03/05/2023
Golden Week ပိတ်ရက်လေး Japan မှာ ဝယ်လို့ ရတဲ့ ပစ္စည်းလေးတွေနဲ့ အလွမ်းပြေ မုန်ဟင်းခါးလေး ချက်စားကြမယ်
Ready Made အထုတ်တွေက အငံများပီး သွေးတက်လို့ မင်မင် ရဲ့ ငပျင်းချက်နည်းလေး မျှဝေမယ်နော်
မင်မင်ဟင်းရည်ချက်ဖို့ အလွယ်တကူ ဝယ်လို့ ရတာလေးတွေ သုံးထားပါတယ်
Tuna ငါးဘူး
ကြာစွယ်
ကြက်ဥ
ပဲစိမ်းမှုန့်
ဆန်လှော်မှုန့်
စပါးလင်
ကြက်သွန်ဖြူ/နီ
ဂျင်း
ဆနွင်း
အရောင်တင်မှုန့်
ဆား
ငံပြာရည်
ဆီ
ငရုတ်ကောင်း
1. ကြက်သွန်ဖြူ/ဂျင်းစပါးလင် ကြိတ်ထားတာလေးကို ဆနွင်းအရောင်တင် လေးသုံးပီး ဆီသတ်ပါမယ်
စပါးလင်ကတော့ ဝယ်ရခက်ရင် မထည့်ပါနဲ့နော်
2. ငါးအနှစ်ချက်ဖို့ ဆီသတ်ထားတာထဲကို တူနာငါးဘူးလေး ထည့်ပါမယ်
ဒီနေရာမှာ တခြားငါးပြုတ်ပီးသုံးရင် ပိုချိုပါတယ်
3. ဆူအောင်တည်ထားတဲ့ရေနွေးထဲ ငါးအနှစ် စပါးလင် ငရုတ်ကောင်း ထည့်တည်ပါမယ်
4. မွှေးလာရင် ဆန်လှော်မှုန့် ပဲစိမ်းမှုန့်ကို ရေဖျော်ပီး ထည့်ပါမယ်
5. ဟင်းရည်ပွက်ရင် ကြက်ဥုပြုပ် စိတ်ထားတာနဲ့ ကြာစွယ်လေးထည့်ပီး အရသာအတွက် ငံပြာရည် ဆားလေး ခတ်ပါမယ်
ဟင်းခတ်မှုန့်ကတော့ ကြိုက်ရင် သုံးပါနော်
ဟင်းရည်ကျက်ရင် မုန့်ဖတ် အကြော် နံနံပင် ပဲသီး ကြိုက်နှစ်သက်ရာနဲ့ သုံးဆောင်လို့ ရပါပီ 😋😋😋
ဆန်လှော်မှုန့်က Amazon ကနေ ဝယ်လို့ ရပါတယ်
👇🏻
【焙煎玄米粉】 熊本県産 ヒノヒカリ 極献上米使用 500g https://amzn.asia/d/5qpU3GT
ပဲစိမ့်မှုန့်လဲ Amazon ကပါဘဲ
👇🏻
AMBIKA ベイスン 500G ひよこ豆の粉 粉末 インド産 Besan Gram Flour Besun ベサン粉 ベイスン粉 豆粉 https://amzn.asia/d/hhqlGdj