22/02/2026
ဖေဖော်ဝါရီ (၂၅) မှ မုန်တိုင်းမိုးနှင့် လေပြင်းများ ကျရောက်နိုင်
လာမည့်ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ဒေသအနှံ့အပြားမှာ "အချိန်အခါမဟုတ် မိုးကြီးခြင်း" နဲ့ "လေပြင်းတိုက်ခတ်ခြင်း" တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အထူးသဖြင့် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ကနေရက်နေ့အထိ၂၇ရက်ကာလအတွင်း အောက်ပါဒေသများအနေဖြင့် သတိကြီးစွာ ထားရှိဖို့ လိုအပ်နေပါပြီ။
⚠️ အဓိက ဂရုပြုရမည့် ဒေသများ
🔴 သတိပြုရမယ့်ဒေသ (တောင်ပိုင်းနှင့် ကမ်းရိုးတန်း)
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး
တနင်္သာရီ၊ မွန်၊ ကရင် နှင့် ရခိုင်ပြည်နယ်
🟡 (အလယ်ပိုင်းနှင့် မြောက်ပိုင်း)
မကွေး၊ မန္တလေး၊ နေပြည်တော်
ရှမ်း၊ ကယား နှင့် ချင်းပြည်နယ်
ဒီဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေပါ တွဲဖက်ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြုကြဖို့ လိုပါတယ်။
📣 လုပ်ငန်းရှင်များအတွက် အထူးနှိုးဆော်ချက်
ရာသီဥတု ဖောက်ပြန်မယ့်အခြေအနေဖြစ်တာကြောင့် အောက်ပါလုပ်ငန်း လုပ်ကိုင်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
၁။ ရေစိုမခံသော လုပ်ငန်းများ (ဥပမာ - အုတ်ဖုတ်လုပ်ငန်း၊ ဆားလုပ်ငန်း)
၂။ စိုက်ပျိုးရေး (ရိတ်သိမ်းချိန်၊ အခြောက်လှန်းချိန် ရောက်နေသော ကောက်ပဲသီးနှံများ ဂရုပြုရန်)
၃။ ရေကြောင်းလုပ်ငန်း (ပင်လယ်ပြင်ထွက်မည့် ငါးဖမ်းစက်လှေများအနေဖြင့် မိုးလေဝသသတင်းကို မျက်ခြည်မပြတ် နားစွင့်ရန်)
မိမိတို့ရဲ့ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ဒီသတင်းကို လက်ဆင့်ကမ်း မျှဝေပေးကြပါဦးခင်ဗျာ။ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ 🙏
#မိုးလေဝသသတင်း #အထူးသတိပေးချက်