LK MART

LK MART ငရုတ်နှမ်းကပ်ကြော် ၊​မြေပဲ၊ငါးလေးနှမ်းကပ်​ကြော်၊ ပိုးတီချဥ်၊မုန်ညှင်းချဥ် လက်လီလက်ကား

မုန့်ပေါင်းလုပ်နည်း—————————* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်** လုပ်နည်းလေးက လွယ်လွယ်လေးပါ*ပါဝင်ပစ္စည်း...
18/01/2026

မုန့်ပေါင်းလုပ်နည်း
—————————

* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်*
* လုပ်နည်းလေးက လွယ်လွယ်လေးပါ*

ပါဝင်ပစ္စည်းများ
————————
၁။ဆန်မှုန့်-၆ ဇွန်း
၂။ကောက်ညှင်းမှုန့်-၂ ဇွန်း
၃။ဆား-လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ရေနွေး-၄ ဇွန်းခန့်
၅။ထန်းလျက်-၄ ခဲ

ပြုလုပ်နည်း
——————
- ကောက်ညှင်းမှုန့် ဆန်မှုန့်နဲ့ ဆားကို နှံ့အောင်မွှေပေးပါ

- ရေနွေးကို တစ်ဇွန်းစီထည့်လိုက် နယ်လိုက် လုပ်ပေးပါ

- ဆန်မှုန့်အခဲလေးတွေကို လက်နဲ့ဆုပ်ချေပြီး ဇကာစစ်ချလို့ ရရင် ရပါပြီ
- (ဒီနေရာမှာ ရေက အတိအကျကြီး မလိုပါဘူးနော် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်)

- ဆန်မှုန့်အခဲလေးတွေကို ဇကာတိုက်ချပါ

-အစာအတွက် ထန်းလျက်ခဲလေးတွေကို မကြေ့တကြေထောင်းပါ

- ပေါင်းမယ့်ခွက်လေးတွေကို ဆီလေးနည်းနည်းသုတ်ပါ

- ဇကာတိုက်ထားတဲ့ အမှုန့်တစ်ဇွန်းအရင်ထည့်ပါ ပြီးရင် ထန်းလျက်ထောင်းထားတာ တစ်ဇွန်းထည့်ပါ

-အပေါ်ကနေ အမှုန့် နှစ်ဇွန်းခန့် အစာမြုပ်အောင် ထည့်ပါ

- ကဲ အမှုန့်လေးတွေ ကုန်အောင် တစ်ခွက်ပြီးတစ်ခွက် ထည့်ပြီးရင်တော့ ရေနွေးဆူဆူမှာ ၁၀ မိနစ်ပေါင်းပေးပါ

*အခုဆို မုန့်ပေါင်းချိုချို အိအိလေး ရပါပြီရှင်*

Credit:

အိမ်မှာ ဖရုံသီး နဲ့ အာလူးရှိရုံနဲ့လုပ်စားလို့ရတဲ့ ဖရုံသီးအာလူးပန်ကိတ် 👀👀👀ပါဝင်ပစ္စည်းများ 🤫🤫🤫- ဖရုံသီး၊ အာလူး- ကိတ်ဂျုံ-...
09/11/2025

အိမ်မှာ ဖရုံသီး နဲ့ အာလူးရှိရုံနဲ့လုပ်စားလို့ရတဲ့ ဖရုံသီးအာလူးပန်ကိတ် 👀👀👀

ပါဝင်ပစ္စည်းများ 🤫🤫🤫

- ဖရုံသီး၊ အာလူး
- ကိတ်ဂျုံ
- ဆီ
- နှမ်းနက်

ပြုလုပ်ပုံအဆင့်ဆင့် 🧑‍🍳🧑‍🍳🧑‍🍳

- နူးအောင်ပေါင်းထားတဲ့ အာလူးနဲ့ဖရုံသီးကို အားလုံးကျေတဲ့အထိချေ

- ကိတ်ဂျုံ ၃၀ ဂရမ်ထည့်

- မုန့်သားလေးစီးပိုင်သွားတဲ့အထိနယ်မယ်

- လက်ထဲအနည်းငယ်စီယူပြီး ပြားလိုက်

- ဆီသုတ်ထားတဲ့မကပ်အိုးထဲထည့်

- အပေါ်ကနေ နှမ်းလေးဖြူးပြီး မီးအေးအေးလေးနဲ့ကြော်မယ်

- အတွင်းသားကျက်ပြီး အပြင်ခွံလေး‌ရဲ‌လာတဲ့အထိကြော်ပြီးရင်ရပါပြီ

အခုလိုမျိုး မုန့်လုပ်နည်းလေးတွေကို

ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးသွားမှာဖြစ်လို့

Follow နှိပ်ခဲ့ကြဖို့မမေ့နဲ့နော် 😜😜😜

အိမ်မှာလုပ်စားလို့ရတဲ့ လွယ်ကူရိုးရှင်းပြီးအာဟာရလည်းရှိ အရသာလည်းရှိတဲ့မွှေးအိနူးညံ့တဲ့ ကြက်ဥခနုံထုပ် မုန့်လုပ်နည်း.🥚🥥မနက်...
28/10/2025

အိမ်မှာလုပ်စားလို့ရတဲ့ လွယ်ကူရိုးရှင်းပြီး
အာဟာရလည်းရှိ အရသာလည်းရှိတဲ့
မွှေးအိနူးညံ့တဲ့ ကြက်ဥခနုံထုပ် မုန့်လုပ်နည်း.🥚🥥
မနက်စာအဖြစ်လည်းစားလို့ရတယ်နော်😍😍
ပါဝင်ပစ္စည်းများ
ကြက်ဥ-၄လုံး
ဂျုံမှုန့်- ၄ဇွန်း(ထမင်းစားဇွန်း)🥄
(မွှေးတံဆိပ်သုံးပါတယ်)
အုန်းသီး- ၁ခြမ်း🥥
သကြား-၄ဇွန်း(ထမင်းစားဇွန်း)🥄
ရေနွေး-၂ဇွန်း(ဟင်းယောက်ချိုဇွန်း)
ဆား -၂ဇွန်း(လက်ဘက်ရည်ဇွန်း)

ပုံတစ်ပုံချင်းစီမှာပြုလုပ်နည်းလေးတွေရေးပေးထားပါတယ် စားကောင်းကြပါစေ


အာလူး ဆနွင်းမကင်းလုပ်နည်း(ကန်စွန်းဥ/ ရွှေဖရုံသီးလည်းရ)အာလူးဆနွင်းမကင်းအလှူအတွက် အဆင်ပြေတဲ့ မုန့်လေးပါ။ပါဝင်ပစ္စည်း၁။ အာလ...
26/10/2025

အာလူး ဆနွင်းမကင်းလုပ်နည်း
(ကန်စွန်းဥ/ ရွှေဖရုံသီးလည်းရ)

အာလူးဆနွင်းမကင်း

အလှူအတွက် အဆင်ပြေတဲ့ မုန့်လေးပါ။

ပါဝင်ပစ္စည်း
၁။ အာလူး ၃၀ သား
၂။ ဂျုံ ၁၀ သား
၃။ သကြား ၂၀ သား
၄။ ထောပတ် ၁၅ ကျပ်သား
၅။ နွားနို့ ကော်ဖီပန်းကန်လုံး ၁/၂ ခွက် (ကျိုချက်ပြီး)
၆။ နို့စိမ်း ကော်ဖီပန်းကန်လုံး ၁ ၁/၂ ခွက်
၇။ ကြက်ဥ ၂ လုံး
၈။ အုန်းသီးအမှုန့် စားပွဲဇွန်း ၈ ဇွန်း
၉။ ဆား စားပွဲဇွန်း ၁/၂ ဇွန်း
၁၀။ ဆီ အနည်းငယ်
၁၁။ ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ အာလူးများကို နူးအိနေအောင်ပြုတ်ပြီးနောက် အခွံခွာကာ ကြေသွားအောင် ခြေထားလိုက်ပါ။
၂။ ပါဝင်ပစ္စည်းများမှ ထောပတ်ကို မု့န်မျက်နှာပြင်မှာသုတ်ဖို့အတွက် အနည်းငယ်ချန်ထားပေးပါ။ အမှတ်စဉ် ၂။ မှ ၉။ အထိကို ဇလုံကြီးကြီး တစ်လုံးထဲ အားလုံးရောထည့်ပြီး သမသွားအောင်မွှေပါ။ အားလုံးသမသွားရင် ခြေထားတဲ့ အာလူးများကိုပါရောလိုက်ပြီး နှံ့အောင်မွှေလိုက်ပါ။
၃။ မုန့်ဖုတ်မည့်ဘန်းကို ဆီသုတ်ပါ။ oven ကို၂၀၀ ဒီဂရီမှာထားပြီး ၁၀ မိနစ်ကြိုပြီး အပူပေးထားလိုက်ပါ။
၄။ အာလူးပြုတ်အရောအနှောများကို ဘန်းထဲလောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင်ညှိလိုက်ပါ။ နောက်ဆုံးမှာ သန့်စင်ထားတဲ့ ဘိန်းစေ့များကို ဖြူးလိုက်ပါ။
၅။ မုန့်ဘန်းကို oven ရဲ့ အလယ်အဆင့်ထဲထည့်ပြီး မုန့်ဖုတ်ချိန်ကို မိနစ် ၃၀ ပေးကာဖုတ်ပါ။ အချိန်စေ့ကာနီး ၅ မိနစ်အလိုရောက်ရင် မုန့်သားရဲ့ မျက်နှာပြင်ကို ညိုရောင်သန်းဖို့အတွက် ဘန်းကို အပေါ်ဆုံးအဆင့်ကို ပြောင်းထည့်ပြီးဖုတ်ပါ။ ရရင်ချန်ထားတဲ့ ထောပတ်ဆီကို မုန့်မျက်နှာပြင်မှာ သုတ်လိုက်ပါ။
မုန့်အေးရင် လိုအပ်သလိုလှီးနိုင်ပါပြီ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အာလူးဆနွင်းမကင်းလေးကို ကြိုက်နှစ်သက်ကြမှာပါရှင့်။


💥ကြက်သွန်မြိတ်ဟင်းထုပ်💥📌သက်သက်လွတ်ဟင်းထုပ်ဖြစ်တဲ့အတွက် လူတိုင်းအလွယ်တကူ လုပ်စားလို့ အဆင်ပြေပါတယ်ပါဝင်ပစ္စည်းများကြက်သွန်...
15/09/2025

💥ကြက်သွန်မြိတ်ဟင်းထုပ်💥

📌သက်သက်လွတ်ဟင်းထုပ်ဖြစ်တဲ့အတွက် လူတိုင်းအလွယ်တကူ လုပ်စားလို့ အဆင်ပြေပါတယ်

ပါဝင်ပစ္စည်းများ

ကြက်သွန်မြိတ်
ဆန်မှုန်
ကောက်ညှင်းမှုန့်
ကြက်သွန်ဖြူ၊
ဆီ
ရေ
💥ကြက်သွန်မြိတ်များလေ ချိုလေ ဖြစ်တဲ့အတွက် များများလေး ထည့်ပေးပါ။
⚡️ဆန်မှုန့်နဲ့ ကောက်ညှင်ူမှုန့်ကို (၄:၁) ထည့်ပါ
⚡️ဆန်မှုန့် ၈ဇွန်း၊ကောက်ညှင်းမှုန့် ၂ဇွန်း
(လူအများစာအတွက်ဆို ပမာဏ ဆတိုးပြီး ထည့်ပေးပါ)
⚡️ရေကတော့ နယ်ရင်း ဖြည်းဖြည်းချင်း ထည့်သွားပေးပါ(၁၅၀ml လောက် ထည့်ထားပါတယ်)
📌ပစ်လွန်းရင် စားမကောင်းပါ။ ရေအနည်းငယ်လေး ကျဲပေးပါရှင်
⚡️ဆား၊အသားမှုန့် အနည်းငယ်ထည့်ပေးပါ။ ဆီထမင်းစားဇွန်း ၁ဇွန်းစာ ထည့်ပေးပါ။
📌ဆီထည့်ခြင်းဖြင့် မုန့်သားက ချောပြီး အိအိစီးစီးလေး ဖြစ်စေပါတယ်
📌ဟင်းထုပ် ထုပ်မည့်အရွက်
ငှက်ပျောရွက်၊ရဲရိုရွက် တို့ထဲကို ထည့်ပြီး မိနစ်၃၀ ပေါင်းခံရင် ရပါပြီရှင်
📌အရွက်မရှိတဲ့သူများကတော့ ပလပ်စတစ်ကိုခင်းပြီးတော့ မုန့်ထည့်ပြီး ပေါင်းပေးပါ💯
✅ပလပ်စတစ်အနံ့လည်း မနံသလ်ို၊ မုန့်သားလည်း မကပ်ပါဘူးရှင့်
ပုံလေးတေကိုကြည့်ရင် သိနိုင်ပါတယ်
⚡️ကြက်သွန်ဖြူဆီချက်၊ငရုတ်သီးကြော်တို့ဖြင့် တွဲစားနိုင်ပါသည်..
Credit to Akari@Diary🍀
#ဟင်းထုပ်
#ကြက်သွန်မြိတ်
#ラップ

🌲နာမည်ကြီး မန္တလေးမြီးရှည် လုပ်နည်း🌲မြို့အစွဲမရှိတဲ့ မြီးရှည်9ပွဲစာလုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အ...
22/08/2025

🌲နာမည်ကြီး မန္တလေးမြီးရှည် လုပ်နည်း🌲

မြို့အစွဲမရှိတဲ့ မြီးရှည်9ပွဲစာ

လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်. 😀 ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ်ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ။ မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံးကြပါတယ်။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ

နန်းလတ်မုန့်တီဖတ် 1 cup (250 ml)ခန့်
ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရေနွေးဖျောထားသော ပဲပင်ပေါက် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ကော်ရည် ထမင်းစားဇွန်း ၂ ဇွန်းခန့်
နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
ဆီတိုဟူးကြော် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
ပဲငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ ချင့်ချိန်ထည့်ပေးပါ
ပဲငံပြာရည် အကျဲ (thin soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ထမင်းစားဇွန်း တစ်ဝက်ခန့် (ဆီ နှင့် နှမ်းများသာ ထည့်ရမည်)
ပါးပါးလှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း တစ်ဝက်ခန့်
ဝက်သားပြုတ်ရည် ထမင်းစားဇွန်း တစ်ဝက်ခန့်

လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်.

ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက ဒီ link ထဲက အတိုင်း ၅ ရက်ခန့် စောပြီး ကြိုတင်လုပ်ထားပါ။

ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ ((ကျွန်မ သုံးသည့် ဆီတိုဟူးဗူးမှာတော့ ရေအတော်လေးပါ၍ ကျွန်မက ရေထပ်မထည့်ပဲ ကြော်ပါတယ်။)

နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ 3/4 cup (180 ml) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) ၅ ပွင့်၊ နှမ်းဖြူ အစိမ်း ထမင်းစားဇွန်း ၅ ဇွန်း ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပါ။

နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။ (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)

ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သား ၅၀ ကျပ်သား (769 g ) ခန့် ကို ကြိုက်နှစ်သက်သလို လှီးထားပါ။ ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။

ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။

ငရုတ်သီးအကြမ်းမှုန့်ကြော် အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။
ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။
ကြက်သွန်ပင် ပါးပါးလှီးထားပါ။
နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။

ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။

အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd. ချောစု

မုန့်လုံးရေပေါ်ရဲ့လျှို့ဝှက်ချက်မျှဝေပေးမယ်********************************မုန့်လုံးလေးတွေတခုနဲ့တခုမကပ်အောင်မုန့်လုံးလေး...
29/06/2025

မုန့်လုံးရေပေါ်ရဲ့လျှို့ဝှက်ချက်မျှဝေပေးမယ်
********************************
မုန့်လုံးလေးတွေတခုနဲ့တခုမကပ်အောင်
မုန့်လုံးလေးတွေပြောင်ပြောင်တင်းတင်းလေးနဲ့ ထန်းလျက်ခဲလေးတွေလဲအလွယ်တကူမပေါက်ထွက်အောင်
ပြုတ်မယ့်ရေနွေးအိုးထဲကို ထုံးရည်ကြည်အနည်းငယ်ထည့်လိုက်ပါနော်💛
(ထမင်းစားဇွန်းတစ်ဇွန်းနှဇွန်းဆို ရပါပြီ)
ဒါဆိုဆိုင်ကဝယ်စားသလိုပြောင်ပြောင်အိအိမုန့်လုံးရေပေါ်လေးတွေရပါလိမ့်မယ်💛
မုန့်သားပြုလုပ်ရန်
********************
ကောက်ညှင်းမှုန့် 5ဆ
ဆန်စိမ်းမှုန့် 1ဆ
ဆားပိစိ
တို့ကို ဇလုံတခုထဲ မွှေပါ
ရေကြက်သီးနွေး ကို နည်းနည်းချင်းစီထည့်ပြီး မုန့်သားမပျော့မမာ အနေထားရအောင် မုန့်သားချောမွေ့နေအောင် သေချာနယ်ပါမယ်
နယ်ထားတဲ့မုန့်သားကို ၂နာရီ ၃နာရီ နှပ်ပြီးမှ အသုံးပြုတာပိုစားလို့ကောင်းတယ်
မုန့်သားနှပ်ပြီဆို ကိုယ့်စိတ်ကြိုက်
မုန့်လုံးရေပေါ် မုန့်လုံးကြီးအုန်းနို့စမ်း မုန့်လုံးကြီးကြော် မုန့်ဖြဲသိပ် မုန့်လက်ကောက် နှမ်းကပ်ကြော် ပဲကပ်ကြော် စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါပြီ 😍
#မုန့်လုပ်နည်းမျိုးစုံ
Credit

ဘာနဲ့ပဲဖြစ်ဖြစ် တွဲဖက်ပြီးစားလို့ရမယ့်  #အချဉ် လုပ်နည်းများ Save ထားပါ 😍😍1 ဘိတ်ချဥ်ဆော့ဟင်းပွဲ အမျိုးမျိုး၊ ခေါက်ဆွဲ/ကြာ...
14/06/2025

ဘာနဲ့ပဲဖြစ်ဖြစ် တွဲဖက်ပြီးစားလို့ရမယ့် #အချဉ် လုပ်နည်းများ Save ထားပါ 😍😍

1 ဘိတ်ချဥ်ဆော့

ဟင်းပွဲ အမျိုးမျိုး၊ ခေါက်ဆွဲ/ကြာဆံ/ကတ်ကြေးကိုက်ကြော်နဲ့ပဲတွဲစားစား
လိုက်ဖက်တဲ့ ဆော့လေးပါ ။

ပြုလုပ်နည်း

ကြက်သွန်းဖြူ 3 မွှာ ပါးပါးလှီး
ငရုတ်သီးစိမ်း 3 တောင့် ပါးပါးလှီး
သံပရာသီး 2 စိတ်လောက်ညှစ်ထည့်
ဆား၊ သကြားအနည်းငယ်ထည့်
ပဲငံပြာရည်အကြဲအနည်းငယ်ထည့်ပြီး
ရေအနည်းငယ်နဲ့ရောပြီး သမအောင်မွေလိုက်ရုံပါပဲ ။
________________________________

2 ဂျင်းချဥ်

ကြက်သားကင်၊ အမဲသားကင်၊ ဆိတ်သားကင်တို့နဲ့တွဲဖက်စားရတဲ့ ဆော့လေးပါ။

ပြုလုပ်နည်း

ဂျင်း၊ ကြက်သွန်ဖြူ ၊ ဆား(သို့) ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ် ၊
ရှာလကာရည်အနည်းငယ်တို့ကို ရောပြီးကြိတ်လိုက်ရုံလေးပါပဲနော်😉
________________________________

3 ပင်လယ်စာများနဲ့တွဲဖက်စားနိုင်တဲ့ဆော့

ငါးကင်၊ ပုဇွန်ကင်တို့နဲ့ အရမ်းတွေလိုက်ဖက်တဲ့ဆော့လေးပါ။

ပြုလုပ်နည်း

ပထမဦးဆုံး ငရုတ်သီးစိမ်းကို နူးအိလာအောင်အရင်ပြုတ်ပြီး
ဆုံထဲမှာ(ကြိတ်စက်ထဲမှာ) ညက်အောင်လုပ်ပါ ။
မန်ကျည်းမှည့်ရည်ကို ကျဲကျဲလေး ဖျော်ထားပြီး ဆား၊သကြား၊
ဟင်းခတ်မှုန့်အနည်းငယ်နဲ့ အားလုံးရောမွှေလိုက်ရင် စားဖို့ ready ဖြစ်ပါပြီ ။
________________________________

4 အကြော်စုံနဲ့တွဲဖက်စားနိုင်တဲ့အချဥ်ရည်လေးပါ။

ပြုလုပ်နည်း

မန်ကျည်းရည် ပျစ်ပျစ်လေးဖျော်ထားပြီး၊ ဂျင်းလက်တစ်ဆစ်၊
ကြက်သွန်ဖြူ 2 မွှာ၊ ငရုတ်သီးစိမ်း 4 တောင့် (3မျိုး) တို့ကို
ည​က်အောင် ကြိတ်/ထောင်းပြီး ထန်းလျက် 1 ခဲပါထည့်ပြီးကြိတ်/ထောင်း၊
အားလုံးညက်ပြီဆို စောစောကဖျော်ထားတဲ့ မန်ကျည်းရည်ထည့်၊
ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၊ နံနံပင်ပါးပါးညှပ်ထည့်၊
ငရုတ်သီးအကျက်မှုမ့်ထည့်ပြီး အားလုံးရောသမအောင် မွှေလိုက်ရင် စားလိုရ့ပါပြီ ။
________________________________

5 သံပရာငရုတ်ချဥ် (အလွယ်ကူဆုံးလေးပါ)

ပြုလုပ်နည်း

ငရုတ်သီးစိမ်း/နီကို ပြုတ်ပြီးညက်အောင်ထောင်း/ကြိတ်ထားပြီး၊
ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ရောလိုက်ရုံပါပဲ ။
____________________________

6 ထိုင်းဆော့

ပြုလုပ်နည်း

ကြက်သွန်းဖြူ 3 မွှာနဲ့ ငရုတ်သီးစိမ်း 3 တောင့် တို့ကို
အရင်ညက်အောင်ထောင်း/ကြိတ်ပြီး၊ နံနံပင် 3 ပင်ညှပ်ထည့်၊
ထန်းလျက် 1 ခဲပါရောထည့်ပြီးညက်ပြီဆိုမှ သံပရာသီး 1 ခြမ်းညစ်ထည့်၊
ဆား၊ သကြားအနည်းငယ်ထည့်၊ ယိုးဒယားငံပြာရည်၊ ပဲငံပြာရည်အကျဲအနည်းငယ်ထည့်ပြီး၊ ဆန်လှော်မှုန့် ထမင်းစားဇွန်း 1 ဇွန်းခွဲလောက်ထည့်ပြီး သမအောင်မွှေပေး၊
ကြက်သွန်နီဥသေး 1 လုံးပါးပါးလှီးထည့် နံနံပင်ပါးပါးလှီးပြီး
ငရုတ်သီးအကျက်မှုန့် လက်ဖက်စားဇွန်း 1 ဇွန်းလောက်ထည့်ပြီးရင်
ထိုင်း style ဆော့အချဥ်လေးရပါပြီ ။

အရင်က ကြာညို့ ဝယ်တ်ိုင်း ဘာကွာလည်းမေးရင်..မဖြေနိုင်ကြဘူး။((ဒါလေးတွေ့လို့ ဗဟုသုတအဖြစ်ကူးယူလာတာပါ။))မြင်းပျံကြာညို့ (၃)မျိ...
07/05/2025

အရင်က ကြာညို့ ဝယ်တ်ိုင်း ဘာကွာလည်းမေးရင်..
မဖြေနိုင်ကြဘူး။

((ဒါလေးတွေ့လို့ ဗဟုသုတအဖြစ်ကူးယူလာတာပါ။))

မြင်းပျံကြာညို့ (၃)မျိုး ဘာကွာလဲ မေးတဲ့ Customer တွေ အတွက်ပါရှင့်..😍😍😍

(1) မြင်းသုံးကောင်ကြာညို့တံဆိပ် (အနီဖုံး)က အချိုကဲ အရသာဖြင့်ထုတ်လုပ်ထားပါတယ်ရှင်..
ထမင်းကြော်၊ ခေါက်ဆွဲကြော် ၊ကြာဇံကြော် ၊ ဘဲကင် လုပ်ရာတို့တွင် အသုံးများပါတယ်။

(2) စပါယ်ရှယ် ရွှေမြင်းကြာညို့တံဆိပ် (အဝါဖုံး)ကတော့ အငံဆိမ့်အရသာဖြင့် ထုတ်လုပ်ထားပါတယ်ရှင်..
ပစ္စည်း ကောင်းကောင်းကြိုက်သော အိမ်ရှင်မများအတွက် အထူးစပါယ်ရှယ်ဖြစ်ပါတယ်။

(3) မြင်းပျံကြာညို့တံဆိပ် (အဝါဖုံး)ချိုငံ အရသာဖြင့် ထုတ်လုပ်ထားပါတယ်..
အဓိက ရှမ်းခေါက်ဆွဲ ၊တို့ဟူးနွေး ၊ တရုတ်အကြော်အလှော် များတွင်သုံးပါတယ်၊ ခေါက်ဆွဲဆိုင်များ ၊စားသောက်ဆိုင် များအဓိကအသုံးများသော ၊ အကြိုက်များသော
မြင်းပျံကြာညို့ ဖြစ်ပါတယ်

crd to original uploader

လုပ်ရအရမ်းလွယ်တဲ့ နာမည်တွေအများကြီး နဲ့ မုန့် 🤗ရန်ကုန်အခေါ် လမ်းသရဲမုန့် လုပ်နည်း ။🤗ကြက်ဥ ဆန်အစိမ်းမှုန့်၄ဇွန်း ပဲစိမ်းမ...
12/02/2025

လုပ်ရအရမ်းလွယ်တဲ့ နာမည်တွေအများကြီး နဲ့ မုန့် 🤗

ရန်ကုန်အခေါ် လမ်းသရဲမုန့် လုပ်နည်း ။🤗

ကြက်ဥ ဆန်အစိမ်းမှုန့်၄ဇွန်း ပဲစိမ်းမှုန့်၂ဇွန်း
ကော်မှုန့်၁ဇွန်း ရေအနည်းငယ်
ဆား ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
အမှုန့်တွေမကျေရင် လက်နဲ့ဘဲ မုန့်သားအရည်ရအောင် နယ်လိုက်ပါ ။

ဆန့်အစိမ်းမှုန့် ၄ဆ
ပဲစိမ်းမှုန့်၂ဆ
ကော်မှုန့်၁ဆ
မုန့်သား မပျစ်မကျဲအနေထားရအောင် ရေသင့်ရုံထည့်ပါ ။
အစာပလာကတော့ ကိုယ်ကြိုက်တာကိုယ်ထည့် ။
ဥနီ ပဲပင်ပေါက် ခရမ်းချဉ် ဂေါ်ဖီ ငရုတ်သီးစိမ်း ဆား
ကုလားလေးမဆလာသင့်ရုံထည့်ပြီး ဇလုံတစ်လုံးထဲမှာ
အကုန်ရောနယ်ထားပါ ။
ကြော်မယ့် အိုးကို ဆီသုတ် ။
မုန့်သားအရည်ကို ဟင်းခတ်ဇွန်းကြီးနဲ့ခပ်ထည့်
ညီညာပြီးပြန့်သွားအောင် အိုးကို လှုပ်ပေးပါ ။
ရရင် အစာပလာအပေါ်ကအုပ်
ဘေးအနားသားတွေကို ဆီထိရုံလေးစွတ်ပေး
တစ်မိနစ်ခန့် အဖုံးအုပ်ပြီးတည်ပေးရင်ရပြီ ။
ကြော်ပြီးရင် တစ်ဘက်ကိုချိုးပြီးခေါက်လိုက်ပါ
မခေါက်ဘဲ အပြည့်လိုက်စားလဲရပါတယ် ။
မဆလာအနံ့သင်းသင်းလေး နဲ့ လမ်းသရဲမုန့်လေးရပါပြီ ။

ကြာဇံကြော် (လူ ၂၀၀စာ) အိုးကြီးချက်----------------------------------------ကြာဇံကြော် လူ၂၀၀စာ ကြော်ဖို့ မိမိအိမ်မှာ ဒယ်အိ...
31/01/2025

ကြာဇံကြော် (လူ ၂၀၀စာ) အိုးကြီးချက်
----------------------------------------
ကြာဇံကြော် လူ၂၀၀စာ ကြော်ဖို့ မိမိအိမ်မှာ ဒယ်အိုးကြီးလည်း မရှိတဲ့သူတွေ၊ မီးဖိုချောင်ကလည်း သိပ်မကျယ်တာမို့ ပုံမှန် ဒယ်အိုးနဲ့ ကြော်ချင်သူတွေ အတွက် အဆင်ပြေမယ့် နည်းကို မျှဝေပေးထားပါတယ်။ လူ၂၀၀စာဆိုတော့ အသုပ်လိုက် ခဏခဏ ခွဲကြော်တဲ့အခါ မြန်အောင် ကြက်သားတွေကို အရင်ကြက်အောင် ချက်ပြီ သက်သက်ပြန်ဖယ်ထားလိုက်ပါတယ်။ ပြီမှ ကြာဇံကြော်ထဲ ပြန်ရောချက်တာမို့ ပုံမှန် ကြော်တာထက် မြန်ပါတယ်။ ကြက်ဥလည်း ထိုနည်းတူပါပဲ မွှေကြော်ပြီ သက်သက်ဖယ်ထားပြီမှ ကြာဇံကြော်ပေါ်က ပြန်တင်ပေးပါတယ်။
----------------------------------------
ကြာဇံကြော်တွင် ပါဝင်ပစ္စည်းများ

ဆန်ကြာဇံ - ၄၀၀ ဂရမ် (၈ထုပ်)
မုန်လာဥနီ - ၆၀၀၀ ဂရမ် (၁လက်မ (အရှည်များလှီးပေးပါ)
ကြက်ရင်ဗုံ - အခု ၂၀ ( အတုံးသေးများ တုံးပေးပါ)
ကြက်ဥ - အလုံး ၈၀ ( ဆားထည့်ပြီ ခလောက်ထားပေးပါ)
ဂေါဖီ - ၆ခု ( လက်မအရွယ် ပိုင်းဖြတ်ပါ)
ကြက်သွန်မြိတ် - ၁၀စည်း (၁လက်မ အရွယ်ပိုင်းဖြတ်ပါ)
တရုတ်နံနံ - ၁၀စည်း ((ပါးပါးလှီးပါ)
ကြက်သွန်ဖြူ - ၂၀၀၀ဂရမ် ( နှုတ်နှုတ်စဥ်းပါ)
ပဲငံပြာရည် အနောက်၊ အကြည်
နှမ်းဆီ
ဟင်းရွက်ဆီ
ငရုတ်ကောင်းမှုန့်
----------------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ဆန်ကြာဇံများကို ရေ နာရီ၀က်ခန့် စိမ်ထားပါ။ ပြီလျှင် ဇကာဖြင့် ကြာဇံများ ရေပြန်စစ်ပေးထားပါ။

၂။ ဒယ်ထဲ ဆီများများထည့်ပြီ ကြက်ဥများကို ၅သုပ်ခွဲပြီ မွှေကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

၃။ ဇောက်ဇလုံထဲ (ကြက်သား၊ ခရုဆီ (စားပွဲတင်ဇွန်း ၈ဇွန်း)၊ ပဲငံပြာရည် အကြည်(စားပွဲတင်ဇွန်း ၅ဇွန်း)၊ သကြား (စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ အသားမှုန့် (စားပွဲတင်ဇွန်း ၃ဇွန်း)၊ နှမ်းဆီ (စားပွဲတင်ဇွန်း ၅ဇွန်း) တို့ကိုထည့်ပြီ သမအောင် ရောနုယ်ပေးပါ။

၃။ ကြက်သားများကို အရသာများဖြင့် ရောနုယ်ပြီ ၁နာရီခန့် နှပ်ထားပေးပါ။

၄။ ကြက်သားနှပ်ပြီလျှင် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၅။ ထို့နောက် နှပ်ထားသော ကြက်သားများကိုထည့်ပြီ ရော အရောင်ရသည်အထိ လုံးဆီသပ်ပေးပါ။

(** ကြက်သားများကို နှစ်သုပ်ခွဲပြီ အရင် ချက်ပေးရပါတယ်။ ကြာဇံကြော်တဲ့အခါ မြန်အောင်ပါ)

၆။ ပြီလျှင် ကြက်သားကျက်အောင် ရေ(၃ခွက်) ထည့်ပြီ အဖုံးအုပ်ပြီ တည်ထားပေးပါ။

ရ။ ရေနည်းနည်းကျန်ပြီ ကြက်သားကျက်လျှင် စတီဒယ်အိုးထဲ ကြက်သားများကို ပြန်ဆယ်ထားပါ။
----------------------------------------
ကြာဇံကြော်နည်း

၁။ ဒယ်အိုးထဲ ကြော်ထားသော ကြက်သား ဆယ်ပုံ၁ပုံစာကို ထည့်ပေးပါ။

၂။ ပြီလျှင် (ဂေါ်ဖီ(လက်၃ဆုပ်စာ)၊ မုန်လာဥနီ(လက်၂ဆုပ်စာ)၊ ရေ(ခွက်၃ပုံ၁ပုံ)၊ ပဲငံပြာရည်(အကြည်)(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ပဲငံပြာရည် အနောက် (စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ကို ထည့်ပြီ အဖုံးအုပ်ပြီ အရွက်များနွမ်းအောင် တည်ထားပါ။

၄။ ပြီလျှင် ဆန်ကြာဇံ (ဆယ်ပုံ၁ပုံစာကို) ထည့်ပြီ သမအောင် ရောမွှေပေးပါ။

၅။ အရသာအနေတော်လျှင် ကြက်သွန်မြိတ်၊ တရုတ်နံနံပင်များ ဖြူပေးပြီ သမအောင်ရောမွှေပေးပါ။

(**ထိုနည်းအတိုင်း ကျန်ကြာဇံကြော်များကို အသုပ်ခွဲပြီ ကြော်ပေးပါ)

၆။ ပြီနောက် ကြာဇံကြော်များကို ဘူးထဲ ထည့်ပေးပြီ အပေါ်မှ ကြက်ဥကြော်ထားသည်များကို အပေါ်မှ တင်ပေးပါ။

ရ။ အရသာထူးခြားကောင်းမွန်တဲ့ အိုးကြီးချက် ကြာဇံကြော်ကို ရရှိပါပြီ...
All Credit

"ငချိပ် ကောက်ညှင်း ပန်ကိတ်လုပ်နည်း(တ)ရုတ်မုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းမှုန့်ဖြင့် လုပ်ကြတာဖြစ်ပါတယ်။ ကျွန်မကတော့ ပိုမ...
18/01/2025

"ငချိပ် ကောက်ညှင်း ပန်ကိတ်လုပ်နည်း

(တ)ရုတ်မုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းမှုန့်ဖြင့် လုပ်ကြတာဖြစ်ပါတယ်။ ကျွန်မကတော့ ပိုမိုစားကောင်းစေရုံသာမကာ လှပစေရန် ငချိပ်မှုန့်ကိုပါ တွဲဖက်သုံးထားပါတယ်။

အချင်း – ၈ လက်မ ရှိသော ဒယ်အိုးပြားအတွက် မုန့်ရည်- 1/3 cup ထည့်ရကာ အောက်ပါအချိုးအစားအတိုင်း လုပ်ပါက မုန့် ၄ ခုရပါတယ်။ ဒယ်အိုး အရွယ်အစားပေါ်မူတည်ပြီး ထည့်ရမည့် မုန့်အရည် ပမဏ မတူနိူင်ပါ၊
ဌာပနာ အတွက် လိုအပ်တာလေးတွေ …

မြေပဲလှော်ထောင်း – 1/3 cup (80 ml)
နှမ်းလှော်ထောင်း – 1/4 cup (60 ml)
သကြား -1/4 cup (60 ml)
ဆား – အနည်းငယ်

အားလုံးရောမွှေလိုက်လျှင် လိုအပ်သော ဌာပနာရပါပြီ။

dsc00928
ကောက်ညှင်းမှုန့်အရည် (ပန်ကိတ်) လုပ်ရန် လိုအပ်တာလေးတွေ…

ကောက်ညှင်းမှုန့် – 1 cup (250 ml)
ဆန်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
ဂျုံမှုန့် (plain flour) – ထမင်းစားဇွန်း ၂ ဇွန်း
သကြား – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – အနည်းငယ်
ရေ – 1 cup (250 ml)
ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

ဆီ မှလွဲ၍ အားလုံးရောကာ အဖတ်မကျန်အောင် ဖျော်ထားပါ။ ပြီးလျှင် ဆီထည့်ဖျော်၍ မိနစ် ၃၀ ခန့် ထားပါ။

(ထိုကဲ့သို့ထားခြင်းဖြင့် အမှုန့့်များ ရေကြောင့်ပွရုံမက ပိုပျော့လာသည့်အတွက် မုန့်သားကို ပိုမိုနူးညံ့စေပါတယ်။)
Credit to Original Uploader

Address

Hsipaw

Alerts

Be the first to know and let us send you an email when LK MART posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share