22/05/2025
အိမ်ရှင်မတို့အတွက် ဘက်စုံအသုံးဝင်တဲ့ ဆိုဒါမှုန့်
၁...ဆိုဒါမှုန့်ကို သွားတိုက်ဆေးနဲ့ရောပြီး တိုက်ပါက ဝါနေတဲ့သွားတွေကို ပိုမိုဖြူစေပါတယ် မနက်ညနေ တရက်၂ကြိမ် တပတ်မှာသုံးကြိမ် တိုက်လို့ရပါတယ်
၂...ဂျီးတွန်း Scrubလုပ်လို့ရတယ် ဆိုဒါမှုန့် ၂ဇွန်း
နဲ့ရေအနည်းငယ်ရော မန်ကျည်းမှည့် ရောပြီး ဂျီးတွန်းပါက အသားရေ ချောမွေ့ပြီးကြည်လင်စေတယ်
၃..ဆိုဒါမှုန့်တဇွန်း (လက်ဖက်ရည်ဇွန်း)ကိုရေသုံးဇွန်းနဲ့ရောပြီး ကိုယ်ကြိုက်တဲ့ရေမွှေးရနံ့နဲ့ရောသမပြီး ချိုင်းလိမ်းဆီအဖြစ်အသုံးပြုလို့ရပါတယ်ချိုင်းအနံ့အသက်တွေပျောက်ကင်းစေတယ်
၄...ဆပ်ပြာမှုန့်(သို့)ဆပ်ပြာဆီပုံမှန်ထည့် ပြီးရင် ဆိုဒါမှုန့် ၂ဇွန်းခန့်ထည့်ပြီးအဝတ်စိမ်လျှော်ပါက လျှော်ရလွယ်ကူအဝတ်သန့်စင်ပြောင်ရှင်းစေပါတယ် အဖြူရောင် ဘွတ်ဖိနပ်လျှော်လည်းပြောင်ရှင်းပါတယ်
၅...ဆိုဒါမှုန့် ၂ဇွန်း နဲ့ ရှာလကာရည် ၂ ဇွန်း ရေ ၁ လီတာဖြင့်ရောပြီး ရေချိုးခန်း အိမ်သာ ဆေးပါက ဆေးရလွယ်ကူပြောင်ရှင်းသန့်စင်ပြီး အနံ့အသက်လည်း ပျောက်ကင်းစေပါတယ်
၆...ဆိုဒါမှုန့် ၃ ဇွန်းနဲ့ ရေတပုံး ရောပြီးအကြမ်းတိုက်ပါက ကြမ်းပြင်ပြောင်လက်ပြီး သန့်ရှင်းစေတယ်
၇...အိမ်သာခွက်ကို ဆိုဒါမှုန့် ၂ ဇွန်းဖြင့် ဖြူးလိုက်ပြီး ၁၅ မိနစ်ထားခန့်ထားပြီး အလွယ်တကူပွတ်တိုက်ဆေးကြောလို့ရပါပြီး
၈...ကြောင်မွေးတဲ့အိမ်ဆို ကြောင်တွေသေးပေါက်ချီးပါတဲ့ သဲခွက်ထဲကို ဆိုဒါမှုန့်ဖြူးထားခြင်းဖြင့် အနံ့အသက်လျှော့ချစေတယ်
၉...မီးဖိုချောင်က တူးကပ်နေတဲ့ဒယ်အိုးများကို ရေနွေးနဲ့ဆိုဒါမှုန့်ရောပြီး ၁၅ မိနစ်ခန့်စိမ်ထားပါက ဆေးကြောရလွယ်ကူပြီး ပြောင်ရှင်းစေပါတယ်
၁၀...ကော်ဇောပေါ် ဆိုဒါမှုန့်ဖြူး ၁၅ မိနစ်ခန့်ထားပြီး ဖှုန်စုပ်စက်ဖြင့် အသုံးပြုပါက အသစ်ကဲ့သို့ ကော်ဇောဖျာသန့်စင်စေပါတယ်
၁၁...ရေနွေးနဲ့ ဆိုဒါမှုန့် ၁ဇွန်း ရှာလကာရည် ၁ဇွန်းတို့ကိုရောပြီး အဝတ်ဖြင့် ဆီပေနေတဲ့ မီးဖိုချောင် နေရာများ အစွန်းအထင်းပေနေတဲ့နေရာများကို သုတ်ပေးခြင်းဖြင့် မီးဖိုချောင်ပြောင်လက်သန့်ရှင်းစေပါတယ်
၁၂...ရေထဲ ဆိုဒါမှုန့်ထည့် ဆေးမဲ့ ဘီးကိုထည့်ပြီး ဆေးပါက ဘီကြားမှာရှိတဲ့ဆံပင်အမွှေးတွေ ဂျီးအမဲတွေ အလွယ်တကူထွက်စေပြီး ဆေးကြောပြီး နေလှန်းလို့ရပါပြီး
၁၃..ကြက်ဥ ကြော်တဲ့အခါ ဆိုဒါမှုန့်ကို လက်ဖက်ရည်ဇွန်းထိပ်ခန့် ထည့်ပြီး ကြော်ပါက စားချင်စရာကောင်းတဲ့ ဖောင်းပွတဲ့ကြက်ဥကြော် ရရှိစေပါတယ်
၁၄...ခြေထောက်စိမ်မဲ့ ရေနွေးထဲကို ဆိုဒါမှုန့်ထည့်ပေးပါက စိတ်ဖိစီးမှုကိုလျှော့ချစေပါတယ်
၁၅...အသားတွေနူးအိနေပြီး စေးကပ်မနေအောင် ဆိုဒါမှုန့်နှပ်ပေးလိုက်ပါ..အသား ၁ကီလိုဆို ဆိုဒါမှုန့် ၁ဇွန်း(လက်ဖက်ရည်ဇွန်း)ထည့်ပါ
၁၆...အကြော်တွေကြော်တဲ့နေရာမှာလည်း ဆိုဒါမှုန့်ထည့်သုံးခြင်းဖြင့် အကြော်ပွကြွပ်စေပါတယ်
ကဲဆိုဒါမှုန့်အသုံးဝင်သိပြီးဆိုတော့ အိမ်မှာဆိုဒါမှုန့်၁ထုပ်လောက် ဆောင်ထားသင့်ပြီးပေါ့နော်
ဆိုဒါမှုန့်ကိုတခြားနေရာဘာတွေ အသုံးပြုရသေးလဲဆိုတာသိရင် ကောမန့်မှာ မျှဝေပေးလို့ရပါတယ်ရှင်
AnnThailanguagecourse ✍