Jae’s Choice

Jae’s Choice Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jae’s Choice, Kalaw.

ကလောရောက်ခိုက် စားခဲ့သမျှ….(လိုရင်း တိုရှင်း Review)
16/07/2025

ကလောရောက်ခိုက် စားခဲ့သမျှ….

(လိုရင်း တိုရှင်း Review)

06/06/2025

လက်ရှိ Mood ပေါ့နော်။ 😋🤗

ကျွဲဆည်ကန်နားက ဘားအသစ်လေးကို ဘယ်သူတွေ ရောက်ဖူးကြပြီလဲရှင့်။အစပထမ ပြောပြရမယ်ဆိုရင် ဒီဘားကို စရောက်ဖူးတာ သူငယ်ချင်းမလေးတစ်...
19/02/2025

ကျွဲဆည်ကန်နားက ဘားအသစ်လေးကို ဘယ်သူတွေ ရောက်ဖူးကြပြီလဲရှင့်။

အစပထမ ပြောပြရမယ်ဆိုရင် ဒီဘားကို စရောက်ဖူးတာ သူငယ်ချင်းမလေးတစ်ယောက်နဲ့ အလုပ်ကိစ္စပြောရင်း စရောက်ဖူးခဲ့တာပါ။

သူနဲ့လည်း မတွေ့ဖြစ်တာ ကြာပြီပေါ့ရှင်။(အလုပ်ကိုယ်စီနဲ့ အခုထိလည်း မတွေ့ဖြစ်ကြဘူးပေါ့..)

ဒီနေ့တော့ မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ဆုံကြမယ်ဆိုပြီး ချိန်းထားတာပေါ့နော်။

ရောက်တာနဲ့ ထုံးစံအတိုင်း အကင်စရွေးပါတယ်။🙂‍↔️

အကင်ရွေးပြီး သောက်စရာ ရွေးဖို့ကြံတော့ ဗုဒ္ဓဟူးနေ့တိုင်း Free ပေးတဲ့ Cocktail လေးတွေ ရှိတယ်ဆိုလို့ စမ်းကြည့်မယ်ဆိုပြီး (၄) ခွက်မှာလိုက်တယ်။

ကော့တေး တစ်မျိုးစီက မပြင်းမရှ ရီဝေဝေလေးမို့ အရမ်းမမူးချင်ဘူး၊ ရီဝေဝေလေးပဲဆို ဒါလေးတွေကို သောက်ကြည့်ဖို့ ညွှန်းချင်တာ။

Special Menu ထဲမှာဆိုရင် ချဉ်စော်ကားသီးဟင်းရည်နဲ့ အာလူးလုံးကြော်လေး မှာစားဖြစ်တယ်။

ချဉ်စော်ကားသီးဟင်းရည်က ပင်လယ်စာလေးနဲ့ဆိုတော့ ရီဝေဝေဖြစ်နေရင် သောက်လိုက် ပြေလိုက်ပဲ။ (အမူးသမားဆိုတော့ ဒီလိုကို တွေးပြီး မှာရတာ 🥴)

6118 ရဲ့ ထမင်းသုပ်
ဒီ ထမင်းသုပ်က Portion များတယ်ပြောရမယ်။ ထမင်းသုပ်ကို ကြက်ကြော်လေးနဲ့ ကြက်ဥလေး အုပ်ထားတော့ ရေနဲ့ထမင်းဆိုတဲ့သူဆိုရင် ဒီတစ်ပွဲနဲ့တင် ပြီးပြည့်စုံတယ်။🤭

ဂဏန်းပျော့ချဉ်စပ်
ဂဏန်းတော့ စားချင်တယ်။ အလှလည်း မပျက်ချင်ဘူးဆို ဂဏန်းပျော့ချဉ်စပ်လေး စားကြည့်။သူက အီဆောင့်တက်ပြီး သွေးမတိုးဘူး… ဘာလို့ဆို ချဉ်ချဉ်စပ်စပ် အနှစ်လေး ပါနေတော့ အီနေရင်တောင်မှ အနှစ်လေးက ထိန်းထားတော့ စားလို့ ကောင်းတဲ့ ဟင်းတစ်ပွဲပါပဲ။😋

ဒီလိုဟင်းပွဲလေးတွေ မြည်းစမ်းရင်း သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကြမယ်ဆိုရင် ကျွဲဆည်ကန်နားက ဖွင့်တာ မကြာသေးတဲ့ ဒီ ဘားအသစ်လေးကို သွားဖို့ ညွှန်းပေးချင်ပါတယ်ရှင့်။

ဗုဒ္ဓဟူးနေ့တိုင်းမှာ Cocktail Free သောက်လို့ရမယ့်အပြင် အပတ်စဉ် တနင်္ဂနွေနေ့မှာလည်း DJ Live ဖျော်ဖြေမှုတွေလည်း ရှိတာဆိုတော့ ဝင်ကြေးပေးစရာမလိုပဲ အေးဆေး အငြိမ်လေး Chill ရုံပါပဲ။

လိပ်စာကတော့ ကျွဲဆည်ကန် (၇)လမ်းနဲ့ ၇၈ လမ်းထောင့်၊ ပြည်ကြီးတံခွန် မြို့နယ်

ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် (၁၁) နာရီကနေ ည(၁၀) နာရီ

သွားမယ်ဆိုရင်တော့ ဆိုင်ရဲ့ ဖုန်းသာ Hello ပြီး booking တင်လိုက်နော်။




မန္တလေးမှာ မနက်စာ ကောင်းကောင်းစားရတဲ့ အရသာက ဘာနဲ့မှကို မလဲနိုင်တာတကယ်🤭ရှမ်းခေါက်ဆွဲကောင်းကောင်းလေး စားချင်တယ်ဆိုရင် ဒီဆိ...
11/11/2024

မန္တလေးမှာ မနက်စာ ကောင်းကောင်းစားရတဲ့ အရသာက ဘာနဲ့မှကို မလဲနိုင်တာတကယ်🤭

ရှမ်းခေါက်ဆွဲကောင်းကောင်းလေး စားချင်တယ်ဆိုရင် ဒီဆိုင်လေးကို ညွှန်းပေးချင်လို့

ဆိုင်ဖွင့်တာက အခုမှ (၂)ရက်ပဲ ရှိသေးတာတဲ့။
အရသာက‌ ကလောဈေးထဲမှာ စားရတဲ့ အရသာနဲ့ ခပ်ဆင်ဆင်လေး (တကယ်ကို စားကောင်းတာ) စားလာတာကတော့ ဆန်စေး

ရှမ်းခေါက်ဆွဲ ၊ ဆန်စီး ၊ ဆီချက် (လောဆယ်တော့ ဒါလေးတွေပဲ ရသေးတယ်)

ဈေးနှုန်းကလည်း နာမည်ကြီးဆိုင်တွေ ဈေးတက်နေတာတောင်မှ ဒီဆိုင်လေးက အသားနဲ့ကိုမှ 3000 ပဲ (ကြက် ၊ ဝက် ၊ အမဲ) အသား 3 မျိုး ရတယ်။

ဈေးနှုန်းအနေနဲ့ သင့်တယ်တယ်။
သန့်သန့်ရှင်းရှင်းနဲ့ အရသာကလည်း အပိုအလို မရှိ ကွက်တိ

ဒီဆိုင်လေးက ဘယ်မှာ ရှိလဲဆိုရင် 46 108 C ထောင့်မှာ သွားစားကြည့်ပါရှင့်။
အဲ့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ ကွန်ဒို ခဲရောင်ကြီးရှိပါတယ်နော်။

မနက်စာကို ကောင်းကောင်းလေး စားချင်ရင် ဒီဆိုင်လေးကို သွားစားကြည့်ကြပါရှင့်။




Jae’s Choice

02/07/2024
မန္တလေး‌ ရောက်ရင် စားကိုစားသင့်တဲ့ တံခွန်တိုင်ကောက်ညှင်းပေါင်း 🍚ကောက်ညွှတ်နေတဲ့ ကောက်ညှင်းဆန်ရယ်🥨ကြွပ်ရွနေတဲ့ ဘရာကြော် က...
26/06/2024

မန္တလေး‌ ရောက်ရင် စားကိုစားသင့်တဲ့ တံခွန်တိုင်ကောက်ညှင်းပေါင်း

🍚ကောက်ညွှတ်နေတဲ့ ကောက်ညှင်းဆန်ရယ်
🥨ကြွပ်ရွနေတဲ့ ဘရာကြော် ကုလားကြော် တို့ဟူးကြော် ပဲကပ်ကြော်ရယ် ကို
🧂နှမ်းလေးဖြူး 🥜ပဲဆီမွှေးမွှေးလေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှကို မလဲနိုင်အောင် တကယ်ကောင်းတာ။

နူးညံ့အိစက်နေတဲ့ ကောက်ညှင်းပေါင်း မွှေးမွှေးလေးနဲ့ ရေနွေးကြမ်းလေးရဲ့ လိုက်ဖက်ပုံက ရွာက အဖွားပြင်ပေးတဲ့ မနက်စာကိုတောင် သတိရမိတယ်။

အကြော်ပူပူလေးနဲ့ လိုက်ဖက်လွန်းလှတဲ့ တံခွန်တိုင် ကောက်ညှင်းပေါင်းကို စားဖူးကြတဲ့သူတွေ ဘယ်နှစ်ယောက်များ ရှိကြလဲဟင်။ တကယ်ကို အခုတောင် ရေးနေရင်း ဗိုက်ဆာလာပြီ။😆

နာမည်ကြီးပြီး လူကြိုက်များတဲ့အတွက် စားကြည့်ချင်ရင် မနက်စောစော သွားစားပါလို့ အကြုံပြုပါရစေနော်။

ဆိုင်ဖွင့်ချိန်ကတော့ မနက်၆နာရီကနေ ၁၀နာရီ
နေ့လည်၂နာရီကနေညနေ၅နာရီ ဆိုပြီး နှစ်ခါခွဲပြီး ဖွင့်ပါတယ်။

ရနိုင်တာလေးတွေနဲ့ဈေးလေးတွေကတော့

ကောက်ညှင်းပေါင်းဗူးသေး 1500
ကောက်ညှင်းပေါင်းပွဲကြီး 2000

အကြော်ကလည်း ပုံမှန်ဈေးပဲဆိုတော့ စားရတာ တန်တယ်ပြောရမယ်။

မန္တလေးရောက်ရင် တံခွန်တိုင်ဈေးရှေ့က ကောက်ညှင်းပေါင်းကို စားဖို့ မမေ့နဲ့နော်။

Jae’s Choice


🇯🇵 ဂျပန်သွားစရာမလိုပဲ ဂျပန်ရောက်သွားမယ့် ခံစားချက်တွေ ရရှိစေမယ့် ဂျပန်ဆိုင်လေး⚡ Classic Japanese Cuisine ဒီဆိုင်လေးကို ပ...
05/05/2024

🇯🇵 ဂျပန်သွားစရာမလိုပဲ ဂျပန်ရောက်သွားမယ့် ခံစားချက်တွေ ရရှိစေမယ့် ဂျပန်ဆိုင်လေး⚡ Classic Japanese Cuisine

ဒီဆိုင်လေးကို ပထမဆုံးကြိုက်မိတာက ဆိုင်အပြင်အဆင်လေးပါ။(တကယ်ကို လမ်းမတန်းပေါ်ကဆိုင်ဆိုပေမယ့် တိတ်ဆိတ်တဲ့ ခံစားချက်ကို ရစေပါတယ်။)

ဒါ့အပြင် ဓာတ်ပုံကောင်းကောင်းရိုက်လို့ရတာကတော့ ဒီဆိုင်ရဲ့ အားသာချက်လေးပါ။

👘 𝐊𝐢𝐦𝐨𝐧𝐨(ကီမိုနို) ၀တ်စုံလှလှလေးတွေကို ဝတ်စုံကြေးပေးစရာမလိုပဲ Free ရိုက်လို့ရတာကတော့ တကယ်ကို ပျော်စရာပေါ့နော်။

အစားအသောက်အနေနဲ့ ပြောရရင် Taste ပိုင်းက Recommend ပေးရရင် 9+++ ပါ။အစားအသောက်မှာရင် တော်တော်လေးကို မြန်တာကိုတော့ အကြိုက်ဆုံးပါပဲ။

Sashimi ကို လတ်လတ်ဆက်ဆက်နဲ့ စားချင်ရင် ဒီဆိုင်လေးကိုသွားဖို့ အကြံပေးပါတယ်နော်။၊🌟

စားခဲ့တာတွေကတော့ Ramen 🍜, Potato Slat နဲ့ တစ်ခြား Menu လေးတွေ မြည်းစမ်းခဲ့ပါတယ်။

ပေးရတဲ့ဈေးနဲ့တန်ပြီး အကြာကြီးလည်း မစောင့်ရတာမို့ Foodies လေးတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲရှင်။

ဓာတ်ဖမ်းလို့ကောင်းပြီး Date ကောင်းကောင်းလေး ဖန်တီးမယ်ဆို Classic Japanese Cuisine ကို သွားဖို့ လက်တို့လိုက်တယ်နော်။
( ဓာတ်ပုံမရိုက်တက်တဲ့သူမပါလည်း အားမငယ်နဲ့နော် ဓာတ်ပုံစကေးကျွမ်းတဲ့ အကိုနဲ့ အစ်မ နှစ်ယောက်လည်း ရှိတာမို့ စိတ်ကြိုက်ကို ရိုက်လို့ရတယ်)ပုံလေးလည်း ထည့်ထားပေးပါတယ်ရှင့်။

အစကတော့ ဒီဆိုင်လေး ဥထားမလို့ပဲ ဒါပေမယ့် ဥမထားပဲ ချပြလိုက်ပီနော်။

YBS စီးမယ်ဆိုရင်တော့ ကုလားဘုရားမှတ်တိုင်မှာဆင်းပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ရောက်ပါတယ်ရှင့်။

🕰️ Opening Hours : 10:00AM - 10:00PM (Open Daily , Last Order 09:30PM)

📌 Location : 𝐍𝐨.𝟏𝟎 (𝐀/𝐁), 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐑𝐨𝐚𝐝, 𝟏𝟔/𝟐 𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

Mandalay ကို လွမ်းတော့ Mandalay လက်ရာ ဆိုင်လေးတွေ လိုက်ရှာမိတာပေါ့...မနက်စာကို ကောင်းကောင်းလေး စားချင်လို့ သူငယ်ချင်းတွေ...
17/05/2023

Mandalay ကို လွမ်းတော့ Mandalay လက်ရာ ဆိုင်လေးတွေ လိုက်ရှာမိတာပေါ့...

မနက်စာကို ကောင်းကောင်းလေး စားချင်လို့ သူငယ်ချင်းတွေကို ပူဆာတော့ ဒီဆိုင်လေးကို ညွှန်းတာနဲ့ အတူသွားစား ခဲ့ကြတာပေါ့နော်...

မနက်စောစောမှာ ဒီလို မန်းလေးက vibe လေးကို ရသွားတဲ့ ခံစားချက်က ဘာနဲ့မှကို လဲ မရဘူး...

ဈေးနှုန်းအနေနဲ့ သင့်တယ်တယ်၊
သန့်သန့်ရ‌ှင်းရှင်းနဲ့ စားချင်စရာလေး
အရသာအနေနဲ့ကလည်း အပိုအလို မရှိ ကွက်တိ

ဒီဆိုင်လေးက ဘယ်မှာ ရှိလဲဆိုရင် သမိန်ဗရမ်းလမ်း နတ်ချောင်းရပ်က‌ွက်မှာ ရှိပါတယ်။

အောက်ကပုံမှာ လိပ်စာကတ်လေး ထည့်ပေးထားပါတယ်နော်...

မနက်စာကို ကောင်းကောင်းလေး စားချင်ရင် စားကြည့်ကို သွားကြည့်ရှင့်




Jae’s Choice

အခုလို ရာသီဥတုနဲ့ဆို ကော်ဖီက အလိုက်ဖက်ဆုံးပေ့ါမိုးရာသီနဲ့ ကော်ဖီပူပူလေးက အလိုက်ဖက်ဆုံးဆိုပေမယ့်  ကိုယ်ကျတော်ဖီထက် အေးတာလ...
11/05/2023

အခုလို ရာသီဥတုနဲ့ဆို ကော်ဖီက အလိုက်ဖက်ဆုံးပေ့ါ

မိုးရာသီနဲ့ ကော်ဖီပူပူလေးက အလိုက်ဖက်ဆုံးဆိုပေမယ့် ကိုယ်ကျတော်ဖီထက် အေးတာလေးကို ပို‌သောက်ချင်ရော

ဒီလိုနဲ့ စမ်းချောင်းက ထိုင်နေကျ ဆိုင်လေးကို သွားဖြစ်တယ်...
အရင်က ဆိုင်ကိုပဲ ပိုင်ရှင်ပြောင်းပြီး Decoration ကအစ Menu အဆုံး အနည်းငယ်လေးစီ ပြုပြင်ထားတယ်ပေါ့နော်။

အေးဆေးလေးထိုင်ချင်ရင် ဒီဆိုင်လေးကို သွားကြည့်

ကိုယ်တွေကတော့ အသစ်တွေကိုမှ သဘောကျလို့ Choco Blueberry လေးကို သောက်ခဲ့လိုက်တယ်>

အရောင်ကစပြီး သောက်ချင်စရာလေး

အရသာကတော့ ဒိန်ချဥ်နဲ့ ဘလူးဘယ်ရီကို ရောထားတော့ အအီပြေပြီး သောက်လို့ကောင်း

တစ်ခွက်မှ (၂၃၀၀) ဆိုတော့ တော်တော်လေး တန်တယ် ပြောရမယ်

လိပ်စာကတော့ အမှတ်(23) မြေနုလမ်း မြေနီကုန်း စမ်းချောင်းပါရှင်။

05/05/2023

ပွဲတွေ ဘာတွေ ခဏရပ်ပါအုံး။

အချဉ်ပေါင်းပဲ ရောင်းတော့မယ်နော် 🥹😝

အချစ်အကြောင်း မပြောနိုင်သေးဘူး🥹အချဉ်ပေါင်း ရောင်းရအုံးမယ် 😌
25/04/2023

အချစ်အကြောင်း မပြောနိုင်သေးဘူး🥹

အချဉ်ပေါင်း ရောင်းရအုံးမယ် 😌

Address

Kalaw

Website

Alerts

Be the first to know and let us send you an email when Jae’s Choice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share