Hinthar Yin Khwin Restaurant

Call

Hinthar Yin Khwin Restaurant Restaurant

🤗 မိသားစုနဲ့ပဲလာလာ၊ သူငယ်ချင်းတွေနဲ့ပဲဆုံဆုံ၊ ချစ်သူနဲ့ပဲ ဒိတ်ဒိတ်... "ဟင်္သာရင်ခွင်" ကို ရောက်လာပြီဆိုရင်တော့ ဘာစားရမလဲ...
22/09/2026

🤗 မိသားစုနဲ့ပဲလာလာ၊ သူငယ်ချင်းတွေနဲ့ပဲဆုံဆုံ၊ ချစ်သူနဲ့ပဲ ဒိတ်ဒိတ်... "ဟင်္သာရင်ခွင်" ကို ရောက်လာပြီဆိုရင်တော့ ဘာစားရမလဲဆိုပြီး ခေါင်းစားစရာ မလိုပါဘူးနော်။

​👨‍🍳 ဟင်းပွဲတိုင်းမှာ စေတနာ၊ မေတ္တာအပြည့်နဲ့ သန့်ရှင်းလတ်ဆတ်မှုကို အဓိကထားပြီး ချက်ပြုတ်ပြင်ဆင်ပေးထားတာမို့ -

​✨ အရသာရှိတဲ့ ပင်လယ်စာ ပူပူနွေးနွေးလေးတွေလား?
✨ သန့်သန့်ရှင်းရှင်းနဲ့ လက်ဆတ်တဲ့ အသားကင်လား?
✨ သောက်စရာနဲ့ အမြည်းဟင်းပွဲလား?

​အရသာရှိပြီး လူတိုင်းရဲ့အကြိုက်နဲ့ ထပ်တူကျစေမယ့် 𝐌𝐞𝐧𝐮 ပေါင်းစုံ ရှိနေတာမို့ "ဟင်္သာရင်ခွင်" မှာ ဘာပဲမှာမှာ "ဘာစားစား အဆင်ပြေတယ်" ဆိုတာ အာမခံပါတယ်။ 💯

​🍻 စိတ်လက်ပေါ့ပါးစွာနဲ့ အရသာရှိတဲ့ အစားအသောက်တွေကို ပျော်ပျော်ပါးပါး သုံးဆောင်ဖို့ "ဟင်္သာရင်ခွင်" မှ ကြိုဆိုလိုက်ပါတယ်နော်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

💁🏼‍♂️ ❝ဟင်္သာရင်ခွင်❞ မှာ သူငယ်ချင်းတွေ အဖွဲ့လိုက်ထိုင်ကြရင်သူများတွေကတော့ ဝိုင်းဖွဲ့ပျော်ပါးနေတဲ့ အဖွဲ့လို့ မြင်ကြတာဗျ။...
16/09/2026

💁🏼‍♂️ ❝ဟင်္သာရင်ခွင်❞ မှာ သူငယ်ချင်းတွေ အဖွဲ့လိုက်ထိုင်ကြရင်
သူများတွေကတော့ ဝိုင်းဖွဲ့ပျော်ပါးနေတဲ့ အဖွဲ့လို့ မြင်ကြတာဗျ။

ကျွန်တော်တို့မြင်တာကတော့ ဂဏန်းပေါင်းစက် 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫 တွေလို့မြင်ကြတာ။

📲 ဘာလို့လဲဆိုတော့ စားပြီးသောက်ပြီးလို့ရှင်းမယ်ဆိုရင်
ဖုန်းထဲက 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫 လေးတွေကိုဖွင့်ပြီး တစ်ယောက် ဘယ်လောက်လဲဆိုတာ အတိအကျရှင်းကြတာဗျို့။

🥰 ရင်ဘတ်ကြီးနဲ့ပေါင်းတဲ့ သူငယ်ချင်းတွေဆိုတာ ဘယ်အသက်အရွယ်ရောက်ရောက် ပျော်စရာကောင်းတာဖြစ်လို့
အခုလို ငြင်းကြခုန်ကြတဲ့ အခိုက်အတန့်တွေကိုလည်း ကြည်ကြည်နူးနူးကြည့်နေမိတာပါပဲ။

ဒီစာဖတ်နေတဲ့သူတွေထဲမှာလည်း အခုလို 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫 ကြီးထုတ်ပြီး ပိုက်ဆံရှင်းတဲ့သူဆို ဘယ်သူ့ကိုပြေးမြင်လဲ? မန်းရှင်းခေါ်ခဲ့ပါဦးနော်။ 💬

🙋🏼‍♂️ အရသာရှိတဲ့ အစားအသောက်တွေစားပြီး ကန်ရေပြင်ကြီးကိုကြည့်ရင်း မေ့မရတဲ့အခိုက်အတန့်တွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ❝ဟင်္သာရင်ခွင်❞ မှ ကြိုဆိုပါတယ်ခင်ဗျာ။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

ကျော်ကြီးတစ်ယောက်ကတော့...🍺 အလုပ်တွေ အဆင်ပြေလို့ ပျော်တဲ့အခါလည်း "ဟင်္သာရင်ခွင်"🥲 အချစ်နဲ့ လွဲလို့ အသဲကွဲတဲ့အခါလည်း "ဟင်္...
12/09/2026

ကျော်ကြီးတစ်ယောက်ကတော့...
🍺 အလုပ်တွေ အဆင်ပြေလို့ ပျော်တဲ့အခါလည်း "ဟင်္သာရင်ခွင်"
🥲 အချစ်နဲ့ လွဲလို့ အသဲကွဲတဲ့အခါလည်း "ဟင်္သာရင်ခွင်"
🍻 ဘော်ဒါတွေ စုံစုံလင်လင်နဲ့ ဝုန်းချင်ရင်လည်း "ဟင်္သာရင်ခွင်"
😎 တစ်ယောက်တည်း သီးသန့် 𝐂𝐡𝐢𝐥𝐥 ချင်လည်း "ဟင်္သာရင်ခွင်" ကိုပဲ အပြေးအလွှား ရောက်လာတတ်ပါတယ်။

💁🏼‍♂️ အကြောင်းကတော့ ❝ဟင်္သာရင်ခွင်❞ ရဲ့ လျှာပေါ်မှာ အရသာစွဲကျန်ရစ်မယ့် အမြည်းစုံစုံလင်လင်၊ ရင်ထဲအထိ အေးမြသစ်လွင်သွားစေမယ့် ဘီယာအေးအေးလေးနဲ့အတူ ချစ်ခင်ရသူတွေနဲ့အတူ အမိုက်စား 𝐕𝐢𝐛𝐞 လေးကို ခံစားလို့ရနေတာကြောင့်ပါ။

ဒါကြောင့် အကြောင်းပြချက်ရှိရှိ၊ မရှိရှိ ❝ဟင်္သာရင်ခွင်❞ ကို ခဏခဏရောက်ဖြစ်နေတဲ့ ကျော်ကြီးပေါ့။ 😂

🏅 အဲ့လိုသာ ❝ဟင်္သာရင်ခွင်❞ ကို တစ်ခေါက်လာတိုင်း ဆုတစ်ဆုရမယ်ဆိုရင် ကျော်ကြီးရဲ့ လည်ပင်းပေါ်မှာတော့ ဆုတံဆိပ်တွေ ပြည့်ပြီးရင်း ပြည့်နေရောပါပဲ။

ကဲ...ညီကိုတို့ရော ကျော်ကြီးလို ❝ဟင်္သာရင်ခွင်❞ ရဲ့ အမြဲတမ်း 𝐖𝐢𝐧𝐧𝐞𝐫 ဆုရှင်တစ်ယောက်ဖြစ်ဖို့ 𝐑𝐞𝐚𝐝𝐲 ပဲဆိုရင် ဒီနေ့ညပဲ ချိန်းလိုက်တော့နော်... 🔥

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

📣 ❝ဟင်္သာရင်ခွင်❞ ရဲ့ 𝐁𝐁𝐐 အရသာတွေကို မျှော်နေတာကြာပြီဆိုတဲ့ ချစ်ကာကာတို့အတွက် အရသာရှိတဲ့ 𝐁𝐁𝐐 တွေကို🍗 မနက်ဖြန် သောကြာနေ့ ...
10/09/2026

📣 ❝ဟင်္သာရင်ခွင်❞ ရဲ့ 𝐁𝐁𝐐 အရသာတွေကို မျှော်နေတာကြာပြီဆိုတဲ့ ချစ်ကာကာတို့အတွက် အရသာရှိတဲ့ 𝐁𝐁𝐐 တွေကို

🍗 မနက်ဖြန် သောကြာနေ့ ( 11.9.2026 ) ရက်မှစပြီး ပြန်လည်အားပေးလို့ရပါပြီနော်။

သူကြီးမရှိ ရွာဆူ…
အမြည်းမရှိ အာပူဆိုတဲ့အတိုင်း ဘီယာအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးက ❝ဟင်္သာရင်ခွင်❞ ရဲ့ 𝐁𝐁𝐐 အကင်တွေပဲ မဟုတ်လားရှင်?

🍻 "အသက်ကိုဉာဏ်စောင့်" ဆိုတဲ့စကားလေးအတိုင်း
အသက်တွေကြီးတဲ့အထိ ဂေါ်နိုင်ဖို့၊ ကဲနိုင်ဖို့အတွက်

အသောက်အစားမှီဝဲတဲ့အခါ အမြည်းကောင်းကောင်းလေး စားဖို့လည်း လိုပါတယ်။

𝐁𝐁𝐐 အသားကင်တွေမှာဆိုရင်

🍗 ပရိုတင်းဓာတ်တွေပါသလို
🍗 သံဓာတ်လည်းပြည့်ဝတယ်။
🍗 𝐙𝐢𝐧𝐜 ဓာတ်လည်း ပါဝင်တာဖြစ်လို့

𝐁𝐁𝐐 အကင်မျိုးစုံကို အရသာရှိရှိစားဖို့ သောကြာနေ့လေးမှာ အတူဆုံကြပါစို့ ကာကာတို့ရေ…

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

💁‍♀️ ❝ဟင်္သာရင်ခွင်❞ လာတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေထဲမှာတော့ ဒီ (၄) မျိုးက ထိပ်ဆုံးကပဲ ဟဲ ဟဲ 🙂‍↔️🥹 ရည်းစားဟောင်းကို ဖုန်းဆက်ပြီး လွ...
01/09/2026

💁‍♀️ ❝ဟင်္သာရင်ခွင်❞ လာတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေထဲမှာတော့ ဒီ (၄) မျိုးက ထိပ်ဆုံးကပဲ ဟဲ ဟဲ 🙂‍↔️

🥹 ရည်းစားဟောင်းကို ဖုန်းဆက်ပြီး လွမ်းတာ၊ လွမ်းတာဆိုတာလေ မကိုင်လည်းဆက်တာဗျ။
“လူကြီးမင်းခေါ်ဆိုနေသော တယ်လီဖုန်း...” ဆိုပြီးပြောနေတဲ့ အသံပိုင်ရှင်အမကြီးလည်း အတော်မောနေလာက်ပြီ။

🫠 နောက်တစ်မျိုးကျ သွေးဆိုးတဲ့သူ

ချောချောလှလှကောင်မလေးက သူ့ကောင်လေးကို စိန်ခေါ်တာများ စောငမန်းနဲ့လုံးချောပွဲထက် မာန်ပါတယ်။ ကောင်လေးကိုသနားလို့ အာစရိရေ ကြည့်လုပ်ဦးနော်လို့သတိပေးတော့ ဒီအပြုအမူကို ချစ်နေရတာဗျတဲ့။ သြော် ချစ်တတ်ပါ့။

🕺 ကဲ ဒီတစ်ခါ ကတဲ့လူတွေအလှည့်

ဘီယာလေး သုံးခွက်လောက်ဝင်သွားပြီဆိုရင် မိုက်ကယ်ဂျက်ဆင် အရှုံးပေးရလောက်အောင် ထ ကတဲ့သူတွေလည်း ရှိသေးတာဗျို့။😒

😅 ကဲ နောက်ဆုံးတစ်မျိုးကတော့ “တောင်းပန်တဲ့သူ”ပဲ

သားကို ဒီအရွယ်ထိကျွေးမွေးထားရလို့ တောင်းပန်ပါတယ် “အမေ” ဆိုပြီး ငိုကြီးချက်မနဲ့။

“အဲ့တာဆိုမင်းနောက်နေ့ ငါ့တို့အိမ်က ထမင်း မစားတော့နဲ့" လို့ ဘေးကအဖေက ဝင်ပြောမှ တောင်းပန်တာရပ်တာ။ 🥺

👀 ကဲ ဒီစာဖတ်နေတဲ့သူတွေရော မူးလာရင် ဘာတွေလုပ်တတ်တဲ့အဖွဲ့ထဲကလည်းဆိုတာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မန့်လိုက်တော့နော်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

💭 ❝ဟင်္သာရင်ခွင်❞ ကို ရောက်ဖူးတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တိုင်းပြောကြတဲ့ စကားလေးတစ်ခွန်းရှိတယ်။အစားအသောက်တွေ မမှာရသေးဘူးဗျာ ထိုင်ရတဲ့...
26/08/2026

💭 ❝ဟင်္သာရင်ခွင်❞ ကို ရောက်ဖူးတဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တိုင်းပြောကြတဲ့ စကားလေးတစ်ခွန်းရှိတယ်။

အစားအသောက်တွေ မမှာရသေးဘူးဗျာ ထိုင်ရတဲ့ 𝐕𝐢𝐞𝐰 နဲ့တင် တန်နေတာတဲ့။

🍃 ကန်ရေပြင်ကြီးကိုဖြတ်ရင်း တိုက်ခိုက်လာတဲ့ လေနုအေးလေးတွေကို ခံစားရင်းထိုင်ရတဲ့ ဖီလင်တွေကြားမှာ

🍻 အစားအသောက်လေးမှာစား၊ ဘီယာအေးအေးလေးသောက်လိုက်ရရင်တော့

“လောကစည်းစိမ်ဆိုတာ ဒါပါလား” လို့ ထင်မှတ်မိစေမယ်လို့ ရဲရဲကြီးအာမခံပါတယ်နော်။

💁‍♀️ သားရေးသမီးရေးတွေဆွေးနွေးကြမှာလား?

💁‍♀️ စီးပွားရေး၊ကြီးပွားရေးတွေတိုင်ပင်ကြမှာလား?

💁‍♀️ ဘဝလက်တွဲဖော်တွေ အနာဂတ်စိတ်ကူး တွေးတောကြမှာလား?

💁‍♀️ တစ်ကိုယ်တည်းလူပျိုကြီးတွေ ရောက်တတ်ရာရာ ခံစားချက်လေးတွေ စိတ်ကူးယဉ်မှာလား?

🥰 ❝ဟင်္သာရင်ခွင်❞ ဆိုင်က အဆင်ပြေဆုံးနေရာဖြစ်လို့ ဧရာဝတီတိုင်း ဟင်္သာတမြို့က ဟင်္သာရင်ခွင် ကို လှမ်းခဲ့ဖို့မမေ့ပါနဲ့နော်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

📆 တစ်ပတ်လုံးမှာ အလုပ်တာဝန်တွေနဲ့ အချိန်ကုန်နေတဲ့အခါ...ကိုယ့်အတွက်ဆိုပြီး ခဏလောက်အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ကိုယ့်အတွက...
21/08/2026

📆 တစ်ပတ်လုံးမှာ အလုပ်တာဝန်တွေနဲ့ အချိန်ကုန်နေတဲ့အခါ...ကိုယ့်အတွက်ဆိုပြီး ခဏလောက်အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။

ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ဆိုရင် တစ်ပတ်တစ်ခါလောက်တော့ ဆိုင်ထိုင်ပြီး ဘဝအမောတွေ ဖြေဖျောက်ဖို့လိုပါတယ်နော်။

ဘာကြောင့် တစ်ပတ်တစ်ခါဆိုင်ထိုင်သင့်လဲဆိုတော့—

🫶🏻 စိတ်ကို ခဏနားပေးလို့ရခြင်း

- နေ့တိုင်းအလုပ်တွေနဲ့ ပြေးလွှားနေရတာကနေ ခဏလောက်ဆိုင်ထိုင်၊ စားသောက်၊ စကားတွေပြောရင်း စိတ်ကို အနားပေးနိုင်ပါတယ်။

💕 ချစ်ရသူတွေနဲ့ အချိန်ကောင်းတွေ ဖန်တီးလို့ရခြင်း

- အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဆိုပြီးပဲ အချိန်ကုန်မသွားစေဘဲ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူထိုင်ပြီး ရယ်မောစရာ အမှတ်တရလေးတွေ ဖန်တီးလို့ရနိုင်ပါတယ်။

😋 တစ်ပတ်တာ ပင်ပန်းခဲ့သမျှကို အရသာရှိတာလေးနဲ့ ဖြေဖျောက်လို့ရခြင်း

- ဆိုင်တစ်ဆိုင်ထိုင်ပြီး ကိုယ်ကြိုက်တဲ့အရသာလေးတွေ စားရင်း တစ်ပတ်တာ အမောတွေကို ခဏမေ့ထားလိုက်လို့ရပါတယ်။

🤗 ဘဝမှာ အမြဲတမ်း ပြေးလွှားရုန်းကန်နေဖို့မလိုပါဘူး...တစ်ပတ်တစ်ခါလောက်တော့ ကိုယ့်ကိုယ်ကို ဆိုင်ထိုင်ပြီး အချိန်ပေးပါ။

အဲ့ဒီလို ဘဝအမောတွေပြေပျောက်ဖို့ ပူပူစပ်စပ်အရသာလေးစားမှ ပြေပျောက်တယ်ဆိုသူများအတွက်လည်း ❝ဟင်္သာရင်ခွင်❞ မှာ ဆိုင်ထိုင်ရင်း မာလာမောက်ချိုက်လေး လာစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။ 🌶️🥢

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

🌎 ကမ္ဘာပေါ်မှာ လူဦးရေ ၂၀ % လောက်က ဖောက်ပြန်မှုတွေဖြစ်နေကြတယ်လို့စစ်တမ်းတွေကဆိုပါတယ်။💁 သေချာတာတစ်ခုကတော့ ဒီထဲမှာသောက်စားန...
16/08/2026

🌎 ကမ္ဘာပေါ်မှာ လူဦးရေ ၂၀ % လောက်က ဖောက်ပြန်မှုတွေဖြစ်နေကြတယ်လို့
စစ်တမ်းတွေကဆိုပါတယ်။

💁 သေချာတာတစ်ခုကတော့ ဒီထဲမှာ
သောက်စားနေတဲ့ သူတွေ ပါဝင်မှုရာခိုင်နှုန်း အတော််လေးနည်းမယ်ဆိုတာပါပဲ။

ဘာကြောင့်လဲဆိုတော့ သူတို့က ဖောက်ပြားဖို့ထက်
သောက်စားဖို့ကိုပဲ အာရုံရတာကိုဗျ။

🍻 ❝ဟင်္သာရင်ခွင်❞ က ဘီယာအေးအေးလေးသောက်ပြီး
မာလာမောက်ချိုက်လေးများစားနေရင်ပိုဆိုး။

လောကစည်းစိမ်ခံစားနေရပုံများ။
တစ်လောကလုံးကိုမေ့ရော။

အာဂပါးစပ်လူဖြစ်ကျိုးနပ်လေငဲ့ဆိုပြီး
ကျေနပ်နေတဲ့သူနဲ့

အိမ်ကမိသားစုတွေစားဖို့
မာလာမောက်ချိုက် ပါဆယ် (၃) ပွဲလောက်ထုတ်သွားတဲ့သူနဲ့
အေးချမ်းနေရောပဲ။

🙋 မှော်ဘီကဒေါ်သီလို တော်ကီကြွယ်တာမဟုတ်လို့
မယုံရင် ဟင်္သာရင်ခွင်ကို လှမ်းလာခဲ့နော်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

💛 ဟင်္သာတကို အလုပ်ကိစ္စနဲ့ကြုံကြိုက်လို့ပဲဖြစ်ဖြစ်💛 အလည်တစ်ခေါက်ရောက်လို့ပဲဖြစ်ဖြစ်အစားအသောက်ကောင်းကောင်းနဲ့ အေးဆေးအပန်း...
14/08/2026

💛 ဟင်္သာတကို အလုပ်ကိစ္စနဲ့ကြုံကြိုက်လို့ပဲဖြစ်ဖြစ်💛 အလည်တစ်ခေါက်ရောက်လို့ပဲဖြစ်ဖြစ်

အစားအသောက်ကောင်းကောင်းနဲ့ အေးဆေးအပန်းဖြေလို့ရတဲ့နေရာရှာနေပြီလား?

ဒါဆိုရင်တော့ မလွဲဧကန် အရောက်လာရမယ့်နေရာက
❝ဟင်္သာရင်ခွင်❞ ဖြစ်ပါတယ်ရှင်။

🦘 ဟင်္သာရင်ခွင် ဆိုတဲ့အတိုင်း 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ကိုသားပိုက်ကောင်လို ရက်ခွင်မပိုက်ရုံတမယ် နွေးထွေးတဲ့ဝန်ဆောင်မှုတွေနဲ့ ကြိုဆိုနေမှာပါနော်။

🍺 လူကြီးတွေအတွက်လည်းသောက်စရာအဖျော်ယမကာစုံလင်လှသလို

🥘 မိသားစုတွေလာထိုင်ရင်လည်း ကန်ရေပြင်ကြီးကိုငေးရင်း စားကောင်းသောက်ဖွယ်မျိုးစုံကို စုံစုံလင်လင်စားသောက်နိုင်တာဖြစ်လို့

ဟင်္သာတရောက်ရင် ❝ဟင်္သာရင်ခွင်❞ ကို လှမ်းခဲ့ဖို့မမေ့ပါနဲ့နော်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟏 𝟗𝟒𝟏 𝟗𝟒𝟐
📬 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၁) မြို့ပါတ်လမ်း၊ ဟင်္သာတမြို့။

**r

"ဟင်္သာရင်ခွင်" ရဲ့ အစားတစ်လိုင်းတို့အတွက် အလုပ်ပိတ်ရက်မတိုင်ခင် အပျင်းပြေ ဉာဏ်စမ်းပဟေဠိလေးတစ်ခု ပြင်ဆင်ထားပါတယ်ဗျာ😎ဒီ P...
03/07/2026

"ဟင်္သာရင်ခွင်" ရဲ့ အစားတစ်လိုင်းတို့အတွက် အလုပ်ပိတ်ရက်မတိုင်ခင် အပျင်းပြေ ဉာဏ်စမ်းပဟေဠိလေးတစ်ခု ပြင်ဆင်ထားပါတယ်ဗျာ😎

ဒီ Post မှာ ပြထားတဲ့ မှုန်ဝါးဝါးပုံလေး ကို သေချာကြည့်ပြီး ဒါဟာ ကျွန်တော်တို့ဆိုင်ရဲ့ ဘယ် Signature ဟင်းပွဲဖြစ်မလဲဆိုတာ ကူညီပြီး အဖြေရှာပေးကြပါဦး။

📌 ကိုယ့်ကိုယ်ကိုယ် ဆိုင်ရဲ့ "ဟင်္သာရင်ခွင် Fan စစ်စစ်" လို့ ယုံကြည်ရင် အဖြေမှန်ကို အောက်က Comment မှာ အမြန်ဆုံး လာရောက်ဝင်ဖြေ သွားခဲ့ကြဦးနော်။

☎️ Hotline - 09 941 941 942
📬 Address- အမှတ်(၁)မြို့ပါတ်လမ်း၊ဟင်္သာတမြို့

**r

Address

Hinthada

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959941941942

Website

Alerts

Be the first to know and let us send you an email when Hinthar Yin Khwin Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category