10/11/2024
Paradiseချစ်သူလေးတွေကို အသိပေးလိုတာက မင်က ဒီခြံနေရာလေးကို ငှားရမ်းတဲ့ညီမတွေကို Paradiseနာမည်နဲ့ပဲ ဆက်ဖွင့်ချင်ဖွင့်ဖို့ ခွင့်ပေးခဲ့တယ်။သူတို့ကလည်း လိုလားစွာနဲ့ပဲ ဒီနာမည်လေးကို ဆက်သုံးချင်စိတ်ရှိနေခဲ့တဲ့အပြင် ဒီနေရာ၊ဒီနာမည်ကိုပဲ သိမှတ်ထားပြီးဖြစ်တဲ့ Paradiseချစ်သူလေးတွေက နေရာမပြောင်း၊နာမည်မပြောင်းဘဲ ပြန်တွေ့ရတဲ့ ကြည်နူးစရာခံစားချက်လေးကို ရရှိစေချင်တာကလည်း အဓိကပေါ့နော်
***အဲ့ဒီအတွက် ဒီနေရာလေးကို ငှားရမ်းဖွင့်တဲ့သူတွေ ဘယ်လိုပဲပြောင်းပြောင်း မြေနေရာပိုင်ရှင်ဖြစ်နေတဲ့ မင်မင်ကတော့ မပြောင်းမလဲနဲ့ ရှိနေမှာဖြစ်တဲ့အတွက် မင်မင့်ကို ရင်းနှီးတဲ့သူတွေ ခေါ်နေကြ မယ်ပွင့်ဆိုတဲ့ နာမည်လေးကို အစွဲပြုပြီး Mae Pwint's Eain ဆိုပြီး page nameလေးကို ပြောင်းသုံးထားပါကြောင်း လေးစားစွာအသိပေးပါတယ်။
မယ်ပွင့်ရဲ့အိမ်လေးကို မကြာမီအတွင်း ဖွင့်တော့မှာဖြစ်တဲ့အတွက် လာရောက်အားပေးကြပါအုံးနော်။
မင်တော့ ဒီမြို့လေးမှာ မရှိပေမယ့် ဒီဆိုင်လေးအတွက် ရင်တွေအရမ်းခုန်နေပါတယ်။