဲ့အခါ ထီးဆောင်းပေးမဲ့သူကို
မမျှော်လင့်ပါနဲ့
ကိုယ်တိုင် ထီးတစ်ချောင်းဆောင်ထားပါ

အဲ့လိုပါပဲ ဘဝမှာ အထီးကျန်မှုတွေကြုံလာတိုင်းတစ်စုံတစ်ယောက် ဆီကနေ ရရှိမဲ့
ပျော်ရွှင်မှုမျိုးကို မမျှော်လင့်ပဲ
ကိုယ်တိုင် ပျော်ရွှင်မှုကို ရှာဖွေကြည့်ပါ

ဥပမာ : ကော်ဖီတစ်ခွက်နဲ့အတူ စာအုပ်ဖတ်ကြည့်တာမျိုးပေါ့

-Cool Drink / Hot Drink မျိုးစုံအပြင်☕-Thai Tea /Bubble Tea ကအစ🧋-အသီးဖျော်ရည် အထိ 🥤မီနူးတွေအရမ်းစုံနေပါတယ်😍😍😍📣📣📣(လက်ဖက်ရ...
25/09/2022

-Cool Drink / Hot Drink မျိုးစုံအပြင်☕
-Thai Tea /Bubble Tea ကအစ🧋
-အသီးဖျော်ရည် အထိ 🥤
မီနူးတွေအရမ်းစုံနေပါတယ်😍😍😍

📣📣📣(လက်ဖက်ရည်နဲ့ကော်ဖီ
ကြိုက်တဲ့တက်တဲ့သူတွေအတွက်ကတော့ ရွေးစရာတွေများလို့ အရမ်းကိုမိုက်တဲ့ဆိုင်လေးပါနော်)😋

မှာယူချင်တယ်ဆိုရင်တော့👇👇👇

မင်မင် ကနေ တဆင့်ဆက်သွယ်မှာ ယူလို့ရပါပီရှင့်❤❤❤

online သီးသန့် ဖြစ်တဲ့အတွက်

အချိန်မကုန် နေပူခံပီး ဆိုင်လာစရာမလိုတော့ဘူးနော်😊😊😊

Hello သာလုပ်လိုက် သင့်ဆီကို အရသာရှိသော အစားအသောက်လေးတွေရှေ့မှောက်ရောက်လာမှာနော်😇😇😇

လိပ်စာ📠📠📠 အင်းကုန်းစက်မှုလယ်ယာ ကျောက်ဆည်မြို့
📲📲📲📲📲📲 09767193056,09691488108

 #ကီဝီသီး(Kiwi fruit)ကီဝီသီးများက အရွယ်အစားသေးငယ်ပေမယ့် အရသာ အင်မတန်ရှိတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့လည်း ပြည့်န...
24/09/2022

#ကီဝီသီး(Kiwi fruit)

ကီဝီသီးများက အရွယ်အစားသေးငယ်ပေမယ့် အရသာ အင်မတန်ရှိတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့လည်း ပြည့်နှက်နေတဲ့ သစ်သီးတစ်မျိုးပါ။ သူ့ရဲ့ အစိမ်းရောင်အသားက ချိုပြီး စူးရှတဲ့အနံ့လေးနဲ့ သင်းနေတာပါ။ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ပိုတက်ဆီယမ်နဲ့ Folate ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်တဲ့အပြင် Antioxidants နဲ့ အမျှင်ဓာတ်တို့လည်း ပေါများလှပါတယ်။ သူတို့ရဲ့ အစေ့ အမဲသေးသေးလေးက စားလို့ရပြီး အညိုရောင်အခွံကိုလည်း စားလို့ရပေမယ့် လူအများစုကတော့ အခွံခွာပြီး စားရတာ ပိုကြိုက်နှစ်သက်ကြပါတယ်။

ဒီတစ်ခါမှာတော့ ကီဝီသီးကြိုက်နှစ်သက်သူတွေအတွက် ကီဝီသီးစားသုံးခြင်းကြောင့် ခံစားရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို ဝေမျှပေးချင်ပါတယ်။

#ပန်းနာရင်ကြပ်ရောဂါကိုကုသပေးခြင်း

ကီဝီသီးထဲမှာ ပါဝင်တဲ့ ဗီတာမင် စီနဲ့ Antioxidants တို့က ပန်းနာရင်ကြပ်ရောဂါကို ကုသပေးနိုင်တယ်လို့ သိရှိရပါတယ်။ ၂၀၀၀ ခုနှစ်က လေ့လာတွေ့ရှိချက်တစ်ခုအရ ကီဝီသီးမှန်မှန်စားသုံးသူတွေက အဆုတ်အားကောင်းလာကြကြောင်း တွေ့ရှိရပါတယ်။ ကီဝီသီးလိုမျိုး လတ်ဆတ်တဲ့သစ်သီးတွေက ကလေးငယ်လေးတွေ အသက်ရှုမမှန်လို့ တရွှီရွှီဖြစ်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

#အစာချေစနစ်ကောင်းမွန်အောင်ကူညီပေးခြင်း

ကီဝီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်များက အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သူတို့ထဲမှာProteolytic အင်ဇီုင်းဓာတ်က ပရိုတင်းဓာတ်များကို ချေဖျက်ပေးပြီး အစာကြေလွယ်အောင် ကူညီပေးတာကြောင့် အစာအိမ်သမားများအတွက် အထူးသင့်တော်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

#ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုမြှင့်တင်ပေးခြင်း

ပြင်ပမှ ဝင်ရောက်လာတဲ့ရောဂါများကို တိုက်ဖျက်ပေးနိုင်ဖို့အတွက် ဗီတာမင်စီက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါပဲ။ ကီဝီသီးများက အာဟာရဓာတ် သိပ်သည်းစွာပါဝင်ပြီး ဗီတာမင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ကီဝီသီးက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အအေးမိ တုပ်ကွေးဖျားနာရောဂါ ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

#သွေးပေါင်ချိန်ကိုမှန်ကန်အောင်ထိန်းညှိပေးခြင်း

အသက်ကြီးလာတဲ့အခါ သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတို့ကို ခံစားရတတ်ပါတယ်။ ကီဝီသီးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရုံတင်မကဘဲ သွေးပေါင်ချိန်ကို မှန်ကန်အောင်လည်း ထိန်းညှိပေးပါသေးတယ်။ ၂၀၁၄ ခုနှစ်က လေ့လာတွေ့ရှိချက်အရ ကီဝီသီး တစ်နေ့ကို သုံးလုံး စားသုံးပေးခြင်းက ပန်းသီး တစ်နေ့တစ်လုံး စားသုံးပေးခြင်းထက် ပိုကောင်းမွန်ပြီး သွေးပေါင်ချိန်ကို ပိုမိုမှန်ကန်စေတယ်လို့ တွေ့ရှိရပါတယ်။

#သွေးခဲခြင်းကိုလျော့ချပေးနိုင်

သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးခဲခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Oslo တက္ကသိုလ်မှ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ကီဝီသီး ၂ လုံး (သို့) ၃ လုံး စားသုံးပေးခြင်းက သွေးခဲခြင်းဖြစ်စဉ်ကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး သွေးထဲမှာ အဆီများစုပုံနေခြင်းကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

#အမြင်အာရုံမှုန်ဝါးခြင်းကိုကာကွယ်ပေးခြင်း

မျက်လုံးကြွက်သားအားနည်းလာခြင်းက အမြင်အာရုံမှုန်ဝါးလာခြင်းရဲ့ အဓိကတရားခံပဲဖြစ်ပါတယ်။ ဒီပြဿနာအတွက်ကိုတော့ ကီဝီသီးက ဖြေရှင်းပေးနိုင်ပါတယ်။ ကီဝီသီးကို တစ်နေ့ ၃ ခါလောက် စားသုံးပေးခြင်းက အမြင်အာရုံအားနည်းလာခြင်းကို ၃၆ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။

မေတ္တာဖြင့်
Thaw TarTun

Address

No. 10 Inn Gone
Kyaukse

Website

Alerts

Be the first to know and let us send you an email when 7 Colours Bubble Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category