06/03/2026
ဝိတ်ချနေရင်မြန်မာထမင်းဟင်းစားလို့ရလာ?
ဝိတ်ချမယ်ဆိုတာနဲ့ လူအများစုက
“ထမင်းမစားရတော့ဘူး”
“ထမင်းစားရင် ဝိတ်မကျဘူး”
လို့ထင်ကြပါတယ်။
ဒါပေမယ့် တကယ်တော့
ဝိတ်ချနေရင် မြန်မာထမင်းဟင်းကိုလည်း စားလို့ရပါတယ်။
ဝိတ်ချဖို့အရေးကြီးဆုံးက
ထမင်းစားလား မစားလား မဟုတ်ပါဘူး။
အရေးကြီးတာက
တစ်နေ့တာစားတဲ့ calories ကိုထိန်းနိုင်လားဆိုတာပါ။
ဥပမာ 👇
🍚 ထမင်း – နည်းနည်းထည့်စားပါ
🐟 ငါး / 🍗 ကြက်သား – protein ရအောင်စားပါ
🥦 အသီးအရွက် – များများစားပါ
🫒 ဆီ – အများကြီးမသုံးပါ
ဒီလိုစားမယ်ဆိုရင်
ဗိုက်လည်းဝ
အာဟာရလည်းရ
ဝိတ်လည်းကျနိုင်ပါတယ်။
ဝိတ်ချတဲ့အခါ
မစားဘဲနေခြင်း က solution မဟုတ်ပါဘူး။
အရမ်းလျော့စားလိုက်ရင်
• အားနည်းလာမယ်
• သွေးအားနည်းလာမယ်
• နောက်ပိုင်းဝိတ်ပြန်တက်လွယ်မယ်
ဒါကြောင့်
မစားဘဲဝိတ်ချတာထက်
မှန်မှန်ကန်ကန်စားပြီးဝိတ်ချတာက ပိုကျန်းမာပါတယ်။
တကယ်တော့
ဝိတ်ချဖို့အတွက်
salad ပဲစားဖို့
ပန်းသီး၊ဒိန်ချဉ်တွေစားမှဘဲရတာမဟုတ်ပါဘူး
ကိုယ်ရိုးရာ မြန်မာထမင်းဟင်းကိုပဲ
portion ထိန်းပြီးစားရင်လည်း
ဝိတ်ချနိုင်ပါတယ်။
Videoထဲကချဉ်ပေါင်ကြော်ဆိုဆီ၄ဂရမ်လောက်ဘဲပါတာပါ။ပန်းဖူးဆိုဆီမပါဘဲရေနဲ့ကြော်ထားတာ။ကြက်သားတအိုးလုံးမှဆီ၂ဂရမ်လောက်ပေါ့